ဒုတိယတွဲ အခန်း(၈)

193 3 0
                                        

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၈)💖

"တစ်နေ့ထက်တစ်နေ့ ကိုကို အသက်တိုရတော့မယ် ညီရယ်..."
မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုသာ ကိုကိုကိုင်ထားတာ... အကြည့်တွေကတော့ စားပွဲပေါ်က ဓာတ်ပုံမှန်ဘောင်လေးဆီမှာ ရောက်နေလေသည်။ အလုပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ကိုကို့မျက်နှာဟာ ခံစားချက်မရှိတဲ့လူတစ်ယောက်ကဲ့သို့ပင်။
"သူ ဆွေးကို ဘယ်နေရာမှာဖွက်ထားလို့များ ကိုကိုတို့ အခုချိန်ထိ ရှာမတွေ့ရတာလဲ..."
"ညီလည်း စဉ်းစားလို့မရဖြစ်နေတယ် ကိုကို... သူသူ့ငယ်ချင်းတွေရော... သူ့အမေရော သူနဲ့ပတ်သက်ပြီး ဘာမှမသိရဘူး... အဆိုးဆုံးကတော့ ဆွေးရဲ့မိဘတွေပဲ ကိုကို..."
"ဆွေးရဲ့မိဘတွေဆိုတာ ကိုကို့ရဲ့မိဘတွေပဲ ညီ... အခုနေနေတဲ့တိုက်ခန်းမှာရော ဦးအောင်သူနဲ့ဒေါ်ခင်ပိုးတို့ အဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့ ပြေပါတယ် ကိုကို... သူတို့က ကိုကိုနေကောင်းရဲ့လားလို့ မေးနေကြတယ်... ဆွေးအရိပ်ကို သူတို့လည်းလိုက်ရှာနေကြတယ်..."
ကိုကိုက သက်ပြင်းတစ်ခုကို ခပ်ဖြည်းဖြည်းချလိုက်ပြီးမှ မဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ်တင်လိုက်ကာ
"ဆွေးမိဘတွေရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရမှာ ကိုကို့ရဲ့တာဝန်ပဲ ညီ... အလုပ်ကြောင့်ရယ်... အပြင်လောကကိုမထွက်ချင်တာရယ်ကြောင့် ဒီလထဲမှာ ကိုကိုမရောက်ဖြစ်သေးဘူးပဲ... နောက်တစ်ပတ် အင်္ဂါနေ့ရောက်ရင် ကိုကိုသွားဦးမယ် ညီ..."
"ဟုတ်ကဲ့ ကောင်းပါတယ် ကိုကို... ညီလည်းလိုက်ခဲ့ပါ့မယ်..."
ဆွေးအရိပ်မရှိတဲ့အချိန်တွေမှာ ကိုကိုက ဦးအောင်သူနဲ့ဒေါ်ခင်ပိုးတို့လင်မယားကို မိဘလိုသတ်မှတ်ကာ အစစအရာရာလုပ်ပေးခဲ့သည်။ လတိုင်းလည်း အနည်းဆုံး တစ်ခေါက်တော့သွားတွေ့ဖြစ်သည်။ ကိုကိုကသိတတ်တဲ့အတွက်ကြောင့် ဦးအောင်သူနဲ့ဒေါ်ခင်ပိုး စိတ်သက်သာရာရခဲ့တယ်လို့ပဲပြောရမလား... ကိုကိုက ဆွေးအရိပ်ကို အသည်းအသန်လိုက်ရှာနေတာကြောင့်လည်း စိတ်သက်သာရာရနေခဲ့၏။
"ညီ... နတ်ဆိုးက ပစ္စည်းဥစ္စာချမ်းသာလား..."
တိမ်လွှာ ခေါင်းငြိမ့်လိုက်ကာ
"သူ့အမေက ပွဲစား ကိုကို... နောက်ပြီး ဟိုးအရင်ကတည်းက သူတို့အသိုင်းအဝိုင်းကချမ်းသာကြွယ်ဝကြတယ်... သူ့အမေက တစ်ဦးတည်းသောသမီးဆိုတော့ အမွေတွေအားလုံးကိုလည်းရထားတာကြောင့် ချမ်းသာတယ်လို့ပြောလို့ရပါတယ်..."
"ဒါဆို... သူ ဆွေးကို တခြားနိုင်ငံများခေါ်သွားတာလား ညီရယ်..."
ကိုကိုစိုးရိမ်သလို သူ စိုးရိမ်လိုက်မိပေမယ့် မယုံကြည်နိုင်ခဲ့။
"ကိုကိုထင်သလို ညီလည်းထင်မိပါတယ်... နတ်ဆိုးက အဲ့လိုလုပ်မယ်ဆိုလည်း လုပ်လို့ရတဲ့အနေအထားမှာရှိတယ် ကိုကို... နတ်ဆိုးမှာ အဲ့လိုလုပ်နိုင်တာထက်ပိုတဲ့ငွေကြေးတွေရှိနေတာပဲလေ..."
"အဲ့လိုတွေးလိုက်မိတိုင်း ကိုကို့မှာ အိပ်မပျော်တဲ့ညတွေများလာတယ် ညီရယ်... ကိုကို့ကို မကူညီနိုင်ဘူးလား... နှစ်တွေဒီလောက်တောင်ကြာနေပြီ... ကားအက်ဆီးဒင့်ကြောင့် ဆွေးသာအန္တရာယ်မဖြစ်ဘူးဆိုရင် အခုချိန်ဆို ဆွေး မီးဖွားပြီးလို့ ကိုကို့ရင်သွေးလေးတောင်မှ အရွယ်ရောက်နေလောက်ပြီ... ကိုကို သိပ်တွေ့ချင်တာပဲ ညီရယ်..."
ဟုတ်ပါတယ် အခုချိန်လောက်ဆို ကိုကို့ရင်သွေးလေး လူ့လောကထဲရောက်နေလို့ စကားတီတီတာတာပြောတတ်တဲ့အရွယ်တောင် ရောက်နေလောက်ပြီ။ ဒါပေမယ့် ကလေးက နတ်ဆိုးကိုပဲ အဖေလို့သတ်မှတ်မှာ။ ဟူး... ကိုကိုရယ်... ကိုကို့အစား ညီကပိုပြီးရင်ပူရပါလားနော်...။
"မင်းသား... မင်းသား..."
တံခါးခေါက်သံနဲ့အတူ ထမင်းချက်အဒေါ်ကြီးရဲ့အသံကြောင့် တိမ်လွှာ တံခါးပေါက်ကိုလှည့်ကြည့်လိုက်ကာ
"အဒေါ် ဘာကိစ္စရှိလို့လဲ..."
"ခြံရှေ့မှာ ဧည့်သည်ရောက်နေလို့ပါ မင်းသား..."
"ကိုကို နေသိပ်မကောင်းလို့ ဘယ်သူနဲ့မှတွေ့လို့မရဘူး အဒေါ်... အဲ့ဒါကြောင့် ပြန်လွှတ်လိုက်ပါ..."
"သူက မင်းသားရဲ့ဇနီး ဆွေးအရိပ်နဲ့ပတ်သက်တဲ့သတင်းပေးချင်တယ်လို့ပြောနေတာနဲ့ အဒေါ် လာပြောတာပါ..."
"ဟင်..."
ညီအကိုနှစ်ယောက် အကြည့်ချင်းဆုံသွားကြပြီးမှ တံခါးပေါက်ကို ပြိုင်တူလှည့်ုကြည့်လိုက်ကြလေသည်။
"သူ့ကို ဧည့်ခန်းထဲမှာ စောင့်ခိုင်းပြီး တစ်ခုခုနဲ့ဧည့်ခံထားလိုက်ပါ အဒေါ်... ကျွန်တော် အခုပဲဆင်းခဲ့ပါ့မယ်..."
"ကောင်းပါပြီ မင်းသား..."
ကိုကို့မျက်နှာက အခုမှပဲ ပြံုးလာလေတော့သည်။ ဟုတ်ပါတယ် သူ ကိုကို ဒီလိုပြံုးနေတာကိုပဲ မြင်ချင်တာ။ ဆွေးအရိပ်မရှိတဲ့နောက်ပိုင်း ကိုကိုပြံုးတာ ဒါပထမဆုံးပါပဲ။
"အိမ်ကြီးကအစ အိမ်နားလိုက်တာ နန်းတော်ကြီးအတိုင်းပဲနော် စံပယ်..."
"အင်း ဟုတ်တယ်..."
နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းစီလိုက်ကြည့်ကာ စံပယ်ပြောလိုက်လေသည်။ မင်းသား ကလေးဘဝကတည်းကနေ အခုချိန်ထိရိုက်ထားတဲ့ပုံတွေ။ ကျောင်းသားဘဝတုန်းကဓာတ်ပုံတွေရော... ဘွဲ့ယူတဲ့ပုံရော... အနုပညာလောကထဲဝင်ကာစကပုံတွေကိုရော မှန်ဘောင်သွင်းကာ နံရံမှာ လှပစွာချိတ်ဆွဲထားလေသည်။ မင်းသားက အရမ်းချောတာပဲ မမအရိပ် တကယ်ကိုကံကောင်းတာပါ။ လှေကားပေါ်ကဆင်းလာတဲ့အရိပ်တခုကြောင့် စံပယ့်အကြည့်တွေက လှေကားပေါ်သို့ရောက်သွားကာ
"မင်းသား..."
"အဲ့ဒါ မင်းသားအက္ခရာမောင်လားစံပယ်..."
သူမ အေးမကိုခေါင်းငြိမ့်ပြကာ မင်းသားတို့ကိုကြည့်လိုက်မိလေသည်။
"ချောလိုက်တာစံပယ်ရယ်... နတ်သားလေးတွေကျနေတာပဲ..."
သူတို့နှစ်ယောက် လှေကားပေါ်ကဆင်းလာတဲ့ လူနှစ်ယောက်ကို သေချာငေးကြည့်နေမိလေသည်။ မင်းသားရဲ့ဘေးကတစ်ယောက်က မင်းသားရဲ့ညီလို့ စံပယ်ထင်လိုက်မိသည်။ ရုပ်ချင်းကလည်း မကွဲပြားဘဲ ခပ်ဆင်ဆင်ပင်ဖြစ်သည်။ လှေကားပေါ်ကနေ မင်းသားတို့ညီအကိုနှစ်ယောက်ဆင်းလာပုံမှာ နတ်သားနှစ်ပါးများ နတ်ပြည်ကနေဆင်းလာသလား အောက်မေ့ရ၏။ နှစ်ယောက်စလုံးမျက်နှာက တည်ကြည်နေတယ်လို့ထင်ရပေမယ့် မင်းသားရဲ့မျက်နှာကတော့ တခုခုကိုသိချင်နေသည့်ပုံစံဖြင့် သိပ်ပြီးတည်ကြည်ပုံမရ။ ဒါပေမယ့် သာမန်အချိန်တွေမှာဆိုရင်တော့ မင်းသားက တည်ကြည်ခန့်ညားတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုတာ သူမသိပါတယ်။ အင်းပေါ့... အခုချိန်မှာ မင်းသားက မမအရိပ်ကိုစိုးရိမ်နေတဲ့သူဆိုတော့ ဘယ်တည်ငြိမ်နိုင်ပါ့မလဲ။
"မင်းတို့က ဆွေးကိုသိနေကြတာလား..."
မေးခွန်းနဲ့အတူ နတ်သားနှစ်ပါးက သူတို့ရှေ့ကဆိုဖာမှာ ဝင်ထိုင်လိုက်ကြလေသည်။
"ကျွန်မနာမည်က စံပယ်ပါ... သူကတော့ ကျွန်မသူငယ်ချင်း အေးမပါ..."
မေးတာကတစ်ခြား ဖြေတာကတစ်ခြားမို့လို့ စိတ်ထဲမှာအလိုမကျဖြစ်သွားမိပေမယ့် ဆွေးကိုပြန်ရှာတွေ့နိုင်မယ့် ကောက်ရိုးတစ်မျှင်မို့ ခရာ ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော့်နာမည်က အက္ခရာမောင်ပါ... ဒါက ကျွန်တော့်ညီ မင်းတိမ်လွှာပါ... ကျွန်တော့်ဇနီးနဲ့ပတ်သက်တဲ့သတင်းက ဘာလဲဆိုတာပြောပြပေးပါ..."
"ဟုတ်ကဲ့... သတင်းစာထဲမှာ မင်းသားက မမအရိပ်ကိုလိုက်ရှာနေတဲ့သတင်းတွေ့လိုက်လို့ အခုလိုရောက်လာရတာပါ... စံပယ်တို့ရွာကို ကိုရှိန်းအာကာနဲ့မမဆွေးအရိပ်တို့ရောက်နေတာ သုံးနှစ်လောက်ရှိပါပြီ..."
"ဘာ..."
မင်းသားက အ့ံသြသွားပုံဖြင့် မျက်ခုံးတွေကျံု့တက်သွားကာ သူမကိုကြည့်လာသဖြင့် စံပယ် ခေါင်းငြိမ့်ပြလိုက်ပြီး
"ဟုတ်ပါတယ်... သူတို့ကို ကျွန်မအကိုခေါ်လာတာပါ..."
"မင်းအကိုကဘယ်သူလဲ..."
မင်းသားမဟုတ်ဘဲ မင်းသားရဲ့ညီက ဝင်မေးလာသဖြင့် စံပယ် နားမလည်ဖြစ်သွားမိ၏။
"ကိုကြီးသာဂိပါ..."
"ဘာ သာဂိ ဟုတ်လား..."
ညီက ထူးထူးဆန်းဆန်း သာဂိဆိုတဲ့နာမည်ကိုအော်လိုက်သဖြင့်ဒီလူကို ညီသိနေတယ်လို့ ခရာ တွေးလိုက်ကာ
"ညီ... သူကဘယ်သူလဲ..."
"ကျောင်းကန်တင်းစားသောက်ဆိုင်က စားပွဲထိုးတစ်ယောက်ပါ ကိုကို... သူက နတ်ဆိုးတို့နဲ့တစ်ဖွဲ့ထဲပဲ..."
မင်းသားညီပြောတဲ့ နတ်ဆိုးဆိုတာ ဘယ်သူ့ကိုရည်ညွှန်းပြီးပြောနေမှန်း စံပယ်မသိပေ။ ဒါပေမယ့် မင်းသားရဲ့ညီကတော့ စိတ်တိုနေသည့်ပုံပင်။
"ဪ... အဲ့ဒါကြောင့် နတ်ဆိုးမရှိတော့ကတည်းက အဲ့ကောင်လည်း ကျောင်းမှာမရှိတော့တာကိုး..."
"ထားလိုက်ပါတော့ ညီရယ်... အခု ကိုကိုတို့ပြန်တွေ့ရပြီပဲ... ဒါနဲ့ အကိုတို့ကို ညီမတို့ရွာခေါ်သွားပေးပါလား ညီမ..."
မင်းသားက သူ့ညီကပြောနေရင်းကနေ စံပယ့်ကိုလည်း လှည့်ပြောလာ၏။ မင်းသားက စကားပြောတာနူးည့ံသလောက် မင်းသားညီကတော့ အဲ့ဒီလိုမဟုတ်ဘူးလို့ စံပယ်တွေးလိုက်မိလေသည်။
"ဟုတ်ကဲ့... ခေါ်သွားလို့က ရပါတယ်... ဒါပေမယ့် စံပယ်က ရန်ကုန်မှာ အလုပ်ကိစ္စလေးရှိတာနဲ့ ဒီနေ့တော့ ပြန်ဖြစ်မှာမဟုတ်ဘူး... မနက်ဖြန်မှပဲ ပြန်ဖြစ်မှာ... အဲ့ဒါကြောင့် ရွာလိပ်စာနဲ့ မမအရိပ်တို့သားအမိနေတဲ့အိမ်လိပ်စာကိုပါ စံပယ်ရေးပေးခဲ့ပါမယ်..."
"ဟင်... ဆွေး... ဆွေးက ဘာလေးမွေးတာလေး ညီမ..."
ဆွေးတို့သားအမိဆိုတဲ့အသံကြောင့် ရင်ခုန်နှုန်းတွေက အဆမတန်မြန်လာကာ အပြင်သို့ခုန်ထွက်တော့မလိုဖြစ်လာတော့သည်။
"သမီးလေး မွေးထားပါတယ်... ကလေးက အရမ်းချစ်စရာကောင်းပါတယ် မင်းသား... သမီးလေးနာမည်ကို သစ်ရိပ်မေ လို့ပေးထားပါတယ်..."
"သစ်ရိပ်မေ... အေးချမ်းလိုက်တဲ့နာမည်လေး..."
ကိုကိုက တူမလေးရဲ့နာမည်ကိုရွတ်ကာ စိတ်ထဲမှာ ကြည်လင်စွာဖြင့် ပြံုးနေလေတော့သည်။
"ဆွေးတို့သားအမိနေကောင်းရဲ့လား ညီမ..."
သူ့အမေးကြောင့် စံပယ်ဆိုတဲ့ကောင်မလေးမျက်နှာက သူ့ကိုအားတက်သရောပြောနေရာကနေ ငြိမ်ကျသွားလေသည်။ သူ့ရင်ထဲမှာ ဆွေးတို့သားအမိအတွက် စိုးရိမ်သွားမိကာ
"ဘာဖြစ်လို့လဲ ညီမ..."
"မမအရိပ် စံပယ်တို့ရွာကို စရောက်တဲ့အချိန်ကတည်းက အတိတ်မေ့နေတာပါ မင်းသား..."
"ဟင်..."
"ဘာ... အဲ့ဒါကို ရှိန်းအာကာက ဆေးရုံမပြဘူးလား..."
"မြို့ကဆေးရုံတော့သွားမပြကြဘူးလို့ စံပယ်ထင်ပါတယ်... ဒါပေမယ့် မြို့ကဒေါက်တာကတော့ မမအရိပ်ကို နှစ်ရက်တစ်ခါ လာကြည့်ပေးပါတယ်..."
"တောက်... ရှိန်းအာကာ... ဒါမင်းတမင်ယုတ်မာတာ... ဆွေး အတိတ်ကိုပြန်သတိရရင် ငါ့ဆီပြန်လာမှာစိုးလို့ မင်း ဆေးရုံမပြပေးတာ..."
"ဟို... အဲ့လိုတော့ဟုတ်မယ်မထင်ပါဘူး မင်းသား... ဒေါက်တာကိုယ်တိုင် မမအရိပ်ကို သေချာကုပေးတာပါ..."
ရှိန်းအာကာဘက်ကနေ ကာပြောနေတဲ့ သူမစကားကို သူစိတ်မဝင်စားမိတော့။ ဆွေး အတိတ်မေ့သွားလို့ သူ့ဆီပြန်ရောက်မလာတာ။ ဆွေး အတိတ်ကိုပြန်သတိရမှာကို ရှိန်းအာကာကကြောက်နေတာ။ အဲ့ဒါမှ သူ ဆွေးကိုခေါ်ထားလို့ရမှာ။ မင်းအကြံက တော်တော်ယုတ်မာတဲ့အကြံပါလား ရှိန်းအာကာရာ... သူများချစ်ခြင်း... သူများမိသားစုကို မင်းခွဲရက်တယ်။
"ဘာပဲဖြစ်ဖြစ် ညီမတို့ကိုကျေးဇူးတင်ပါတယ်... ဒီစာအုပ်လေးမှာ လိပ်စာလေးနဲ့ ရှိန်းအာကာရဲ့ဖုန်းနံပါတ်ကိုရေးခဲ့ပေးပါ..."
"ဟုတ်ကဲ့..."
ရွာရဲ့လိပ်စာကို ဗလာစာအုပ်မှာရေးပေးပြီး အလွတ်ရနေတဲ့ ကိုရှိန်းရဲ့ဖုန်းနံပါတ်ကိုရေးရင်းကနေ စံပယ်ပြံုးလိုက်မိလေသည်။ အခုတော့ စံပယ် ကိုရှိန်းနဲ့နီးစပ်ရတော့မယ် ကိုရှိန်းရယ်...။ စံပယ်အခုလိုလုပ်လိုက်လို့ ကိုရှိန်းနာကျင်ရတယ်ဆိုလည်း စံပယ်တောင်းပန်ပါတယ်။ စံပယ် အခုလိုလုပ်နေတာတွေက ကိုရှိန်းကိုချစ်လို့လုပ်နေတာတွေပါ... အဲ့ဒါကြောင့် စံပယ့်ကို ခွင့်လွှတ်ပေးပါ ကိုရှိန်းရယ်...
💕💕💕💕💕💕💕
"သာဂိ... ကားကိုကြည့်ကြည့်ပါဦး..."
ဂိုဒေါင်ထဲမှာ အနက်ရောင်ပိတ်စအုပ်ထားတာ့ကားကိုကြည့်ကာ ရှိန်း သာဂိကိုပြောလိုက်လေသည်။ သာဂိက သူ့အနားကိုရောက်လာပြီး ပိတ်စကိုဆွဲချလိုက်ရာ မစီးတာကြာပြီဖြစ်တဲ့ သူ့ရဲ့ကားကို ပြန်မြင်လိုက်ရတော့ အတိတ်ကအဖြစ်အပျက်တွေက တခုချင်းစီ ခေါင်းထဲမှာ ပေါ်လာတော့၏။
"ကိုလေး... ကျွန်တော့်ကို ကားသော့ပေး..."
သူ သာဂိကို ကားသော့ လှမ်းပစ်ပေးလိုက်သည်။ ဒီကားကိုမစီးတာ အရိပ်နဲ့အတူ ဒီရွာလေးကို ရောက်တဲ့နေ့ကတည်းကပဲဖြစ်သည်။ အဲ့ဒီ့အချိန်ကတည်းက သာဂိရဲ့အကူအညီနဲ့ဖွက်ထားခဲ့တာ ဒီနေ့ထိပဲဖြစ်သည်။ ဒါပေမယ့် ဒီနေ့တော့ သမီးလေးအတွက် သူ ဒီကားကို ပြန်မောင်းရတော့မယ်။ သမီးလေးက ကားစီးချင်လို့ သူ့ကို ပူဆာထားခဲ့သည်။ သမီးလေးရဲ့ဆန္ဒတွေပးအားလုံးကို သူ ဖြည့်ဆည်းပေးချင်တယ်။
"ဘွန်း... ဘွန်း..."
ကားအသံကဆိုးဆိုးဝါဝါးထွက်လာသလို မီးခိုးတွေလည်း အူထွက်လာ၏။ သာဂိက ကားတံခါးကိုဖွင့်ကာ ခေါင်းထွက်လာပြီး
"ကိုလေး အခုချက်ချင်းတော့ စီးလို့မရလောက်ဘူး..."
ဟင်း... သူ စိတ်ပျက်သွားမိတော့၏။ သာဂိက ကားပေါ်ကဆင်းလာကာ သူ့ကိုသေချာကြည့်လိုက်ပြီး
"ကျောင်းရေစက်ချပွဲကို ဒီကားနဲ့ကိုလေးက သွားမလို့လား..."
အကျႌအဖြုလက်ရှည်နဲ့ နီညိုရောင် ယောပုဆိုးဝတ်ထားတဲ့သူ့ကိုကြည့်ကာ သာဂိက မေးလာသဖြင့် သူ ခေါင်းငြိမ့်ပြလိုက်မိ၏။
"အင်း... သမီးလေးက ကားစီးချင်တယ်ဆိုတာနဲ့ ငါလည်း ဒီကားနဲ့သွားမလို့ စဉ်းစားမိတာ..."
"ကားက မစီးတာလည်းကြာပြီဆိုတော့ ဝပ်ရှော့ကိုပို့ကြည့်မှစိတ်ချရမယ် ကိုလေး... ကျွန်တော်တို့ရွာမှာ ကားဝပ်ရှော့ကလည်း ရှားရှားပါးပါး တစ်ဆိုင်ထဲရှိတာဆိုတော့ ချက်ချင်းကြီးရနိုင်မှာမဟုတ်ဘူး ကိုလေး..."
"ကိုကိုရေ သွားရအောင်လေ... နောက်ကျနေဦးမယ်..."
အရိပ်ရဲ့အသံကြောင့် သူ လှည့်ကြည့်လိုက်တော့ အရိပ်က အပြာနုရောင်ပိုးသားဝမ်းဆက်ဖြင့် သမီးလေးကိုချီကာ အနားကိုရောက်လာလေသည်။ လှလိုက်တာအရိပ်ရယ်... အပြာရောင် လိပ်ပြာလေးများ ပျံဝဲလာသလားအောက်မေ့ရတယ်...။
"သာဂိ... ဒါဆို မင်းပြင်ထားပေး... ညနေလောက်တော့ရမယ်မို့လား... ညနေရရင် ငါ သမီးလေးနဲ့အတူ ရွာထဲမှာ ကားလျှောက်စီးချင်တယ်..."
"ဟုတ်ကဲ့ ကိုလေး ကျွန်တော် ရအောင်လုပ်ပေးထားပါ့မယ်..."
"အင်း..."
ရှိန်း အရိပ်ကိုလှည့်ကြည့်လိုက်တော့ အရိပ်က သူ့ကားကိုသေချာကြည့်နေလေသည်။ သူ့ရင်ထဲမှာစိုးရိမ်သွားကာ အရိပ်ရဲ့ပခုံးကို အသာလေးကိုင်လိုက်ပြီး
"ကြည့်ပါဦး... ကိုယ့်ဇနီးလေးက အရမ်းလှနေပါလား..."
အရိပ်ရဲ့အကြည့်တွေက ကားဆီကနေ မခွာသေးပေ။
"ကိုကို... ဒီကားကို အရိပ်သိနေသလိုပဲ..."
အရိပ်က သူ့ကားကိုမှတ်မိနေခဲ့တာလား။
"ဒီကားက ကိုကိုဝယ်ထားတာကြာပြီအရိပ်ရဲ့... အရင် ဒီရွာရဲ့လမ်းတွေကသိပ်မကောင်းသေးဘူးလေ အဲ့ဒါကြောင့်မစီးဖြစ်တာ... လာပါ သွားရအောင်... သမီးလေး ကိုယ့်ကိုပေး..."
အရိပ်ရဲ့မှတ်ဉာဏ်အာရုံကိုလွှဲဖို့အတွက် သူ အရိပ်လက်ထဲကနေ သမီးလေးကိုဆွဲချီလိုက်ကာ ကားနားကနေ အမြန်ဆုံးထွက်လာလိုက်တော့၏။
"သေချာလား ငတိုး..."
"သေချာတယ် သာလှ... ဒီနေကနေ သူတို့တွေ ဆရာတော့်ကျောင်းကိုသွားကြမှာ..."
ညောင်ငုတ်ပေါ်မှာ ခြေထောက်တစ်ဖက်ကိုတင်ထားကာ အရက်ပုလင်းကိုလက်မှာကိုင်ထားပြီး ရှေ့တည့်တည့်က ရွာလယ်လမ်းကို သာလှ သေချာစိုက်ကြည့်နေလေသည်။ သောက်ထားတဲ့အရက်ရှိန်ကြောင့် မျက်လုံးတွေရဲတွတ်နေသလို မျက်နှာသည်လည်း ဒေါသကြောင့် တင်းမာနေ၏။
"စံပယ်က မြို့ကိုတက်သွားတယ်... မနက်ဖြန်မှပြန်ရောက်မယ်ထင်တယ်..."
"ကောင်းတာပေါ့ စံပယ်မရှိတဲ့အချိန် ဒီလူ့ကို ငါအပြတ်ရှင်းပစ်မယ်..."
"ဟော... ဟိုမှလာပြီသာလှ... သူ့မိန်းမနဲ့ကလေးလည်းပါတယ်..."
"သူကအဓိကပဲ... သူ့မိန်းမနဲ့ကလေးကိုမထိစေနဲ့..."
"သာလှ... မင်း မြို့သားကို အပြတ်ရှင်းရင် ထောင်ကျမှာနော်... မင်း စဉ်းစားပြီးပြီလား..."
"ဟိုးရှေးရှေးကတည်းက အချစ်အတွက်နဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတာပဲ... ငါကရော အချစ်အတွက်နဲ့ထောင်ထဲဝင်ရမှာ မှုစရာလား ငတိုးရ..."
"အေး... အဲ့ဒါတွေက ရာဇဝင်မှာကျန်ခဲ့ပြီ သာလှ... ကိုယ့်သမိုင်းကိုယ်ရေးဖို့အတွက် သူများသမိုင်းကိုကြည့်စရာလိုလို့လား... မင်းပဲနစ်နာမှာသာလှ..."
"တော်စမ်းပါကွာ... ငါ သူ့ကိုဘယ်လိုလုပ်မယ်ဆိုတာ မင်းပါးစပ်ပိတ်ပြီး ဒီနေရာကနေသာစောင့်ကြည့်နေ..."
သာလှပြောပြောဆိုဆိုဖြင့် အရက်ပုလင်းကိုပစ်ချကာ သစ်ပင်မှာထောင်ထားတဲ့ သစ်သားတုတ်နှစ်ချောင်းထဲက တစ်ချောင်းကိုဆွဲယူလိုက်ပြီး မြို့သားတို့လာနေတဲ့လမ်းပေါ်ကို တက်သွားလေတော့သည်။
"ဟေ့လူ..."
ရှိန်း သာလှကိုကြည့်ကာ မေးငေါ့ပြလိုက်ပြီး
"ဘာကိစ္စလဲ သာလှ..."
သာလှလက်ထဲက သစ်သာတုတ်ကိုကြည့်ကာ ရှိန်း မျက်နှာတစ်ချက်ပျက်သွားမိ၏။ နောက်ပြီး အရက်နံ့တွေလှိုင်နေတာကြောင့် အရိပ်ကနှာခေါင်းကိုပိတ်ထားသဖြင့် သူ သမီးလေးကို ချီထားရင်းကနေ အရိပ်ရဲ့လက်ကိုလည်း ဆုပ်ကိုင်ထားလိုက်သည်။
"ခင်ဗျားကို စံပယ်ကကြိုက်နေလို့... ကျုပ်က ခင်ဗျားကို အပြတ်ရှင်းမလို့...."
"ဘာ..."
"ကိုကို..."
အရိပ်က သူ့အတွက် စိုးရိမ်စွာပြောနေသဖြင့် သူ ခေါင်ရမ်းပြလိုက်ကာ
"မပူနဲ့အရိပ် ဘာမှမဖြစ်ဘူး..."
"အေ့... ဒီမှာမြို့သူ... ကျုပ်က မြို့သားနဲ့ပဲစာရင်းရှင်းချင်တာ... အဲ့ဒါကြောင့် မပူပါနဲ့... ခင်ဗျားတို့သားအမိကို ဘာမှမလုပ်ဘူး..."
ရှိန်း အရိပ်နဲ့သမီးလေးအတွက်ပဲစိတ်ပူမိတာပါ။ အဲ့ဒါကြောင့် သမီးလေးကိုအောက်ချလိုက်ပြီး အရိပ်ရဲ့လက်ထဲ သမီးလေးရဲ့လက်ကိုထည့်ပေးလိုက်ကာ
"အရိပ်... သစ်ပင်အောက်မှာစောင့်နေနော်..."
အရိပ်က သမီးလေးကိုခေါ်ကာသူ့ရှေ့ကထွက်သွားပေမယ့် နောက်လှည့်ကြည့်လှည့်ကြည့်ဖြင့် စိတ်မချစွာ တစ်လှမ်းချင်းစီသွားနေလေသည်။
"သာလှ..  စံပယ်ကငါ့ကိုကြိုက်နေတယ်ဆိုတာ မင်းကိုဘယ်သူပြောလဲ..."
"ခင်ဗျားမသိချင်ယောင်ဆောင်မနေနဲ့... အပိုတွေပြောမနေနဲ့တော့..."
ပြောပြောဆိုဆို သာလှက လက်ထဲကသစ်သားတုတ်ဖြင့် သူ့ခေါင်းကိုလှမ်းရိုက်လာသဖြင့် သူခေါင်းကိုရှောင်ပေးလိုက်ရင်းနဲ့ သာလှရဲ့ဗိုက်ကို လက်သီးနဲ့ထိုးလိုက်လေသည်။
"အင့်..."
"အု..."
သာလှရဲ့ပါးစပ်ထဲကနေ သောက်ထားတဲ့အရည်တွေထွက်ကျလာ၏။ သူ အသင့်အနေအထားဖြင့် သာလှကိုကြည့်နေလိုက်သည်။ သာလှက ဗိုက်ကိုတစ်ချက်ဖိထားပြီးမှ ပါးစပ်ကိုလက်နဲ့သုတ်လိုက်ကာ သူ့ကို အညှိုးတကြီးကြည့်နေ၏။
"သာလှ... ငါ အခု ဘုန်းကြီးကျောင်းသွားမှာ... မင်းနဲ့ရန်မဖြစ်ချင်ဘူး မင်းတော်တော့..  ငါ ငါ့အကြောင်းငါသိတယ်..."
"ဟား... ဟား... ခင်ဗျားခြိမ်းခြောက်တိုင်း ကျုပ်ကကြောက်ရမှာလား..."
ကျောင်းမှာဆိုရင် နေ့တိုင်းနီးပါးရန်ဖြစ်ရလွန်းလို့ ကိုယ်ခံပညာကိုတောင်မှ သူသင်ထားခဲ့တာ။ အဲ့ဒါကြောင့်လည်း ကျောင်းမှာ သူ့နာမည်က နတ်ဆိုးဆိုတဲ့အမည်ကိုတွင်ခဲ့တာ။ ဒါကို သာလှကမသိ။ အခု အရိပ်တို့သားအမိကိုထိခိုက်မှာစိုးလို့ သူ့စိတ်သူထိန်းနေခဲ့တာ။
"ယား..."
အသံနဲ့အတူ သာလှက တုတ်ကိုကိုင်ကာ သူ့ဆီကိုပြေးလာပြန်၏။ သူ့ခေါင်းနားကိုရောက်လာတဲ့တုတ်ကို အသာရှောင်လိုက်ကာ သာလှရဲ့ပေါင်ကို ခြေထောက်နဲ့ကန်လိုက်တော့ သာလှကမြေကြီးပေါ် လဲကျသွားတော့၏။
"ကိုကို နောက်..."
အသံနဲ့အတူ အနားကိုရောက်လာတဲ့အရိပ်ကိုလှည့်အကြည့် အရိပ်က သူ့ကိုကြည့်နေရင်းကနေ မြေကြီးပေါ်လဲကျသွားလေတော့သည်။
"ဟင် အရိပ်..."
"ဟာ..."
ငတိုး အရိပ်ကိုကြည့်ကာ ယောင်ယမ်းပြီး လက်ထဲကတုတ်ကို မြေပေါ်သို့ ပစ်ချလိုက်လေသည်။
သေချာပြီဆိုပြီး အဲ့ဒီ့လူအလစ်မှာ အနောက်ကနေသေချာချိန်ပြီးရိုက်လိုက်မှ သူ့မိန်းမကအမြန်ပြေးလာပြီး ကြားကနေဝင်ခံလိုက်တာဖြစ်သည်။ သူ့လက်ဆပြင်းသွားတာကြောင့် ခေါင်းမှာသွေးတွေထွက်လာကာ  လဲကျပြီး ချက်ချင်းသတိလစ်သွား၏။
"ဟိတ်... ဘာဖြစ်ကြတာလဲ..."
ရွာလူကြီးနဲ့အတူ ရွာသားတစ်ချို့ရောက်လာသဖြင့် ငတိုး သာလှကိုဆွဲထူကာ အမြန်ပြေးသွားတော့သည်။
"မေမေ..."
သမီးလေးက မပီကလာပီကလာခေါ်ကာ အနားကိုရောက်လာပြီး အရိပ်ကိုဖက်ကာ ငိုနေတော့၏။
"ဆေးရုံပို့ဖို့ အမြန်လုပ်ကြ... ငါ့ကားကိုသွားယူ..."
ရွာလူကြီးကလည်း အော်ဟစ်ကာ ပြောဆိုနေသည်။
ဟင့်အင်း... အရိပ်ဘာမှဖြစ်လို့မရဘူး... အရိပ်သာ တခုခုဖြစ်သွားရင် ကိုယ်လည်းသေမှာ။ အရိပ်ကို သူ့ရင်ခွင်ထဲထည့်ကာ သူတတွတ်တွတ်ပြောနေမိလေသည်။
"ကိုယ့်ကိုမထားခဲ့ပါနဲ့ အရိပ်ရယ်..."
"ဆွေး..."
အသံတစ်သံကြောင့် သူတို့အားလုံးလှည့်ကြည့်လိုက်ကြရာ
"ဟင်..."
"အဲ့ဒါ နိုင်ငံကျော်မင်းသား မို့လား..."
"ဟုတ်တယ် မင်းသားအက္ခရာမောင်ပဲ..."
အနက်ရောင် မာစီးဒီးကားနှစ်စီးပေါ်ကနေ အသီးသီးဆင်းလာကြတဲ့လူတွေကိုကြည့်ကာ ရွာသူရွာသားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။"အက္ခရာမောင်..."
ရှိန်းရဲ့အသံသည်လည်း ခပ်ပြတ်ပြတ်ပင် ထိတ်လန့်စွာထွက်သွားတော့သည်။
ခရာ ရှိန်းအာကာအနားသို့ပြေးသွားလိုက်ပြီး သူ့ရင်ဘတ်ထဲက ဆွေးရဲ့ခန္ဓာကိုယ်လေးကို ဆွဲပွေ့လိုက်ကာ
"ဆွေး... ဆွေး..."
ဆွေးရဲ့ခန္ဓာကိုယ်လေးက လှုပ်မလာဘဲ ငြိမ်သက်နေခဲ့လေသည်။ ခရာ မျက်ရည်တွေဝဲလာကာ ရှိန်းကိုသေချာကြည့်လိုက်ပြီး
"ဆွေးသာတခုခုဖြစ်သွားကြည့်... မင်းကိုဒီအတိုင်းထားမယ်မထင်နဲ့... မင်းလုပ်ခဲ့တဲ့အပြစ်တွေကို တခုချင်းစီမင်းပြန်တွေးနေလိုက် နတ်ဆိုး..."
ခရာ ဆွေးကိုပွေ့ချီလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ တိမ်လွှာ့ကိုလှည့်ကြည့်လိုက်ပြီး
"ညီ... သမီးလေးကိုခေါ်ခဲ့..."
ရွာလူကြီးနှင့်တကွ ရွာသူရွာသားတွေအားလုံး ခရာလုပ်သမျှကိုငြိမ်သက်စွာကြည့်နေတဲ့ ရှိန်းကိုကြည့်ကာ နားမလည်နိုင်ကြဘဲ အ့ံသြနေကြလေသည်။
အက္ခရာမောင် အရိပ်ကိုခေါ်သွားတာကိုငေးကြည့်ကာ ဆွံ့အစွာဖြင့် သူ ကျန်ခဲ့တော့သည်။ သူဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ...? အရိပ်နဲ့သူ ဒီမှာရှိတဲ့အကြောင်း သူ ဘယ်လိုသိသွားတာလဲ...? အခုမှ တကယ်ဝေးရတော့မှာလား...?
ရုတ်တရက် ရင်ထဲမှာဟာတာတာကြီးဖြစ်သွားတာကို ဘယ်လိုမှ ခံစားလို့မရခဲ့။ မြေကြီးပေါ်မှာ ဒူးထောက်လျက်သားနဲ့ သူ ငြိမ်သက်စွာ အရိပ်ကိုခေါ်သွားတဲ့ အက္ခရာမောင်တို့ရဲ့ကားလေးကို ငေးကြည့်နေမိလေသည်။ ကားနှစ်စီးနဲ့ရောက်လာပေမယ့် ကားပေါ်မှာဘယ်သူတွေပါလာတယ်ဆိုတာ သူမသိ။ သူသိတာက သူ့ရဲ့အသက်ဖြစ်တဲ့ အရိပ်ကို အက္ခရာမောင်က ခေါ်သွားပြီး... သူ့ရဲ့ဘဝဖြစ်တဲ့ သမီးလေးကို မင်းတိမ်လွှာက ခေါ်သွားသည်ဆိုတာပင်။
အဟား... ဒါဘဝလား... ဘာမှမရှိတော့တဲ့ဘဝမှာ သူ ဘယ်လိုအသက်ရှင်ရမှာလဲ...။ သူ့အသက်နဲ့သူ့ဘဝမရှိတော့ဘဲ အသက်ရှင်နေတော့ရော ဘာထူးမှာလဲ...။ သူအသက်ရှင်နေတာ အရိပ်နဲ့သမီးလေးတို့ကြောင့်ပဲ... အခု အရိပ်တို့သားအမိကို အက္ခရာမောင်တို့ ပြန်ရှာတွေ့သွားကြပြီ... သူထပ်ပြီးခိုးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။
ဒါ သူ့ဘဝရဲ့နောက်ဆုံးအချိန်လား...? နောက်ဆုံးအချိန်ဆိုရင်တောင် အဓိပ္ပါယ်ရှိတဲ့နောက်ဆုံးအချိန်ဖြစ်ချင်မိတယ်။ အချစ်အတွက် ဘယ်သူမဆို အသက်ပေးနိုင်ကြတယ်ဆိုတဲ့စကားက သူ့အတွက်များလား။ အရာအားလုံးကိုစွန့်ပြီးပြီပဲ အသက်ဆိုတာကရော ဘာမို့လို့ သူမစွန်နိုင်ရမှာလဲ... အရိပ်ကိုအသက်နဲ့ထပ်တူချစ်တဲ့အကြောင်း သူ... သူ သက်သေပြခွင့်ရတော့မယ့်အချိန်ပဲ...။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Место, где живут истории. Откройте их для себя