💕ချစ်သောကိုကို💕
💖အခန်း(၂၂)💖🎶🎶🎶
အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်ကအသက်အရွယ်မှာ...
ရူးလောက်တဲ့အချစ်မျိုးလည်း ကိုယ်တိုင်မတွေ့မိသေးပါ...
ဒဏ္ဍာရီပုံဆန်တဲ့အလွမ်းအဆွေးမျိုးနဲ့...
တစ်နေ့တော့ဖြင့် ဒို့ကြံုမှမတွေးမိသေး...
ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ...
ငြိမ်အောင်တင်းထားလို့မရ
မယုံနိုင်ဘူးမင်းနဲ့တွေ့စဉ်
ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မီ ရင်ခွင်ထဲတိုး နောက်ဆုံးတော့ မင်းနဲ့မှချစ်တတ်ပြီပေါ့...
🎶🎶🎶
ခရာ မျက်လုံးကိုအသာမှိတ်ထားကာ သီချင်းထဲမှာ အာရုံစိုက်ပြီး နားထောင်နေမိလေသည်။ တိုက်ဆိုင်မှု တွေရှိလာတော့လည်း နှလုံးသားလေးက အလိုလိုနာကျင်လာမိသည်။ နာကျင်တဲ့ဒဏ်ရာကိုကုသဖို့အတွက် တခြားလူတွေလိုမျိုး အရက်တွေ ဘီယာတွေ မသောက်တတ်တော့လည်း အခုလိုမျိုး အဆွေးသီချင်း တွေကိုနားထောင်ပြီး ဖြေသိမ့်ခဲ့ရသည်။
🎶🎶🎶
အောက်မေ့လို့မဝသေးဘူး ကိုယ်တစ်ယောက်ထဲ နောက်ကွယ်မှာ...
တစ်ဖက်သတ်မို့ကြိတ်ပြီးရူး မင်းလေးမသိနိုင်...
ရာဇဝင်မှာတွင်ကျန်မယ့် ကြေကွဲခြင်းမျိုး ဒီအချိန်မှာမလိုချင်ဘူး မုန်းတဲ့စကား...
ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ...
ငြိမ်အောင်တင်းထားလို့မရ
မယုံနိုင်ဘူးမင်းနဲ့တွေ့စဉ်
ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မီ ရင်ခွင်ထဲတိုး နောက်ဆုံးတော့ မင်းနဲ့မှချစ်တတ်ပြီပေါ့...
🎶🎶🎶
ဟုတ်တယ်ဆွေးရယ် ကိုယ် ဆွေးနဲ့မှချစ်တတ်လာခဲ့တာ။ အဲ့ဒါဟာလည်း ပထမဆုံးနဲ့နောက်ဆုံး အချစ်ပါ ဆွေးရယ်။ ကိုယ် ဆွေးနဲ့မခွဲနိုင်ဘူး။ ကိုယ် သေသွားလိမ့်မယ် အဲ့ဒါဆွေးသိရဲလား...။
သူ့ရင်ထဲမှာ ဆွေးနဲ့ပတ်သက်လာရင် အသေးအမွှားလေးကအစ ချစ်တာ။ သူမပြံုးလိုက်ရင်... သူမရဲ့ ပါးချိုင့်လေးဖြစ်ချင်တယ်...
သူမ စာရေးရင်... သူမလက်ထဲက ဘောပင်လေးဖြစ်ချင်တယ်...
အို ကုန်ကုန်ပြောရမယ်ဆိုရင်
သူမလမ်းလျှောက်တဲ့အခါ သူမခြေထောက်မှာစီးထားတဲ့ ဖိနပ်လေးတောင်မှဖြစ်ချင်ခဲ့တာ... ကျွန်တော်က သူမရဲ့အရာရာဖြစ်ချင်ပေမယ့်လည်း သူမကိုတော့ ကျွန်တော့်အတွက် တစ်ခုပဲဖြစ်စေချင်ပါတယ်...
အဲ့ဒါကတော့ ကျွန်တော်အသက်ရှူတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ဝင်သက်ထွက်သက်လေးတစ်ခုပါပဲ...
ကိုကို့အခန်းရှေ့ကဖြတ်သွားတိုင်း ဇော်ပိုင်ဆိုထားတဲ့ မင်းနဲ့မှချစ်တတ်ပြီပေါ့ ဆိုတဲ့ ဒီသီချင်းကိုပဲ တနေကုန် တိမ်လွှာကြားနေရလေသည်။ ဒီသီချင်း ဘယ်နှစ်ခေါက်ရှိနေပြီဆိုတာတောင် ရေတွက်လို့မရခဲ့။
"ဒေါက်... ဒေါက်... ကိုကို..."
"ညီ ဝင်ခဲ့လေ..."
တိမ်လွှာ တံခါးဖွင့်ပြီးဝင်လိုက်တော့ ကိုကိုက သူ့အခန်းထဲက ဆိုဖာကိုကျောမှီထားကာ မျက်လုံးကို မှိတ်ထား၏။ ကြည့်ရတာ သီချင်းကိုပဲ အာရုံစိုက်ထားသည့်ပုံပင်။ သူဝင်လာတော့ မျက်လုံးပွင့်လာပြီး
"ညီ ကျောင်းမသွားဘူးလား..."
တိမ်လွှာ ကိုကို့ကုတင်ပေါ်မှာ တက်ထိုင်လိုက်ကာ
"မနက်ဖြန်မှသွားတော့မယ် ကိုကို..."
ကိုကိုက သူ့ကိုခေါင်းပဲငြိမ့်ပြကာ မျက်လုံးကိုပြန်မှိတ်ထား၏။ ကိုကို့ကိုကြည့်ကာ သူ့စိတ်ထဲမှာ မသက်မသာဖြစ်သွားမိ၏။
"ကိုကို အဆင်ပြေရဲ့လား..."
"ကိုကို့ပုံစံက ညီ့မျက်လုံးထဲမှာ အဆင်ပြေနေတဲ့ပုံ ပေါက်နေတာလား ညီ..."
ကိုကို့စကားကြောင့် တိမ်လွှာ ကိုကို့ကိုသနားသွားမိလေသည်။
"ညီ သိပါတယ် ကိုကို... အခု နတ်ဆိုးတို့လည်း ဆွေးအရိပ်ရဲ့မိဘတွေကို အသည်းအသန် လိုက်ရှာနေကြတယ် ကိုကို..."
"ဟင်..."
ကိုကိုက မျက်လုံးပွင့်လာပြီး သူ့ကိုသေချာကြည့်လာလေတော့သည်။
"ဟုတ်တယ် ကိုကို... သူက ကိုကို့လိုမျိုး အခန်းလေးထဲမှာ သီချင်းလေးနားထောင်ပြီး ကြေကွဲနေတာ မဟုတ်ဘူး... သူချစ်တဲ့ဆွေးအရိပ်ပျော်ဖို့အတွက် သူ ဆွေးအရိပ်ရဲ့မိဘတွေကို လိုက်ရှာပေးနေတာ..."
ခရာ ဆိုဖာကိုကျောမှီရာကနေ ထလိုက်ကာ သေချာထိုင်လိုက်လေသည်။ ထို့နောက် တိမ်လွှာ့ကို ကြည့်လိုက်ကာ
"သူ့လိုလွတ်လပ်မှုမရှိလို့ ကိုကို ကိုယ့်ဘဝကိုယ်မုန်းတယ် ညီ... ကိုကိုသာ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်မဟုတ်ဘဲ နတ်ဆိုးလိုမျိုး လွတ်လပ်တဲ့သူဆိုရင် ဘယ်လောက်ကောင်းမလဲ... ဆွေးမိဘ တွေကို အချိန်ပြည့်လိုက်ရှာနေမှာ..."
တိမ်လွှာ ခေါင်းငြိမ့်လိုက်ကာ
"သရုပ်ဆောင်ဖြစ်နေတာကိုက ကိုကို့ရဲ့အားနည်းချက်ဖြစ်နေခဲ့တာပဲ..."
"ကိုကိုသိတယ် ညီ... အဲ့ဒါကြောင့် ဒီဘဝကြီးကို စွန့်လွှတ်ချင်ခဲ့တာ..."
"ဒါပေမယ့် ကိုကို့မှာ တခြားအားသာချက်တွေ အများကြီးရှိပါတယ် ကိုကိုရယ်... အဓိကကတော့ ဆွေးအရိပ် ကိုကို့ကို ချစ်နေတာပဲ..."
သူ အဲ့လိုပြောလိုက်တော့လည်း ကိုကို့မျက်နှာက သဘောတကျပြံုးလာလေသည်။
"ဟုတ်တယ် ညီ... အဲ့ဒါတွေကြောင့်လည်း ကိုကို ဆွေးကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးမစွန့်လွှတ် နိုင်တော့တာ..."
"ဒါတော့ဒါပေါ့ကိုကိုရယ်... ဒါပေမယ့် ကိုကို နတ်ဆိုးထက် လက်သွက်မှဖြစ်မှာနော်... ကိုကို ဆွေးအရိပ်ရဲ့မိဘတွေကို နတ်ဆိုးထက်အရင်ရှာတွေ့ရင် ကောင်းမယ်..."
"ဟုတ်တယ် ညီ... အဲ့ဒါလည်း ညီ ကူညီမှဖြစ်မှာ..."
တိမ်လွှာ ခရာ့ကိုနားလည်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး
"ညီ့သူငယ်ချင်းတွေကို ရှာပုံတော်ဖွင့်ခိုင်းထားတယ် ကိုကို... အကြောင်းတော့မပြန်သေးဘူး..."
"ကျေးဇူးပါညီရယ်... ကိုကိုလည်း ညီ့ကိုအားနာလှပါပြီ... တကယ်ဆို ကိုကို ကိုယ်တိုင်လုပ်ရမယ့်ကိစ္စ... ဒါကို ညီ့ကိုပဲအပူကပ်နေရတယ်..."
"ကိုကိုရယ်... ညီအကိုအချင်းချင်းပဲ အားနာစကားပြောစရာလား... ကိုကိုလိုအပ်တာတွေအားလုံးကို ကူညီရမှာ ညီ့တာဝန်ပါ ကိုကိုရယ်..."
"ကျေးဇူးတင်ပါတယ် ညီရယ်..."
"ကဲပါ ကိုကိုရယ် မပြောပါနဲ့တော့... အခု ညီ အပြင်ခနသွားမလို့ ကိုကိုဘာမှာဦးမလဲ..."
"ဟင့်အင်း ကိုကိုမမှာတော့ပါဘူး..."
"Ok... ဒါဆို ညီ ဂိုးတော့မယ်..."
"အင်း..."
ညီ ကိုကို့ကုတင်ပေါ်ကနေဆင်းလိုက်ပြီး ကိုကိုရှေ့က ထွက်လာလိုက်သည်။ တံခါးပေါက်နားရောက်တော့မှ ကိုကို့ကိုပြန်လှည့်ကြည့်လိုက်ကာ
"ကိုကို... အဲ့သီချင်းကြီး ခနခနနားထောင်နေလို့ မေမေကြားသွားရင် ကိုကိုနဲ့ပြဿနာတက်နေဦးမယ်..."
ကိုကိုက သူ့ကို ပြံုးကာခေါင်းငြိမ့်ပြနေသဖြင့် သူလည်း ခေါင်းပြန်ငြိမ့်ပြကာ ကိုကို့အခန်းထဲကနေ ထွက်လာလိုက်၏။
ကိုကို့အတွက် သူ လုပ်ပေးစရာတွေ အများကြီးရှိသေးတယ်။ ကိုကို ဆွေးအရိပ်နဲ့နီးစပ်ဖို့ပေါ့။ အခက်အခဲ တွေအားလုံးကို ကိုကိုကျော်လွှားနိုင်မယ်လို့လည်း သူယုံကြည်ပါတယ်။ အခုကြံုတွေ့နေရတဲ့ မေမေနဲ့ ပတ်သက်တာရော... ဆောင်းရတုနဲ့လက်ထပ်ရမှာကိုရော... နောက်ပြီး နတ်ဆိုးနှောင့်ယှက်နေတာရော... အဲ့ဒါတွေမရှိတော့မှ ကိုကိုလိုချင်တဲ့ဘဝကို ဆွေးအရိပ်နဲ့အတူ ဖြတ်သန်းနိုင်မှာ။ ဟုတ်တယ် အဲ့ဒါလည်း သူကူညီနိုင်မှဖြစ်မှာ။ ကူညီမှာပါ... သူ နောက်ဆုံးအချိန်ထိ ကိုကိုနဲ့ဆွေးအရိပ်တို့နီးစပ်ဖို့ အားလုံးကူညီမှာ။ နတ်ဆိုးနဲ့ ဘယ်လိုတိုက်ပွဲမျိုးကိုပဲ တိုက်ရတိုက်ရပေါ့...။
💕💕💕💕💕💕💕
"တီ... တီ... တီ..."
ကားမောင်းနေရင်းကနေ ဖုန်းဝင်လာသဖြင့် ရှိန်း လက်တစ်ဖက်က ကားမောင်းနေရင်းနဲ့ လက်တစ်ဖက်က ဖုန်းကိုကိုင်လိုက်၏။
"ဟယ်လို ဝဏ္ဏ..."
"ရှိန်း မင်းဘယ်မှာလဲ..."
သူ ကားကိုသတိထားမောင်းနေရသလို မျက်လုံးကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီးလိုက်ကြည့်နေ၏။
"ငါ အခု အရိပ်ရဲ့မိဘတွေကို လိုက်ရှာနေတာ..."
"ဟုတ်လား... ငါတို့ ဒီညသောက်ရအောင်လေ ရှိန်း..."
ရှိန်း ကားမောင်းရင်းကနေ ရယ်လိုက်မိကာ
"တော်ပါပြီ ဝဏ္ဏရာ... ငါ မသောက်ချင်ဘူး..."
"ဟ... ဘယ်လိုဖြစ်ရတာလဲ ရှိန်းရာ... မင်း အရင်တုန်းက ငြင်းဖူးလို့လား..."
"အင်း အရင်တုန်းကနဲ့ အခုနဲ့ မတူတော့ဘူးလေကွာ... အခုဆိုရင် အရိပ်အတွက် ငါ အရိပ်ရဲ့မိဘတွေကို လိုက်ရှာပေးမှဖြစ်တော့မယ်... အရိပ်က ည ညဆိုရင် သူ့မိဘတွေကိုလွမ်းပြီး ငိုနေတာကွ... "
"ဪ အဲ့ဒါကြောင့် မင်းက သူ့ကိုသနားပြီး သူ့မိဘတွေကို လိုက်ရှာပေးနေတာပေါ့..."
"ငါ အရိပ်ကိုချစ်တယ်ကွာ... အရိပ်ကို ငိုဖို့နေနေသာသာ မျက်နှာပျက်တာကိုတောင် မကြည့်ရက်ဘူး..."
"ဟုတ်ပါပြီ ရှိန်းရာ... ငါတို့သိပါတယ်ကွာ... မင်းက ပိုကိုပိုလွန်းတယ်..."
ရှိန်း ရယ်လိုက်ကာ
"ငါမပိုဘူးဆိုတာ မင်းအသိဆုံးပါ ဝဏ္ဏရာ..."
"အေးပါကွာ... မင်းလက်သီးနဲ့ထိုးခဲ့တာကို ငါ အခုထိမှတ်မိနေပါသေးတယ်..."
"အဲ့ဒီ့အတွက် ငါ တကယ်ပဲစိတ်မကောင်းဖြစ်နေရတာပါ သူငယ်ချင်းရာ..."
"အင်း... ငါ နားလည်ပါတယ်... အဲ့ဒီ့တုန်းက ဆွေးအရိပ်ကြောင့် မင်းငါ့ကိုလုပ်ခဲ့တာပဲ..."
"မင်းသာ အဲ့ဒီ့နေ့က ငါ့ကို အဲ့လိုမပြောခဲ့ရင် ငါ အရိပ်ကိုချစ်နေတဲ့အကြောင်း ဘယ်တော့မှသိရမှာ မဟုတ်ဘူးကွ..."
"အင်းနော်... အဲ့ဒီ့အတွက် မင်း ငါ့ကိုကျေးဇူးတင်ရမယ်..."
"ငါ ဘယ်တော့မှ မမေးပါဘူး သူငယ်ချင်း..."
ရုတ်တရက် ရှိန်းရဲ့အကြည့်တွေက မျက်လုံးထောင့်က လမ်းဘေးစျေးဆိုင်ဆီသို့ရောက်သွားကာ မျက်လုံးပြူးသွားတော့၏။
"ဟင်..."
"ရှိန်း... ဘာဖြစ်လို့လဲ..."
"ငါ... ငါ အရိပ်ရဲ့မိဘတွေကို တွေ့ပြီထင်တယ် ဝဏ္ဏ... ငါ မင်းကို ပြီးမှဖုန်းပြန်ဆက်လိုက်မယ်..."
"ဟင်... ငါ လိုက်ခဲ့..."
ဝဏ္ဏရဲ့စကားမဆုံးသေးခင် ရှိန်းဖုန်းချလိုက်ပြီး ကားကိုရပ်လိုက်လေသည်။ ထို့နောက် ကားပေါ်က မြန်မြန် ဆင်းလိုက်ပြီး လမ်းဘေးက စျေးဆိုင်ကို သေချာကြည့်လိုက်၏။ ကြည့်ရတာ အသုပ်စုံရောင်းနေတာ ဖြစ်ရမည်။ ဦးလေးကြီးက ဟင်းရည်အိုးနားမှာ ဟင်းရည်တွေကို ယောက်ချိုအကြီးနဲ့ မွှေနှောက်နေပြီး အန်တီကြီးကတော့ အသုပ်တွေသုပ်နေ၏။ သေချာပါတယ် ဒါ အရိပ်ရဲ့မိဘတွေ။
ရှိန်း ကားလမ်းကူးလိုက်ကာ အသုပ်ဆိုင်လေးထဲသို့ ဝင်လိုက်လေသည်။
"လူလေး ဘာစားမလဲကွဲ့..."
ဦးအောင်သူက သူ့ကိုမေးလာတော့ သူ ဘယ်လိုပြန်ဖြေလိုက်ရမှန်း မသိဖြစ်သွားမိ၏။ သူ့ကို မမှတ်မိကြဘူးလား။
"ဦးလေး... ကျွန်တော်က..."
သူ့ခေါင်းထဲမှာ မေမေပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်လာမိတော့ ပြောချင်တဲ့စကားလုံးတွေက တန့်သွား၏။ အရိပ်ရဲ့မိဘတွေက သူနဲ့အရိပ်ကို ဘယ်တော့မှသဘောတူမှာမဟုတ်ဘူးတဲ့လား။
"သားလေး ဘာအသုပ်စားမှာလဲ... ခေါက်ဆွဲသုပ်... ကြာဇံသုပ်... တို့ဟူးသုပ်... အစုံသုပ်... ကြက်ရိုးသုပ်... ဝက်ခေါက်သုပ်... မာလာဟင်းလည်းရတယ်သား... ဘာစားချင်လဲ..."
အသုပ်မျိုးစုံကို ရွတ်ပြနေတဲ့ အရိပ်ရဲ့အမေ ဒေါ်ခင်ပိုးကို ရှိန်း ဂရုဏာသက်စွာ ငေးကြည့်နေမိ၏။
"ကျွန်တော်... ကျွန်တော်က ရှိန်းအာကာပါ... ဦးလေးနဲ့အန်တီ..."
သူ့နာမည်ကြောင့် ဦးအောင်သူနဲ့ ဒေါ်ခင်ပိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။
"ရှိန်းအာကာဆိုတာ..."
ဦးအောင်သူက သူ့ကိုမှတ်မိသွားသည့်ပုံဖြင့် သူ့ကိုလက်ညှိုးထိုးကာ
"မင်း... မင်းက ခင်ခင့်ရဲ့သားမို့လား..."
"ဟင်..."
ဒေါ်ခင်ပိုး အ့ံသြသွားကာ မျက်လုံးပြူးသွားလေသည်။
"ဟုတ်ပါတယ်... ကျွန်တော်က ဒေါ်ခင်ခင်ရဲ့သားပါ..."
ဒေါ်ခင်ပိုး အသုပ်သုပ်ရင်းကနေ လက်အိတ်တွေကိုချွတ်လိုက်ကာ ဆိုင်ခန်းထဲကနေအပြင်ကိုထွက်လာကာ ရှိန်းရဲ့အနားကိုရောက်သွားပြီး
"ဒါဆို... သားတို့အိမ်မှာ အန်တီတို့သမီးလေးရှိတယ်ပေါ့နော်..."
"ဟုတ်ကဲ့ ရှိပါတယ် အန်တီ..."
ဒေါ်ခင်ပိုး မျက်ရည်တွေကျလာကာ
"ဒါဆို အန်တီတို့ကို သမီးလေးဆီခေါ်သွားပေးပါလား သားရယ် အန်တီတို့ တောင်းပန်ပါတယ်ကွယ်..."
ဒေါ်ခင်ပိုး ရှိန်းရဲ့လက်တွေကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်တော့ ရှိန်းခေါင်းငြိမ့်လိုက်ကာ
"ကျွန်တော် အန်တီတို့ကို လိုက်ရှာနေခဲ့တာပါ... အရိပ်က အန်တီတို့ကို တွေ့ချင်နေတာကြာပြီ... အဲ့ဒါကြောင့် ကျွန်တော်လည်း လိုက်ရှာနေခဲ့တာ..."
"သမီးလေးရော... သမီးလေး နေကောင်းရဲ့လား..."
"ဟုတ်ကဲ့... အရိပ်နေကောင်းပါတယ်... အရိပ် အခု တက္ကသိုလ်ကျောင်းသူကြီးတောင် ဖြစ်နေပါပြီ အန်တီ..."
ဒေါ်ခင်ပိုး မျက်ရည်တွေကြားကနေပြံုးလိုက်ပြီး ဦးအောင်သူကိုလှည့်ကြည့်လိုက်ကာ
"ကိုအောင်... သမီးလေးက တက္ကသိုလ်ကျောင်းသူကြီးတောင်ဖြစ်နေပြီတဲ့... ဝမ်းသာလိုက်တာရှင်..."
ဦးအောင်သူလည်း မျက်ရည်တွေဝဲနေရင်းကနေ ခေါင်းငြိမ့်နေလေသည်။
"ငါလည်း ဝမ်းသာပါတယ် မယ်ခင်ရယ်..."
ခရာ သူတို့လင်မယားနှစ်ယောက်ကိုကြည့်ကာ ပီတိဖြစ်နေမိတော့၏။ အရိပ်သာဆို ဘယ်လောက်တောင် ပျော်နေမလဲ။ အရိပ်... ကိုယ် အရိပ်အတွက် ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်လာပြီနော်။
"ဒါဆို အန်တီတို့ကို အခုပဲ သမီးလေးဆီခေါ်သွားပေးပါလား သားရယ်..."
"ဟုတ်ကဲ့ပါ ကျွန်တော်တို့အိမ်ကို အခုပဲသွားရအောင်..."
"မယ်ခင်... ငါတို့မှာ သမီးလေးကိုပြန်ရွေးဖို့ ပိုက်ဆံ..."
"မလိုပါဘူး ဦးရယ်... မေမေ့မှာ အဲ့လိုစိတ်တွေမရှိတော့ပါဘူး... ဦးတို့မိသားစုပြန်ဆုံစည်းနိုင်ဖို့ ပိုက်ဆံမလိုပါဘူး ဦးရယ်... ဒါပေမယ့် ကျွန်တော် တစ်ခုလောက်တော့ တောင်းဆိုချင်ပါတယ်..."
"ဘာလဲ ပြောပါ သား... အန်တီတို့ လိုက်လျောပေးပါ့မယ်..."
"ဟုတ်... ဒါဆို ကားပေါ်ရောက်မှပဲ ကျွန်တော်ပြောပြပါ့မယ်... အခု ဦးလေးနဲ့အန်တီ့ကို ကျွန်တော် အရိပ်ဆီခေါ်သွားပေးပါ့မယ်..."
"အင်း... အင်း..."
"မိပုရေ... ငါတို့ဆိုင်လေးကို ကြည့်ထားပေးပါဦး..."
ဆိုင်နီးချင်းဖြစ်သူကို ဒေါ်ခင်ပိုး လှမ်းအော်လိုက်လေသည်။
"ကြည့်ထားလိုက်ပါ့မယ် မခင်ပိုး... စိတ်ချလက်ချသာသွားပါ..."
"သား လာသွားရအောင်..."
"ဟုတ်ကဲ့..."
ရှိန်း ရှေ့ကဦးဆောင်ပြီး ကားဆီသို့သွားလိုက်လေသည်။ သူ့ရင်ထဲမှာ တကယ်ကိုကြည်နူးနေမိတော့၏။
"ဦးတို့ ကားပေါ်တက်ပါ..."
သူ ကားတံခါးဖွင့်ပေးလိုက်တော့ ဦးအောင်သူနဲ့ ဒေါ်ခင်ပိုး ပျော်ပျော်ရွှင်ရွှင်ဖြင့် ကားပေါ်တက်လိုက်ကြ လေသည်။ သူတို့တက်ပြီးတော့မှ ရှိန်း ကားတံခါးကိုပိတ်လိုက်ကာ ကားမောင်းသူနေရာသို့ သူလည်း တက်လိုက်၏။ ထို့နောက် ကားကိုမောင်းလိုက်လေသည်။
သူ ကားမောင်းနေရင်းကနေ နောက်မှန်ထဲကနေ ဦးအောင်သူတို့ကို လှမ်းကြည့်လိုက်တော့ နှစ်ယောက်လုံးရဲ့မျက်နှာမှာ အပြံုးတွေဝေနေသဖြင့် သူလည်း စိတ်ချမ်းသာသွားရတော့သည်။
"သား... ဒါနဲ့ သား တောင်းဆိုမယ်ဆိုတာ ဘာများလဲ..."
သူ့ရင်ထဲမှာ လှိုက်ဖိုမောသွားရတော့သည်။
"ကျွန်တော်... ကျွန်တော်..."
ရုတ်တရက် စကားပြောဖို့တောင်မှ သူ ဆွ့ံအသွားတော့၏။
"ပြောပါ သားရယ်... ဘာများမို့လို့လဲ..."
"ကျွန်တော် အရိပ်ကို မေတ္တာရှိနေခဲ့တာပါ... အဲ့ဒါကြောင့် ဦးနဲ့အန်တီတို့ သဘောတူပေးပါလား..."
ဦးအောင်သူနဲ့ဒေါ်ခင်ပိုး အ့ံသြစွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
"ကျွန်တော် အရိပ်ကို... တကယ်မေတ္တာရှိတာပါ... အရင်တုန်းက မှားခဲ့တာတွေအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ် ဦးလေးနဲ့အန်တီ..."
"ဒီကိစ္စတွေက လူလေးတို့လူငယ်တွေနဲ့မဆိုင်ပါဘူးကွယ်..."
"ကျွန်တော် အရိပ်ကို ချစ်နေတာကြာပါပြီ... ဒီကိစ္စတွေကြောင့် အရိပ် ကျွန်တော့်ကိုမုန်းမှာ အရမ်း ကြောက်ခဲ့တာပါ... တကယ်လို့ ဦးလေးနဲ့အန်တီသာ ကျွန်တော်နဲ့အရိပ်ကို သဘောတူမယ်ဆိုရင်..."
"လူလေးကို မယုံကြည်လို့မဟုတ်ပါဘူးကွယ်... သမီးလေးပျော်ဖို့အတွက် ဦးလေးတို့ကို လူလေး အခုလိုလိုက်ရှာပေးကတည်းက သမီးလေးအပေါ်ထားတဲ့ လူလေးရဲ့မေတ္တာကို နားလည်ပါတယ်ကွယ်..."
"ဟုတ်ပါတယ် အဲ့ဒါကြောင့် သမီးလေးသာ သားလေးကိုမေတ္တာရှိမယ်ဆိုရင် အန်တီတို့ကလည်း သဘောတူပါတယ် သားရယ်..."
သူ့ရင်ထဲမှာ ဘယ်လောက်တောင်မှ ပျော်ရွှင်သွားမိမှန်းမသိ။ ရင်ခုန်သံတွေတောင် မြန်လာလေတော့သည်။
"ကျွန်တော် ဝမ်းသာလိုက်တာ အန်တီရယ်..."
"အေးပါကွယ်... အန်တီတို့လူကြီးတွေက နားလည်ပါတယ်... သားတို့လူငယ်ချင်းသာ မေတ္တာရှိကြမယ် ဆိုရင် အန်တီတို့ကလည်း သဘောတူပါတယ်... နောက်ပြီး သားလေးက သမီးလေးကို ပျော်ရွှင်အောင် ထားနိုင်မယ်ဆိုတာ ယုံပါတယ်..."
"ကျွန်တော် အရိပ်ကို မျက်နှာတစ်ချက်မပျက်အောင်ထားမှာပါ... ကျွန်တော့်ကြောင့်မှမဟုတ်ဘူး အရိပ် ဘယ်သူ့ကြောင့်မှ စိတ်မညစ်စေရပါဘူး... ကျွန်တော် တစ်သက်လုံး ပျော်ရွှင်အောင်ထားပေးမှာပါ..."
"ယုံပါတယ်ကွယ်..."
သူ့ရင်ထဲက ချစ်ခြင်းတရားတွေဟာ အရိပ်အတွက် ပျော်ရွှင်ခြင်းတွေအဖြစ် ပြောင်းလဲသွားကြကုန်လေ သည်။ အရိပ်ရဲ့မိဘတွေကလည်း သဘောတူပြီးဆိုတော့ အရိပ်ကို သူ ဖွင့်ပြောတော့မယ်။ သူ အရိပ်ကို ဘယ်တော့မှ စွန့်လွှတ်ရမှာမဟုတ်တော့ပေ။ ကိုအက္ခရာမောင် ခင်ဗျားအတွက်တော့ ကျွန်တော် စိတ်မကောင်းဘူး။ ဒါတွေဟာ အရိပ်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားကြောင့်ပဲဆိုတာ နတ်ကောင်းနတ်မြတ်တွေအသိဆုံးပါ။
💕💕💕💕💕💕💕#######
အိပ်မက်ကြယ်
VOUS LISEZ
ချစ်သောကိုကို (Completed)
Roman d'amourနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...