💕ချစ်သောကိုကို💕
💖အခန်း(၁၉)💖"ဟင်..."
ဆွေး ထိုင်ခုံလေးကိုကြည့်ကာ မျက်လုံးပြူးသွားမိလေတော့သည်။ သစ်သားထိုင်ခုံလေးရဲ့ကျောမှီတဲ့နေရာ လေးမှာ ထောက်စူးနဲ့ထွင်းထားတဲ့ မထင်မရှား စာသားလေး။ ဆွေး ပါးစပ်ကနေပါ အသံကထွက်သွား လေတော့သည်။
"အရိပ်ကို..."
ဒါ ကိုလေးရေးထားတာလား။ ဒီတစ်ကမ္ဘာလုံးမှာ ဆွေးကိုအရိပ်လို့ခေါ်တာဆိုလို့ ကိုလေးတစ်ယောက်ပဲ ရှိတာ။
"အရိပ်ကိုရဲ့အနောက်မှာ ဘာမှဆက်မရေးထားဘူး..."
ခခွေးလေးကို ဝိုးတိုးဝါစတားမြင်မိတယ်လို့ ဆွေးထင်မိလိုက်သဖြင့် ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားမိလေ သည်။ ဟင်... ငါ ဘာတွေလျှောက်တွေးနေပြန်တာလဲ။ ကိုလေးက အဲ့လိုရေးစရာလား...။ ဒါပေမယ့် ကိုလေးက ဘာလို့ငါ့နာမည်ရေးရတာလဲ။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ရေးထားတာ များလား...။ ဒါလည်း မဖြစ်နိုင်ပါဘူး။ ဒီနေရာလေးက ဘယ်သူမှတောင်သိတာမဟုတ်ဘူ။
"ခုံမှာ ဘာတွေများရှိလို့ ဒီလောက်တောင်သေချာကြည့်နေရတာလဲ ဆွေးရယ်..."
"ရှင်..."
ဆွေး နောက်ကိုလှည့်ကြည့်လိုက်ကာ အ့ံသြသွားလေသည်။
"ကိုအက္ခရာမောင်..."
သူ ဘယ်လောက်ပဲရုပ်ဖျက်ထားရုပ်ဖျက်ထား ဆွေးက သူ့ကိုမှတ်မိနေသဖြင့် ရင်ထဲမှာ ကြည်နူးသွားမိ တော့၏။ သူ မျက်မှန်အနက်ကိုချွတ်ဖို့လုပ်လိုက်ရာ
"ဟင် မချွတ်လိုက်နဲ့လေ... ရှင့်ကို သူများတွေမြင်သွားမှာပေါ့..."
ခရာ ပြံုးလိုက်ပြီးမှ သူမရဲ့ဘေးမှာဝင်ထိုင်လိုက်ကာ
"ဆွေးက ကိုယ့်အတွက်စိုးရိမ်တယ်ပေါ့..."
သူမေးတာကိုနားလည်ပေမယ့် ဆွေးပြန်မဖြေရဲခဲ့ပါ။ သူပြောသလိုပါပဲ ဆွေး သူ့အတွက်စိုးရိမ်မိတယ်။ သူက နိုင်ငံကျော်မင်းသားတစ်ယောက်ဆိုတော့ အောင်မြင်မှုကိုထိခိုက်သွားနိုင်တယ်လေ။
"ကဲပါ ထားပါတော့... ခုနက ဆွေး ဘာတွေကြည့်နေတာလဲ..."
ဆွေး ကိုလေးရေးထားတယ်လို့ထင်ရတဲ့နာမည်လေးကို ခန္ဓာကိုယ်လေးနဲ့ကွယ်လိုက်မိကာ
"ဟင့်အင်း... ဆွေး ဘာမှမကြည့်ပါဘူး... ဒါနဲ့ ရှင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ..."
ခရာ ဆွေးကိုအမှန်အတိုင်းပြောဖို့ စဉ်းစားလိုက်ပြီးမှ ခေါင်းကိုအသာလေးရမ်းလိုက်မိပြီး ဆွေးရဲ့မျက်နှာကိုသေချာလေးကြည့်လိုက်ကာ
"ဆွေးကို သတိရလို့..."
"အို..."
သူ့စကားကြောင့် ဆွေး ရှက်သွားကာ ခေါင်းငုံ့လိုက်မိလေသည်။ ရင်ထဲမှာတော့ လှိုက်ဖိုသွားမိ၏။
"တကယ်ပြောတာပါ ဆွေးရယ်... ကိုယ် ဆွေးကို အချိန်တိုင်းသတိရနေတာ... အခုလည်း ကိုယ့်အလုပ် တွေကိုဖျက်ပြီး ကိုယ့်ညီကားထဲကနေ ခိုးပြီးလိုက်လာတာ ဆွေးကိုတွေ့ချင်လွန်းလို့ပါ..."
"ဟင်..."
ဆွေး သူ့မျက်နှာကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိလေသည်။ ပိရိနေတဲ့ သူ့နှုတ်ခမ်းတွေဟာ မှန်ကန်သောစကားကိုဆိုတတ်မှန်း ဆွေး ရင်ထဲကနေ အလိုလိုသိနေမိပါသည်။
"တကယ်ပြောတာ ဆွေးရဲ့... နောက်ပြီး ဆွေးကို ကိုယ်အရေးတကြီးပြောစရာရှိသေးတယ်.."
သူ ဒီနေ့ ဆွေးဆီကိုရောက်လာတာကတော့ ဆွေးရဲ့မမိဘတွေအကြောင်း ဆွေးကိုပြောပြချင်လွန်းလို့ပင် ဖြစ်သည်။ အဲ့ဒါကြောင့် ညီ့ကားထဲကနေခိုးပြီးလိုက်လာခဲ့တာ ညီကတော့ တကယ်မသိပေ။ ဒီတစ်ကျောင်းလုံးမှာ သူ မှတ်မိတဲ့နေရာဆိုလို့ ဆွေးရှိနေတဲ့ ဒီနေရာလေးတစ်ခုသာဖြစ်သည်။
"ဟုတ်ကဲ့ ပြောပါ..."
"ကိုယ့်ကို အဖြေပေးပါတော့ ဆွေးရယ်..."
ဆွေး သူ့မျက်နှာကို ငိုင်ငိုင်လေးကြည့်လိုက်မိ၏။ ကိုလေးပြောခဲ့တဲ့စကားတွေကလည်း ခေါင်းထဲသို့ အလိုလိုရောက်လာတော့သည်။
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...