ဒုတိယတွဲ အခန်း(၇)

67 3 0
                                    

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၇)💖

"နင်ပြောတာ ဟုတ်ရဲ့လား စံပယ်ရယ်..."
"ဟာ... ကိုရှိန်းပါးစပ်ကနေပြောတဲ့စကားကို ငါကိုယ်တိုင်ကြားခဲ့တာပါ အေးမရယ်..."
သူငယ်ချင်းတွေအားလုံးက သူပြောတာကိုစိတ်ဝင်တစား နားထောင်နေကြလေသည်။
"ဒါဆိုရင် ကိုရှိန်းအာကာနဲ့ မမဆွေးအရိပ်နဲ့က ဘာမှမတော်ဘူးပေါ့..."
အေးမကမေးလိုက်တော့ စံပယ်ခေါင်းငြိမ့်လိုက်ကာ
"အေး ဟုတ်တယ်... အဲ့ဒါကြောင့် ကိုရှိန်းက မမအရိပ်နဲ့အတူမနေဘဲ တစ်ယောက်ထဲနေတာဟ... ကိုရှိန်းက တကယ်ကိုယောက်ျားကောင်းပီသတာပဲ..."
"စံပယ် နင်တော်ရုံတန်ရုံပဲရူးနော်..."
"ဟဲ့ ငါက ဘာရူးနေလို့လဲ..."
ဘုတ်ဆုံမက ဝင်ပြောလာသဖြင့် စံပယ်မသိချင်ယောင်ဆောင်က ပြန်မေးလိုက်မိလေသည်။
"နင်နဲ့ ကိုရှိန်းအာကာက ဖြစ်မှမဖြစ်နိုင်တာ စံပယ်ရယ်... "
ဘုတ်ဆုံမရဲ့စကားကြောင့် သူမစိတ်ဆိုးသွားကာ
"ဘာလို့မဖြစ်နိုင်ရမှာလဲ သူလည်းလူလွတ် ငါလည်းလူလွတ်ပဲကို..."
ဘုတ်ဆုံမနဲ့ အေးမတို့ စံပယ်ကိုကြည့်လိုက်ကာ ခေါင်းရမ်းလိုက်ကြလေသည်။
"ဟိုက မြို့သား... ဥစ္စာပေါရုပ်ချော..."
"ငါကရော ဘာဖြစ်နေလို့လဲ..."
မာနကို ထိပါးလာတယ်လို့ ခံစားလိုက်ရသဖြင့် စံပယ်ခေါင်းထောင်လာကာ ခါးကိုပါမတ်ထားလိုက်လေသည်။
"ငါက ဒီရွာမှာကွမ်းထောင်ကိုင်တစ်ယောက်... တစ်ရွာလုံးမှာ ငါကအလှဆုံးပဲ... ငါ့မိဘတွေကလည်း ပိုက်ဆံချမ်းသာကြတယ်လေ... သူနဲ့ငါက နေနဲ့မြရွှေနဲ့လပဲမဟုတ်ဘူးလား..."
"ဒါက ဒါပေါ့ စံပယ်ရယ်... ဒါပေမယ့် အခုလောလောဆယ် သူ့မှာအိမ်ထောင်နဲ့လေဟာ..."
စံပယ် သဘောကျစွာပြံုးလိုက်မိလေသည်။ တစ်ရွာလုံးမှာ စံပယ်ကအချောဆုံးမို့လို့ ကွမ်းထောင်ကိုင်ပန်းထောင်ကိုင်ဘွဲ့ကိုရထားတာဖြစ်သည်။ မျဘတွေကလည်း ကုန်သည်တွေမို့လို့ ပြည့်စုံကြတာအမှန်ပါ။ ဒါပေမယ့် စံပယ်ကိုယ်တိုင်က ရှိန်းရဲ့အနားမှာနေချင်တာကြောင့် အရိပ်ရဲ့အဖော်အဖြစ်နဲ့ ရှိန်းရဲ့အနားမျာနေနေတယ်ဆိုတာ ရှိန်းကိုချစ်တဲ့ စံပယ့်ရဲ့အချစ်တွေပါပဲ။
"အိမ်ထောင်လို့ပြောရအောင် သူတို့က တကယ့်အကြင်လင်မယားတွေမှမဟုတ်တာ..."
"ဒါပေမယ့် မြို့သားက မြို့သူကိုကြင်နာလို့ အခုလိုမျိုး ပြုစုစောင့်ရှောက်နေတာပေါ့ စံပယ်ရယ်..."
အသံနဲ့အတူ အနားကိုရောက်လာတဲ့ လူကိုမော့ကြည့်လိုက်ကာ စံပယ်အ့ံသြသွားလေသည်။
"ဟင် ငတိုး..."
ငတိုးဆိုတာ စံပယ့်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ သာလှရဲ့သူငယ်ချငင်းဖြစ်သည်။ ငတိုးက အေးမရဲ့ဘေးက သစ်မြစ်ပေါ်မှာထိုင်လိုက်ကာ
"စံပယ်... နင်ဘာတွေလျှောက်လုပ်နေတာလဲ... နင့်အတွက်ဆို ဘာမဆိုလုပ်ပေးမယ့် နင့်ကိုအသေအလဲကြိုက်နေတဲ့သာလှကိုတော့ နင်က ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်ဘဲ... အကြောင်းမသိတဲ့မြို့သားကိုတော့ နင်က ကြိုက်နေတယ်..."
"ငါမှ သူ့ကိုမကြိုက်တာ... နင် သာလှကိုသွားမပြောနဲ့နော် ငတိုး..."
"ငါ အာမမခံဘူး စံပယ်... သာလှက ငါ့ရဲ့သူငယ်ချင်းအရင်း... သူကောင်းစားဖို့ဆို ငါကပြောရမှာပဲ..."
"ငတိုး... နင်နော်... သာလှသိသွားပြီး ကိုရှိန်းကို ပြဿနာသွားရှာလို့ ကိုရှိန်းသာ တစ်ခုခုဖြစ်သွားရင် ငါနဲ့အတွေ့ပဲ..."
ငတိုးရဲ့မျက်နှာက ဂရုမစိုက်သည့်ပုံဖြင့် စံပယ့်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ထသွားလေတော့သည်။ စံပယ်ကတော့ သူ့ကို မျက်စောင်းထိုးကြည့်ရင်းဖြင့်သာ ကျန်ခဲ့လေတော့သည်။
"နေပါဦး ဒါဆို... အဲ့ဒီ့မမဆွေးအရိပ်ရဲ့ယောက်ျားက ဘယ်သူလဲ..."
စံပယ် အေးမကိုကြည့်လိုက်ကာ ပြောနေတဲ့အကြောင်းအရာကို သတိရသွားဟန်ဖြင့် သူတို့ကိုကြည့်လိုက်ကာ
"အေး... ငါလည်း အဲ့ဒါပြောမလို့... ငါ ပြောတာကြားပြီး နင်တို့တွေ အ့ံသြမသွားနဲ့ဦးနော်..."
"ဘာမို့လို့လဲဟ..."
သူတို့တွေစိတ်ဝင်စားစွာမေးလိုက်တော့ စံပယ်ပြံုးလိုက်ကာ
"မမအရိပ်ရဲ့ယောက်ျားက ငါတို့နင်တို့သဘောကျနေတဲ့ သရုပ်ဆောင်မင်းသား အက္ခရာမေမာင်တဲ့..."
"ဘယ်လို..."
"ဟင် တကယ်လား စံပယ်..."
"မေးပြန်ပြီ... ငါ့နားနဲ့ကြားခဲ့ရတာပါဆို..."
သူတို့မျက်နှာက တကယ်ပဲမယုံကြည်စွာဖြင့် အ့ံသြနေကြလေသည်။
"ဒါဆို မမအရိပ်က ကံကောင်းလိုက်တာနော်..."
"ဟုတ်ပ အေးမရယ်... ကျုပ်တို့တစ်ရွာလုံးက သူ့ရဲ့သရုပ်ဆောင်တာတွေကို သိပ်ကြိုက်ကြတာ... မမအရိပ် အရမ်းကံကောင်းတာပဲ..."
သူတို့ပြောသလိုပဲ မမအရိပ်သာ ကံကောင်းတဲ့လူဆိုရင် အတိတ်မေ့ပြီး ဒီလိုနေရာကိုရောက်လာစရာအကြောင်းမရှိဘူးလို့ စံပယ်ထင်လိုက်၏။ အဲ့ဒါကို မမအရိပ်ထက် ကိုရှိန်းက ပိုသိမှာပါ။ ဘာလို့လဲဆိုတော့ ဒီရွာလေးကို ကိုရှိန်းကိုယ်တိုင် မမအရိပ်ကိုခေါ်လာတဲ့အတွက်ကြောင့်ပဲဖြစ်သည်။
"နင်က ဘယ်လိုဆက်လုပ်မှာလဲ စံပယ်..."
"ငါ မြို့ကိုသွားမယ် အေးမ... မင်းသားကိုတွေ့အောင်ရှာပြီး မမအရိပ်အကြောင်းကိုပြောပြမယ်... ကံကောင်းပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ သူတို့လင်မယားကို တကွဲတပြားငါမဖြစ်စေချင်ဘူးဟာ... နင်တို့လည်း နင်တို့သဘောကျတဲ့မင်းသားကို ပျော်ရွှင်စေချင်တယ်မို့လား..."
"ဒါပေါ့... ငါတို့လည်း ပျော်ရွှင်စေချင်တယ်..."
"ဒါဆို အတော်ပဲ စံပယ်... မနက်ဖြန် ငါ အလှူအတွက် မြို့ကိုသွားစရာရှိလို့ နင် အဖော်လိုက်ခဲ့ပါလား..."
"အေး ကောင်းတယ် အေးမ... ငါလိုက်ခဲ့မယ်..."
"အေး..."
စံပယ် မနက်ဖြန်အတွက်တွေးကာ ပျော်နေမိလေသည်။ မမအရိပ် ဒီရွာမှာရှိနေတဲ့အကြောင်း မင်းသားသာသိသွားရင် မမအရိပ်ကို ပြန်လာခေါ်မှာ။ အဲ့ဒါဆိုရင် သူမအနားမှာ ကိုရှိန်းက အမြဲတမ်းရှိနေတော့မှာ။ စံပယ်ပျော်လိုက်တာ ကိုရှိန်းရယ်။ နှစ်ပေါင်းများစွာ ရူးသွပ်နေခဲ့ရတဲ့ကိုရှိန်းရဲ့အချစ်တွေ စံပယ့်ကိုပေးပါ ကိုရှိန်းရယ်...။
💕💕💕💕💕💕💕
"ဖေဖေ..."
ရှိန်း ဆန်အိတ်ကိုရွှေ့နေရာကနေ နောက်ကိုလှည့်ကြည့်လိုက်ကာ
"ဟာ သမီးလေး..."
နှစ်နှစ်ကျော်နေပြီဖြစ်တဲ့ စမီးလေးသစ်ရိပ်မေက စကားတွေတီတီတာတာပြောတတ်ကာ လမ်းကိုလည်း ကောင်းကောင်းလျှောက်တတ်နေပြီဖြစ်သည်။ ရုပ်ကအရိပ်နဲ့တူတာကြောင့် အရမ်းချစ်ဖို့ကောင်းပြီး စိတ်ဓာတ်ကတော့ ဟိုလူနဲ့တူတဲ့အတွက် သူ တစ်ခါတစ်လေကျတော့လည်း စိတ်မကောင်းဖြစ်မိလေသည်။
"ဖေဖေ..."
သူ သမီးလေးကို ချီလိုက်ကာ
"သမီးမေမေရော..."
သမီးလေးက နောက်ကိုလှည့်ကြည့်ကာ လက်ညှိုးထိုးပြသဖြင့် ရှိန်း အနောက်ကိုလှည့်ကြည့်လိုက်တော့ အရိပ်က စိုးရိမ်တကြီးဖြင့် နောက်ကလိုက်လာလေသည်။
"ကိုကိုရယ်... သမီးလေးကိုပြောပါဦး..."
"ဘာဖြစ်လို့လဲ အရိပ်ရဲ့..."
အရိပ်က သူ့နားကိုရောက်လာကာ သမီးလေး သစ်ရိပ်မေကိုကြည့်လိုက်ပြီး
"သမီးလေးပေါ့ ကိုကိုရယ်... မသွားပါနဲ့ဦးဆိုတာကို အရိပ်လက်ထဲကနေဆင်းပြေးသွားတာလေ... ကောင်မလေး တော်တော်ဆိုးတယ်... ကိုကိုလည်းမဆိုးပါဘုး... ဘယ်သူနဲ့တူမှန်းကိုမသိတာ..."
အရိပ်ရဲ့စကားကြောင့် ရှိန်း မျက်နှာတစ်ချက်ပျက်သွားမိလေသည်။ သမီးလေးရဲ့ပုံစံက ဟိုလူနဲ့တူနေတာပေါ့။ သမီးလေးကိုနာမည်ပေးတဲ့အချိန်တုန်းကလည်း အရိပ်ကိုယ်တိုင် သမီးလေးရဲ့နာမည်မှာ အရိပ်နာမည်ပါအောင်ပေးဖို့ သူ့ကိုပြောခဲ့သည်။ ဘာလို့လဲလို့ မေးခဲ့တော့ အရိပ်က မိန်းကလေးမွေးရင် အရိပ်နာမည်ပါအောင်ပေးဖို့နဲ့ ယောက်ျားလေးမွေးရင် သူ့နာမည်ပါအောင်ပေးဖို့ အတူတူပြောခဲ့ဖူးတယ်ဆိုတဲ့စကားကြောင့် သူ ဆွ့ံအသွားခဲ့ရသည်။ ဒီစကားတွေကလည်း ဟိုလူနဲ့ပြောခဲ့တဲ့စကားတွေပဲလား။ တခါတလေကျတော့လည်း အရိပ် အတိတ်ကို ပြန်သတိရလာပြီးလားလို့တောင်မှ စိုးရိမ်မိသွားလေသည်။
"ဖေဖေ... မီးမီး ကားစီးချင်တယ်..."
"ဟင်..."
"သမီး သစ်ရိပ်မေ ဖေဖေ့ကိုဘာတွေပြောနေတာလဲ..."
"မီးမီး ကားစီးချင်လို့..."
သမီးလေးက ချစ်ဖို့ကောင်းသလို စကားလည်းတတ်သဖြင့် သူ အူယားစွာ ပါးလေးကိုဖိလိုက်မိ၏။ အရိပ်ကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို အရင်ထက်ပိုပြီးလှလာလေသည်။
"သမီးလေးက ကားစီးချင်တာလား..."
"ဟုတ်..."
"ဖေဖေ့မှာ ကားမှမရှိတာ သမီးရဲ့... လာ မေမေ့ဆီလာ ဖေဖေအလုပ်လုပ်နေတာ သွားမရှုပ်နဲ့..."
"ဟင့်အင်း..."
"ရပါတယ် အရိပ်ရဲ့... ကိုယ် အလုပ်ပြီးသွားပြီ... လာ ခြံထဲမှာ လမ်းလျှောက်ရအောင်..."
သမီးလေးကို အောက်ချလိုက်ပြီး ရှိန်းနဲ့အရိပ် လက်တစ်ဖက်စီကိုဆွဲလိုက်ကာ ဂိုဒေါင်နားကနေထွက်လာလေသည်။
"သမီးလေးက ကားစီးချင်တယ်ဆိုရင် ညနေစီးလို့ရအောင်ဖေဖေစီစဉ်ပေးမယ်နော် သမီး..."
"ကိုကိုရယ် ရပါတယ်... ဒီကောင်မလေးကို အလိုလိုက်မနေပါနဲ့..."
"မဟုတ်တာ အရိပ်ရယ်... ကိုယ်တို့မှာ ဒီသမီးလေးတစ်ယောက်ထဲရှိတာကို အလိုလိုက်ရမှာပေါ့... မဟုတ်ဘူးလား သမီးလေး..."
"ဟုတ် ဖေဖေ..."
"ဒါဆို ဖေဖေ့ကို အာဘွားပေးပါဦး သမီးလေးရဲ့... "
ရှိန်း သမီးလေးဘေးမှာ ငုတ်တုတ်ထိုင်လိုက်တော့ သမီးလေးက သူ့ပါးကို နှာခေါင်းလေးနဲ့ အားရပါးရနမ်းလိုက်တော့သည်။
"ဟာ... ဖေဖေ့ပါးမှာ နှပ်နှပ်တွေပေကုန်ပြီ..."
သူနဲ့အရိပ်အတူရယ်လိုက်တော့ သမီးလေးက သူ့ရဲ့လက်သေးသေးလေးနဲ့ သူ့ပါးမှာပေနေတဲ့ နှပ်ချေးတွေကိုသုတ်ပေးနေ၏။
"သမီးလေးက လိမ်မာလိုက်တာ... ဖေဖေ့ကို အာဘွားလည်းပေးတယ်... နှပ်နှပ်တွေလည်းသုတ်ပေးတယ်... မေမေ့ကိုလည်း အာဘွားပေးလိုက်ပါဦး..."
အရိပ်က သမီးလေးမျက်နှာနားမှာ သူမပါးလေးကိုကပ်ပေးလိုက်တော့ အရိပ်ကိုလည်း သမီးလေးက နမ်းလိုက်လေသည်။ အရိပ်တို့သားအမိကိုကြည့်ပြီး ရှိန်းရင်ထဲမှာ ကြည်နူးသွားမိ၏။ သမီးလေး သစ်ရိပ်မေ သူ့ဘဝထဲရောက်လာမှ သူ့ဘဝက ပိုပြည့်စုံသွားတယ်လို့ ထင်လိုက်သည်။ ဟုတ်ပါတယ် အဲ့ဒါအမှန်ပါ။ ဟိုးတုန်းက သူ့ဘဝမှာ အရိပ်မရှိရင် အဓိပ္ပါယ်မရှိဘူးလို့ ထင်ထားခဲ့တာ... အခုတော့ သမီးလေးကလည်း သူ့ဘဝဖြစ်လာခဲ့ပြီ။ သူ့ဘဝမှာ သမီးလေးလည်း မရှိလို့ လုံးဝမဖြစ်တော့ပေ။
"လာ လမ်းဆက်လျှောက်ရအောင်..."
"ဟုတ်ကဲ့ ကိုကို..."
လေတွေက တဖြူးဖြူးတိုက်ခတ်နေ၏။ အပြင်မှာရော ရင်ထဲမှာရော အေးချမ်းနေခဲ့သည်။ ဘဝက ဒီလောက်ထိအေးချမ်းရလိမ့်မယ်ဆိုတာ တခါမှမတွေးမိခဲ့။ ဒီဘဝလေးကိုမြတ်နိုးတယ်... တန်ဖိုးထားတယ်... နှစ်သက်တယ်... နောက်ပြီး ဆုံးရှုံးရမှာ ကြောက်တယ်...။
"ကိုကို နောက်နှစ်ဆို သမီးလေးကို စာသင်ပေးရအောင်နော်..."
"အင်း... ကောင်းသားပဲ အရိပ်..."
"ကိုကို..."
"ပြောလေ အရိပ်..."
အရိပ်က တွေတွေကလေး စဉ်းစားသလိုလုပ်ပြီးမှ သူ့ကိုကြည့်လာပြီး
"အခုတလောလေ အရိပ်အိမ်မက်ထဲမှာ လူတစ်ယောက်ကို ခဏခဏမက်နေတယ်..."
"ဟုတ်လား... သူက အရိပ်ကို ဘာပြောလို့လဲ..."
အရိပ်ရဲ့မျက်နှာက စိတ်မကောင်းသလိုဖြစ်နေသဖြင့် ရှိန်း အရိပ်ကို စိတ်ဝင်တစား အကဲခတ်လိုက်မိလေသည်။
"ဟင့်အင်း... သူ အရိပ်ကို ဘာမှမပြောဘူး ကိုကို... ဒါပေမယ့် သူ့အကြည့်တွေက အရိပ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေသလိုပဲ..."
"ဟုတ်လား..."
"နောက်ပြီး... သူ့မျက်နှာကို အရိပ်အရမ်းရင်းနှီးနေတယ် ကိုကို... သူ့ကို အရိပ်သိနေသလိုပဲ..."
"ဟင်..."
ရှိန်း စိုးရိမ်သွားတော့သည်။ အရိပ်အိမ်မက်ထဲကလူက မင်းတိမ်လွှာလား အက္ခရာမောင်လား။
"အရိပ်ကိုကြည့်နေတဲ့သူ့မျက်လုံးထဲမှာ မျက်ရည်တွေလည်းဝဲနေတယ်... နောက်ပြီး သူက သမီးလေးကိုလည်းသေချာကြည့်နေတာ..."
သူ အ့ံသြသွားပေမယ့် အသံတော့မထွက်လာတော့ပါ။ ဒါ အက္ခရာမောင်ပဲ။ သူ အရိပ်နဲ့သမီးလေးကို သတိရနေလို့ပေါ့။ အရိပ်အိမ်မက်ဆိုတော့ အရိပ်လည်း သူ့ကိုသတိရနေတာပဲ။ အရိပ် အတိတ်ကိုပြန်သတိရလာလို့ သူ့ကိုသတိရနေတာလား။
"အရိပ်လေ သူနဲ့ အရမ်းကိုရင်းနှီးနေသလိုပဲ ကိုကိုရယ်... သူက အရိပ်တို့သားအမိကိုကြည့်ပြီး စကားတွေအများကြီးပြောချင်နေတဲ့ပုံပဲ... ဒါပေမယ့် သူ ဘာမှမပြောဘဲ အရိပ်တို့သားအမိကိုကြည့်ပြီး မျက်ရည်တွေပဲဝဲနေတာ... သူ ဘယ်သူမှန်းမသိပေမယ့် အရိပ် သနားလိုက်တာ ကိုကိုရယ်..."
အရိပ်ရဲ့စကားကြောင့် သူ စိုးရိမ်သွားမိကာ အရိပ်ရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး
"အရိပ်ရယ်... ဆောင်းတွင်းမှာမက်တဲ့အိမ်မက်ဆိုတာ ကယောက်ကယက်မို့လို့ အတည်မယူရဘူးတဲ့... အဲ့ဒါကြောင့် အရိပ် စိတ်ထဲမထားနဲ့နော်..."
အရိပ်က သူ့ကိုပြန်မပြောဘဲ ငြိမ်ကာစဉ်းစားနေလေသည်။
"အရိပ် ကိုကိုပြောတာကြားရဲ့လား..."
"ဟုတ်... ကိုကို..."
"အဲ့လိုလျှောက်မတွေးရဘူးလေ အရိပ်ရဲ့... အရိပ်ရဲ့ဘေးမှာ ကိုကိုက တစ်သက်လုံးရှိသွားမှာ... အရိပ်ဘာပဲဖြစ်နေဖြစ်နေ ကိုယ်က အရိပ်နဲ့သမီးလေးကို စောင့်ရှောက်မှာ... အဲ့ဒါကြောင့် အရိပ်က အရေးမပါတဲ့အိမ်မက်အကြောင်းကိုတွေးပြီး စိတ်မကောင်းဖြစ်မနေနဲ့နော်..."
"ဟုတ်ကဲ့..."
"လာ ကိုကိုတို့ လမ်းဆက်လျှောက်ရအောင်နော်..."
အရိပ်က သူ့ကို ခေါင်းငြိမ့်ပြပြီး လမ်းဆက်လျှောက်နေလေသည်။ သူ့စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ သူကိုယ်တိုင်တောင်မှမသိတော့။ သူသိတာတစ်ခုပဲရှိသည်။ သူ့ဘဝမှာ  အရိပ်နဲ့သမီးလေးမရှိဘဲနဲ့ သူ အသက်ဆက်ရှင်သန်နိုင်မှာမဟုတ်။
အရိပ်နဲ့ပတ်သက်ပြီး မှားခဲ့တာတွေအတွက် ထပ်ပြီးမှားခွင့်ပြုပါ။ အမှောင်မှန်းသိရဲ့နဲ့ ဆက်တိုးနေခဲ့တယ်... ကိုယ့်ဘဝက ဆုပ်လည်းစူး... စားလည်းရူးရမယ့် ပဒိုင်းသီးအဖြစ် ဖြစ်နေခဲ့ပြီ။ တစ်ခါမှားခဲ့တဲ့အမှားက တစ်ဘဝလုံးမှားနေမယ့်အမှားဖြစ်နေခဲ့တာ အစကတည်းကသိခဲ့ပေမယ့် ဒါဟာ သူလိုချင်တဲ့ဘဝပဲဖြစ်နေတာကြောင့် ဝဋ်ပြန်လည်မယ်ဆိုလည်း အဲ့ဒီ့အချိန်ရောက်မှ သူ ကျေကျေနပ်နပ်ကြီး ခံစားပါရစေတော့...။
💕💕💕💕💕💕💕
#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora