ဒုတိယတွဲ အခန်း(၃)

46 2 0
                                    

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၃)💖

"ဦးလေး... ကျွန်တော်တို့အတွက် လက်ဖက်ရည်လေးခွက်က မရသေးဘူးလားဗျ..."
"လာပါပြီ ငါ့တူတို့ရယ်..."
ဝဏ္ဏက စိတ်မရှည်စွာအော်လိုက်တော့မှ ဆိုင်ရှင်ဦးလေးကြီးက လက်ဖက်ရည်ပန်းကန်တွေထည့်ထားတဲ့ဗန်းကိုမကာ သူတို့စားပွဲသို့ ရောက်လာလေတော့သည်။
ကိုဇွဲနဲ့ ကိုဖြိုးက စားပွဲပေါ်က ရေနွေးပန်းကန်တွေကို တစ်နေရာထဲမှာစုပုံလိုက်တော့ ဆိုင်ရှင်ဦးလေးကြီးက လက်ဖက်ရည်ပန်းကန်တွေကို စားပွဲပေါ် ချပေးလိုက်ကာ
"ဆိုင်မှာက ဦးလေးတစ်ယောက်ထဲဆိုတော့ မှာထားတဲ့အစားအသောက်တွေချက်ချင်းမရတာ နားလည်ပေးပါ ငါ့တူတို့ရယ်..."
ဦးလေးကြီးချပေးတဲ့ လက်ဖက်ရည်ဖလားကို ကိုဖြိုးယူလိုက်ကာ
"သာဂိက ဘယ်ရောက်သွားတာလဲ ဦးလေး... မတွေ့တာကြာပြီ..."
လက်ဖက်ရည်ပန်းကန်တွေကို စားပွဲပေါ်ချပေးပြီးတော့မှ ဆိုင်ရှင်ဦးလေးကြီးက ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
"အင်း... သာဂိတစ်ယောက် ထီပဲပေါက်သလား... အမွေပဲရသလားဆိုတာ ဦးလေးတော့ မပြောတတ်ပါဘူး ငါ့တူရာ... ရွာမှာပဲစျေးရောင်းတော့မယ်ဆိုပြီး ပြန်သွားတာပဲ..."
"ဟင် ထူးဆန်းလှချည်လား..."
"အေးလေကွာ... ရွာပြန်ရမှာ ဒီလောက်ကြောက်တဲ့ကောင်က ရုတ်တရက်ကြီး ရွာကိုပြန်သွားတယ်တဲ့..."
"အေးကွယ်... ဦးလေးလည်း နားမလည်ပါဘူး... အဲ့ဒါကြောင့် အခု ဦးလေးလည်းတစ်ယောက်ထဲဖြစ်နေရတာပေါ့ကွာ..."
"နောက်ထပ် အလုပ်သမားတစ်ယောက်ရှာပေါ့ ဦးလေးရဲ့..."
"အင်း... ဒီရက််ပိုင်းအတွင်းတော့ လူရမယ်ထင်ပါတယ်ကွာ..."
"ကောင်းတာပေါ့..."
"အေးကွယ်... အေးအေးဆေးဆေးသောက်ကြ... ဦးလေးလည်း လုပ်စရာရှိတာလေးတွေသွားလုပ်လိုက်ဦးမယ်..."
"ဟုတ်ကဲ့ ဦးလေး..."
သူတို့တွေ သာဂိ ရွာကိုပြန်သွားတာကို နားမလည်သလို ထူးဆန်းနေမိလေတော့သည်။
"ဝဏ္ဏ..."
အသံတစ်သံကြောင့် သူတို့လေးယောက်လုံး အနောက်ကို လှည့်ကြည့်လိုက်ကြရာ
"ဟင်..."
"မင်းတိမ်လွှာ..."
သူတို့တွေ အ့ံသြစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မေးငေါ့လိုက်ကြလေသည်။
တိမ်လွှာ သူတို့စားပွဲမှာလွတ်နေတဲ့နေရာတစ်ခုမှာ ဝင်ထိုင်လိုက်ကာ သူတို့တွေရဲ့မျက်နှာတွေကို သေချာလိုက်ကြည့်ပြီး အကဲခတ်နေမိလေသည်။
"နတ်ဆိုး ဘယ်မှာလဲ..."
"လာပြန်ပြီ ဒီနတ်ဆိုးက..."
ဝဏ္ဏက စိတ်မရှည်စွာပြောလိုက်တော့ တိမ်လွှာ ဝဏ္ဏကိုသေချာကြည့်လိုက်ကာ
"ငါ မင်းတို့ကို တောင်းပန်နေတာပါ... နတ်ဆိုးဘယ်မှာရှိလဲဆိုတာထက် ဆွေးအရိပ် ဘယ်မှာလဲဆိုတာ ငါသိရမှဖြစ်မှာ..."
ကိုဖြိုး မျက်ခုံးတွေကျံု့တက်သွားကာ တိမ်လွှာ့ကို ဒေါသထွက်သလိုကြည့်လိုက်ပြီး
"သူတို့ဘယ်မှာလဲဆိုတာ ငါတို့လည်းသိချင်နေတာပဲ မင်းတိမ်လွှာ... ရှိန်းပျောက်သွားတဲ့နေ့ကတည်းက ငါတို့လည်း လိုက်ရှာနေကြတာ..."
"ဟုတ်တယ်... ငါတို့လည်း လိုက်ရှာနေကြတာပဲ မင်းတိမ်လွှာ..."
"မင်းတို့တွေ နတ်ဆိုးနဲ့ဆွေးအရိပ်ကို ဖွက်မထားကြဘူးလို့ပဲ ငါယုံချင်တယ်..."
"မင်းစကားတွေက တရားလွန်လာပြီ မင်းတိမ်လွှာ... ငါတို့က သူတို့ကိုဖွက်ပေးထားရအောင် သူတို့က အရုပ်တွေမို့လို့လား..."
"မင်း ငါတို့ကို ရန်လာစနေတာတော့မဟုတ်ပါဘူးနော်... "
တိမ်လွှာ တစ်ချက်ပြံုးလိုက်ကာ ကိုဖြိုးကိုကြည့်လိုက်ပြီး
"မင်းတို့တွေအဲ့လိုလုပ်ပေးခဲ့မယ်ဆိုရင်လည်း နောင်ဘဝရောက်ရင် မင်းတို့တေ် ဝဋ်လည်ကြလိမ့်မယ်ဆိုတာ မင်းတို့သိလား... "
"ဘာ..."
"မင်းပြောတာ ဘာအဓိပ္ပါယ်လဲ မင်းတိမ်လွှာ..."
"ဆွေးအရိပ်မှာ ငါ့ကိုကိုနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပြီ..."
"ဘာ..."
"ဟင်..."
သူတို့တွေရဲ့ အာမေဋိတ်သံတွေကြောင့် အနီးအနားစားပွဲဝိုင်းတွေက လူတွေက လှည့်ကြည့်လာကြလေသည်။
"ဟုတ်တယ် အဲ့ဒါကြောင့် မင်းတို့ကို ငါ တောင်းပန်နေတာပါ... မင်းတို့တွေ မင်းတို့သူငယ်ချင်းဘက်ကနေ ကာကွယ်ပေးနေဦးမယ်ဆိုရင် မင်းတို့ကြောင့်ပဲ သူများမိသားစုတွေ တကွဲတပြားဖြစ်သွားရလိမ့်မယ်ဆိုတာ မင်းတို့သိစေချင်လို့ပါ..."
သူတို့တွေ ငြိမ်သက်ကာ ငိုင်သွားကြလေတော့သည်။ မထင်မှတ်ထားတဲ့စကားတွေကြောင့် တွေဝေငေးငိုင်သွားကြခြင်းဖြစ်သည်။
"အဲ့ဒါကြောင့် မင်းတို့သူငယ်ချင်းကို ပြန်တွေ့တဲ့အခါ ငါ့ကိုဆက်သွယ်ပေးပါ..
ငါသွားတော့မယ်..."
သူတို့တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ဘာမှမပြောဖြစ်ကြဘဲ ငြိမ်သက်နေကြလေတော့သည်။
💕💕💕💕💕💕💕
"ဟင့်အင်း မေမေ... သား အနုပညာလောကထဲကို ဘယ်တော့မှ ပြန်မဝင်ဘူး..."
"သားရယ်... ဘာဖြစ်လို့ ဒီလောက်တောင်ခါးခါးသီးသီးငြင်းဆန်နေရတာလဲကွယ်..."
သူ လက်ထဲကဖတ်လက်စစာအုပ်ကို မှောက်ချလိုက်ကာ
"မေမေ သားကို ဘာတွေထပ်ဖြစ်စေချင်တာလဲ မေမေ... သားရဲ့ဘဝ အခုလိုမျိုး ဖြစ်သွားခဲ့တာတောင်မှ မေမေက ဘာတွေထပ်ဖြစ်စေချင်သေးတာလဲ..."
ဒေါ်နှင်းဆီ သားဖြစ်သူရဲ့လက်တွေကို အသာဆုပ်ကိုင်လိုက်ကာ
"သာမရှိတဲ့အချိန်တွေမှာ သားအကြောင်းမေးကြတဲ့ မီဒီယာသမားတွေကို မေမေ ဘယ်လိုတွေဖြေခဲ့တယ်ဆိုတာ သားသိရဲ့လား... အခုချိန်ထိ ပရိသတ်တွေရဲ့အချစ်တွေကို သားမဆုံးရှုံးသေးပါဘူး သားရယ်... အားလုံးက သားရိုက်မယ့် ရုပ်ရှင်တွေကို မျှော်လင့်နေကြတာ သားရဲ့..."
အားတက်သရောပြောနေတဲ့မေမေ့ကို သူ အားနာစွာနဲ့တောင်မှ ခေါင်းမငြိမ့်ပြမိခဲ့ပါ။
"သား ခေါင်းတစ်ချက်ငြိမ့်လိုက်တာနဲ့ ရတုရဲ့အမေက သားကိုချက်ချင်း ရုပ်ရှင်ရိုက်ပေးမှာ သားရဲ့..."
သူ့အကြည့်တွေက မေမေ့ဆီသို့ အ့ံသြကြီးစွာ ရောက်ရှိသွားလေသည်။
"ဆောင်းရတုနဲ့ပတ်သက်ပြန်ပြီလား မေမေ... ဒီကိစ္စတွေက သူ့ကြောင့်ဖြစ်သွားတာတောင်မှ မေမေက..."
မေမေ့အပြံုးတွေက မေမေ့ခေါင်းက နှင်းဆီတွေလို နူးည့ံစွာ ဝေဆာသွားလေသည်။
"မင်္ဂလာပွဲပျက်သွားလို့ သူတို့ဘက်က အရှက်ကွဲခဲ့ရပေမယ့် သားအပေါ်မှာ အခုထိမေတ္တာရှိနေတုန်းပါပဲ သားရယ်..."
ခရာ သူ့လက်ကိုကိုင်ထားတဲ့ မေမေ့ရဲ့လက်ကို ဆွဲခွာလိုက်ကာ
"တော်ပါတော့မေမေရယ်... သား ဆွေးကိုတွေ့အောင် ပြန်ရှာမှာ... ဆွေးကလွဲပြီး ဘယ်မိန်းမကိုမှ သားစိတ်ထဲထည့်လို့မရဘူး..."
"အစွဲအလမ်းကြီးလိုက်တာ သားရယ်..."
"ဟုတ်တယ် မေမေ... သား ရှင်းရှင်းလင်းလင်းပြောတာပါ..."
"ဒါပေမယ့် စဉ်းစားပါဦးသားရယ်... မေမေပြောနေတာ သားအတွက်ပါ..."
ခရာ ထိုင်နေရင်းကနေ ခေါင်းတစ်ချက်ရမ်းကာ မေမေ့ကို ကျောပေးလိုက်မိလေသည်။
"မေမေသွားတော့မယ် သား... မေမေပြောတာတွေကို လျစ်လျူမရှုပစ်လိုက်ပါနဲ့..."
"ကိုကို..."
ညီ့အသံကြားတော့ သူ လှည့်ကြည့်လိုက်ကာ
"ညီ ဘာတွေကြားခဲ့ရလဲ..."
ဒေါ်နှင်းဆီ သားဖြစ်သူကိုကြည့်ကာ ခေါင်းတရမ်းရမ်းဖြင့် အခန်းထဲကနေ ထွက်သွားတော့၏။
တိမ်လွှာ ကိုကို့ခုတင်ပေါ်မှာ ဝင်ထိုင်လိုက်ကာ
"သူ့သူငယ်ချင်းတွေလည်း တကယ်မသိကြတာ ကိုကို..."
"ဟင်..."
ငြိမ်သက်သွားတဲ့ ကိုကို့ကိုကြည့်ကာ သူ စိတ်မကောင်းဖြစ်သွားလေသည်။
"စိတ်မပူပါနဲ့ ကိုကိုရာ... ညီတွေ့အောင် ရှာပေးမှာပါ..."
"အင်း..."ကိုကိုက ငြိမ်သက်စွာ ခေါင်းငုံ့သွားတော့၏။
"ကိုကို... ဒါနဲ့ မေမေက ကိုကို့ကို အနုပညာအလုပ်ပြန်လုပ်ဖို့ ပြောနေတာလား..."
"ဟုတ်တယ် ညီ... ကိုကို မလုပ်ချင်ဘူး...""ညီ ကိုကို့ခံစားချက်တွေကို နားလည်ပါတယ်ကိုကို... ဒါပေမယ့် ညီ ကိုကို့ကို တစ်ခုလောက်တော့ အကြံပေးချင်တယ်..."
"ဘာလဲ ညီ... ပြောလေ..."
"ကိုကို မေမေပြောတာကို လက်ခံလိုက်ပါလား ကိုကို..."
"ဟင်... ညီပြောချင်တာက... "
"ကိုကို အနုပညာအလုပ်တွေ ဆက်လုပ်မှ ဆွေးအရိပ်ကို ရှာရလွယ်မယ်လို့ ညီတွေးမိတယ်..."
ကိုကိုက တွေဝေသွားကာ ငြိမ်သက်သွားပြန်လေသည်။
ညီပြောတဲ့စကားက သူ့အတွက်တော့ သင့်လျော်တယ်လို့ ခရာထင်မိသည်။ ဟုတ်တယ် အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ သူ ဆွေးကိုရှာရမယ်။ ဟုတ်တယ် ညီပြောတာမှန်တယ်။
"အဲ့ဒီလိုလုပ်မှ ကိုကို ဆွေးအရိပ်ကို ရှာရလွယ်မှာ ကိုကို... အခုလိုမျိုး အိမ်ထဲမှာနေပြီး မျက်စိပိတ် နားပိတ် နေနေရုံနဲ့တော့ ဆွေးအရိပ်ကို ပြန်တွေ့မှာမဟုတ်ဘူး..."
"ညီပြောတာကို ကိုကိုနားလည်ပြီ ညီ..."
"ကိုကို နည်းနည်းတော့ပင်ပန်းရလိမ့်မယ်... ဒါပေမယ့် ကိုကိုရှာနေတဲ့လူက တစ်ယောက်ထဲမဟုတ်ဘဲ ရင်သွေးလေးပါ ပါနေတော့ ကိုကို အပင်ပန်းခံရမှာပဲ ကိုကို..."
ကိုကို့မျက်နှာက အားတက်သရောဖြစ်လာကာ ပြံုးလာတယ်လို့ တိမ်လွှာထင်လိုက်မိလေသည်။
"ဆွေးတို့ သားအမိအတွက်ဆို ကိုကို ဘယ်လောက်ပဲပင်ပန်းပင်ပန်း ကြိုးစားမယ် ညီ... ကိုကို့ဘဝအစစ်အမှန်က ဆွေးရဲ့လက်ထဲမှာပဲရှိနေတာ... အဲ့ဒါကြောင့် ကိုကို ညီပြောသလို အနုပညာအလုပ်တွေပြန်လုပ်မယ် ညီ..."
"ကောင်းတာပေါ့ ကိုကိုရာ... ကိုကို့ပရိသတ်တွေက ကိုကို့ကို စောင့်နေကြတာ... ညီ့သူငယ်ချင်းတွေဆိုရင် ကိုကို့ကိုပဲမေးနေကြတာ..."
ကိုကိုရော သူရော ပြံုးနေကြလေသည်။
"အင်း... ဆွေးတို့သားအမိအတွက် ကိုကို အနုပညာအလုပ်တွေပြန်လုပ်မယ် ကိုကို..."
"ဟုတ်ကဲ့ ကိုကို... ဒါဆို အားလုံးပျော်ရမှာပါ..."
ဟုတ်တယ် သူ အနုပညာအလုပ်တွေ ပြန်လုပ်မယ်။ ဆွေးတို့သားအမိကိုပြန်ရှာမယ်။ မေတ္တာနဲ့ အချစ်တွေက စစ်မှန်နေခဲ့ပြီပဲ။ နတ်ဆိုးတစ်ကောင် ဖွက်ထားရုံနဲ့တော့ ကိုယ်တို့ဘဝတွေ ဝေးမသွားပါဘူး ဆွေးရယ်။ ဒါဟာ ဆွေးကိုချစ်တဲ့ ကိုယ့်ရဲ့အချစ်စစ်တွေကြောင့်ပါပဲ။
အနေဝေးလည်း ဆွေးကိုချစ်တဲ့အချစ်ထက် ဆွေးရဲ့သစ္စာကို ယုံကြည်တဲ့စိတ်နဲ့ပဲ ကိုယ် အသက်ဆက်ရှင်နေမယ် ဆွေး။ ဆွေးရဲ့ သစ္စာတရားကို ကိုယ် အကြွင်းမဲ့ယုံကြည်ပါတယ်။
💕💕💕💕💕💕💕
"ကျွန်တော့်ဇနီးအခြေအနေက ဘယ်လိုရှိလဲ ဒေါက်တာ..."
ဒေါက်တာက မျက်မှန်ကိုပင့်တင်လိုက်ကာ အရိပ်ရှိနေတဲ့အိမ်ပေါ်ထပ်ကို လှမ်းကြည့်လိုက်ပြီး
"မောင်ရင့်ဇနီးကို ဆေးရုံမှာ မီးမဖွားစေချင်ဘူးလား မောင်ရင်..."
"ဟင့်အင်း... အဲ့ဒါတော့ ဘယ်လိုမှမဖြစ်ဘူး ဒေါက်တာ.."
သူ အကြောက်အကန်ငြင်းလိုက်တော့ ဒေါက်တာက အနည်းငယ်မျက်နှာပျက်သွားပြီး သူ့ကို နားမလည်သလိုကြည့်လာလေတော့သည်။
"ဘာဖြစ်လို့များလဲ မောင်ရင်ရယ်... ရွာကလူတွေတောင်မှ မြို့ကို တကူးတကသွားပြီး မီးဖွားကြတာ... မောင်ရင်က ဘယ်လိုဖြစ်လို့..."
ဒေါက်တာပြောချင်တဲ့အဓိပ္ပါယ်ကို သူနားလည်သလို သူ့ခံစားချက်ကိုလည်း ဒေါက်တာသိလိမ့်မယ်လို့ သူ ထင်မိသည်။
"မြို့ပြဆိုတဲ့နေရာကြီးကိုမုန်းလွန်းလို့ ဒီလိုရွာလေးကို ပြောင်းလာခဲ့တာပါ... အဲ့ဒါကြောင့် ကျွန်တော် မြို့ဆိုတဲ့နေရာကို ခြေဦးတောင်မလှည့်ချင်ဘူး ဒေါက်တာ... ကျွန်တော်နဲ့ ကျွန်တော့်ဇနီးစိတ်က အတူတူပါပဲ ဒေါက်တာ... အဲ့ဒါကြောင့် ဒီရွာရဲ့လက်သည်နဲ့ပဲ ကျွန်တော့်ဇနီးကို မီးဖွားမယ်ဒေါက်တာ..."
"အင်း... ဒါဆိုလည်း မောင့်ရင့်သဘောပါပဲ... ဒါပေမယ့် ဒေါက်တာကတော့ လူနာ့ရဲ့ကျန်းမာရေးကို သိပ်ပြီးအားမရဘူး..."
"ဗျာ ဘာဖြစ်လို့လဲ ဒေါက်တာ... ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပါ ဒေါက်တာရယ်..."
ပူလောင်လာတဲ့ရင်ကို ဘယ်အရာကမှ မအေးမြစေခဲ့ပါ။
"လူနာမှာ နှလုံးအားနည်းတဲ့လက္ခဏာတွေ တွေ့နေရတယ်... ဖြစ်နိုင်ရင်တော့ မြို့ကဆေးရုံမှာ မီးဖွားစေချင်တယ် မောင်ရင်ရယ်..."
"ဗျာ..."
မမျှော်လင့်ထားတာထက် မဖြစ်စေချင်တာတွေကို ကြားလိုက်ရသဖြင့် ရင်ဘတ်တစ်ခုလုံး အောင့်တက်သွားလေသည်။ အရိပ်မှာ နှလုံးအားနည်းတဲ့ရောဂါရှိနေတာလား... ဒါကို ဟိုလူရောသိနေတာလား။ ဟူး... မဖြစ်ရဘူး... အရိပ်တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး။
"မီးဖွားဖို့ကလည်း သိပ်မလိုတော့ဘူးဆိုတော့ သေချာစဉ်းစားပါ မောင်ရင်... ဒေါက်တာပြန်လိုက်ပါဦးမယ်... ခနနေဆို မောင်ရင့်ဇနီး သတိရလာပါလိမ့်မယ်..."
"ဟုတ်... ဟုတ်ကဲ့ပါ ဒေါက်တာ..."
အထစ်ထစ်အငေါ့ငေါ့ဖြင့် ဒေါက်တာ့ကိုတောင်မှ ကောင်းကောင်းမနှုတ်ဆက်နိုင်ခဲ့ပေ။
ဒါဆို အရိပ်ကို ဆေးရုံမှာ မီးဖွားခိုင်းရမှာလား။ ဟိုလူနဲ့တွေ့နေရင်ဘယ်လိုလုပ်မလဲ။ အရိပ်ကို သူ့ဆီကနေ ပြန်လုသွားမှာကို သေလောက်အောင်ကြောက်နေခဲ့တာ။
"ကိုရှိန်းရေ..."
သာဂိတို့မောင်နှမနှစ်ယောက် သူ့နားရောက်လာသဖြင့် အတွေးစတွေက လွင့်ပျောက်သွားလေတော့သည်။
"သာဂိ ဘာဖြစ်လို့လဲ... စံပယ် မမအရိပ်နားမှာ နေလေ..."
"မမအရိပ် သတိရလာပြီကိုရှိန်းရဲ့... အဲ့ဒါလာပြောတာ..."
"ဟင် ဟုတ်လား..."
ပြောလည်းပြော ရှိန်း အရိပ်ရှိရာ အိမ်ပေါ်သို့ ပြေးတက်သွားလေတော့သည်။
"ကိုကြီး... ကိုရှိန်းက မမအရိပ်ကိုသိပ်ချစ်တာပဲနော်..."
"အင်း... အဲ့ဒါကြောင့်လည်း အခုလိုတွေ ပြာယာခတ်နေတာပေါ့..."
"ဒါပေမယ့် ကိုရှိန်းအာကာနဲ့ မမအရိပ်တို့ကိုကြည့်ရတာ တစ်မျိုးပဲနော်..."
ညီမဖြစ်သူ စံပယ်ရဲ့စကားကြောင့် သာဂိမလုံမလဲဖြစ်သွားကာ ညီမကိုလှည့်ကြည့်လိုက်ပြီး
"တစ်မျိုးပဲဆိုတာ ဘာကိုပြောတာလဲ..."
"ဪ... သူများလင်မယားတွေလိုမျိုးမဟုတ်ဘူးလားလို့လေ..."
"ဟဲ့... မိစံပယ် သူများလင်မယားတွေက ဘယ်လိုတွေမို့လို့ နင်က ဒါမျိုးစကားတွေပြောနေရတာလဲ..."
စံပယ်က နှုတ်ခမ်းလေးဆူသွားကာ
"ကိုကြီးကလည်း ညီမလေးပြောချင်တာက... သူတို့တွေက လင်မယားတွေနဲ့မတူဘူးလို့ပြောချင်တာ... ကိုရှိန်းအာကာကသာ မမအရိပ်ကိုသိပ်ချစ်တာ ဒါပေမယ့် မမအရိပ်ကတော့ ကိုရှိန်းအာကာလောက် မချစ်ဘူးလားလို့လေ..."
သာဂိ လူကဲခတ်တော်လွန်းတဲ့ ညီမရဲ့ခေါင်းကိုအသာခေါက်လိုက်လေသည်။
"အ... ဘာလုပ်တာလဲ ကိုကြီးကလည်း..."
"စပ်စုလိုက်တာ စံပယ်ရယ်... ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေစမ်းပါ... ကိုရှိန်းနဲ့မမအရိပ်ရဲ့ကြားထဲကို နင် လုံးဝဝင်မပါနဲ့နော်..."
"စံပယ်က ဘာလုပ်နေလို့လဲ ကိုကြီးရဲ့..."
"အေး နင့်အကြောင်းသိလို့ ငါက ကြိုပြောထားတာ..."
"ခိခိ... ဒါပေမယ့် ကိုရှိန်းအာကာက အရမ်းချောတာပဲနော် ကိုကြီး..."
သာဂိ ညီမဖြစ်သူကို မာန်မဲကာအံကြိတ်ပြီး မျက်စောင်းထိုးလိုက်လေသည်။
"သတိထားနေနော် စံပယ်... သူများလင်မယားကြားဝင်မပါနဲ့..."
သာဂိ စံပယ့်ကို သတိပေးစကားပြောကာ စံပယ့်အနားကနေ ထွက်သွားလေတော့သည်။ စံပယ်ကတော့ သာဂိပြောတာကို သိပ်ဂရုမပြုသည့်ပုံဖြင့် အိမ်အပေါ်ထပ်ကို လှမ်းကြည့်လိုက်လေသည်။
တံခါးလေးတစ်ချက်ဖွင့်ထားသဖြင့် မမအရိပ်ရဲ့ဘေးမှာထိုင်နေတဲ့ ကိုရှိန်းအာကာရဲ့ ဘေးတစ်စောင်းမျက်နှာထားကို လှမ်းမြင်နေရသည်။ ဘေးခွဲခွဲထားတဲ့ အနက်ရောင်ဆံပင်နဲ့ ထူထဲသောမျက်ခုံးတွေကြောင့် ကိုရှိန်းအာကာရဲ့မျက်နှာဟာ ထင်းနေလေတော့သည်။ ပိုပြီး ကြည့်ကောင်းသွားတာကတော့ ပိရိစေ့စပ်နေတဲ့ အညိုရောင်နှုတ်ခမ်းတစ်စုံကြောင့်ပါပဲ။ ရှင် သိပ်ချောပါလား ကိုရှိန်းအာကာရယ်။ လှိုက်ဖိုမောသွားတဲ့ ရင်ဘက် သူမလက်နဲ်အသာဖိထားလိုက်ကာ
"အို... ငါ ဘာလို့ ဒီလောက်တောင် ရင်တွေခုန်နေရတာလဲ.... ရူးတော့မှာပဲ..."
သူမ သူ့ကိုအသာလှမ်းကြည့်လိုက်ပြီးမှာ ရှက်ရွံ့စွာ ပြံုးလိုက်မိလေတော့သည်။
💕💕💕💕💕💕💕
#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Onde histórias criam vida. Descubra agora