💕ချစ်သောကိုကို💕
💖အခန်း(၁၆)💖
“ဒါဆို နင်နဲ့ ကိုအက္ခရာမောင်က တကယ်ပဲ လက်ထပ်ဖြစ်ကြတော့မှာပေါ့…”
သူမမျက်နှာမှာ ဂုဏ်ယူဝ့ံကြွားသော အပြံုးများဖြင့် ခေါင်းငြိမ့်ကာ
“ဟုတ်တယ်… ငါနဲ့ ခရာ မနက်ဖြန် စေ့စပ်ကြမှာ…”
“ငါ နင့်ကို တစ်ခုလောက်မေးလို့ရမလား ရတု…”
ရတု သူငယ်ချင်းဖြစ်သူ သီရိကို အထူးတဆန်းကြည့်လိုက်မိကာ
“ဘာမေးခွန်းမို့လို့ အခုလိုမျိုးတွေ စကားပလ္လင်ခံနေရတာလဲ…”
သီရိက ရတုကိုကြည့်နေရာကနေ စားပွဲပေါ်က အအေးခွက်ဆီသို့ရောက်သွားကာ
“နင် ငါမေးတဲ့မေးခွန်းအတွက် စိတ်မဆိုးရဘူးနော်…”
ရတု သီရိ မေးလာမယ့်မေးခွန်းကို စိတ်ဝင်စားသွားမိလေသည်။
“ဟဲ့ နင်နဲ့ငါက သူငယ်ချင်းအရင်းကြီးတွေပဲ… စိတ်ဆိုးစရာလား… မေးပါ…”
“နင့်ကို ကိုအက္ခရာမောင်က တကယ်ရောချစ်ရဲ့လား…”
“ဘာ…”
သီရိနဲ့ရတုက သူငယ်ချင်းတွေဖြစ်သလို ညီအစ်မဝမ်းကွဲတွေလည်းဖြစ်ကြသည်။ စိတ်မဆိုးစဖူး ရတု သီရိကို စိတ်ဆိုးမိသွားလေတော့သည်။ မထင်မှတ်ထားသောမေးခွန်းဖြစ်တာကြောင့်လည်း နည်းနည်းတော့ ငိုင်သွားမိ၏။
အဲ့ဒီ့မေးခွန်းအတွက် အဖြေကတော့ နိုးတစ်ခုပဲရှိသည်။ ခရာက ရတုကိုမချစ်ပါဘူး။ ခရာချစ်နေတာက ဆွေးအရိပ်ဆိုတဲ့ ဟိုမိန်းမ။ အဲ့ဒါကြောင့်လည်း ရတု သူ့ကို အရမ်းမုန်းတာ။ ခရာ ရတုကို ဘာလို့မချစ်တာလဲ ဆိုတာလည်း ရတု တွေးလို့မရခဲ့ပေ။
"သူ့လို နိုင်ငံကျော်တစ်ယောက်က နင့်ကိုမချစ်ဘူးမို့လား ရတုရယ်..."
သီရိရဲ့အသံက ရတုအတွက် စိတ်မောကင်းဖြစ်နေသည့်အသံပင်။ ရတု ခေါင်းရမ်းလိုက်ကာ လက်ထဲက တစ်ရှူးစကို ဆွဲစုပ်ပစ်လိုက်ပြီး
"သူက နိုင်ငံကျော်မင်းသားတစ်ယောက်ဆိုတော့ ငါကရော ဘာမို့လို့လဲ... ငါလည်း နာမည်ကြီးမော်ဒယ် တစ်ယောက်ပဲ... နောက်ပြီး ငါတို့နှစ်ယောက်စလုံးက မိဘတွေသဘောတူထားကြတာပဲ... သူ ငါ့လို လူမျိုးကို မချစ်ဘဲမနေနိုင်ပါဘူး... မယုံရင် စောင့်ကြည့်လိုက်..."
ပြောသာပြောနေတာ... သူမ စိတ်ထဲမှာတော့ စိုးရိမ်နေမိလေသည်။ ကိုယ့်ကိုမချစ်တာထက် ဆွေးအရိပ်လို လူမျိုးကိုချစ်နေတယ်ဆိုတာကြောင့် ပိုပြီးခံရခက်တာ။
"ရတုရယ်... ကိုယ်ကဘယ်လောက်ပဲချစ်ချစ်... သူ့ဘက်ကမချစ်ရင် သာယာတဲ့အိမ်ထောင်ရေးတစ်ခု ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး... ငါ နင့်ကိုစိုးရိမ်လို့ပြောတာပါ ရတုရယ်..."
"ငါ သိတယ် သီရိ... ဒါပေမယ့် ငါ ဟိုမိန်းမကို အရှုံးမပေးနိုင်ဘူး..."
ရတုပြောတဲ့ ဟိုမိန်းမဆိုတဲ့ ဆွေးအရိပ်ကို သီရိမျက်လုံးထဲမှာ မြင်ယောင်လာမိလေသည်။ အသားဖြူဖြူနဲ့ ခါးထိအောင်ရှည်တဲ့ဆံပင်ရှည်ကို အမြဲလိုလို နှစ်ဖက်ခွဲစည်းထားတဲ့ ဆွေးအရိပ်... သူမကတော့ ရတုကို စာခနခနလာပေးတဲ့တစ်ယောက်။ နတ်ဆိုးပေးခိုင်းလို့လာလာပေးပေးနေတဲ့စာတွေကို ရတုက ဘယ်တုန်း ကမှဖတ်ခဲ့တာမဟုတ်သလို လွှင့်ပစ်တာမဟုတ်။
"ရတုရယ်... အဲ့ကောင်မလေးက ဘာမှသိတဲ့ပုံမဟုတ်ပါဘူးဟာ..."
"အေး... ငါကလည်းအဲ့လိုမထုံတက်တေးကိုမှ ကြောက်နေမိတာ ဘာလို့မှန်းကိုမသိဘူး သီရိရယ်..."
"နင်မြင်ခဲ့တယ်ဆိုတာဟာလည်း မင်းတိမ်လွှာက ဆွေးအရိပ်က သူ့ကောင်မလေးဆိုတာကို အက္ခရာမောင်နဲ့ မိတ်ဆက်ပေးတာနေမှာပါ ရတုရယ်..."
"ဘယ်အနုပညာရှင်ကမှ သူတို့ရဲ့ကိုယ်ရေးကိုယ်တာအတွက် လူကြားထဲကိုမထွက်ဘူး သီရိ... အထူးသဖြင့် ခရာ့လိုလူမျိုးက သူ့ရည်းစားလည်းမဟုတ်... သူ့ညီရဲ့ရည်းစားနဲ့ ကျောင်းကန်တင်းမှာ လာတွေ့စရာလား..."
ရတုစကားကြောင့် သီရိငြိမ်သွားကာ စဉ်းစားနေလေသည်။ ရတု စဉ်းစားနေတဲ့ သီရိကိုကြည့်လိုက်ကာ
"နင် ဘာတွေစဉ်းစားနေတာလဲ သီရိ..."
"နင်ပြောတာသာ အမှန်ဆိုရင် ငါ နင့်အတွက်စိတ်ပူလို့ပါ ရတုရယ်..."
"တော်ပါဟာ... ဘာမှစိတ်ပူမနေနဲ့... မနက်ဖြန်ဆိုရင်ပဲ ငါတို့တွေစေ့စပ်တော့မှာ... နောက်ပြီး ငါ ခရာ့ကို ဘယ်တော့မှ အဆုံးရှုံးခံမှာမဟုတ်ဘူး သီရိ..."
ရတုရဲ့စိတ်ကိုနားလည်စွာဖြင့် သီရိ ဘာမှမပြောတော့ဘဲ ရတုကိုသာ ကြည့်နေမိလေတော့သည်။ တစ်ဦးတည်းသောသမီးလည်းဖြစ်... ဥစ္စာကလည်းကြွယ်ဝ... ရုပ်လေးကလည်း ချောသလို... လိုတရ ဘဝမျိုးကို ပိုင်ဆိုင်ထားတဲ့ ရတုက ဇွဲကြီးသလို တော်လည်းတော်သည်။
အခုကိစ္စမှာလည်း ရတု ခရာ့ကို မရရအောင်ယူမယ်ဆိုတာ သူမသိသည်။ ရတုဘက်ကကြည့်ရင်လည်း မမှားပါဘူး။ ခရာ ဒီနေရာကိုမရောက်ခင်ကတည်းက ရတုက ကြိတ်ပြီးချစ်နေတာ။ သီရိတို့နဲ့လည်း နီးစပ်ပေမယ့် အခေါ်အပြောတော့မရှိခဲ့ပါ။ ခရာ ရုပ်ရှင်မင်းသားဖြစ်သွားမှ ပိုပြီးဝေးသွားခဲ့တာ။ ဒါပေမယ့် ရတုကတော့ အခုချိန်ထိ ခရာ့ကိုချစ်နေဆဲပင်။ အဲ့ဒါကြောင့် ရတုလည်း ခရာနဲ့နီးစပ်အောင် ဝါသနာမပါတဲ့ အနုပညာလောကထဲကို ဝင်ခဲ့တာဖြစ်သည်။ ရတု ခရာ့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သီရိအသိဆုံး ပါ။ ရတုပြောသလိုပဲ ခရာက ဆွေးအရိပ်ကို ကြိုက်နေတာလား...။ ဒါမှမဟုတ် မင်းတိမ်လွှာက ဆွေးအရိပ် ကိုကြိုက်နေတာလားဆိုတာ သီရိလည်း မစဉ်းစားတတ်တော့ပါ။ ခရာကသာ ဆွေးအရိပ်ကိုကြိုက်နေတာ ဆိုရင် ရတုနဲ့ဆွေးအရိပ်ကြားမှာ ပြဿနာတွေတက်လာမှာအမှန်ပါပဲ။ ရတုကတော့ ခရာ့ကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။
💕💕💕💕💕💕💕
ရှိန်း ဆွေးထိုင်နေကျနေရာလေးရောက်တော့ ဆွေးကိုမတွေ့ရသဖြင့် အ့ံသြသွားလေသည်။
"အရိပ် ဘယ်သွားတာလဲ..."
ရှိန်း ဆွေးထိုင်နေကျခုံလေးမှာထိုင်လိုက်ကာ အတွေးတွေနယ်ချဲ့နေမိ၏။ ရင်ထဲမှာပြည့်ကြပ်စေတဲ့ စကားလေးတစ်ခွန်း... အရိပ်ကို ချစ်တယ်... အရိပ်ကိုချစ်တယ်... ရင်ထဲမှာဘယ်လောက်တောင်မှ ရေရွတ်နေမိမှန်းမသိတော့ပါ။ ဖွင့်ပြောမယ်လို့စဉ်းစားလိုက်မိတိုင်း အရိပ်ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးကို မြင်ယောင်လာမိကာ ခေါင်းရမ်းခဲ့မိတဲ့အချိန်တွေက များလွန်းလှပါသည်။
ရှိန်း လက်ထဲက ထောက်စူးလေးကိုကြည့်လိုက်ကာ သစ်သားခုံလေးကိုကြည့်လိုက်ပြီး သူ တစ်ခုခုကို စဉ်းစားမိသွားကာ ပြံုးလိုက်မိလေသည်။ ထို့နောက် ကျောမှီသစ်သားခုံလေးမှာ ထောက်စူးလေးကို ထောက်လိုက်ပြီး သူမနာမည်လေးကို အရင် ထွင်းလိုက်မိ၏။
အရိပ်ကို...
သူမနာမည်လေးကို ထွင်းနေတာတောင်မှ သူ့ရင်ခုန်သံတွေမြန်လာကာ လက်တွေတုန်လာသဖြင့် ရှိန်း ရယ်သွားမိ၏။ ဪ... သူမကွယ်ရာမှာ သူမကိုချစ်တယ်ဆိုတဲ့အကြောင်းလေး ရင်ဖွင့်ဖို့တောင်မှ ရင်တွေ ဒီလောက်ခုန်နေတယ်။ သူမကိုသာ ပါးစပ်ကနေ ဖွင့်ပြောရမယ်ဆိုရင် ဘယ်လောက်တောင်မှ ရင်ခုန်နေဦးမှာလဲ အရိပ်ရယ်... ကိုယ် အရိပ်ကိုသိပ်ချစ်တာပဲ...
ရှိန်း... ကျောမှီ သစ်သားခုံလေးမှာရေးထားတဲ့ သူမနာမည်လေးရဲ့ဘေးမှာ ချစ်တယ်ဆိုတဲ့စာလုံးလေး ရေးရန် ခခွေးဆိုတဲ့စာလုံးလေးကို ရင်ခုန်စွာဖြင့် ရေးလိုက်လေသည်။ ယပင့်လေးတစ်လုံး ထပ်ရေးမယ့် အချိန်မှာ မျက်လုံးက အမှတ်မထင်ခုံကြားမှာညပ်နေတဲ့ စက္ကူအဖြူလေးဆီသို့ရောက်သွားကာ မျက်မှောင် ကြုတ်သွားပြီး ထောက်စူးကိုချလိုက်ကာ စာရွက်လေးကိုယူလိုက်လေသည်။ ထို့နောက် စာရွက်ကိုဖွင့်ကြည့် လိုက်ရာ ရှိန်းရဲ့မျက်လုံးအစုံဟာ ပြူးကျယ်သွားလေတော့သည်။
📩📩📩
ဆွေးအရိပ်... မင်း ကိုကို့ကို ဘယ်အချိန်ထိ စဉ်းစားပေးနေမှာလဲ... မင်း အချစ်ကို လိုချင်မက်မောနေတဲ့ ကိုကို့ကို မင်း မသနားဘူးလား... ကြားထဲကနေ ကျွန်တော်ကပဲ တောင်းပန်ပါတယ် ဆွေးအရိပ်... ကိုကိုက မနက်ဖြန်ဆိုရင်ပဲ သူမချစ်တဲ့မိန်းကလေးနဲ့ စေ့စပ်ရတော့မယ်... ဒါပေမယ့် ကိုကိုချစ်တာက မင်းတစ်ယောက်ထဲကိုပဲ ဆွေးအရိပ်... မင်းသာ ကိုကိုလိုချင်တဲ့အဖြေပေးမယ်ဆိုရင် ခိုးပြေးနိုင်တဲ့အထိ ကျွန်တော်ကူညီမှာပါ... အဲ့ဒါကြောင့် မနက်ဖြန် ညနေကျောင်းဆင်းချိန် ကျောင်းကန်တင်းမှာ ကျွန်တော်တို့ ညီအကိုစောင့်နေမယ်... ကိုကိုလိုချင်တဲ့အဖြေနဲ့အတူ ကျေးဇူးပြုပြီး လာခဲ့ပေးပါ...
📩📩📩
ရှိန်း စာရွက်ကို စုတ်ဖြဲလိုက်ကာ
"မင်းတိမ်လွှာ... ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းဆရာက မင်းပေါ့..."
ရှိန်း သစ်သားပေါ်က သူမနာမည်ရဲ့ဘေးမှာရှိနေတဲ့ ခခွေးဆိုတဲ့စာလုံးလေးကို နာနာကြည်းကြည်း ကြည့်လိုက်မိကာ
"ကောင်းပြီလေ... ဒီဇာတ်လမ်းမှာ မင်းတို့က ငါ့ကို ဒဿဂီရိနေရာထားပေးထားတယ်ဆိုရင်လည်း ငါ့ဘက်က ဘီလူးပီသအောင် ကြမ်းပြရတာပေါ့..."
ရှိန်းရဲ့မျက်လုံးထဲမှာ တိမ်လွှာတို့ညီအကိုနှစ်ယောက်ရဲ့မျက်နှာကို မြင်ယောင်လာကာ အံကိုကြိတ်လိုက်မိ လေသည်။
"ရာဇဝင်မှာ ခေတ်သစ်ဒဿဂီရိလို့ပဲ ကမ္ဗည်းတွင်ပါစေ... ဒီတစ်ဘဝတော့ မင်းကို ကိုယ်သိမ်းပိုက်မယ်... ဒါဟာ အမှားအယွင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီအမှားအယွင်းအတွက် နောင်ဘဝမှပဲ ဒီဝဋ်ကြွေးကို ကိုယ်တစ်ယောက်ထဲ ခါးဆီးပြီးခံမယ် အရိပ်ရယ်..."
ရင်ထဲကနှလုံးသားဟာ နူးည့ံလာလိုက် ကြမ်းတမ်းသွားလိုက်ဖြင့် ခံစားချက်တွေဟာ ပုံမှန်မဟုတ်တော့ပေ။ ကြားထားတဲ့သတင်းတွေဟာ အမှန်တရားတွေပဲဆိုတာသိလိုက်ရတော့ ပိုပြီးခံပြင်းသွားတော့သည်။ အရိပ်ကို ဘယ်သူက ချစ်တာလဲ။ အက္ခရာမောင် မင်းက အရိပ်ကိုချစ်တယ် ဟုတ်လား...။ ကောင်းပြီလေ... ချစ်ပါ... ချစ်ထားလိုက် အက္ခရာမောင်။ မင်း ခံစားဖို့သာပြင်ထားတော့။
ဆွေး သူမထိုင်နေကျနေရာလေးမှာ ကိုလေးကိုတွေ့လိုက်ရသဖြင့် အ့ံသြသွားလေသည်။
"ကိုလေး..."
ရှိန်း သုမအသံကြားတော့ သူမကိုဆတ်ကနဲလှည့်ကြည့်ပြီးမှ သစ်သားပေါ်က သူမနာမည်ကိုတစ်ချက် ကြည့်လိုက်ကာ လက်ဝါးနဲ့ပွတ်သပ်လိုက်မိလေသည်။ စုတ်ဖြဲထားတဲ့စာရွက်ကိုလည်း ဘောင်းဘီ အိတ်ကပ်ထဲ ထိုးသွင်းလိုက်ကာ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူမကို ကျောခိုင်းပြီး ထွက်လာလိုက်တော့သည်။
"ကိုလေး ..."
သူ့ဘဝမှာ ပထမဆုံး အရိပ်ရဲ့အသံကို ဥပေက္ခာပြုခြင်းပါပဲ။ အရိပ်ကိုမုန်းလို့မဟုတ်ပါဘူး။ အရိပ်ကိုမြင်ရင် မေးခွန်းတွေကပေါ်လာတော့မှာ အရိပ်ကလည်း ဖြေမှာမဟုတ်ဘူး။ အရိပ်ရယ်... အရာအားလုံးဟာ ကိုယ့်အမှားတွေများလားကွာ... အရိပ်ကိုချစ်ခဲ့မိတာအမှားလား... ပြောပါဦး...။
💕💕💕💕💕💕💕
"စေ့စပ်ထားတာက အချိန်မရွေးဖျက်သိမ်းလို့ရတယ် ကိုကို... ဒါပေမယ့် လက်ထပ်ပြီးသွားရင်တော့ ကိုကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး... အဲ့ဒါကြောင့် စေ့စပ်တာကို ကိုကိုအသာတကြည် လက်ခံလိုက်ပါ ကိုကို..."
ညီ့စကားကိုနားထောင်ကာ ခရာ ခေါင်းငြိမ့်လိုက်လေသည်။
"ဆွေး ကိုကို့ကိုအထင်လွဲမှာကို ကိုကိုကြောက်တယ် ညီရယ်..."
အဲ့ဒီ့အတွက်တော့ မပူနဲ့ကိုကို... ဒီနေ့ ဆွေး ထိုင်နေကျနေရာလေးမှာ ညီ စာရေးပြီးထားခဲ့တယ်... မနက်ဖြန် ကိုကို ဆွေးနဲ့သွားတွေ့ရမယ်..."
"ဘယ်လို..."
တိမ်လွှာပြောတာကို ခရာ နားမလည်သဖြင့် ပြန်မေးလိုက်တော့တိမ်လွှာပြံုးလိုက်ကာ
"ဟုတ်တယ် ကိုကို... ညီရှင်းအောင်ပြောပြရမယ်ဆိုရင် မနက်ဖြန် ဆွေးအရိပ် ကိုကို့ကို အဖြေပေးလိမ့် မယ်..."
"ဟင်... တကယ်လား ညီ..."
သူပြံုးပြလိုက်တော့ ကိုကို့မျက်နှာက အရမ်းကိုပျော်နေသည့်ပုံပင်။ ကိုကို့တစ်ဘဝလုံး မေမေ့ဆန္ဒတွေနဲ့ ရှင်သန်ဖြတ်သန်းခဲ့ရတာ အချစ်ရေးမှာတော့ သူ ကိုကို့ကို ပျော်စေချင်ပါသည်။
"ပျော်လိုက်တာ ညီရယ်... ကိုကို ဆွေးကို အရမ်းချစ်တယ်..."
"ညီ သိပါတယ် ကိုကိုရယ်..."
အခုမှ သူလည်း ပြံုးနိုင်တော့တာဖြစ်သည်။ ဆောင်းရတုနဲ့စေ့စပ််မယ်ဆိုကတည်းက စိတ်ညစ်နေခဲ့တာ ညီ ကူညီမှပဲ ပျော်ရတော့မယ်။
သူ ဆွေးကိုသိပ်ချစ်ပါတယ်။ ညီ့မှာ အစီအစဉ်ရှိတယ်ဆိုလို့သာ သူ ငြိမ်နေခဲ့တာ။ မဟုတ်ရင် မေမေ့ကို ဖီဆန်ပြီး သူ ဒီအိမ်ကနေထွက်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီဖြစ်သည်။
"သားတို့..."
မေမေ့အသံကြားလိုက်ရသဖြင့် အတွေးတွေက ပြေးလွှားပုန်းကွယ်နေကြလေတော့သည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးတော့မှ မေမေ့ကိုလှည့်ကြည့်လိုက်ကာ
"ဗျာ မေမေ..."
မေမေက ကိုကို့ဘေးမှာဝင်ထိုင်လိုက်ပြီးမှ သူတို့ကိုကြည့်လာပြီး
"ဘာတွေလုပ်နေကြတာလဲ..."
"ကိုကိုက မနက်ဖြန်စေ့စပ်ပွဲအတွက် ဘာဝတ်ရင်ကောင်းမလဲဆိုပြီး သားနဲ့တိုင်ပင်နေတာ မေမေရဲ့..."
မေမေရဲ့အကြည့်တွေက မယုံသင်္ကာဖြင့် တိမ်လွှာ့ဆီသို့ရောက်သွားကာ
"ဟုတ်မှလည်းပြောပါ မင်းတိမ်လွှာရယ်..."
"ဟုတ်တယ် မေမေရဲ့... သား ညီနဲ့တိုင်ပင်နေတာ..."
ခရာဝင်ပြောမှပဲ ဒေါ်နှင်းဆီက အကြွင်းမဲ့ယုံကြည်တာမဟုတ်ပေမယ့် ယုံကြည်သလိုကြည့်လိုက်ကာ
"အေးပါ... ဟုတ်ပါပြီ... သား ဒီညစောစောအိပ်နော်... သား အိပ်ရေးပျက်လို့မရဘူး..."
"ဟုတ်ကဲ့ မေမေ..."
"ညနေစောင်းနေပြီပဲ... သားတို့ စီစဉ်စရာရှိတာ ကြိုတင်စီစဉ်ထားကြနော်..."
"ဟုတ်..."
"မေမေလည်း မီးဖိုဆောင်ထဲသွားပြီ စီစဉ်စရာရှိတာတွေစီစဉ်ထားဖို့ သွားခိုင်းထားလိုက်ဦးမယ်..."
"ဟုတ်ကဲ့ မေမေ..."
ဒေါ်နှင်းဆီ သားနှစ်ယောက်ကို ချစ်စနိုးဖြင့် မျက်စောင်းထိုးလိုက်ကာ မီးဖိုဆောင်သို့ ထွက်သွား လေတော့သည်။
"ကဲ... ကိုကိုရေ... ညီ စာသွားကျက်တော့မယ်..."
"ကိုကိုလည်း မနက်ဖြန်အတွက် ကြိုတွေးပြီး ရင်တွေခုန်ဦးမယ် ညီရေ..."
"ဟာ... ကိုကိုက စေ့စပ်ပွဲအတွက်တောင် ကြိုပြီးရင်ခုန်နေပြီပေါ့..."
ညီက သူ့ကို စနောက်နေတယ်ဆိုတာသိသဖြင့် ခရာ ညီ့လက်မောင်းကို လက်သီးဖြင့်အသာထိုးလိုက်ကာ
"ညီနော်..."
တိမ်လွှာ ကိုကို့လက်ကိုဆွဲထားလိုက်ကာ
"ဟား...ဟား... ဟား... စတာပါ ကိုကိုရာ... ညီ... သွားတော့မယ် ကိုကို... မနက်ဖြန် ဆွေးဆီကရမယ့် အဖြေအတွက် ကိုကို ပျော်နေပါဗျာ...."
ခရာ ရယ်မောနေရင်းနဲ့ ကျန်ခဲ့လေတော့သည်။ ဟုတ်တယ် ဆွေးရယ်... ကိုယ် ရူးနေပြီဆိုတာ ဆွေးကို သိစေချင်လိုက်တာကွာ။ ဆွေးကိုချစ်တဲ့စိတ်ကြောင့် ကိုယ် တကယ်ရူးတော့မယ် ဆွေး သိရဲ့လား...
💕💕💕💕💕💕💕
#####
အိမ်မက်ကြယ်
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...
