💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၅)💖"မင်းသားအက္ခရာမောင် ခဏလေးနေပါဦးရှင့်..."
ကားပေါ်တက်နေတဲ့ ခရာ့ခြေလှမ်းတွေ တန့်သွားလေတော့သည်။ စိတ်ထဲမှာလည်း အလိုမကျဖြစ်သွားမိ၏။
"ကျွန်မက သတင်းထောက်မေသူပါ... မင်းသားကို မေးခွန်းနည်းနည်းလောက်မေးချင်လို့ပါ..."
"သား ကားပေါ်တက်လိုက် မေမေရှင်းလိုက်မယ်..."
"ဟုတ်ပါတယ် မင်းသားအက္ခရာမောင်... မင်းသား ပျောက်နေတဲ့ ဒီအချိန်တွေမှာ အနုပညာလောကကြီးပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး မေးချင်တာလေးတွေရှိလို့ပါ..."
"ဟုတ်ကဲ့ မင်းသားရဲ့ကိုယ်စား ကျွန်မကပဲ အကုန်ဖြေပေးပါ့မယ်... ကျွန်မက မင်းသားရဲ့အမေပါ..."
သူလှည့်ကြည့်လိုက်တော့ အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာပဲရှိနေကြလေသည်။ ဘယ်သူနဲ့မှ မတွေ့ချင်လို့ နောက်ပေါက်ကထွက်လာမှပဲ သတင်းထောက်တွေက ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေ။
"ကျွန်မတို့က မင်းသားပါးစပ်ကပြောတာကိုပဲ ကြားချင်တာပါ အဒေါ်..."
"ရပါတယ် မေမေ... သား ဖြေပေးလိုက်ပါ့မယ်... "
သတင်းထောက်တွေက ဓာတ်ပုံတွေရိုက်နေကြလေသည်။ မေမေ့မျက်နှာမှာလည်း စိုးရိမ်နေတဲ့အရိပ်အယောင်တွေကို သူ တွေ့နေရ၏။
"ပထမဦးဆုံးအနေနဲ့ မေးချင်တာကတော့ မင်းသား အနုပညာလောကထဲကနေ ရုတ်တရက်ပျောက်သွားရတဲ့အကြောင်းလေးကို ပြောပြပေးပါရှင့်..."
ခရာ့ခေါင်းထဲမှာ ပထမဆုံးမေးခွန်းတစ်ခုထဲနဲ့တင် ရှုပ်ထွေးသွားလေတော့သည်။ သူ ဘယ်လိုဖြေလိုက်ရမှာလဲ... အမှန်အတိုင်းပြောပြလိုက်ရမှာလား။ ဟင့်အင်း အဲ့ဒါဆို ပြဿနာက ပိုရှုပ်ထွေးသွားနိုင်တယ်။
"မင်းသား ဖြေပေးပါရှင့်..."
"ဟို... ဒါက ကျွန်တော့်ရဲ့ လူမှုရေးကိစ္စလေးတစ်ခုရှိနေလို့ပါ..."
"ဪ... ဟုတ်ကဲ့... မင်းသားရဲ့လူမှုရေးကိစ္စဆိုတာ အိမ်ထောင်ရေးနဲ့များပတ်သက်နေလားရှင့်... မင်းသားကိုချစ်တဲ့ပရိသတ်တွေကလည်း မင်းသားရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားနေကြတာဆိုတော့ အားလုံးကသိချင်နေကြပါတယ်..."
"အဲ့ဒါက အိမ်ထောင်ရေးနဲ့မပတ်သက်ပါဘူး သမီး... မင်းသားက အခုချိန်ထိ အိမ်ထောင်ပြုဖို့ကို စဉ်းစားနေဆဲပါ..."
မေမေ့စကားကြောင့် သူ့ရင်ထဲမှာ အောင့်သွားလေသည်။ မေမေ့စကားရဲ့အဓိပ္ပါယ်ကြောင့် အနားမှာမရှိတဲ့ ဆွေးကို ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့။
"မင်းသား... မင်းသားရဲ့အမေပြောတာ ဟုတ်လားရှင့်..."
"ကျွန်တော့်မှာ ကျွန်တော့်ဘဝနဲ့ထပ်တူချစ်ရတဲ့မိန်းကလေးရှိပါတယ်..."
"အို..."
သူပြောရင်းနဲ့ ဆွေးရဲ့မျက်နှာကို မြင်ယောင်မိကာ ပြံုးလိုက်တော့ သတင်းထောက်တွေအားလုံးက တအ့ံတသြဖြင့် ဓာတ်ပုံတွေ တရစပ်ရိုက်ကြပြန်၏။
"ကျွန်တော် တခုလောက်မေးချင်လို့ပါ မင်းသား..."
လူအုပ်အလယ်ကနေထွက်လာတဲ့အသံတစ်သံကြောင့် သူ လှမ်းကြည့်လိုက်ကာ
"ဟုတ်ကဲ့ မေးပါ..."
"မင်းသား အိမ်ထောင်ကျသွားပြီဆိုတဲ့သတင်းကြားထားပါတယ်... အဲ့ဒါအမှန်လား ကောလဟာလလားဆိုတာ ဖြေရှင်းပေးပါ မင်းသား..."
ဒေါ်နှင်းဆီ သတင်းထောက်ရဲ့မေးခွန်းကြောင့် မျက်နှာပျက်သွားမိလေသည်။ သားဖြစ်သူကိုကြည့်လိုက်တော့ တည်ငြိမ်စွာဖြင့် ငြိမ်သက်နေလေသည်။
"အဲ့ဒါက..."
အားလုံးက သူ့ဆီကထွက်လာမယ့်အသံကိုပဲ မျှော်လင့်ကြီးစွာ နားထောင်နေကြ၏။
"အဲ့ဒါ ကောလဟာလတွေပါ..."
"ဟင်..."
အသံလာရာဆီသို့ သတင်းထောက်တွေလှည့်ကြည့်လိုက်ကြ၏။
"မင်းသမီးဆောင်းရတု..."
ဆောင်းရတုက သူ့နားရောက်လာကာ သူ့ကိုကြည့်လိုက်ပြီးမှ သူ့လက်ကိုတွဲလိုက်ပြီး
"ကို ပြောလိုက်လေ... အဲ့ဒါကောလဟာလတွေပါဆိုတာကို..."
"ဆောင်းရတု မင်း..."
သတင်းထောက်တွေက ဆောင်းရတုရဲ့အပြုအမူကိုကြည့်ကာ ဓာတ်ပုံတွေ တဖျတ်ဖျတ်နဲ့ရိုက်နေကြပြန်သည်။
"ဒါဆို ဆောင်းရတုက မင်းသားရဲ့ချစ်သူလား..."
"အဲ့ဒါတော့ မကြာခင်သိရတော့မှာပါ..."
သူ ဆောင်းရတုအနားကိုကပ်လိုက်ကာ ခေါင်းကိုအောက်သို့ငုံ့လိုက်ပြီး
"ဆောင်းရတု မင်းဘာတွေလျှောက်လုပ်နေတာလဲ..."
"အခုလောလောဆယ် ငြိမ်ငြိမ်လေးနေပေးပါ မင်းသား... မင်းသားအခက်တွေ့နေလို့ ရတု ကူညီလိုက်တာပါ..."
သတင်းထောက်တွေရှေ့မှာ နှစ်ယောက်သား အပြံုးမပျက်ဘဲ စကားကိုတိုးတိုးပဲပြောနေကြလေသည်။
"မင်းသားနဲ့မင်းသမီးသာ တကယ့်ချစ်သူတွေဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်တွေက ပျော်နေကြမှာပါ... အားလုံးက မင်းသားတို့နှစ်ယောက် နီးစပ်မယ်လို့တောင် ထင်နေကြတာ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်..."
သူ ဘာတစ်ခွန်းမှ ပြောမထွက်ခဲ့ပေ။ ဆောင်းရတုတစ်ယောက်ထဲသာ ပြောနေလေတော့သည်။
"ကို ပြန်တော့လေ... ရတုနောက်က လိုက်ခဲ့မယ်..."
သူ ခေါင်းငြိမ့်ပြလိုက်ပြီး ကားပေါ်တက်လိုက်တော့၏။ သတင်းထောက်တွေ ထပ်မေးလာခဲ့ရင်လည်း သူ့မှာ ဖြေစရာအဖြေက တခုမှရှိမှာမဟုတ်ပေ။
လွမ်းလိုက်တာ ဆွေးရယ်။ နောက်ပြီး ကိုကို တောင်းပန်ပါတယ်ကွာ။ အခုချိန်မှာ ဆွေးသာ ကိုကို့ဘေးမှာရှိရင် ဒီမိန်းကလေးက ကျွန်တော့်ဘဝနဲ့ထပ်တူချစ်ရတဲ့ ကျွန်တော့်ရဲ့ဇနီးပါလို့ သတင်းထောက်တွေကို ပြောပစ်လိုက်မှာ။
အခု ဆွေး ဘယ်တွေရောက်နေတာလဲ... နေရောကောင်းရဲ့လား... ကိုကိုတို့ရဲ့ရင်သွေးလေးရော ကျန်းကျန်းမာမာနဲ့ရှိနေရဲ့လား ဆွေးရယ်။ ကိုကို စိတ်ပူလို့ တစ်ရက်မှ ကောင်းကောင်းဖြတ်သန်းရတယ်လို့ကို မရှိခဲ့ပါဘူး ဆွေးရယ်။
ကံကြမ္မာကြီးရယ်... ကျွန်တော်တို့အချစ်နဲ့ သစ္စာတွေသာစစ်မှန်ခဲ့မယ်ဆိုရင် ကျွန်တော်တို့မိသားစုကို အမြန်ဆုံးဆုံစည်းခွင့်ပေးပါဗျာ... ကျွန်တော့်ဘဝမှာ ဆွေးမရှိလို့မဖြစ်လို့ပါ... ဆွေးကို အရာရာထက်ပိုမြတ်နိုးတဲ့အကြောင်းကို ကျွန်တော် သစ္စာဆိုရဲပါတယ်... ကျွန်တော်တို့ကို ဆုံစည်းခွင့်ပေးပါနော်။
💕💕💕💕💕💕💕
"အား... ကိုကိုရေ... ဗိုက်နာတယ်... အရိပ်ကို ကယ်ပါဦး..."
အရိပ်ရဲ့အော်သံကိုကြားလေ အိမ်ပေါ်ကိုပြေးတက်သွားချင်လေပင်။ စိတ်တွေလှုပ်ရှားလွန်းလို့ လမ်းလျှောက်ရင်းတောင်မှ ခြေလှမ်းတွေက မမှန်ချင်တော့။ အိမ်ရှေ့မှာ တောင်လျှောက် မြောက်လျှောက်နဲ့ လျှောက်နေတာ ညနေကတည်းကဖြစ်သည်။ အခုချိန်ထိ စိုးရိမ်စိတ်က နည်းနည်းလေးမှလျော့မသွားသေး။ အချိန်တွေကြာလာလေ စိုးရိမ်စိတ်က ပိုဆိုးလာလေပေ။
အရိပ်မီးဖွားနေတာကြာပြီ။ အခုချိန်ထိ အရိပ်ရဲ့ နာနာကျင်ကျင်နဲ့အော်သံကလွဲပြီး ဘာကိုမှမကြားရသေး။ အရိပ်မီးမဖွားနိုင်လို့လား။
"ကိုရှိန်း... မမအရိပ် မမွေးသေးဘူးလား..."
"အားတင်းထားပါ သမီးလေးရယ်... မွေးတော့မှာပါကွယ်..."
လက်သည်အဒေါ်ကြီးရဲ့အသံက အိမ်အောက်သို့ လွင့်ထွက်လာလေသည်။ သူ့စိတ်ထဲမှာ ပိုပြီး စိုးရိမ်သွားလေတော့သည်။
"ဟုတ်တယ် သာဂိ... ငါလည်း စိတ်တွေပူလို့ သေတော့မယ်ထင်တယ်ကွာ... ကျွတ်..."
"မမအရိပ် သနားပါတယ် ကိုရှိန်းရာ..."
"လူလေးရေ လူလေး..."
လက်သည်အဒေါ်ကြီးအိမ်ပေါ်ကဆင်းလာကာ သူ့နားကိုရောက်လာလေသည်။
"အဒေါ် ကျွန်တော့်မိန်းမ ဘာဖြစ်တာလဲ..."
"ရော့ ဒီစာအုပ်ထဲမှာ အဂုင်္လိမာလသုတ်ရှိတယ်... အဲ့ဒါကိုရွတ်နေ... အဲ့ဒါမှ မင်းမိန်းမ မီးဖွားရလွယ်မှာ..."
လက်သည်အဒေါ်ကြီးရဲ့မျက်နှာမှာလည်း ချွေးတွေထွက်နေ၏။
"ဟုတ်... ဟုတ်ကဲ့... အခု အရိပ်ရဲ့အခြေအနေက..."
"ကလေးက ထွက်မလာဘဲ တစောင်းဖြစ်နေတာခက်တယ်ကွယ်... ကျုပ်တစ်သက်မှာ တစ်ခါမှမကြံုဖူးဘူး လူလေးရယ်..."
"ဗျာ... ဒါဆို ဆေးရုံကိုသွားဖို့အဆင်ပြေမလား အဒေါ်..."
"မဖြစ်ဘူး... အခုချိန်မှသွားမယ်ဆိုရင် လမ်းမှာ ပိုပြီးဒုက္ခရောက်သွားလိမ့်မယ်..."
"ဗျာ..."
"ဗျာမနေနဲ့ လူလေး... အဂုင်္လိမာလသုတ်ကိုသာရွတ်နေ..."
"ဟုတ်ကဲ့..."
ရှိန်း ဘုရားစာအုပ်လေးကိုကိုင်တာ တွေဝေနေလေသည်။ ဒေါက်တာပြောခဲ့တဲ့စကားတွေကို နားထဲမှာပြန်ကြားယောင်လာမိတော့ ကိုယ့်ကိုကိုယ် ဒေါသထွက်လာမိတော့သည်။
"တောက်... အစကတည်းက ငါ ဒေါက်တာ့စကားကိုနားထောင်ပြီး အရိပ်ကို မြို့ကဆေးရုံမှာ မီးဖွားခိုင်းရမှာ... အခုတော့..."
"မဟုတ်ပါဘူး ကိုရှိန်းရာ... အဲ့လိုတစ်ဖက်သတ်ကြီးမတွေးပါနဲ့... မမအရိပ် ကျန်းမာစွာနဲ့ မီးဖွားနိုင်မှာပါ..."
ကိုယ့်ကိုကိုယ် ဒေါသထွက်ကာ နောင်တတွေရနေမိလေတော့သည်။ ကိုယ့်အတ္တကြောင့် အရိပ်သာတခုခုဖြစ်သွားခဲ့မယ်ဆိုရင် စိတ်ချပါ... ကိုယ်လည်း အရိပ်မရှိတဲ့ ဒီလောကကြီးမှာ တစ်ယောက်ထဲမနေခဲ့ပါဘူး အရိပ်နောက်ကို ကိုယ်လိုက်ခဲ့မှာအရိပ်။ အဲ့ဒါ အရိပ်ကိုချစ်တဲ့ ကိုယ့်ရဲ့သစ္စာပဲ အရိပ်။
သစ္စာတရားနဲ့တိုင်တည်ကာ ဘုရားစာအုပ်လေးကိုသေချာကြည့်ပြီး မျက်လုံးထဲမှာ အရိပ်ရဲ့မျက်နှာလေးကိုမြင်အောင်ကြည့်ပြီးမှ ဘုရားကိုအာရုံပြုလိုက်ကာ အဂုင်္လိမာသုတ်ကို သူ ရွတ်လိုက်လေတော့သည်။
"ပရိတ္တံ ယံ ဘဏန္တ ဿ ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဥ္စသာဓေတိ တင်္ခဏေ။ ထေရဿ'ဂုင်္လိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဥ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘ. ဿ ။..."
သူဘုရားစာရွတ်ရင်းနဲ့အိမ်အပေါ်ထပ်ကိုလှမ်းကြည့်လိုက်လေသည်။ အရိပ်ရဲ့အသံက တိုးညှင်းစွာပဲ ထွက်လာတော့၏။
"အရိပ် သက်သာရဲ့လားမသိဘူး သာဂိရာ... ငါ အပေါ်တက်ကြည့်လိုက်ဦးမယ်..."
သူ့စကားကြောင့် သာဂိက အလန့်တကြားဖြစ်သွားကာ သူ့လက်ကိုဆွဲထားလိုက်ပြီး
"ဟာ ကိုလေး မဖြစ်ဘူးလေ... မီးဖွားနေတာသွားကြည့်လို့မရဘူးလေ..."
"ကျွတ်... ငါ စိတ်တွေပူနေပြီ သာဂိ... ဒါတွေအားလုံးက ငါ့ရဲ့အမှားကြောင့်... ဒေါက်တာ့စကားကိုနားထောင်ပြီး မြို့ကဆေးရုံမှာသာ သွားမွေးရင် အရိပ်ဒုက္ခရောက်မှာမဟုတ်ဘူး... ငါ အတ္တတွေကြီးပြီး ဟိုလူနဲ့အရိပ်တွေ့မှာဆိုးလို့ ငြင်းဆန်ခဲ့မိတာ အခုတော့ အရိပ်ဒုက္ခရောက်ရပြီ..."
"ကိုလေးရယ်... ကိုလေးတွေးသလိုမဟုတ်ပါဘူး..."
"အရိပ်သာတခုခုဖြစ်သွားရင် ငါ့ကိုယ်ငါခွင့်လွှတ်နိုင်မှာမဟုတ်ဘူး သာဂိ..."
"ကိုလေးရာ မဟုတ်ပါဘူးဆို..."
"အား... "
"ဟင်..."
အရိပ်ရဲ့အော်သံကြောင့် သူ လန့်သွားလေတော့သည်။ ဘုရားစာအုပ်ကို ကမန်းကတမ်းကိုင်လိုက်ကာ ရွတ်နေလိုက်၏။
"အူဝဲ... အူဝဲ..."
"ဟယ် မွေးပြီတော်... မိန်းကလေးတော်..."
"ဟင် မိန်းကလေး..."
ကလေးငိုသံနဲ့အတူ လက်သည်အဒေါ်ကြီးရဲ့ မိန်းကလေးဆိုတဲ့အသံကြောင့် သူ့ရင်တစ်ခုလုံးဗြောင်းဆန်သွားလို့ ထင်လိုက်မိလေသည်။
"ကိုလေး မမအရိပ်မွေးပြီ... မိန်းကလေးတဲ့..."
အရိပ်ရဲ့မျက်နှာနဲ့အတူ ဟိုလူ့ရဲ့မျက်နှာကို မြင်ယောင်မိကာ ရင်ထဲမှာတုန်လာလေတော့သည်။ ကိုယ့်ကိုကိုယ်လည်း အပြစ်ရှိသူတစ်ယောက်လို ခံစားလိုက်မိလေသည်။ ဟင့်အင်း မဟုတ်သေးပါဘူး ငါပျော်ရမှာလား စိတ်မကောင်းဖြစ်ရမှာလား။
"ကိုလေး... ကိုလေး မပျော်ဘူးလား..."
"ငါ... ငါ..."
သူ ကိုလေးလို့ခေါ်နေတာကို ကိုရှိန်းကစိတ်မဆိုးသလို သူခေါ်တာကို ကြားရဲ့လားတောင်မသိ။ ဘုရားစာအုပ်ကိုကိုင်ကာ တွေဝေနေတဲ့ ကိုလေးကိုကြည့်ကာ သူနားမလည်မိတော့။
"ကိုလေး... ဘာဖြစ်တာလဲ... မမအရိပ် မိန်းကလေးမွေးတာ ကိုလေးပျော်ရမှာလေ..."
"ဟုတ်သားပဲ ငါပျော်ရမှာပေါ့... အရိပ် မိန်းကလေးမွေးတယ်... အရိပ် သမီးလေးမွေးတာကို ငါ ပျော်ရမယ်လေ ဟုတ်သားပဲ..."
သူ ကိုလေးကို ဂရုဏာသက်စွာ ငေးကြည့်နေမိတော့၏။ ဟုတ်သားပဲ မမအရိပ်ရဲ်ကလေးက ကိုလေးရဲ့ရင်သွေးမှမဟုတ်တာ။
"မိန်းကလေး... သမီးလေး... အရိပ်ရဲ့သမီးလေး..."
ဟုတ်တယ် သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာတောင်မှ သူ သေချာမသိတော့။ တကယ်ဆို သာဂိပြောသလိုပဲ သူပျော်နေရမှာလေ။ ဒါပေမယ့် ကိုယ် မပျော်နိုင်ဘူး အရိပ်။ ကိုယ် ပျော်လည်းမပျော်ရဲဘူးအရိပ်ရယ်...။
💕💕💕💕💕💕💕#####
အိပ်မက်ကြယ်
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...