အခန်း(၂၁)

49 1 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၁)💖

နာရီကိုတစ်ချက်ကြည့်လိုက်ပြီးမှ ခရာ သက်ပြင်းချလိုက်မိလေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးတော့ အဝတ်ဘီဒိုကိုဖွင့်လိုက်ကာ အပေါ်ထပ်တစ်ထည်ကိုယူပြီး အခန်းထဲကနေထွက်လာ လိုက်၏။
ညနေစောင်းတော့မယ်။ ဒီအချိန်ဆို ဆွေးက ရှိန်းအာကာနဲ့အတူ ကျောင်းမှာ သူ့ကို စောင့်နေလောက်ပြီ။ သူ... အိမ်ပေါ်ထပ်ကနေ ဆင်းလာလိုက်၏။
"ဒါ ဘယ်လဲ သား..."
မေမေ့ကိုတွေ့လိုက်ရသဖြင့် သူ တကယ်ပဲ စိတ်ညစ်သွားမိတော့၏။
"သား အပြင်သွားစရာရှိလို့ မေမေ..."
ဒေါ်နှင်းဆီ သားဖြစ်သူကို သေချာကြည့်လိုက်ကာ
"ဟိုမိန်းကလေးဆီသွားမလို့မို့လား... မသွားရဘူး... အခုချက်ချင်း အခန်းထဲပြန်ဝင်..."
"မေမေ... သားက ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်မဟုတ်တော့ဘူး..."
"သား... ခရာ... မင်း မေမေ့ကို ဘာမှပြန်မပြောနဲ့... အခန်းထဲပြန်ဝင်ဆိုပြန်ဝင်လိုက်နော်... မဟုတ်ရင် မေမေ အဲ့ဒီ့မိန်းကလေးကို တစ်ခုခုလုပ်မိလိမ့်မယ်..."
လှေကားရဲ့အောက်ဆုံးအထစ်မှာတင် သူ မတ်တပ်ရပ်နေမိလေသည်။
"ဆွေးနဲ့ ဘာမှမဆိုင်ဘူးမေမေ... တစ်ခုခုလုပ်ချင်ရင် မေမေ သားကိုပဲလုပ်..."
မေမေ့မျက်နှာက ချက်ချင်းပဲပြံုးယောင်သမ်းလာကာ
"သား သူ့ကိုမထိခိုက်စေချင်ဘူးဆိုတာ မေမေ သိပါတယ် သားရယ်... အဲ့ဒါကြောင့် သား အခန်းထဲကိုပြန်ဝင်လိုက်နော်..."
"သား ဆွေးကို စကားနည်းနည်းပဲပြောမှာပါ မေမေရယ်... သား ချက်ချင်းပြန်လာခဲ့ပါ့မယ်..."
"သားရယ် မေမေပြောတာကိုနားထောင်ပါကွယ်... မေမေချစ်တဲ့သားကို ထိခိုက်အောင် မေမေဘယ်တော့မှ လုပ်မှာမဟုတ်ဘူး... ဒါပေမယ့် ဟိုးမိန်းကလေးအပေါ်တော့ မေမေမပြောတတ်ဘူးနော် သား..."
မေမေ့အသံက ခြိမ်းခြောက်သံပါလာပြီဆိုတာကို သူသိလိုက်ပါပြီ။ အဲ့ဒါကြောင့် ဘာမှပြန်မပြောတော့ဘဲ အပေါ်ထပ်ကို ပြန်တက်လိုက်လေသည်။ အခန်းထဲရောက်တော့ အခန်းတံခါးကို သေချာပိတ်လိုက်ကာ ဖုန်းကိုထုတ်လိုက်၏။
"အရိပ် လာ ပြန်ရအောင်..."
အရိပ်က ဟိုလူလာမယ့်လမ်းဘက်ကိုပဲ မျှော်ကြည့်နေလေသည်။
"ခနလေးပါ ကိုလေးရယ်... သူ လာချင်လာမှာပါ..."
သူက အမှန်တရားကိုသိထားပြီမို့လို့ ဟိုလူမလာဘူးဆိုတာကို သိနေပေမယ့် အရိပ်ကတော့ ဘာမှမသိသဖြင့် စောင့်မျှော်နေလေသည်။
"တီ... တီ..."
ဖုန်းနံပါတ်ကိုကြည့်ကာ ရှိန်း မျက်လုံးပြူးသွားလေသည်။ ဒါ ဟိုလူ့ဖုန်းပဲ။ သူ အရိပ်ကိုတစ်ချက် ကြည့်လိုက်ကာ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးနားသို့သွားလိုက်ကာ ဖုန်းကို ကိုင်လိုက်လေသည်။
"ဟယ်လို..."
"ရှိန်းအာကာ... မင်းအခုကျောင်းမှာလား..."
"ခင်ဗျားလာနေပြီလား..."
"ငါ..."
ရှိန်း ပြံုးလိုက်ကာ
"ခင်ဗျားအိမ်မှာ အရိပ်ရဲ့မိဘတွေမရှိမှန်း ကျုပ်သိတယ် ကိုအက္ခရာမောင်..."
"ငါ ဆွေးနဲ့ဖုန်းပြောချင်တယ်... "
"ဘာအကြောင်းပြောမှာလဲ... အရိပ်ရဲ့မိဘတွေမရှိဘူးဆိုတဲ့အကြောင်းလား..."
"ငါ မင်းဆီက တောင်းဆိုနေတာပါ ရှိန်းအာကာ... ငါ ဆွေးနဲ့ ဖုန်း ခနပဲပြောမှာပါ..."
ရှိန်း သစ်ပင်ကြီးကို လက်နဲ့ထောက်ထားလိုက်ကာ
"တော်စမ်းပါဗျာ... ဒီနေ့ကစပြီး ခင်ဗျား အရိပ်ကိုလာမပတ်သက်ပါနဲ့တော့..."
"ငါတောင်းပန်ပါတယ် ရှိန်းအာကာရာ... ဒါဟာ ငါ ဆွေးရဲ့အသံကို နောက်ဆုံးအကြိမ်ကြားတာပဲ ဖြစ်ရမှာပါ... အဲ့ဒါကြောင့် ငါ တောင်းဆိုနေတာပါ..."
သူပြောနေတာတွေကို ရှိန်း စဉ်းစားသွားမိလေသည်။ သူပြောတာ ဘာအဓိပ္ပါယ်လဲ။ အရိပ်ရဲ့အသံကို နောက်ဆုံးကြားရခြင်းပဲဆိုတော့ သူက ဘာဖြစ်နေလို့လဲ။
"မင်း မလိုက်လျောပေးနိုင်ဘူးလား... နောက်ဆို ငါ ဆွေးကို ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး... အဲ့ဒါကြောင့် တောင်းဆိုနေတာပါကွာ..."
သူ အရိပ်ကိုလှမ်းကြည့်လိုက်တော့ အရိပ်က ကိုအက္ခရာမောင်လာမယ့်လမ်းကိုသာ မျှော်ကြည့်နေလေ တော့သည်။
"ကောင်းပြီလေ... ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ..."
"အင်း... စိတ်ချပါ..."
"ဒါဆို ခနကိုင်ထား..."
"အင်း..."
ရှိန်း အရိပ်ရှိနေတဲ့နေရာဆီသို့ လျှောက်သွားလိုက်ကာ
"အရိပ်..."
"ကိုလေး... ခနလေးနော်... သူ လာတော့မှာပါ..."
သူ အရိပ်ကို ဖုန်းပေးလိုက်ကာ
"ဒီမှာ သူဖုန်းဆက်တာ... အရိပ်နဲ့စကားပြောချင်လို့တဲ့..."
"ရှင်..."
ဆွေး အ့ံသြသွားကာ ကိုလေးလက်ထဲကဖုန်းကိုယူလိုက်လေသည်။
"ဟယ်လို..."
"ဆွေး... ကိုယ်ပါ..."
"ဟုတ်ကဲ့... ဆွေးရဲ့မိဘတွေကို ခေါ်ခဲ့မယ်ဆို..."
"ကိုယ်တောင်းပန်ပါတယ် ဆွေးရယ်... ဆွေးမိဘတွေကို ကိုယ့်မေမေက အလုပ်ထုတ်ပစ်လိုက်တယ်... အခု ဘယ်ကိုထွက်သွားတယ်ဆိုတာ ကိုယ်မသိသေးဘူး..."
"ဟင်..."
သူက ဘာပြောနေမှန်းမသိ အရိပ်က အ့ံသြနေ၏။ အရိပ်ရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်လာလေတော့သည်။
"ဘာလို့လဲ... ဖေဖေနဲ့မေမေက ရှင့်ရဲ့မေမေကို ဘာများလုပ်လို့ အလုပ်ထုတ်ပစ်ရတာလဲ..."
"ကိုယ် ဆွေးကိုချစ်မိလို့ပါ..."
"ဒါဆို ရှင် ဆွေးကိုမချစ်ပါနဲ့တော့..."
ဟင်... ဟိုလူ အရိပ်ကို ရည်းစားစကားပြောပြန်ပြီလား။
"ချစ်နေတဲ့သူတစ်ယောက်ကို မချစ်နဲ့လို့ ပြောလို့မှမရတာ ဆွေးရယ်... ကိုယ်ကတော့ ဆွေးကို ထာဝရချစ်သွားမှာပါ..."
"ဆွေး... ဖေဖေနဲ့မေမေ့ကိုတွေ့ချင်တယ်... ဆွေးဘဝမှာ ဖေဖေနဲ့မေမေရှိရင် အရာရာပြည့်စုံပါတယ်..."
"ဆွေးရယ်... ကိုယ် ဆွေးမိဘတွေကို တွေ့အောင် ပြန်ရှာပေးပါ့မယ်... ဒါတွေအားလုံးက ကိုယ့်ကြောင့် ဖြစ်ရတာမို့လို့ ကိုယ်တောင်းပန်ပါတယ်... ဒါပေမယ့် ကိုယ့်ကိုတော့ မမုန်းလိုက်ပါနဲ့ဆွေးရယ်..."
ငိုချင်စိတ်က ပိုများလာလေတော့သည်။
"ဆွေးလည်း ကိုယ့်ကိုချစ်တယ်မို့လားဟင်..."
ဆွေး သူ့ကိုပြန်မဖြေမိပါ။ ဘေးမှာ ကိုလေးကလည်းရှိနေသဖြင့် ဆွေး ဘာမှမပြောရဲခဲ့။ ဒီလိုအချိန်မှာတောင် ချစ်လားလို့မေးနေတဲ့သူ့ကို ဆွေး ဘယ်လိုနားလည်ပေးရမှန်းမသိတော့။ သူ ဆွေးကို တကယ်ပဲချစ်နေ လို့လား။
"ကိုယ် သိပါတယ် ဆွေးရယ်... ဆွေး ကိုယ့်ကိုချစ်နေတယ်ဆိုတာ ကိုယ့်နှလုံးသားလေးက အလိုလိုသိနေတာမို့လို့ ဆွေးပါးစပ်က မဖြေလည်း ကိုယ်သိနေပါတယ်..."
"ဆွေး... ဖေဖေနဲ့မေမေ့ကို ပြန်ရှာပေးပါ..."
"အင်းပါ... ကိုယ့်ယောက္ခမတွေကို ကိုယ်ပြန်ရှာပေးပါ့မယ်..."
သူ့စကားကြောင့် ဆွေး ငိုချင်စိတ်တောင် ဘယ်ရောက်သွားမှန်းမသိခဲ့။ သူ့အမေက ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေတာကို သူက ဆွေးကို ချစ်တယ်တဲ့လား...?
"အရိပ် ကိုယ့်ကိုဖုန်းပေးတော့..."
ဆွေး ကိုလေးကိုဖုန်းလှမ်းပေးလိုက်တော့ ကိုလေးက ဖုန်းကိုယူလိုက်ကာ ဆွေးရှေ့ကနေ ထွက်သွား၏။
"ခင်ဗျားပြောချင်တာပြောပြီးပြီဆိုတော့ အရိပ်နဲ့လုံးဝမပတ်သက်ပါနဲ့တော့..."
ဆွေးနဲ့ဖုန်းပြောလိုက်ခြင်းက သူ့ဘဝအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ် လိုက်တယ်ဆိုတာကိုတော့ နတ်ဆိုးက သိတဲ့ပုံမပေါ်ပေ။ အ,လို့ပဲလား... သူသရုပ်ဆောင်တာကို ယုံကြည် လို့ပဲလားတော့ သူလည်းမပြောတတ်တော့။ သေချာတာတစ်ခုကတော့ ဆွေး သူ့ကိုချစ်တယ် ဆိုတာကို သူ သေသေချာချာသိလိုက်ပြီဆိုတာပဲဖြစ်သည်။
"မင်းကို တကယ်ကျေးဇူးတင်ပါတယ် ရှိန်းအာကာ... ဒီတစ်ဘဝလုံး မင်းရဲ့ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူး..."
အပိုတွေပြောနေတဲ့သူ့စကားကို နားမထောင်ချင်တော့တာနဲ့ ရှိန်း ဖုန်းကိုချပစ်လိုက်၏။
"အရိပ်..."
"ကိုလေး... ဖေဖေနဲ့မေမေကို သူ့အမေက အလုပ်ထုတ်ပစ်တာတဲ့... ဆွေး ဖေဖေနဲ့မေမေ့ကို တွေ့ချင်တယ်..."
သူ အရိပ်ကို သနားသွားမိလေသည်။
"ကိုယ် ရှာပေးပါ့မယ် အရိပ်ရယ်..."
ကိုဖြိုးပြောထားတဲ့အတိုင်းဆိုတော့ သူ့စိတ်ထဲမှာ သိပ်မပူပန်တော့ပါ။ ဒါပေမယ့် ဟိုလူ အရိပ်ကိုဘာတွေပြောလဲဆိုတာတော့ သူ သိချင်မိသည်။
"သူ အရိပ်ကို ဘာတွေပြောသေးလဲ..."
ဆွေး ကိုလေးမျက်နှာကို မဝ့ံမရဲကြည့်လိုက်မိလေသည်။ ဆွေး ကိုလေးကို ကိုယ့်အကိုအရင်း တစ်ယောက် လို သဘောထားတာအမှန်ပါ။ ဆွေး ဘဝတစ်လျှောက်လုံးမှာ ဆွေး ဘာပဲဖြစ်ဖြစ် ကိုလေးကသာ ပထမဆုံးသိခဲ့ရသည်။ တစ်ချို့ပြဿနာတွေက ဆွေးမသိဘဲ ကိုလေးဖြေရှင်းခဲ့တာတွေရှိသည်။ အဲ့ဒါကြောင့် ဆွေးဘဝမှာ ကိုလေးကသာ အရိပ်လိုဖြစ်နေခဲ့သည်ဆိုလည်း မမှားပါ။ ဖေဖေနဲ့မေမေပြီးရင် ဆွေး သံယောဇဉ်ဖြစ်ရမယ့်လူဆိုလို့ ကိုလေးသာရှိသည်။
"အရိပ်... ပြောလေ..."
"သူ... ဆွေးဖေဖေနဲ့မေမေကို ပြန်ရှာပေးမယ်တဲ့ ကိုလေး..."
ရှိန်း ဆွေးရဲ့ဘေးမှာထိုင်လိုက်ကာ
"ဒါဆို အရိပ်ရဲ့မိဘတွေကို သူတို့အိမ်ကနှင်ချလိုက်တာပေါ့... ဘာဖြစ်လို့တဲ့လဲ..."
"သူ ဆွေးကို သဘောကျနေတာ သူ့အမေက သဘောမတူလို့တဲ့..."
အဖြစ်အပျက်တွေက ကိုရီးယားရုပ်ရှင်တွေထဲကလိုပင်ဖြစ်နေလေသည်။ ဒါမျိုးတွေကို သူသိပ်မုန်းတာ။
"အရိပ်... အရိပ်ကို ကိုယ်ပွင့်ပွင့်လင်းလင်းပဲမေးတော့မယ်... ကိုယ်မေးတာကို အမှန်အတိုင်းဖြေနော်..."
"ဟုတ်ကဲ့ ကိုလေး... ကိုလေးက ဆွေးအတွက်တော့ အကိုအရင်းတစ်ယောက်လိုပါပဲ... ဆွေး မလိမ်ပါဘူး..."
အကိုအရင်းတစ်ယောက်ဆိုတဲ့စကားကြောင့် သူ ပိုပြီးနာကျင်သွားမိလေသည်။ အရိပ်ရယ် အကိုအရင်းတဲ့လား... ကိုယ်က အရိပ်ကို ကိုယ့်ညီမလေးလိုသဘောထားပြီးချစ်ခဲ့တာမှမဟုတ်တာ။ ကိုယ့်ရဲ့ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ခဲ့တာလေ။
"အရိပ်ရော သူ့ကိုချစ်လား..."
ဆွေး ကိုလေးမျက်နှာကို မဝ့ံမရဲမော့ကြည့်လိုက်မိ၏။ ကိုလေးမျက်ဝန်းတွေက သိချင်စိတ်ပြင်းပြ နေသည့်မျက်လုံးတွေမျက်လုံးတွေမို့လို့ ဆွေး ဖြေရန် အားတင်းလိုက်ကာ
"ဆွေး... သူ့ကို သံယောဇဉ်ရှိတယ် ကိုလေး..."
"သံယောဇဉ်ဆိုတာကို ကိုယ်နားမလည်ဘူး အရိပ်... ကိုယ် သိချင်တာက အရိပ် သူ့ကိုချစ်လား..."
"ဆွေး... ဆွေး..."
ရှိန်း ဆွေးဆီကနေအကြည့်တွေကိုလွှဲလိုက်ကာ အံကြိတ်ပြီး လက်သီးကို အသာဆုပ်လိုက်လေတော့သည်။ အက္ခရာမောင်... အခုတော့ မင်းနဲ့ငါ တကယ့်ရန်သူတွေဖြစ်သွားပြီ။ အရိပ် ငါ့ဘဝထဲကထွက်သွားတဲ့တစ်နေ့ ကမ္ဘာပျက်တဲ့နေ့ပဲ...။
💕💕💕💕💕💕💕
လွမ်းလိုက်တာ ဆွေးရယ်။ ဖုန်းထဲက တရားမဝင်ရိုက်ထားတဲ့ သူမရဲ့ပုံလေးတွေကိုကြည့်ကာ ပြံုးလိုက်မိ၏။
"သားရေ ရတု လာနေတယ်... အောက်ကိုဆင်းခဲ့ပါဦးကွယ်..."
ခရာ မျက်နှာရှုံ့မဲ့သွားကာ
"ကျွတ်... ဘာလာလုပ်တာလဲမသိဘူး..."
သူ ဖုန်းကိုပိတ်လိုက်ကာ အခန်းထဲကထွက်လိုက်၏။ ထို့နောက် အောက်ထပ်ကိုဆင်းလိုက်လေသည်။ ဝှူး... ဘာတွေ ရှုပ်ရှုပ်ရှက်ရှက်လုပ်မှာလဲမသိဘူး။
"ခရာ..."
အဖြူရောင် အကျႌလက်ရှည်ကို ဂျင်းအပြာနဲ့တွဲဝတ်ထားတဲ့ အိမ်နေရင်းနဲ့သူ့ပုံစံလေးက ရတုမျက်လုံး ထဲမှာတော့ အချောဆုံးမင်းသားလေးတစ်ပါးပါပဲ။
ခရာ ရတုကိုတစ်ချက်ကြည့်လိုက်ကာ ဧည့်ခန်းထဲက ခုံမှာဝင်ထိုင်လိုက်လေသည်။
"မေမေ စားစရာတစ်ခုခုသွားလုပ်လိုက်ဦးမယ်နော်..."
ရတု ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ပါ အန်တီ..."
ဒေါ်နှင်းဆီ ဧည့်ခန်းထဲကနေ ထွက်သွားတာကိုကြည့်ပြီးမှ ရတု ခရာ့ကိုကြည့်လိုက်ပြီး
"ခရာ..."
"ဘာကိစ္စလဲ..."
"ဟိုလေ..."
နှစ်ဖက်မိဘတွေသဘောတူပေမယ့် လူငယ်ချင်းမရင်းနှီးသေးတော့ သူမ ခရာနဲ့ရင်းနှီးချင်သည်။ အဲ့ဒါကြောင့်လည်း ဒီအိမ်ကို အမြဲအဝင်အထွက်လုပ်ချင်တာ။ အခုလည်း အဲ့ဒါလေးပြောဖို့အတွက် ခရာ့ကို မြင်တော့ ရင်တွေခုန်လွန်းလို့ ဘာပြောရမှန်းမသိဖြစ်သွားမိလေသည်။
"ဆောင်းရတု မင်း ဘာပြောစရာရှိလို့လဲ..."
"ဪ... ဟိုလေ... ရတုတို့ ရင်းရင်းနှီးနှီး... "
ခရာ သူမကိုသေချာကြည့်လိုက်မိတော့ သူမက ခေါင်းငုံ့သွားကာ
"တစ်ချိန်ချိန်ကြရင် ရတုတို့က လက်ထပ်ရမယ့်သူတွေပဲလေ... အဲ့ဒါကြောင့် အခုကတည်းက ရတု ခရာနဲ့ရင်းရင်းနှီးနှီးစကားပြောချင်လို့ပါ..."
"စကားပြောရုံပဲဆိုရင်တော့ ကျွန်တော်မအားဘူး... မနက်ဖြန်ရိုက်ကွင်းအတွက် ဒိုင်ယာလော့တွေ ဖတ်ရဦးမှာ..."
ရတု မျက်နှာပျက်သွားမိလေသည်။ ဒါပေမယ့် ချက်ချင်းပဲပြံုးလိုက်ကာ
"ခရာက အချိန်မရဘူးဆိုလည်း ရတု အချိန်တွေအများကြီး မတောင်းပါဘူး... ရတုကို ဆယ်မိနစ် လောက်ပဲဖြစ်ဖြစ် အချိန်ပေးပါနော်..."
ခရာ ခြေထောက်တစ်ဖက်ပေါ်ကို ခြေထောက်တစ်ဖက်တင်လိုက်ကာက်ပိုက်လိုက်ပြီး
"ပြော..."
ရတု ပျော်သွားကာ
"ရတုမှာ ခရာမကြိုက်တဲ့အချက်တွေရှိရင် ပြောပေးပါ... ရတု အကုန်ပြင်ပေးပါ့မယ်..."
မင်းရဲ့ရုပ်ရည်ရော အကျင့်စရိုက်ရော တစ်ခုမှမကြိုက်ဘူးလို့များ ပြောလိုက်ရင် ဘယ်လိုနေမလဲလို့ ခရာ စဉ်းစားမိလိုက်ပေမယ့် မပြောဖြစ်ခဲ့ပါ။ စိတ်ကူးထဲမှာ ဘယ်တုန်းကမှ မရှိခဲ့သူမို့ သူ့အကြောင်း တွေလည်းမသိချင်ခဲ့။ သူ့စိတ်ထဲမှာရှိတာဆိုလို့ ဆွေးတစ်ယောက်ပဲရှိတာ။
"မင်း တကယ်ပြောတာလား..."
"အင်း..."
"ကောင်းပြီလေ... ငါ မင်းကို..."
"ကဲ... မေမေ အအေးပဲဖျော်လာခဲ့တယ်... သားတို့ စကားအေးအေးဆေးဆေးစကားပြောရင်းနဲ့ သောက်ကြနော်..."
မေမေ့ကြောင့် သူ ပြောလက်စစကားကို ဖြတ်လိုက်၏။
"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ..."
"ရပါတယ် သမီးလေးရယ်... အန်တီ မီးဖိုထဲပြန်ဝင်လိုက်ဦးမယ်နော်..."
"ဟုတ်ကဲ့ပါ အန်တီ..."
ဒေါ်နှင်းဆီ မီးဖိုထဲပြန်ဝင်သွားတော့ ရတု ခရာ့ကိုကြည့်လိုက်ကာ
"ခရာ... ရတုကိုဘာပြောမလို့လဲ..."
ကျွတ်... ပြောချင်တဲ့စကားက ဘယ်ရောက်သွားမှန်းမသိပေ။
"မင်း သိနေတယ်မို့လား ဆောင်းရတု..."
"ဟင်... ဘာကိုလဲ..."
နားမလည်စွာပြန်မေးနေတဲ့ သူမရဲ့မျက်နှာကို ခရာကြည့်လိုက်ကာ
"ကျွန်တော် ဆွေးကိုချစ်နေတယ်ဆိုတာလေ..."
"ခရာ... ခရာ ဘယ်သူ့ကိုပဲချစ်ချစ် ရတုစိတ်မဝင်စားဘူး..."
ခရာ ပြံုးလိုက်ကာ သူမမျက်နှာကို သေချာကြည့်လိုက်ပြီး
"မင်းပြောချင်တဲ့သဘောက  ကျွန်တော် ဘယ်သူ့ကိုပဲချစ်ချစ် တစ်ချိန်ချိန်မှာ ကျွန်တော် လက်ထပ်ရမယ့် လူက မင်းပဲလို့ပြောချင်တာလား..."
ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာပေမယ့် ရတု အံကြိတ်ကာတင်းခံလိုက်လေသည်။ ထို့နောက် အတတ်နိုင်ဆုံးပြံုးလိုက်ကာ
"ဆွေးအရိပ်ကရော ခရာ့ကိုချစ်လို့လား..."
"သူ့နှလုံးသားနဲ့ ကျွန်တော့်နှလုံးသားက ထပ်တူကျခဲ့ပြီးသားပဲ ဆောင်းရတု..."
သူမ မျက်နှာတစ်ချက်မဲ့သွားလေတော့သည်။ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီမို့လို့လား။
"အဲ့ဒါ ရတုနဲ့မဆိုင်ပါဘူး ခရာ... ရတုသိထားတာက ရတုနဲ့ခရာ မကြာခင်မှာ လက်ထပ်ရတော့မယ်ဆိုပဲ..."
"အဲ့ဒါဆိုရင် အခုလိုမျိုး ကျွန်တော်နဲ့အချိန်တွေလာမဖြုန်းပါနဲ့... ကျွန်တော်က ရတုလိုမျိုး အားနေတဲ့လူမဟုတ်ဘူး... ကျွန်တော့်ကိုခွင့်ပြုပါဦး..."
ဒေါသဘယ်လောက်ပဲထွက်ထွက် စကားပြောရင် သိမ်မွေ့တတ်တဲ့အကျင့်တစ်ခုကြောင့် ဒေါသထွက်နေ တယ်လို့တောင် ဘယ်သူကမှသိကြတာမဟုတ်ပေ။ အခုလည်း ခရာ ဒေါသထွက်နေပေမယ့် လေသံ ကတော့ပုံမှန်ဖြစ်နေခဲ့လေသည်။
"အင်းပါ ဒါဆို ရတုလည်းပြန်တော့မယ်... ဒါပေမယ့် ရတု ခရာ့ကို တစ်ခုလောက်တော့ပြောချင်ပါတယ်..."
ခရာ ခြေထောက်ကိုအောက်ချလိုက်ကာ သူမကိုကြည့်လိုက်တော့ သူမအကြည့်တွေကလည်း သူ့ဆီသို့ ရောက်လာပြီး
"ချစ်တိုင်းလည်းမညားဘူးဆိုတဲ့စကားကို ခရာ မေ့မထားပါနဲ့..."
"ဪ... ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်..."
"ဒါဆို ရတုကိုခွင့်ပြုပါဦး..."
"အိုကေ..."
သူမ စိတ်ဆိုးဆိုးနဲ့ ပိုက်ဆံအိတ်ကိုယူလိုက်ကာ အိမ်ထဲကနေ ထွက်လာလိုက်လေသည်။ အိမ်ထဲကို ဝင်လာတဲ့ကားတစ်စီးကြောင့် သူမ သေချာကြည့်လိုက်တော့ တိမ်လွှာ့ရဲ့ကားဖြစ်နေ၏။ သူမကြည့်နေတုန်း မှာပဲ တိမ်လွှာက ကားပေါ်ကဆင်းလာကာ
"ရတု... ကိုကို့ဆီလာတာလား..."
သူမ တိမ်လွှာ့ကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ကားပေါ်ကိုတက်လိုက်ကာ ကားတံခါးကိုဆောင့်ပြီး ပိတ်လိုက်လေသည်။ ထို့နောက် အိမ်ထဲကနေ ကားမောင်းထွက်သွားတော့၏။
တိမ်လွှာ ခေါင်းကုတ်လိုက်ကာ ကားမောင်းထွက်သွားတဲ့ရတုရဲ့ကားကိုလှမ်းကြည့်လိုက်ပြီး
"ကိုကိုနဲ့ ဘာတွေဖြစ်တာလဲ မသိဘူး..."
တိမ်လွှာ အိမ်ထဲကိုဝင်လိုက်တော့ ကိုကိုက ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးထိုင်ကာ ပြံုးနေလေသည်၊
"ကိုကို..."
"ဟာ ညီ..."
တိမ်လွှာ ကိုကို့ဘေးမှာ ဝင်ထိုင်လိုက်ကာ
"ကိုကို ရတုက ကိုကို့ဆီလာတာလား..."
"အင်း ဟုတ်တယ် ညီ..."
"သူ ကိုကို့ကို ဘာတွေပြောတာလဲ..."
"အဲ့ဒီ့မိန်းမ ကိုကို့ကို တကယ်များ ကြိုက်နေတာလား မသိပါဘူး ညီရယ်... လက်ထပ်မယ့်အကြောင်း လာပြောနေတာ... အဲ့ဒါနဲ့ကိုကိုလည်း ကိုကိုဆွေးကိုချစ်တဲ့အကြောင်း ပြောပြလိုက်တယ်..."
"ဟင်... အဲ့တော့ ဘယ်လိုဖြစ်သွားတာလဲ..."
"ဟင်း..."
ခရာ သက်ပြင်းပဲချလိုက်မိ၏။
"မိဘတွေက အမြန်ဆုံးလက်ထပ်စေချင်တာ ကိုကိုသိတယ် ညီ... အဲ့ဒါကြောင့် သူ ကိုကို့ကို စကားတွေသိပ်မပြောခဲ့ပါဘူး... တစ်ချိန်ချိန်မှာ သူ ကိုကို့ကို ပိုင်ဆိုင်ရမယ်လို့ အပိုင်တွက်ထားတာ ညီ ..."
"ကိုကိုရယ်..."
တိမ်လွှာ ကိုကို့ကို သနားသွားမိလေသည်။
"ကိုကို ဆွေးကိုပဲချစ်တယ်... ဆွေးကလွဲပြီး ဘယ်မိန်းမကိုမှ ကိုကို လက်မထပ်ဘူး ညီ..."
ကိုကိုပြောတဲ့စကားတွေကို သူ နားလည်တစ်ချက် နားမလည်တစ်ချက်ဖြစ်နေလေတော့သည်။
"ဒါဆို ကိုကို ဘယ်လိုလုပ်မှာလဲ..."
"နောက်ဆုံးအချိန်ထိ ကိုကို ဆွေးကိုပဲ ချစ်သွားမှာ... မေမေတို့ ဘယ်လောက်ပဲခွဲခွဲ ကိုကို ဆွေးကိုပဲလက်ထပ်မယ်... တကယ်လို့ နတ်ဆိုးက ကိုကို့ကို တစ်ခုခုလုပ်ခဲ့မယ်ဆိုရင်တောင် ကိုကိုကတော့ လက်မလျှော့ဘူး..."
"ညီ နားလည်တယ် ကိုကို... ကိုကို ဆွေးအရိပ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ညီ နားအလည်ဆုံးပါ ကိုကိုရယ်..."
"တကယ်လို့ မိဘတွေ ဇွတ်အတင်း စီစဉ်လာခဲ့မယ်ဆိုရင် ကိုကိုကတော့ ဆွေးကို ခိုးပြေးမှာပဲ ညီ..."
"ဗျာ..."
ကိုကိုကတော့ စိတ်ထဲရှိတဲ့အတိုင်း လုပ်မယ့်သူဆိုတာ သူ သိနေသည်။
ဟုတ်တယ် သူ အားလုံးစဉ်းစားထားပြီးသား။ ဆွေးနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်ထိ သူ စဉ်းစားထားခဲ့ပြီး သားပါ။ လုပ်စရာရှိတာတွေကိုလည်း သူ အခုကတည်းက ပြင်ဆင်ထားပြီးပြီ။ အခုကောင်းအခွင့်ကောင်းနဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အရိပ်အခြည်ကို ကြည့်နေလို့သာ သူ ကြာနေတာ။ အခြေအနေတွေ ဒီ့ထက် ဆိုးမလာခင် သူ လုပ်ရမယ့်အလုပ်တွေကို လုပ်တော့မယ်။ အဲ့ဒါကတော့ ဆွေးနဲ့နီးစပ်ဖို့အတွက်ပေါ့။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora