ဒုတိယတွဲ အခန်း(၉)

92 2 0
                                    

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၉)💖

အရိပ်ရယ်... ကိုယ်ဘဝမှာ အရိပ်မရှိလို့မဖြစ်တာကို သိရဲ့သားနဲ့ အရိပ် ကိုယ့်ကိုထားခဲ့ရက်တယ်... အဲ့လိုလုပ်မယ့်အစား ကိုယ့်ကိုသတ်သွားလိုက်ပါတော့လား...
မျက်ရည်တွေကြားထဲကနေ စကားတွေတတွတ်တွတ်ပြောနေတဲ့ ကိုလေးကိုကြည့်ကာ ဆွေး ရင်ထဲမှာ ဘယ်လိုတွေခံစားနေမိမှန်းမသိ။ ကိုလေး ဘာလို့အဲ့လောက်တောင်မှ ငိုနေရတာလဲ။ ဆွေး ကိုလေးကို ဘာတွေများလုပ်ခဲ့မိလို့လဲ။ ဆွေး ကိုလေးကို စကားတွေပြောချင်ပေမယ့် ပါးစပ်ကလည်းလှုပ်လို့မရသလို လည်ချောင်းထဲကနေလည်း အသံကထွက်မလာခဲ့။
ကိုလေးပုံစံက အရမ်းကိုဝမ်းနည်းနေသည့်ပုံပင်။ ဘာလို့လဲ ဆွေး ကိုကို့နောက်ကို လိုက်သွားလို့များလား...? ဆွေး ကိုလေးကိုကြည့်နေဆဲမှာပင် ကိုလေးက ဆွေးကို ဆွေးဆွေးမြည့်မြည့်ကြည့်ကာ ဆွေးရှေ့ကနေထွက်သွားလေတော့သည်။ ဆွေး ကိုလေးကိုကြည့်နေရင်းကနေ အ့ံသြသွားကာ ကိုလေးကို အသည်းအသန်ခေါ်လိုက်မိ၏။
ကိုလေး... ကိုလေး...
လည်ချောင်းထဲကအသံက ဘယ်လိုမှထွက်မလာခဲ့။ ဟင်... ဘယ်သွားမှာလဲ ကိုလေး... မသွားပါနဲ့...
"ကိုလေး... ကိုလေး..."
"ဆွေး... ဆွေး သတိထားဦးလေ ဆွေးရဲ့..."
"သမီး... သမီးလေး..."
သူမပါးစပ်ကနေသာ ရှိန်းကိုခေါ်နေတာ မျက်လုံးကတော့ ပွင့်မလာသေးပေ။ ခရာ ဆွေးကိုကြည့်ကာ မျက်နှာပျက်နေမိ၏။ ဘာလို့ ဆွေး သတိရရချင်းခေါ်တဲ့နာမည်က နတ်ဆိုးဖြစ်နေရတာလဲ...? သူ ဆွေးရဲ့လက်ဖဝါးလေးကို ယုယစွာဆုပ်ကိုင်လိုက်ပြီး
"ဆွေး... ကိုယ်ရှိတယ်လေ ဆွေးရဲ့..."
"ကိုလေး... ကိုလေးကို တားပါဦး..."
ဆွေးရဲ့အသံကိုနားထောင်ကာ ခရာ့စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားမိတော့၏။ ရွာလူကြီးနဲ့ အဲ့ဒီ့ရွာကလူတွေရဲ့ပြောပုံအရဆိုရင် ဆွေးက အတိတ်မေ့ပြီး သူ့ကိုခေါ်သလိုမျိုး နတ်ဆိုးကိုလည်း ကိုကိုလို့ပဲခေါ်တာ။ နတ်ဆိုးကိုပဲ သူလို့သတ်မှတ်ထားခဲ့တာ... ဒါပေမယ့် နတ်ဆိုးက ဆွေးနဲ့အတူမနေဘဲ တစ်အိမ်သက်သက်ခွဲနေတာကိုတော့ တစ်ရွာလုံးက နားမလည်ကြဘူးတဲ့။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ။ နတ်ဆိုးက ဆွေးအပေါ်မှာ ဘာအခွင့်အရေးမှမယူခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်လား...။ ဒါဆို အခု ဆွေးကဘာလို့ နတ်ဆိုးကိုပဲခေါ်နေရတာလဲ။
"ကိုကို... ညီ ဒေါက်တာ့ကိုသွားခေါ်လိုက်မယ်..."
"အင်း... မြန်မြန်သွားခေါ်လိုက် ညီ..."
"ကိုလေး... ဆွေးကိုဘာတွေပြောနေတာလဲ... ဆွေးနားမလည်ဘူး... ဆွေး ကိုလေးအပေါ် ဘာအပြစ်တွေလုပ်ခဲ့လို့လဲ ကိုလေးရယ်..."
ဒါဆို ဆွေး အတိတ်ကို ပြန်သတိရလာပြီလား။
"ဆွေး... ဆွေး..."
ကိုလေး ဆွေးကိုလှည့်မကြည့်ပါ... ကိုလေး ဆွေးကို စိတ်နာသွားပြီ...
"ဆွေး တောင်းပန်ပါတယ် ကိုလေးရယ်... ဆွေး ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်လို့ ကိုလေးစိတ်နာမယ်ဆိုရင်လည်း ဆွေးကခံရမှာပါ ကိုလေးရယ်..."
ကယောင်ကတမ်းပြောနေတဲ့ဆွေးကိုကြည့်ကာ ခရာ နားလည်သွားပြီး ပြံုးလိုက်မိလေသည်။ ကိုယ် ကျေနပ်ပါတယ် ဆွေးရယ်။ အခုဆွေးပြောတဲ့ ဒီစကားတစ်ခွန်းနဲ့တင် ဆွေး အမှားတွေလုပ်ခဲ့လည်း ကိုယ် ကျေနပ်စွာနဲ့ ခွင့်လွှတ်တယ်ဆွေး...။
"ကိုကို ဒေါက်တာလာပြီ..."
ခရာ မတ်တပ်ရပ်ပြီး ဒေါက်တာ့ကိုနေရာဖယ်ပေးလိုက်ကာ
"ဒေါက်တာ... ကျွန်တော့်ဇနီး ကယောင်ကတမ်းတွေပြောနေပါတယ်..."
ဒေါက်တာက နားလည်စွာခေါင်းငြိမ့်ပြပြီး သွေးပေါင်တွေချိန်ကာ နှလုံးခုန်နှုန်းတွေကို စမ်းသပ်နေ၏။
ဆွေးကို ဆေးရုံမှာထားကာ သမီးလေးကိုတော့ အိမ်မှာပဲ မေမေနဲ့ထားခဲ့သည်။ ရိုက်လက်စရုပ်ရှင်တွေကိုလည်း အကုန်ရပ်ထားလိုက်ကာ သူ ဆွေးအနားမှာပဲ ရှိနေခဲ့သည်။ ဆွေးရဲ့မိဘတွေလည်း ဆွေးကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြ၏။
"အင်း... နှလုံးခုန်နှုန်းကတော့ ပုံမှန်ဖြစ်သွားပြီမို့ စိတ်ချရပါပြီ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ..."
ဒေါက်တာက ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီးမှ သူ့ကိုသေချာကြည့်လာကာ
"လူနာက အတိတ်မေ့ရောဂါဝေဒနာ ခံစားနေရတယ်ဆိုတာ တကယ်ပဲလား... လူလေး..."
"ဟုတ်ပါတယ် ဒေါက်တာ..."
"အင်း..."
ဒေါက်တာက ဘာမှမပြောတော့ဘဲ ငြိမ်သက်နေပြီးမှ ဆွေးကိုသေချာကြည့်လိုက်ကာ
"ဒီတစ်ခေါက် ခေါင်းကိုအရိုက်ခံရတာ အဆိုးထဲကအကောင်းလို့ပြောလို့ရတယ် လူလေး..."
"ဗျာ ဒေါက်တာပြောတဲ့အဓိပ္ပါယ်က..."
ဒေါက်တာဆက်ပြောမယ့်စကားကို သူ အသက်မရှူရဲစွာ နားထောင်နေမိ၏။
"လူလေးရဲ့ဇနီး အတိတ်ကိုပြန်သတိရပြီဆိုတဲ့အဓိပ္ပါယ်ပဲ လူလေး..."
"ဟင်... တကယ်... တကယ်လား ဒေါက်တာ..."
"တကယ်ပါ လူလေး..."
ခရာ ဝမ်းသာသွားကာ ဆွေးရဲ့မျက်နှာကို သေချာကြည့်လိုက်လေသည်။ ဒါဆို ဆွေး ကယောင်ကတမ်းပြောနေတာတွေက အတိတ်ကိုသတိပြန်ရလာလို့ပေါ့။ ဆွေးမိဘတွေသည်လည်း မျက်ရည်တွေကြားထဲကနေ ဆွေးကိုကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ပြံုးနေကြလေသည်။
"ကိုလေး... ကိုလေး..."
သူ နားလည်စွာဖြင့် သူမလက်ကိုကိုင်လိုက်ကာ
"ဆွေး... မျက်လုံးဖွင့်ပါဦး ဆွေးရယ်... ကိုယ် ဆွေးရဲ့ဘေးမှာရှိတယ်လေ... ဆွေးရဲ့မိဘတွေလည်းရှိတယ် ဆွေးရဲ့..."
ရုတ်တရက် သူမလက်တွေကလှုပ်ရှားလာကာ သူ့လက်ကို ပြန်ပြီးဆုပ်ကိုင်လိုက်လေသည်။
"ဆွေး..."
"ဒါဆို ဒေါက်တာသွားတော့မယ် လူလေး... ခနနေ လူနာ သတိရလာပါလိမ့်မယ်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ... ကျွန်တော် လိုက်ပို့ပေးပါ့မယ်..."
ဒေါက်တာပြောတာကို သူစိတ်မဝင်စားနိုင်တော့ ညီကပဲ ဒေါက်တာ့ကို လိုက်ပို့ရလေတော့သည်။
"ဆွေး... ဆွေး..."
လေးလံနေတဲ့ မျက်ခွံတွေကို သူမ အားယူပြီးဖွင့်လိုက်၏။ ဒါပေမယ့် စူးစူးရဲရဲအလင်းရောင်ကြောင့် ချက်ချင်းပဲ မျက်လုံးကို ပြန်ပိတ်လိုက်ရသည်။
"သမီး... သမီးလေး..."
ဖေဖေနဲ့မေမေ့အသံကြောင့် သူမ အားတွေရှိလာကာ ထပ်ပြီး ကြိုးစားဖွင့်လိုက်လေသည်။ ကိုကို့အသံကိုလည်း ကြားရသဖြင့် အားကပိုတက်လာကာ မျက်လုံးကိုဖွင့်လိုက်ရာ
"သမီး... "
"ဖေဖေ... မေမေ..."
ဆွေးရဲ့မိဘတွေက ဆွေးကိုဝိုင်းဖက်လိုက်ကြသဖြင့် သူ နေရာဖယ်ပေးလိုက်ကာ ဆွေးကိုကြည့်နေလိုက်မိသည်။ ဆွေးတို့သားအမိသားအဖသုံးယောက်ပျော်နေတာကိုကြည့်ပြီး သူ့ရင်ထဲမှာလည်း ကြည်နူးလာမိတော့၏။ ခံစားခဲ့ရတဲ့ဝေဒနာတွေက ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်ကြလဲဆိုတာ မသိတော့ပေ။ အခုတော့လည်း သူ့ဘဝကြီးက ပျော်စရာကောင်းလိုက်တာ။ ဆွေးမရှိတဲ့အချိန်တွေတုန်းကတော့ သူ့မှာ ဝဋ်ကြွေးခံစားနေရသလားအောက်မေ့ခဲ့ရသည်။ ဒါတွေအားလုံးက နတ်ဆိုးကြောင့်ပဲ... နတ်ဆိုး မင်းရဲ့အပြစ်တွေအတွက် မင်း ပြန်ပေးဆပ်ရမယ်... အဲ့ဒီ့အတွက် ငါ မင်းကိုထောင်ချပြမယ် ကြည့်နေ...။
"ကိုကို.."
"ဆွေး..."
"သားတို့ စကားအေးအေးဆေးဆေးပြောကြနော်..."
ဆွေးရဲ့မိဘတွေက သူတို့ကိုကြည့်ကာ အလိုက်တသိဖြင့် အခန်းထဲကနေထွက်သွားကြတော့သည်။
"ဆွေး အားလုံးကိုမှတ်မိပါတယ် ကိုကို..."
သူ သူမရဲ့ဘေးမှာထိုင်လိုက်ကာ
"ကိုယ် ဘယ်လောက်ပျော်နေတယ်ဆိုတာ ဆွေးသိရဲ့လား..."
"ဟုတ်... ဒါနဲ့ သမီးလေးရော ကိုကို..."
"သမီးလေးက မေမေနဲ့အတူရှိနေပါတယ် ဆွေး..."
"ကိုကို..."
သူ ဆွေးရဲ့မျက်နှာကို သေချာအကဲခတ်လိုက်တော့ ဆွေးက စကားပြောဖို့ရာကို မဝ့ံမရဲဖြစ်နေလေသည်။
"ပြောလေ ဆွေး..."
"ဟို..  ကိုလေးရော ဘယ်မှာလဲ..."
သူ ပြန်မဖြေမိဘဲ ဆွေးကို သေချာကြည့်နေလိုက်မိသည်။ ဆွေးက အတိတ်ကိုပြန်သတိရပြီဆိုတော့ နတ်ဆိုးနဲ့ပတ်သက်ခဲ့တာတွေကိုလည်း ပြန်သတိရနေပြီလား။
"သူလား..."
နတ်ဆိုးအကြောင်းတွေးမိတော့ သူ အလိုမကျစွာဖြင့် အံကိုကြိတ်လိုက်မိကာ
"ကိုယ် သူ့ကို ထောင်ကျအောင်လုပ်မှာ ဆွေး... မိန်းမနဲ့ကလေးကို အလိုမတူဘဲစောင့်ရှောက်တဲ့ပုဒ်မနဲ့ သူ့ကိုတရားစွဲပြီး ထောင်ချမယ်..."
"ဟင်... မလုပ်... မလုပ်ပါနဲ့ ကိုကို..."
သူ့လက်မောင်းကို ကိုင်ကာ အားကြီးတကြီးပြောနေတဲ့ ဆွေးကိုကြည့်ပြီး သူ ဂရုဏာသက်စွာ ခေါင်းရမ်းလိုက်ပြီး
"မလုပ်လို့မရဘူး ဆွေး... သူ့ကြောင့် ကိုယ်အချိန်တွေအများကြီး ဝေဒနာများစွာကို ခံစားခဲ့ရတယ်... ဆွေးမရှိတဲ့အချိန်တွေမှာ ကိုယ် တစ်ယောက်ထဲ ဘယ်လောက်တောင်မှ ခံစားနေရလဲဆိုတာ ဆွေးသိရဲ့လား... တစ်နေ့တော့ ပြန်တွေ့မှာပါဆိုတဲ့မျှော်လင့်ချက်နဲ့ ယိုင်နဲ့စွာအသက်ရှင်ခဲ့ရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာရော ဆွေးသိရဲ့လား... အဲ့ဒါကြောင့် ကိုယ် သူ့ကိုတရားစွဲပြီး ထောင်ချပစ်မယ် ဆွေး..."
"မလုပ်... မလုပ်ပါနဲ့ ကိုကိုရယ်... ဆွေးတို့သားအမိပေါ်မှာ ကိုလေးရဲ့ကျေးဇူးတွေ အများကြီးရှိတယ်... အဲ့ဒါကြောင့် ကိုလေးကိုထိခိုက်အောင် မလုပ်လိုက်ပါနဲ့ ကိုကို..."
သူ တွေဝေစွာဖြင့် ငြိမ်သက်နေမိလေသည်။
"ကိုလေးက ဆွေးအပေါ်မှာ ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး ကိုကိုရယ်... ဆွေးတို့သားအမိကို လိုလေသေးမရှိအောင် စောင့်ရှောက်ပေးခဲ့တာပါ..."
ဆွေး ပြောတဲ့စကားကို သူနားလည်သည်။ ဒါပေမယ့် အပြည့်အဝတော့ လက်မခံနိုင်ခဲ့။ နတ်ဆိုးက နောက်တစ်ခါ ဒါမျိုးထပ်မလုပ်နိုင်ဘူးလို့ ဘယ်သူကမှ အာမခံမှာမဟုတ်ဘူး။ သူ့မှာ ထပ်ပြီးခံစားရအောင်လည်း အသည်းက အကောင်းအတိုင်းရှိတော့တာမဟုတ်။ ဒီတစ်ခါခံစားရမယ်ဆို သူ သေမှာ သေချာတယ်။
"ကိုကို... ကိုလေးကို ဘာမှမလုပ်ပါနဲ့နော်..."
သူ သက်ပြင်းကို ခပ်လေးလေးချလိုက်ကာ
"ကိုယ် ဒီလိုဝေဒနာကို နောက်ထပ်ခံစားနိုင်မှာမဟုတ်တော့ဘူး ဆွေးရယ်... အဲ့ဒါဆို ကိုယ် သေရလိမ့်မယ်..."
"အဲ့လိုထပ်မဖြစ်စေရပါဘူး ကိုကိုရယ်..."
"ကိုယ့်ကို ကတိပေးမှာလား..."
"ဟုတ် ဆွေး ကတိပေးပါတယ်..."
ခရာ ပြံုးလိုက်ပြီး သူမခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ
"ဒါဆိုလည်း ဆွေးရဲ့သဘောအတိုင်းပါ ဆွေးရယ်... ကိုယ့်ကိုတော့ နောက်ထပ်နာကျင်အောင်မလုပ်နဲ့တော့နော်..."
"ဟုတ်ကဲ့ပါ ကိုကို..."
"အဲ့ဒါတွေ ချစ်နေရတာ..."
သူမရဲ့ရယ်သံလေးက ရွှင်မြူးစွာထွက်လာသဖြင့် သူ ပြံုးလိုက်မိ၏။ အခုတော့ ဘဝကြီးက ငြိမ်းချမ်းလာပြီလို့ထင်ပါတယ်။ နတ်ဆိုးသာ ထပ်ပြီးမနှောက်ယှက်တော့ဘူးဆိုရင်ပေါ့...။
💕💕💕💕💕💕💕
မျက်ရည်တွေသာဝဲနေခဲ့တာ အံကြိတ်ကာတင်းခံနေသဖြင့် တစ်စက်မှကျမလာခဲ့။ ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ အဓိပ္ပါယ်ဖွင့်မရခဲ့။ ဒါကို အသည်းကွဲတယ်လို့ခေါ်တာလား...? တစ်ဘဝလုံးပေးဆပ်ခဲ့ခြင်းရဲ့ရလဒ်က ဒါလား...?
အရိပ်ရဲ့အငွေ့အသက်တွေရှိနေတဲ့ အခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထဲကြေကွဲစွာဖြင့် ရောက်တတ်ရာရာတွေကို တွေးနေမိလေသည်။ ရောက်တတ်ရာရာဆိုပေမယ့် အရိပ်ရဲ့အကြောင်းတွေကြည့်ပါပဲ။ အရိပ်နဲ့နေခဲ့ရတဲ့အချိန်တွေမှာ သူ ဒေါသတွေကင်းခဲ့သလို... မောဟတွေလည်းမရှိခဲ့... အဲ့ဒီ့ဘဝကို သူ ထာဝရပိုင်ဆိုင်ပြီထင်မှတ်ခဲ့တာ အခုတော့...။
အက္ခရာမောင်...
နာမည်ကိုရေရွတ်မိတာတောင်မှ ရင်ထဲကဒေါသတွေက မီးတောက်မီးလျှံတွေ လူးလွန့်ကာတက်လာသလို ထောင်တက်လာခဲ့သည်။ ဒါပေမယ့် ချက်ချင်းပဲ ပြေလျော့ကျသွားကာ
"ဒေါသထွက်နေလို့ရော ငါ အရိပ်ကိုပြန်ပိုင်ရမှာမို့လို့လား... အတ္တကြီးခဲ့သမျှ အခုမှ နာကျင်လာခဲ့ရတာ... တကယ်ဆို ငါ ကျေနပ်သင့်နေပြီပဲ... အရိပ်နဲ့အတူ သုံးနှစ်ကျော်ကျော်လောက် ငါလိုချင်တဲ့ဘဝကို ငါကိုယ်တိုင် ပုံဖော်နေထိုင်ခဲ့ပြီးပြီ..."
ဘယ်လိုအရာတွေကိုတွေးပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်ရမလဲမသိပေမယ့်... တွေးသမျှအကြောင်း ပြောသမျှစကားတွေထဲမှာ အရိပ်ရဲ့အကြောင်းကတော့ မပါမဖြစ်ပင်။ ဟိုးအရင်ကတည်းက သူသာ အရိပ်အပေါ်မှာ အနိုင်မကျင့်ဘဲ ကြင်ကြင်နာဆက်ဆံခဲ့မယ်ဆိုရင် အခုချိန်မှာ အခုလိုခံစားနေရမှာမဟုတ်။ သူသာအဲ့လိုလုပ်ခဲ့မယ်ဆိုရင် ဒီလိုအချိန်တွေမှာ သူက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်နေလောက်ပြီ။
သူ နာနာကျင်ကျင်နဲ့ ရယ်လိုက်မိကာ အရိပ်အိပ်နေကျ ခုတင်လေးကို လှမ်းကြည့်လိုက်မိလေသည်။ သမီးလေးရော အရိပ်ရောမရှိတော့ အိမ်ကြီးက ခြောက်သွေ့နေတော့၏။ အားလုံးက သူ့ရဲ့အရိပ်အကဲကိုကြည့်ကာ စကားမပြောရဲကြ။ ဒါတွေအားလုံးက အက္ခရာမောင်ကြောင့်။
မနက်ဖြန်ဆိုတာတွေကို အရိပ်မရှိဘဲ ဘယ်လိုအားအင်နဲ့ သူဖြတ်သန်းရတော့မှာလဲ...? ညက အိမ်မက်ထဲမှာ အရိပ်ကို သူတွေ့လိုက်တယ်။ သူ နောက်ဆုံးတွေ့ခဲ့တုန်းကလိုပဲ... အရိပ်ကသိပ်လှတာ...။ စကားတွေတတွတ်တွတ်ပြောနေပေမယ့် အရိပ်ကတော့ သူ့ကို နားမလည်စွာနဲ့ ကြည့်နေတယ်။ သူ အရိပ်ကို ရင်နာစွာကျောခိုင်းလိုက်တော့ အရိပ်က သူ့ကိုခေါ်ပြီး မသွားဖို့တားနေခဲ့တာ... အိမ်မက်ထဲမှာ သူ သိပ်ပြတ်သားသလောက် အပြင်မှာတော့ သူ အရိပ်ကို မပြတ်သားနိုင်ခဲ့။ ဒါပေမယ့်လည်း သူ ဘာမှမလုပ်နိုင်ခဲ့ပါ။
ဒီကိစ္စမှာ ဘယ်သူမှားတယ်ဆိုတာ ဘယ်သူ့ကိုမှ မေးစရာမလိုလောက်အောင်ကို သူသိသည်။ သူ အတ္တကြီးစွာနဲ့ အက္ခရာမောင်ရဲ့လက်ထဲကနေ အရိပ်ကိုခိုးယူခဲ့တယ်... အရိပ်အတိတ်မေ့နေတာသိရဲ့သားနဲ့လည်း သတိပြန်ရသွားရင် ပြန်ပြီးစွန့်လွှတ်ရမှာကြောက်လို့ ဆေးရုံမှာသေချာမကုပေးခဲ့ဘူး။ ဒါပေမယ့် သူ အရိပ်အပေါ်မှာ မတရားအနိုင်မကျင့်ခဲ့ဘဲ အဖြူထည်သက်သက်နဲ့ စောင့်ရှောက်ပေးခဲ့တယ်ဆိုတာ တစ်ရွာလုံးသိတယ်။ သူ အရိပ်ကို မြတ်နိုးစွာချစ်ခဲ့တယ်ဆိုတာ အရိပ်ကိုပိုင်ဆို်ချင်ရုံသက်သက်မှမဟုတ်ခဲ့တာ။
အခုတော့ ဒါတွေအားလုံးရဲ့အဆုံးသတ်က သူ့အမှားသာဖြစ်ခဲ့သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှလည်း သူမတောင်းပန်ချင်တော့ဘူး။ သူ့မှာအပြစ်ရှိလို့ ဥပဒေအရ အက္ခရာမောင်က အရေးယူလာခဲ့ရင်လည်း သူ ဘာမှမတတ်နိုင်ဘူး။ သူ့မှာအပြစ်ရှိခဲ့တယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် ဒီအပြစ်တွေအတွက် အသက်ရှင်လျက်နဲ့တော့ သူမပေးဆပ်နိုင်ဘူး။
"ဒေါက်... ဒေါက်..."
"ကိုလေး..."
အသံလာရာ တံခါးပေါက်ကို သူလှမ်းကြည့်လိုက်မိလေသည်။ အသံကသာဂိရဲ့အသံဆိုတာသိပေမယ့် သူ့နားထဲမှာတော့ အရိပ်ရဲ့မျက်နှာ အရိပ်ရဲ့အသံကိုသာ ကြားယောင်နေသဖြင့် တံခါးပေါက်ကို မြတ်နိုးစွာငေးကြည့်နေမိ၏။
"ကိုလေး... ကျွန်တော်ဝင်ခဲ့မယ်နော်..."
တံခါးဖွင့်ထားတာသိပေမယ့် သာဂိကဝင်မလာသေးဘဲ အပြင်ကနေ ဝင်ဖို့ခွင့်တောင်းနေ၏။ ဟုတ်သားပဲ သူ သာဂိကို အရေးကြီးတဲ့အလုပ်ခိုင်းထားသေးတယ်။
"ငါ လာခဲ့မယ် သာဂိ..."
သူ ထိုင်ရာကနေထလိုက်ပြီး တံခါးပေါက်နားကို လျှောက်သွားလိုက်လေသည်။ ရုတ်တရက် ခေါင်းထဲမှာ ရိပ်ခနဲမူးသွား၏။ ဒါပေမယ့် တံခါးပေါက်နားရောက်မှ သူ တံခါးဖွင့်ပေးလိုက်ကာ တံခါးကိုကျောမှီပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။
"ကိုလေး ဘာဖြစ်လို့လဲ... ခေါင်းမူးလို့လား..."
"ရတယ် ငါ ဘာမှမဖြစ်ဘူး သာဂိ..."
"ကိုလေးရယ်... ကိုလေး မနေ့ကမနက်ကတည်းက ဘာမှမစားရသေးဘူး... ညကလည်း တစ်ညလုံးအိပ်တာမဟုတ်ဘူး... ကိုလေး တခုခုစားပါလား..."
သာဂိ ရှိန်းကိုကြည့်ကာ သနားနေမိလေသည်။ ကိုလေးရဲ့ပုံစံက မနေ့က မမအရိပ်နဲ့အတူရှိခဲ့တဲ့အတိုင်းပင်။ ဘုန်းကြီးကျောင်းမှာ ကျောင်းရေစက်ချပွဲကိုသွားတဲ့အဝတ်အစားတွေနဲ့ပဲဖြစ်သည်။ မမအရိပ်ကို မင်းသားအက္ခရာမောင် ခေါ်သွားကတည်းက မမအရိပ်အခန်းထဲကနေ ကိုလေးမထွက်တော့။ သူလည်း တစ်ညလုံး ဒီအခန်းရှေ့မှာ စောင့်အိပ်ပေးခဲ့ပေမယ့် ကိုလေးကတော့ သိမှာမဟုတ်။ အခန်းထဲမှာ ကိုလေး တစ်ယောက်ထဲထိုင်ကာ စီးကရက်တွေပဲသောက်နေခဲ့သည်။ မမအရိပ်ကိုစွန့်လွှတ်ရပေမယ့် ဒေါသတကြီးပေါက်ကွဲခံစားနေတာမဟုတ်ဘဲ ကုလားထိုင်ပေါ်မှာထိုင်ကာ မမအရိပ်အိပ်နေကျခုတင်ကိုကြည့်ပြီး စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်နေခဲ့တာ ကြမ်းပြင်မှာ စီးကရက်ဘူးတွေရော ပြာမှုန့်တွေရော ပြန့်ကြဲနေ၏။ တစ်ညလုံးလည်း စကားတွေတတွတ်တွတ်ပြောနေသည်။
"ငါ ဝယ်ခိုင်းတာရလား သာဂိ..."
သာဂိ တစ်ထွာခန့်ရှိတဲ့ အဖြူရောင်ဘူးလေးကို ကိုလေးကိုလှမ်းပေးလိုက်ကာ
"စိုက်ပျိုးခင်းတွေအတွက် အခုသုံးနေတဲ့ဆေးတွေကလည်း ကောင်းပါတယ် ကိုလေးရဲ့..."
သူ သာဂိလက်ထဲကဆေးဘူးကိုယူလိုက်ကာ
"ပိုးသတ်ဆေးတွေထဲမှာ ဒီပိုးသတ်ဆေးက အပြင်းဆုံးပဲမို့လား သာဂိ..."
"ပြင်းသလားတော့မမေးနဲ့ ကိုးလေးရယ်... ပိုးတွေမပြောနဲ့ လူတွေတောင်မှ ပါးစပ်ထဲနည်းနည်းလေးဝင်လိုက်တာနဲ့ ချက်ချင်းသေတာပဲ..."
"ကောင်းတာပေါ့..."
ကိုလေးရဲ့လေသံနဲ့ ကိုလေးမျက်နှာကအပြံုးကိုကြည့်ကာ သူ လန့်သွားမိတော့သည်။
"ကိုလေး... ဒီ... ဒီပိုးသတ်ဆေးက ဘာအတွက်သုံးမှာလဲ..."
"ငါ့အတွက်လေ..."
"ဟင်... ကိုလေး..."
ကိုလေးမျက်နှာက အေးစက်ကာ တည်ငြိမ်နေသဖြင့် သူ ပိုပြီးလန့်သွားတော့သည်။
"ကိုလေး... မကြံကောင်းမစည်ကောင်းတွေလုပ်မှာတော့ မဟုတ်ပါဘူးနော်..."
ကိုလေးက အေးစက်သောအကြည့်တွေဖြင့် ပိုးသတ်ဆေးဘူးကိုသေချာကြည့်ကာ
"ဒီဘဝမှာ အရိပ်နဲ့မပေါင်းရမှတော့ ငါ နောက်ဘဝထဲမှာ ကြိုပြီးသွားစောင့်မယ် သာဂိ..."
"ဟင်... ကိုလေး..."
သူ ကိုလေးလက်ထဲက ပိုးသတ်ဆေးဘူးကိုလှမ်းလုလိုက်ပေမယ့် လျင်မြန်လွန်းတဲ့ကိုလေးကို သူ မယှဉ်နိုင်ခဲ့ပါ။ ကိုလေးက သူ့လက်ကိုပုတ်ချလိုက်ပြီး တံခါးကိုချက်ချင်းပိတ်လိုက်ကာ
"သာဂိ မင်းငါ့ကိုသနားတယ်မို့လား..."
ကိုလေးအသံတွေပါ အေးစက်လာသဖြင့် သူ ခေါင်းကိုမြန်မြန်ငြိမ့်လိုက်ကာ
"ဟုတ်ပါတယ် ကိုလေး... ဒါပေမယ့် ကိုယ့်ကိုယ်ကို သတ်သေဖို့အထိတော့ ကိုလေးမလုပ်ပါနဲ့..."
"ငါခံစားနေရတာတွေကို မင်း မသိပါဘူး သာဂိရာ... ငါ သေတာထက်ပိုပြီးနာကျင်ရတယ်..."
"ကိုလေး ဒီလိုလုပ်မယ်မှန်းသိရင် ကျွန်တော် ဒီဆေးကိုရှာမပေးပါဘူး ကိုလေးရာ..."
"မင်းမှာ အပြစ်မရှိပါဘူး သာဂိ... ငါ့ရဲ့ဝေဒနာတွေကိုကုသပေးဖို့ ဒီဆေးတစ်မျိုးပဲရှိတော့တာ..."
"မဟုတ်ဘူး ကိုလေး... အဲ့လိုမလုပ်ပါနဲ့ကိုလေးရယ်... ကိုလေးအဲ့လိုလုပ်လိုက်ရင် မမအရိပ်လည်း ခံစားနေရမယ်ဆိုတာ ကိုလေးမတွေးမိဘူးလား..."
သာဂိရဲ့စကားကြောင့် သူ တွေဝေသွားမိလေသည်။
"မမအရိပ်က ကိုလေးကို ဘဝလက်တွဲဖော်အဖြစ် လက်မခံနိုင်ပေမယ့် ကိုလေးမရှိဘဲနဲ့လည်း မမအရိပ် နေနိုင်မှာမဟုတ်ပါဘူး ကိုလေးရယ်... မမအရိပ်လည်း ကိုလေးအပေါ်မှာ ကိုလေးထက်မလျော့တဲ့ ဖြူစင်တဲ့သံယောဇဉ်တွေရှိတယ်ဆိုတာ ကိုလေးမသိပေမယ့် ကျွန်တော်သိပါတယ်..."
အရိပ်မှာသာ အဲ့လိုသံယောဇဉ်ရှိခဲ့မယ်ဆိုရင် သူ ဒီလိုခံစားနေစရာလား...။
"တော်စမ်း သာဂိ..."
"ကျွန်တော်ပြောနေတာ ကိုလေးအတွက်ပါ ကိုလေးရယ်...."
ဟင့်အင်း... ဒီထက်ပိုပြီးမခံစားနိုင်တော့တာ သူ့ကိုယ်သူသိတယ်။ ဒါပေမယ့် သာဂိကတော့ လက်လျှော့မှာမဟုတ်သဖြင့် ကိုယ့်ကိုယ်ကိုသတ်သေတာတောင်မှ သူ စိတ်ချလက်ချသေနိုင်မှာမဟုတ်။ သူ လှည့်ကွက်တော့သုံးရမယ်။ သူ စားပွဲပေါ်မှာ အသင့်ရှိနေတဲ့ ဆေးလိပ်ပြာခွက်ထဲသို့ ပိုးသတ်ဆေးတွေကို ထည့်လိုက်ပြီး တံးခါးကိုဖွင့်လိုက်ကာ သာဂိကိုကြည့်ကာ ရယ်လိုက်လေသည်။
"ငါက ရူးနေလို့ ကိုယ့်ကိုကိုယ်သတ်သေမှာလား သာဂိရယ်... ငါက မင်းကိုစနေတာပါကွာ ရော့ ဆေးဘူးပြန်ယူသွား..."
"ဟင် ကိုလေး တကယ်လား..."
သာဂိက သူ့လက်ထဲကဆေးဘူးကိုမြန်မြန်ယူလိုက်ပြီး သူ့ကိုမယုံကြည်စွာ ပြောနေသဖြင့် သူ သာဂိရဲ့ပခုံးကိုပုတ်လိုက်ကာ
"ငါ တကယ်ပြောတာပါ... မင်းသွားတော့ ငါ တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်လို့..."
"ကိုလေး ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်သွားပါ့မယ်..."
"အေးပါကွာ... သွား..."
သာဂိကမယုံကြည်ယုံကြည်ဖြင့် သူ့ရှေ့ကထွက်သွားတော့မှ သူ အိမ်ထဲဝင်လိုက်ကာ တံခါးကိုသော့ပိတ်လိုက်တော့သည်။ ဒီဘဝဒီအမျှပေါ့ သာဂိရာ။
🎼🎼🎼🎼🎼🎼🎼
ဘယ်ဆီရောက်သွားလဲ... တိမ်စိုင်လိုပဲလွင့်ပြယ်...
နာကျင်စရာအတိတ်တခုရယ် အဝေးမှာထင်ကျန်ဆဲ...
အိမ်ပြန်ချိန်ရောက်ခဲ့... ပြန်မလာတော့မှန်းသိတယ်...
အမြင်တွေဝေဝါးဆဲပါ အခု ငါ မျှော်နေတယ်...
နောက်ဆုံးသောအချိန်ခေတ္တခဏ ငါ့ဆီ နင်ပြန်လာပေးပါ...
ငါအသက်မဲ့သွားတဲ့ခန္ဓာရှိမယ့်နေရာ...
မျှော်လင့်ခြင်းလေးနဲ့အားတင်းထား ချစ်သူရယ်ပြန်လာတော့မှာ...
ဒီအခန်းကျဉ်းလေးထဲ မျက်လုံးမမှိတ်ခင်မှာ...
နောက်ဆုံးသောစက္ကန့်လေးမှာ...
နောက်ဆုံးသောတောင်းဆိုတစ်ခုပါ...
နောက်ဆုံးမင်းအပြံုးလေးမြင်ချင်တာ...
နောက်ဆုံးမျက်ဝါးထက်ပုစ္ဆာ...
နောက်ဆုံးအတ္တရဲ့စေရာ
နောက်ဆုံးမင်းအပြံုးတော့မြင်ခွင့်ပြုပါ...
ဒီကမ္ဘာမြေကြီးထဲ... ရှင်သန်မှုများနောက်ကွယ်...
လူတွေသေဆုံးတဲ့အခါ မျက်ရည်ကြွေတယ်တဲ့...
အိမ်ပြန်ချိန်ရောက်ခဲ့ ပြန်မလာတော့မှန်းသိတယ်...
ကမ္ဘာမှာငါမရှိတဲ့အခါ မျက်ရည်မကြွေပါနဲ့...
နောက်ဆုံးသောအချိန်ခေတ္တခဏ ငါ့ဆီနင်ပြန်လာပေးပါ...
ငါအသက်မဲ့သွားတဲ့ခန္ဓာရှိမယ့်နေရာ
မျှော်လင့်ခြင်းလေးနဲ့အားတင်းထား ချစ်သူရယ်ပြန်လာတော့မှာ
ဒီအခန်းကျဉ်းလေးထဲ မျက်လုံးမမှိတ်ခင်မှာ...
နောက်ဆုံးသောစက္ကန့်လေးမှာ
နောက်ဆုံးသောတောင်းဆိုတစ်ခုပါ...
နောက်ဆုံးမင်းအပြံုးလေးမြင်ချင်တာ...
နောက်ဆုံးမျက်ဝါးထက်ပုစ္ဆာ...
နောက်ဆုံးအတ္တရဲ့စေရာ...
နောက်ဆုံးမင်းအပြံုးတော့မြင်ခွင့်ပြုပါ...🎼🎼🎼🎼🎼🎼🎼
💕💕💕💕💕💕💕
#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Onde histórias criam vida. Descubra agora