💕ချစ်သောကိုကို💕
💖အခန်း(၂၇)💖
ဟင်း... ဘာလို့ စိတ်ထဲမှာ ဒီလောက်တောင် ပင်ပန်းနေတာလဲ။
သူမ ခြံထဲမှာတစ်ယောက်ထဲထိုင်နေရင်းကနေ တွေးနေမိလေသည်။ ကိုလေး အိမ်ပြန်မလာတာလည်း ကြာပြီ။ အန်တီခင် ဖုန်းဆက်ရင်ကိုင်ပေမယ့် ဆွေး ဆက်ရင်တော့ ဘယ်တော့မှမကိုင်ပေ။ ကိုလေး ဆွေးကို မုန်းသွားပြီထင်တယ်။ မုန်းလိုက်ပါ ကိုလေးရယ်... အဲ့ဒါမှ ကိုလေးရော ဆွေးရော ကိုကိုရော ဘယ်သူမှ မခံစားရမှာ။
"အရိပ်..."
"ဟင်..."
ဆွေး အ့ံသြသွားကာ နောက်ကိုလှည့်ကြည့်လိုက်တော့ ကိုလေးက ခြံအပြင်ကနေ ခေါ်နေတာဖြစ်သည်။ ဆွေးထိုင်နေတဲ့ခုံက ခြံကိုကျောပေးထားတာမို့လို့ ကိုလေးရောက်နေတာကို မမြင်တာဖြစ်သည်။ ဆွေး ထိုင်နေရာကနေ ကိုလေးရှိနေတဲ့နေရာကို ထသွားလိုက်၏။
"ကိုလေး..."
ကိုလေးမျက်နှာက တော်တော်လေးကို ချောင်ကျသွားသည်ဟု ဆွေး ထင်မိသည်။ အခုလည်း ကိုလေးမျက်နှာမကောင်း။
"ကိုလေး... အထဲဝင်လေ ..."
ဆွေး ခြံတံခါးကိုကိုင်ထားကာ ဆွဲဖွင့်မယ်လုပ်လိုက်တော့ ကိုလေးက အပြင်ကနေ ဆွေးရဲ့လက်တွေကို သူ့လက်နဲ့ဆုပ်ကိုင်ထားလိုက်ကာ
"ကိုယ် တစ်ခုပဲမေးမယ် အရိပ်..."
"ဟုတ် မေးပါ ကိုလေး... ဒါပေမယ့် ဆွေးရဲ့လက်ကိုတော့ လွှတ်ပါနော်..."
ရင်ထဲကဖြစ်ပေါ်လာတဲ့ဝေဒနာက အမည်သာဖော်မရတာ ခံစားရတာတော့ သေရတာထက်တောင်မှ ဆိုးမယ်လို့ ရှိန်း တွေးလိုက်မိ၏။ ထို့နောက် ခေါင်းကိုအသာငြိမ့်ကာ ဆုပ်ကိုင်ထားတဲ့ အရိပ်ရဲ့ နွေးထွေးနေတဲ့လက်တစ်စုံကို လွှတ်ပေးလိုက်မိ၏။
"ကိုလေး... အိမ်ပြန်လာတာမို့လား..."
"အရိပ်က ကိုယ့်ကို အိမ်ပြန်လာစေချင်လို့လား..."
ဒါ ဆောင်းရတုပြောတဲ့ နံပါတ်တစ်သဘောတူညီချက်ဖြစ်သည်။ ပထမဆုံး သူ အရိပ်အနားကို ပြန်ကပ်ရမယ်။ ပြီးရင် အရိပ်သနားလာအောင် သူလုပ်ရမယ်။
"အမှန်အတိုင်းပြောရရင် ဆွေး ကိုလေးကို သတိရနေတာပါ ကိုလေးရယ်... အခုတောင် ကိုလေး အကြောင်းတွေးနေတာပါ..."
"ဟင်... အရိပ် တကယ်ပြောတာနော်..."
ခုနကခံစားနေခဲ့ရတဲ့ ဝေဒနာတွေတောင်မှ ဘယ်ကိုရောက်သွားမှန်းမသိတော့။ အရိပ်က သူ့ကို သတိရနေ တာတဲ့လား... အခုတောင် သူ့အကြောင်းတွေးနေတာဆိုတော့ သူနဲ့အရိပ် စိတ်ချင်းဆက်နေကြတာပေါ့။ ပျော်လိုက်ရတာ အရိပ်ရယ်။
"ဟုတ်တယ် ကိုလေးရဲ့... ကိုလေး ပိန်သွားလိုက်တာ ကြည့်ပါဦး မေးရိုးတွေတောင်ထွက်နေပြီ..."
သူ့မျက်နှာကို သေချာကြည့်နေတဲ့ အရိပ်ရဲ့မျက်နှာကို သူ ကြည်နူးစွာပြံုးပြီးကြည့်လိုက်မိလေသည်။
"ကိုယ့်ကို တံခါးဖွင့်ပေးဦးလေ အရိပ်..."
"ဟုတ်..."
အရိပ် တံခါးဖွင့်ပေးတော့ သူ အထဲကိုဝင်လိုက်ကာ တံခါးကိုပြန်ပိတ်ပေးလိုက်ပြီး
"လာ အရိပ်... ဟိုခုံမှာထိုင်ပြီး စကားပြောရအောင်..."
"ဟုတ် ကိုလေး..."
အရိပ် သူ့ကို တကယ်သတိရနေတာပဲ။
သူတို့နှစ်ယောက် ခုံမှာထိုင်လိုက်ကြ၏။
"ကိုလေး... နေကောင်းရဲ့လား..."
သူမမေးခွန်းကို သူ ပြံုးပြီးခေါင်းငြိမ့်ပြလိုက်ကာ
"အင်း... ကောင်းပါတယ် အရိပ်ရဲ့... ဘာဖြစ်လို့လဲ..."
"ကိုလေးရယ်... နောက်ဆို အိမ်ပေါ်ကနေ ဆင်းမသွားပါနဲ့... အခု ကိုလေးမျက်နှာက တော်တော်လေး ချောင်ကျသွားတာပဲ..."
သူ သူ့ပါးတွေကို ယောင်ယမ်းပြီး ကိုင်ကြည့်လိုက်ကာ
"ကိုယ်ကတော့ ဘာမှမဖြစ်သလိုပါပဲ..."
"အင်းပါ နောက်ဆို ဘယ်မှမသွားနဲ့နော်..."
"အင်းပါ... ကိုယ် အရိပ်စကားကို နားထောင်ပါ့မယ်..."
သူမစိတ်ထဲမှာ ပျော်တာလား ကြည်နူးတာလား အ့ံသြနေမိတာလား မပြောတတ်တော့ပေ။ ကိုလေးက သူမစကားကို နားထောင်ပါ့မယ်တဲ့လား။ ကိုလေး ဘယ်တုန်းကများ အဲ့လိုပြောဖူးလို့လဲ။
"ကိုယ် ဗိုက်ဆာတယ် အရိပ်..."
"ဟင် ဟုတ်လား ကိုလေး... အတော်ပဲ ဒီနေ့ ဆွေး ကိုလေးကိုသတိရနေတာနဲ့ ကိုလေးကြိုက်တတ်တဲ့ ငါးခေါင်းဟင်းချိုနဲ့ မန်ကျည်းသီးစိမ်းလေးထောင်းပေးထားတယ်..."
ရှိန်းရင်ထဲမှာ ပိုပြီး ကြည်နူးမိသွားပြန်လေသည်။ သူ့ကိုသတိရလို့ သူကြိုက်တတ်တဲ့ဟင်းလေးတွေကို အရိပ်ကချက်ပေးထားတယ်တဲ့။ ဒီအပြုအမူလေးတွေကြောင့် ဒီကောင်ကြီးက သေလောက်အောင် ချစ်နေ ရတာကို အရိပ် နားမလည်တာတော့ သူ စိတ်မကောင်းဖြစ်မိသည်။
"ဒါဆို ကိုယ့်ကိုထမင်းခူးပေးလေ ကိုယ် အခုစားမယ်..."
"ဟုတ်... သွားမယ်လေ ကိုလေး..."
ကိုလေးကြိုက်တတ်တဲ့ ဟင်းလေးတွေချက်ထားသဖြင့် ကိုလေးအားရပါးရစားမှာကို မြင်ယောင်မိကာ ဆွေး ကျေနပ်စွာ ပြံုးလိုက်မိလေတော့သည်။
💕💕💕💕💕💕💕
"သေချာတယ်နော် ညီ..."
"ဟုတ်တယ် ကိုကို... ကိုကို့အစီအစဉ်ကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ အခုချက်ချင်း လုပ်တာကောင်းမယ်... ဘာလို့လဲဆိုတော့ နတ်ဆိုးက အိမ်ပြန်ရောက်နေပြီ... "
"ဟုတ်လား ညီ... ဒါဆို ကိုကိုတော့ ဆွေးအတွက် ပိုပြီးစိုးရိမ်လာပြီ ညီရယ်... သူ့မှာ အကြံအစည်တွေ ရှိနေတယ်... သူကိုယ်တိုင် ကိုကို့ကိုဖုန်းဆက်ပြီး သတိထားနေဖို့ပြောတယ်..."
အခုလောလောဆယ်မှာ အခြေအနေက နတ်ဆိုးလက်ထဲမှာလို့ ပြောလို့ရတဲ့အခြေအနေပင်။ တိမ်လွှာ လက်ကနာရီကိုကြည့်လိုက်ကာ
"ကိုကို ဒါဆို အခုပဲ ဆွေးအရိပ်ကို သွားတွေ့ပြီး တစ်ခါထဲသာ ခိုးပြေးသွားတော့ ကိုကိုရာ..."
"ညီ... ဖြစ်ပါ့မလား... "
ကိုကို့စကားကြောင့် သူ စိတ်မရှည်ဖြစ်သွားလေတော့သည်။
"ကိုကို တွေဝေနေပြန်ပြီလား..."
"မဟုတ်ဘူး ညီ... ကိုကို ဆွေးအတွက် စဉ်းစားနေတာပါ..."
"စဉ်းစားနေရင် ဝေးရတော့မှာ ကိုကိုရဲ့... ကိုကိုလည်း မင်္ဂလာပွဲကနီးနေပြီ... ဆွေးအရိပ်ရဲ့ဘေးမှာလည်း နတ်ဆိုးဆိုတဲ့ကောင်က အဆင်သင့်ရှိနေပြီနော်..."
"ကိုကိုသိတယ် ညီ... ဆွေးကိုတော့ ဘယ်နည်းနဲ့မှ စွန့်လွှတ်မှာမဟုတ်ဘူး... "
VOUS LISEZ
ချစ်သောကိုကို (Completed)
Roman d'amourနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...
