ဒုတိယတွဲ အခန်း(၂)

64 4 0
                                    

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၂)💖

"သူ့သူငယ်ချင်းတွေက ဘာပြောလဲ ညီ..."
ကိုကိုက ခုတင်ပေါ်မှာထိုင်ကာ အကြည့်တွေက စားပွဲပေါ်က ကိုကိုနဲ့ဆွေးအရိပ်တို့ အတူတူရိုက်ထားတဲ့ ဓာတ်ပုံကို သေချာကြည့်နေလေသည်။ သူ ကိုကို့ခုတင်ရှေ့က ခုံမှာထိုင်လိုက်ကာ
"သူတို့တွေလည်းမသိကြဘူး ကိုကို..."
"သူတို့ပါးစပ်ကပြောတာလား..."
"ညီ သူတို့ကို သေချာမေးလိုက်တာပါ... သူတို့တွေလည်း နတ်ဆိုးက သူတို့ကိုအဆက်အသွယ်မလုပ်လို့ အ့ံသြနေကြတာ..."
"ကိုကို့ကို သူ့သူငယ်ချင်းတွေနဲ့ပတ်သက်တာတွေ အကုန်ပြောပြပေး ညီ... နာမည်တွေရော... ဖုန်းနံပါတ်တွေသိရင်လည်း ပြော..."
ကိုကိုက တည်ငြိမ်နေသဖြင့် တိမ်လွှာ စိုးရိမ်သွားမိလေသည်။
"ကိုကိုက နေကောင်းတာမဟုတ်သေးဘူး...  ဘာတွေလုပ်မလို့လဲ ကိုကိုရယ်..."
"ကိုကိုမေးတာတွေသာ ဖြေပေးပါ ညီရယ်... ကိုကို ဆွေးကိုရှာမှဖြစ်မှာ..."
"ညီ စုံစမ်းပေးပါ့မယ် ကိုကိုရယ်... ကိုကိုသာ နေကောင်းအောင်အရင်ဂရုစိုက်ပါ..."
"သား... သားရဲ့ကျန်းမာရေးက ပိုအရေးကြီးတာပါ သားရယ်..."
မေမေက အခန်းထဲသို့ဝင်လာကာ ပြောလိုက်သဖြင့် သူ အလိုမကျစွာ မျက်နှာကိုလွှဲလိုက်မိလေသည်။
"သား... အောက်မှာ ဧည့်သည်တွေရောက်နေတယ်..."
"သား ဘယ်သူနဲ့မှမတွေ့ချင်ဘူး မေမေ..."
မေမေက သူ့နဖူးကိုအသာစမ်းလိုက်ပြီးမှ ခုတင်ပေါ်မှာ ထိုင်လိုက်ကာ
"အဖျားတော့မရှိတော့ပါဘူး... အခုလာတဲ့ဧည့်သည်တွေဆိုတာ တခြားလူတွေမဟုတ်ဘူး သားရဲ့... ရတုတို့မိသားစုတွေရောက်နေတာ..."
"ဟင်..."
"ဟုတ််တယ် သားရဲ့... ရတုက သားကိုအရမ်းတွေ့ချင်နေတာ... အခန်းထဲလိုက်ခဲ့မယ်တဲ့ မေမေခေါ်ခဲ့မလို့ပဲ... ဒါပေမယ့် သားမကြိုက်မှာစိုးတာနဲ့ သားကိုလာပြောလိုက်တာ..."
ခရာ ခေါင်းကို အသာရမ်းလိုက်ကာ
"သား ဘယ်သူနဲ့မှမတွေ့ချင်ဘူး မေမေ..."
"ဘာလို့လဲ သားရယ် သူတို့က လူနာလာမေးတာလေကွယ်... မတွေ့လို့ ဘယ်ကောင်းမလဲ သားရယ်..."
"ကျွတ်... သားကို ခေါင်းတွေရှုပ်အောင်မလုပ်ပါနဲ့မေမေရာ... သား အေးအေးဆေးဆေးနေပါရစေ..."
ဒေါ်နှင်းဆီ သားဖြစ်သူကိုကြည့်ကာ သနားသွားမိတော့၏။ ဘာလို့ အဲ့လိုမိန်းကလေးမျိုးကိုနဲ့ သားက ချစ်ခဲ့တာလဲ သားရယ်...။ အခုတော့ ဘာမဟုတ်တဲ့မိန်းကလေးကြောင့် သားလေးခံစားနေရတာကို မေမေ ဘယ်လိုလုပ်ပြီး ကြည့်ရက်မှာလဲ သားရယ်။
"ဒေါက်... ဒေါက်... အန်တီ..."
"ဟင်... ဆောင်းရတုလား..."
သူ မေမေ့ကို တအ့ံတသြကြည့်ကာမေးလိုက်တော့ မေမေက ခေါင်းငြိမ့်ပြကာ
"ဟုတ်တယ် သား... ရောက်လာမှတော့ မေမေ အထဲကိုခေါ်လိုက်မယ်နော်..."
"ကျွတ်..."
သူ မေမေ့ကိုတောင်မှ စကားပြောချင်စိတ်မရှိတော့ပေ။
"သမီး ရတု ဝင်ခဲ့လေကွယ်..."
"ဟုတ်ကဲ့ အန်တီ..."
ရတု တံခါးဖွင့်ပြီးဝင်လိုက်ပြီးမှ တံခါးကိုပြန်ပိတ်လိုက်လေသည်။ ထို့နောက် ခုတင်ပေါ်မှာရှိနေမယ့် သူ့ကို ရင်ခုန်စွာဖြင့် လှည့်ကြည့်လိုက်မိတော့
"ဟင် ခရာ... ပိန်သွားလိုက်တာ ခရာရယ်..."
ရတု တကယ်ပဲမထင်ထားမိပါ။ ခရာ့ပုံစံက အတော်လေးကို ကျသွားလေသည်။ ပိန်သွားပေမယ့်လည်း ရုပ်ကတော့ အရင်လိုချောမောခန့်ညားနေဆဲပါ။ ဒါပေမယ့် ပိန်သွားတဲ့ပုံက လတ်တလောမို့လို့လားမသိ တော်တော်လေးကြည့်ရအဆင်မပြေဖြစ်နေတယ်လို့ ရတု ထင်မိသည်။ သူ့အနားသို့ ရတုကပ်သွားလိုက်တော့ သူက ရတုကိုတစ်ချက်ကြည့်လာပြီးမှ အကြည့်တွေကိုလွှဲသွားလေသည်။
"သမီး ရတု..."
"အခုရော သက်သာရဲ့လား ခရာ..."
"အခုတော့ လူကသက်သာနေပေမယ့် စိတ်ကမသက်သာပါဘူး သမီးရယ်..."
ရတု တိမ်လွှာ့ဘေးမှာရှိနေတဲ့ခုံမှာဝင်ထိုင်လိုက်ကာ
"သတင်းစာထဲထည့်ကြေညာတာတောင် ဆွေးအရိပ်ကို အခုထိမတွေ့သေးဘူးလားဟင်..."
ဆွေးရဲ့အသံကြားတော့ ဘယ်ဘက်ရင်အုံက အလိုလိုအောင့်တက်သွားလေသည်။
"ဟုတ်တယ်... ကျွန်တော့်သူငယ်ချင်းတွေကိုလည်းရှာခိုင်းထားတာဆိုတော့ မကြာခင်ပြန်တွေ့မှာပါ..."
"မဟုတ်မှလွဲရော ဆွေးအရိပ် တစ်ခုခုဖြစ်သွားတာတော့မဟုတ်ပါဘူးနော်..."
"မင်းပါးစပ်ပိတ်ထားပါ ဆောင်းရတု... မင်းပြောသလို ဆွေးက ဘာမှဖြစ်မှာမဟုတ်ဘူး.. ဆွေးတစ်နေရာရာမှာ ကျန်းကျန်းမာမာနဲ့ရှိနေမှာ..."
ခက်ထန်သောအသံကြောင့် ရတု အ့ံသြသွားမိကာ အကြည့်တွေကလည်း ခရာကြည့်နေတဲ့နေရာသို့ရောက်သွားကာ မျက်ခုံးတွေကကျံု့တက်သွားလေတော့သည်။ ဟင်... ခရာနဲ့ဆွေးအရိပ်ရဲ့ဓာတ်ပုံပဲ... ခရာက ငါ့ကိုမကြည့်ပဲ အဲ့ဒီ့ဓာတ်ပုံကိုကြည့်နေတာကိုး။
"ဟုတ်ပါတယ် သားရယ်... သားပြောသလိုပဲ ဆွေးအရိပ် ဘာမှမဖြစ်ပါဘူးကွယ်... သားသာ နေကောင်းအောင်နေပါ မေမေတို့က သားအတွက်စိတ်ပူလို့ပြောတာပါကွယ်..."
"ဟုတ်ပါတယ် ခရာရယ်... ရတုကလည်း ခရာ့အတွက်စိုးရိမ်လွန်ပြီးပြောလိုက်မိတာပါ... ရတုစကားမှာ အမှားပါသွားရင် ရတု တောင်းပန်ပါတယ်နော်..."
ဆွေးကိုသတိရတဲ့စိတ် တွေ့ချင်တဲ့စိတ်ကြောင့်သာ သူ အသက်ရှင်နေတာ။ ဆောင်းရတုပြောသလို ဆွေးသာတစ်ခုခုဖြစ်သွားရင် သူလည်း အသက်ဆက်ရှင်စရာအကြောင်းမရှိ။
"မေမေ... ဆောင်းရတုကို ပြန်ပို့ပေးလိုက်ပါ... သား ဒီအချိန်မှာ စကားပြောလို့ ဘယ်သူနဲ့မှအဆင်ပြေမှာမဟုတ်လို့ပါ..."
"ရပါတယ် ခရာ... ရတု အခုပဲထွက်သွားပေးပါ့မယ် ခရာသာ ကျန်းမာရေးဂရုစိုက်ပါနော်... ရတုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း ရတုတောင်းပန်ပါတယ်..."
"အားနာလိုက်တာ သမီးလေးရယ်..."
သူမကိုအားနာစွာပြောနေတဲ့ ဒေါ်နှင်းဆီကို ရတု နားလည်စွာခေါင်းငြိမ့်ပြလိုက်ပြီး
"ရပါတယ် အန်တီနှင်း... ရတုကို ခွင့်ပြုပါဦး..."
"အေးပါ သမီးလေးရယ်... နောက်မှတွေ့မယ်နော်..."
"ဟုတ်ကဲ့... သမီး ခရာ့အတွက်ဝယ်လာတဲ့မုန့်တွေကို ဧည့်ခန်းထဲမှာပဲ ထားခဲ့လိုက်မယ်နော်..."
"အေးပါ သမီးရယ်... ကျေးဇူးတင်ပါတယ်ကွယ်..."
"ရပါတယ် အန်တီ... ရတုသွားလိုက်ပါဦးမယ်..."
"အင်း... အင်း..."
"ခရာနဲ့ တိမ်လွှာ ရတုပြန်လိုက်ဦးမယ်နော်... နောက်မှပဲ လာခဲ့ပါ့မယ်..."
တိမ်လွှာက ခေါင်းငြိမ့်ပြလိုက်ပေမယ့် ခရာကတော့ ငြိမ်သက်နေခဲ့၏။
ဒေါ်နှင်းဆီ အခန်းထဲကနေထွက်သွားတဲ့ ရတုရဲ့ကျောပြင်ကိုကြည့်လိုက်ကာ
"သားရယ်... သမီးလေးကိုအားနာစရာကောင်းလိုက်တာကွယ်..."
ခရာ့အကြည့်တွေက မေမေ့ဆီသို့ အလိုမကျစွာ ရောက်ရှိသွားကာ
"မေမေ နောက်တစ်ခါ သားမျက်စိရှေ့မှာ ဆောင်းရတုကိုမမြင်ချင်ဘူး... သူ့မှာသာ မာနနဲ့အရှက်ရှိရင်  သူ သားကို လာတွေ့စရာအကြောင်းမရှိဘူး... "
"အို ဘယ်လိုပြောလိုက်တာလဲ သားရယ်... ရတုက သားကိုစိတ်ပူလို့ သတင်းလာမေးတာလေကွယ်..."
"ဟုတ်တယ် မေမေ... ကိုကိုပြောသလိုပဲ သူနဲ့ထပ်ပြီးမပတ်သက်ပါနဲ့တော့..."
"သား ဆွေးနဲ့လက်ထပ်ပြီးသွားပြီမေမေ..."
"အဲ့ဒါမေမေသဘောတူခဲ့လို့လား..."
"မေမေသဘောတူတူမတူတူ အခုချိန်မှာ သားနဲ့ဆွေးက အကြင်လင်မယားတွေဖြစ်နေပြီမေမေ... ကျေးဇူးပြုပြီး သားတို့ဂုဏ်သိက္ခာအတွက် သူ သားကိုလာမပတ်သက်ပါစေနဲ့..."
ဒေါ်နှင်းဆီမျက်နှာက အလိုမကျစွာဖြစ်သွားကာ စားပွဲပေါ်မှာတင်ထားတဲ့ သားနဲ့ ဟိုမိန်းကလေးရဲ့ဓာတ်ပုံကိုကြည့်လိုက်ကာ
"သားနာကျင်ရမှာကို မေမေအရမ်းကြောက်ခဲ့တာ... အဲ့ဒါကြောင့်လည်း အဲ့ဒီ့မိန်းကလေးနဲ့မပတ်သက်နိုင်အောင် မေမေအမျိုးမျိုးလုပ်ခဲ့တယ်... ဒါပေမယ့် မေမေစီစဉ်သလိုဖြစ်မလာအောင် သားက သူ့ကိုခိုးပြေးသွားတယ်... မိဘတွေသဘောမတူဘဲ နှစ်ဦးသဘောတူ အကြင်လင်မယားတွေဖြစ်ခဲ့ကြတယ်... မေမေ သားကို ဘယ်လောက်တောင်နှမြောခဲ့ရလဲ သားရယ်..."
"ဖြစ်ခဲ့တာတွေက ဖြစ်သင့်တဲ့အရာတွေပဲမေမေ... အခုချိန်မှာ သားကိုနှမြောနေမယ့်အစား မေမေ သားရဲ့မိန်းမကို လိုက်ရှာနေသင့်တာ..."
"သူဘယ်ရောက်နေတယ်ဆိုတာထက် သူ့ကို ဘယ်သူခေါ်သွားတယ်ဆိုတာ သားလည်းသိနေတယ်မို့လား... ဟိုးငယ်ငယ်ကတည်းက အရုပ်တစ်ရုပ်လို သဘောထားခဲ့တဲ့လူတစ်ယောက်က သူ့အရုပ်ကို သူကိုယ်တိုင်ဖွက်ထားခဲ့တာဆိုရင် မေမေတို့ဘယ်လောက်ရှာရှာ တွေ့မှာမဟုတ်ဘူး သား..."
"ဆွေးကအရုပ်တစ်ရုပ်မဟုတ်ဘူး မေမေ... ဆွေးက သားရဲ့မိန်းမဖြစ်နေပြီ... နတ်ဆိုးရဲ့လောင်းရိပ်ကနေ သားကိုယ်တိုင် ဆွေးကို ဆွဲထုတ်ခဲ့တာ..."
မေမေရော ကိုကိုရော နှစ်ယောက်လုံးက ခံစားချက်တွေနဲ့ ပေါက်ကွဲလာကြပြီဖြစ်သည်။
"ဟုတ်တယ် အဲ့ဒါကြောင့် မင်းသိပ်တော်တာကို မေမေချီးကျူးချင်တာ သား... ဒါပေမယ့် အခုရော ဘာများထူးသွားလို့လဲ... ဆွေးအရိပ်က ရှိန်းအာကာရဲ့လက်ထဲကိုပဲ ပြန်ရောက်သွားပြီမို့လား... မေမေတို့ဘာဆက်လုပ်ရမလဲ ပြော သား..."
ဒေါသတွေက အလိုလိုထွက်လာတော့၏။ ဆွေး နတ်ဆိုးရဲ့လက်ထဲရောက်နေတယ်ဆိုတာသိပေမယ့် ရှာမတွေ့တဲ့အတွက် စိတ်ကတိုလာတော့၏။ အမှန်တရားကိုလက်ခံပေမယ့် အမှန်တရားက တရားမျှတမှုမရှိတဲ့အမှန်တရားဖြစ်နေသဖြင့် သူ ဒေါသထွက်နေခြင်းဖြစ်သည်။ ငါ မင်းကိုရှာတွေ့တဲ့တစ်နေ့ မင်း ဘာဖြစ်မယ်ဆိုတာကို စဉ်းစားထားလိုက် နတ်ဆိုး။ ဆွေးမှာ ကာမပိုင်ယောက်ျားရှိရဲ့သားနဲ့ မင်း ခိုးယူသွားတယ်ဆိုတော့ မင်းရဲ့နောင်ဘဝအတွက် မကောင်းဘူးဆိုတာ မင်းသိသင့်တယ်။
"တကယ်ဆိုရင် သား အဲ့ဒီ့မိန်းကလေးကို မရွေးချယ်သင့်ခဲ့ဘူး သား... အခုတော့ မဖြစ်သင့်တာတွေဖြစ်လာပြီ... သားလည်းနာကျင်ရတယ်... မေမေတို့လည်းခံစားရတယ် သား..."
သူ မေမေ့ကိုကြည့်ကာ နှစ်ခြိုက်စွာပြံုးလိုက်ပြီး
"ဆွေးနဲ့အတူရှိခဲ့တဲ့အချိန်တွေက သားအတွက် ပျော်စရာအကောင်းဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံးအချိန်တွေပဲ မေမေ... သားရွေးချယ်ခဲ့တဲ့လမ်းက ဘယ်တုန်းကမှ မမှားခဲ့ဘူး..."
"ဒါဆို ဘာလို့ အခုလိုတွေဖြစ်လာခဲ့တာလဲ သား..."
"အဲ့ဒါ မေမေတို့ကြောင့်လေ..."
"ဘာ..."
သားဖြစ်သူရဲ့စကားကြောင့် ဒေါ်နှင်းဆီ အ့ံသြဆွံ့အသွားကာ ပြောစရာစကားတွေ ကင်းမဲ့စွာဖြင့် သားဖြစ်သူရဲ့မျက်နှာကို သေချာစွာငေးစိုက်ကြည့်နေမိတော့၏။
"မေမေတို့သား သားနဲ့ဆွေးကို ကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့ရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး..."
"သား... မင်း ဒီအမေကို အပြစ်တင်နေတာလား... ဘယ်မိဘမဆို ကိုယ့်သားသမီးကောင်းစားတာကိုပဲ မြင်ချင်ကြတာ... မင်းလို ဥစ္စာပေါ ရုပ်ချောပြီး နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက်ကို ဘာပိုင်ဆိုင်မှုမှမရှိတဲ့ သူများလောင်းရိပ်အောက်က မိန်းကလေးတစေ်ယာက်နဲ့ ဘယ်လိုမိဘကသဘောတူမှာတဲ့လဲ ခရာ... အဲ့လိုစိတ်မျိုး ဒီကမ္ဘာပေါ်က မိခင်တိုင်းမှာရှိတယ် သား... အဲ့ဒါမင်းသိရဲ့လား..."
မေမေသည်လည်း နာကျင်စွာခံစားပြီး ကိုကို့ကိုရင်ဖွင့်ပြောဆိုနေလေတော့သည်။ မေမေ့ဘက်ကကြည့်ရင်လည်း မမှားသလို ကိုကို့ဘက်ကကြည့်ရင်လည်းမှန်နေသဖြင့် တိမ်လွှာငြိမ်နေမိလေသည်။
"သားတောင်းပန်ပါတယ် မေမေရယ်... အခုချိန်မှာ သားတစ်ယောက်ထဲပဲ နေပါရစေ... သား ဆွေးကိုလိုက်ရှာမှာ မေမေ... မတွေမချင်းလိုက်ရှာပြီး ဒီအိမ်ကိုပဲ ပြန်ခေါ်လာခဲ့မယ်... ဒါကိုမှ မေမေသဘောမတူသေးဘူးဆိုရင်လည်း အရင်လိုမျိုး သားတို့နှစ်ယောက်ထဲရှိတဲ့ သီးသန့်ကမ္ဘာလေးထဲမှာပဲ သားတို့ပြန်သွားနေမယ်... ဒီကြားထဲမှာတော့ သားကို မေမေမကူညီချင်ရင်နေပါ... ဒါပေမယ့် ခေါင်းရှုပ်စရာကိစ္စတွေတော့ သားဆီသယ်မလာပါနဲ့မေမေ..."
"အဲ့ဒီ့မိန်းကလေးကို မင်းဘာလို့ အဲ့လောက်မြတ်နိုးသွားတယ်ဆိုတာ မေမေစဥး်စားလို့မရဘူး သား... ရတုပြောသလိုပဲ ဆွေးအရိပ်သာ..."
"တော်ပါတော့ မေမေ တော်ပါတော့... အဲ့ဒီ့စကားကြားရတာ သားရင်ထဲမှာနာကျင်လွန်းလို့ပါ မေမေရယ်... သား အဲ့ဒီ့လိုမျိုး ယောင်လို့တောင်မှ တွေးရဲခဲ့တာမဟုတ်ဘူး... အဲ့လိုသာဖြစ်ခဲ့ရင် သားဆုံးရှုံးရမှာ ဆွေးတစ်ယောက်ထဲကို မဟုတ်ဘူး မေမေ...."
"ဟင်..."
"သားပြောတာ ဘာအဓိပ္ပါယ်လဲ သား..."
ဒေါ်နှင်ဆီ အ့ံသြကြီးစွာဖြင့် သားဖြစ်သူကိုကြည့်လိုက်တော့ သားဖြစ်သူက စားပွဲပေါ်က ဓာတ်ပုံကိုလှမ်းယူလိုက်ကာ ဟိုကလေးမရဲ့ရုပ်ပုံကိုသေချာကြည့်လိုက်ပြီး
"ဟုတ်တယ် မေမေ... သားနဲ့ဆွေးတို့ရဲ့ရင်သွေးလေးကိုပါ ဆုံးရှုံးရမှာ မေမေရဲ့..."
"ဘာ..."
"ကိုကို ဒါဆို..."
ကိုကို့စကားကြောင့် တိမ်လွှာလည်း အ့ံသြဝမ်းသာဖြစ်သွားလေတော့သည်။
"ဟုတ်တယ် ဆွေးမှာ ကိုယ်ဝန်ခြောက်လရှိနေပြီ... အဲ့ဒါကြောင့် ဟိုမိန်းမပြောသလို ဆွေးသာတစ်ခုခုဖြစ်သွားရင် သားဆုံးရှုံးရမှာ သားရဲ့ဘဝနှစ်ခုပဲ..."
ဒေါ်နှင်းဆီ သူမရင်ဘတ်သူမဖိလိုက်ကာ
"ဘုရား... ဘုရား... ဘယ်လိုတွေဖြစ်ကုန်တာလဲ..."
"ဝမ်းသာလိုက်တာ ကိုကိုရယ်... ဒါဆို ညီ တူလေးဖြစ်ဖြစ် တူမလေးဖြစ်ဖြစ် ရတော့မှာပေါ့နော်..."
သူ့စကားကြောင့် ကိုကို့မျက်နှာက ညှိုးငယ်သွားကာ
"အဲ့ဒါကြောင့် ကိုကို ဆွေးကိုအသည်းအသန်လိုက်ရှာနေတာပေါ့ ညီရယ်..."
"ညီနားလည်ပါပြီ ကိုကိုရယ်... ခုချိန်ကစပြီး ညီ အချိန်ပြည့်လိုက်ရှာပေးပါ့မယ် ကိုကို..."
"ကျေးဇူးပါညီရယ်..."

ချစ်​သောကိုကို (Completed)Où les histoires vivent. Découvrez maintenant