အခန်း(၂၄)

39 2 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၄)💖

"တကယ်ပဲ ကိုကိုအဲ့လိုလုပ်ခဲ့တာလား... တောင်းရမ်းစားသောက်သူတစ်ယောက်လိုလေ..."
ကိုကို့မျက်နှာက အရမ်းကိုပြံုးနေ၏။
"ဟုတ်တယ် ညီ... ဘာပဲဖြစ်ဖြစ် ကိုကိုကတော့ ဆွေးဆီက အဖြေရလို့ အရမ်းပျော်နေတာပဲသိတယ်..."
ဟုတ်ပါတယ်... ကိုကို့မျက်နှာက အရမ်းကိုပျော်နေသည့်ပုံပင်၊ တိမ်လွှာ ကိုကိုပြောနေတဲ့စကားတွေကို မယုံရဲယုံရဲဖြင့်သာယုံနေရတာ။ ကိုကိုမဟုတ်ဘဲ တခြားလူသာပြောမယ်ဆိုရင် တိမ်လွှာယုံမှာမဟုတ်ပေ။
ကိုကို စျေးထဲသွားပြီး ဆွေးအရိပ်ဆီက အဖြေတောင်းခဲ့တာတဲ့။ အဖြေတောင်းတာကို စျေးပေါက်ဝက တောင်းရမ်းစားသောက်နေတဲ့ လူတစ်ယောက်ရဲ့အဝတ်အစားတွေဝတ်ပြီးတော့တဲ့။ ကိုကို့လို အသန့် ကြိုက်တဲ့လူတစ်ယောက်က အဲ့လိုမျိုးတွေလုပ်ခဲ့တယ်ဆိုတာ သူ ဘယ်လိုမှမယုံနိုင်ခဲ့။
"ကိုကိုရယ် တကယ်လို့မီဒီယာတစ်ခုခုကသာ သိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ..."
"ဟင့်အင်း... ကိုကိုဂရုမစိုက်ပါဘူး..."
"အဲ့လောက်ထိ စွန့်စားဖို့လိုလို့လား ကိုကိုရဲ့..."
ခရာ့အကြည့်တွေက တိမ်လွှာဆီသို့ရောက်သွားကာ
"လိုတာပေါ့ ညီရယ်... ကိုကိုချစ်မိတဲ့သူက သာမန်လူတစ်ယောက်မှမဟုတ်တာ... နတ်ဆိုးတစ်ကောင်ရဲ့ လှောင်အိမ်ထဲက နတ်သမီးလေးတစ်ပါးကို ချစ်ခဲ့မိတာလေ ညီရဲ့..."
"ဒါတော့ဒါပေါ့ကိုကိုရယ်... ကိုကို့လုပ်ရပ်တွေက ကိုကို့အပေါ်ပဲသက်ရောက်မှာမဟုတ်ဘူး နတ်ဆိုးသိသွား ရင် ဆွေးအရိပ်အပေါ်မှာလည်း သက်ရောက်မှုတွေရှိနေတယ်နော်..."
ဧည့်ခန်းထဲမှာ ညီအကိုနှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောနေကြသည်။ မေမေက ခုလေးတင်ပဲ အပြင်ထွက်သွားတာဆိုတော့ ချက်ချင်းပြန်လာမှာမဟုတ်။
"ကိုကို သိပါတယ်ညီရယ်... နတ်ဆိုးကလည်း ဆွေးကိုကြိုက်နေတာပဲ... ဒါပေမယ့် ဆွေးက သူ့ကိုမှ မကြိုက်တာ..."
"ကိုကိုပြောတာဟုတ်ပါတယ်... ညီပြောချင်တာက ကိုကိုပျော်နေတာတွေ့ရတော့ ညီအရမ်းဝမ်းသာတယ်... ဒါပေမယ့် ဆွေးအရိပ်က ကိုကို့ကိုအဖြေပြန်ပေးတာကို နတ်ဆိုးသိသွားမှာတော့ ညီစိုးရိမ်တယ် ကိုကို..."
တိမ်လွှာ့စကားကြောင့် ခရာ ခေါင်းငြိမ့်လိုက်ကာ သက်ပြင်းချလိုက်မိလေသည်။
"ဟုတ်တယ် ကိုကိုလည်း အဲ့ဒါကိုစိတ်ပူတယ်... "
"နတ်ဆိုးက ဆွေးအရိပ်ရဲ့မိဘတွေကို တွေ့အောင်ပြန်ရှာပေးထားတယ်ဆိုတာ သူ့မှာ တခြားအကြံတစ်ခုခု ရှိလိမ့်မယ်... အဲ့ဒါဟာ သူ ဆွေးအရိပ်ကိုပိုင်ဆိုင်ရမယ့်အကြံဆိုရင် ကိုကိုဘယ်လိုလုပ်မလဲ..."
ရုတ်တရက် ခရာ စိုးရိမ်သွားမိကာ မျက်နှာပျက်သွားမိလေသည်။ ဒါပေမယ့် ချက်ချင်းပဲ ပြံုးလိုက်ကာ
"အရင်ကလိုသာဆိုရင်တော့ ကိုကို စိုးရိမ်မိမှာအမှန်ပဲ ညီ... ဒါပေမယ့် အခုတော့ ကိုကိုမစိုးရိမ်တော့ပါဘူး... ဘာလို့လဲဆိုတော့ အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိပစ္စုပ္ပန်မှာ ဆွေးက ကိုကို့ရဲ့ချစ်သူပဲလေ... နတ်ဆိုး ကိုကို့လက်ထဲက လုယူလို့မရတော့ပါဘူး ညီရယ်..."
ကိုကိုယုံကြည်နေတာ ဘယ်အရာကိုမှန်း တိမ်လွှာတွေးလို့မရခဲ့။ ဆွေးအရိပ်ကိုယုံကြည်တာလား... ဒါမှမဟုတ် ဆွေးအရိပ်က ကိုကို့ကိုချစ်နေတဲ့အကြောင်း နတ်ဆိုးသာသိရင် လက်လျှော့သွားမယ်လို့ ယုံကြည်နေတာပဲလား။
"ပစ္စုပ္ပန်ဆိုတာ အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာ ကိုကိုမမေ့ထားပါနဲ့... ချစ်တယ်ဆိုတဲ့ အဖြေလေးရလိုက်တာနဲ့ ကိုကို ဆွေးအရိပ်ရဲ့ဘဝကို ပိုင်ဆိုင်သွားတာမဟုတ်ဘူး... နတ်ဆိုးရဲ့လောင်းရိပ် ကနေ လွတ်သွားမှပဲ ကိုကို ဆွေးအရိပ်ကိုပိုင်ပြီလို့ သတ်မှတ်လို့ရမှာနော်..."
ညီက စိုးရိမ်စိတ်ကြောင့် ပြောနေတာကို သူသိသဖြင့် နားလည်စွာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကိုကိုနားလည်တယ် ညီ... ကိုကို ဆွေးကို နတ်ဆိုးရဲ့လောင်းရိပ်အောက်ကနေ ကိုကို့အချစ်တွေနဲ့ပဲ ဆွဲထုတ်မှာပါ..."
"နောက်ပြီး ဆောင်းရတုရဲ့ကိစ္စကိုလည်း ကိုကို ပြတ်ပြတ်သားသားဆုံးဖြတ်ပါ..."
အဲ့ဒီ့နာမည်ကိုကြားတာနဲ့ စိတ်ထဲမှာ အလိုလိုရှုပ်ထွေးလာလေတော့သည်။ သက်ပြင်းရှည်တစ်ခုကို ခပ်လေးလေးချလိုက်ကာ
"ကိုကိုသိတယ် ညီ... အခုနောက်ပိုင်း သူလည်း ကိုကို့ဆီမလာပါဘူး... အဲ့ဒီ့လိုနဲ့ တဖြည်းဖြည်း သူ ကိုကို့ကို စိတ်ကုန်သွားလိမ့်မယ်..."
တိမ်လွှာ လက်ခါပြလိုက်ကာ
"ညီတော့မထင်ဘူး ကိုကို..."
"ဘာလို့လဲ ညီရယ်... ညီပဲစဉ်းစားကြည့်လေ... ဘယ်မိန်းကလေးက သူ့ကိုအရေးမလုပ်တဲ့ယောကျာ်း လေးကို အတင်းတွယ်ကပ်နေမှာလား..."
"အင်း..."
တိမ်လွှာ စဉ်းစားသလို မေးစေ့လေးကိုပွတ်လိုက်ကာ
"တခြားမိန်းကလေးသာဆိုရင်တော့ ကိုကိုပြောသလိုဖြစ်မှာအမှန်ပဲ... ဒါပေမယ့် ဆောင်းရတုကတော့ မထင်ဘူး... သူက ခေါင်းတော်တော်မာတာ ကိုကို..."
"ဟော... သားတို့တွေ ဘာလုပ်နေကြတာလဲ..."
မေမေပြန်ရောက်လာတာကို ကားသံမကြားလိုက်သဖြင့် သူတို့တွေ အငိုက်မိသွားကြလေသည်။ ရုတ်တရက်ကြီးဆိုတော့ အ့ံသြလည်းအ့ံသြသွားကြသည်။ မေမေထွက်သွားတာ နာရီဝက်တောင်မကြာ သေးဘူးလို့လည်း တွေးလိုက်မိ၏။ ဒါပေမယ့် ကံကောင်းစွာနဲ့ မေမေက ဘာကိုမှမကြားသလို ပြံုးနေ၏။
ဒေါ်နှင်းဆီ ခရာ့ဘေးမှာထိုင်လိုက်ကာ လက်ထဲက စက္ကူအိတ်ကိုချပေးလိုက်လေသည်။ ပန်းနုရောင် စာအိတ်လေးမို့လို့ ဖိတ်စာဆိုတာကို သူတို့သိလိုက်ကြ၏။
"ဘယ်သူ့ဖိတ်စာလဲ မေမေ..."
ဒေါ်နှင်းဆီ ပြံုးလိုက်ကာ
"ဖွင့်ကြည့်လိုက်လေ သားရဲ့..."
ခရာ စာအိတ်ထဲကနေ ဖိတ်စာကိုထုတ်လိုက်၏။ အကြည့်တွေက နာမည်တွေဆီမရောက်သေးဘဲ ဖိတ်စာပုံစံပေါ်မှာသာ ရောက်နေ၏။ ဖိတ်စာက ငွေရောင်ပုရပိုက်လိုလေးပင်။ ကြည့်ရတာ အနုပညာရှင် တွေထဲက တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲဖြစ်ရမယ်။ နန်းဆန်ပြီးလှတယ်။ သူသာ ဆွေးနဲ့မင်္ဂလာ ဆောင်ရင် ဒီထက်ပိုကောင်းမယ့် ဖိတ်စာမျိုးလုပ်ရမယ်။ ခရာ သဘောကျစွာပြံုးလိုက်ပြီး အကြည့်တွေက နာမည်နေရာသို့ရောက်သွားလေသည်။ ချက်ချင်းပဲ ခရာ့မျက်နှာက အပြံုးတွေပျောက်ကွယ်သွားကာ သွေးမရှိတော့သလို ဖြူစွတ်သွားကာ ဖိတ်စာကို ယောင်ယမ်းပြီး လွှတ်ချလိုက်မိ၏။
"ဟင်..."
"ကိုကို ဘာဖြစ်လို့လဲ..."
တိမ်လွှာ ကိုကို့ကိုကြည့်ကာ နားမလည်စွာမေးလိုက်တော့ ကိုကို့အကြည့်တွေက မေမေ့ဆီသို့ ရောက်သွားကာ
"မေမေ ဒီဖိတ်စာက... "
"ဟုတ်တယ် သား... သားနဲ့ရတုတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာ..."
မေမေ့စကားကြောင့် တိမ်လွှာအ့ံသြသွားကာ ကိုကို့လက်ထဲကလွတ်ကျသွားတဲ့ဖိတ်စာကို ကောက်ယူပြီး ဖတ်ကြည့်လိုက်၏။ တကယ်ပဲ ကိုကို့နာမည်နဲ့ ဆောင်းရတုနာမည်မို့လို့ မယုံကြည်နိုင်စွာ မေမေ့မျက်နှာကို ကြည့်လိုက်မိတော့သည်
"မေမေ... သားရဲ့ဆန္ဒကိုမမေးဘဲ မေမေ လုပ်ချင်တာလုပ်လိုက်တာပေါ့... ဟုတ်လား မေမေ..."
ဒေါ်နှင်းဆီ မျက်နှာကို အတတ်နိုင်ဆုံးပြံုးလိုက်ကာ သားဖြစ်သူကို သေချာကြည့်လိုက်ပြီး
"စေ့စပ်ပွဲတောင်ပြီးပြီပဲ သားရယ်... မင်္ဂလာဆောင်ဖို့အတွက် သားဆန္ဒကို မေမေက မေးရဦးမှာလား..."
"အဲ့ဒီ့စေ့စပ်ပွဲကရော သားဆန္ဒနည်းနည်းလေးတောင်ပါခဲ့လို့လား... ဒါတွေအားလုံးက မေမေ့ဆန္ဒတွေပါ မေမေရယ်..."
"ဟုတ်သားပဲမေမေရယ်... မင်္ဂလာဆောင်ကို ဘာလို့ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီးလုပ်ပစ်ရ တာလဲ... တကယ်ဆိုရင် မေမေ ကိုကိုနဲ့တိုင်ပင်သင့်တယ်... မင်္ဂလာပွဲက တစ်လတောင်မလိုတော့ဘူး..."
"တော်စမ်း မင်းတိမ်လွှာ... မင်းကိုကိုသာ တည်တည်ငြိမ်ငြိမ်နေနေမယ်ဆိုရင် မေမေ မင်္ဂလာပွဲကို ဒီလောက် မြန်မြန်လုပ်မိမှာမဟုတ်ဘူး... ရတုတို့ဘက်ကလည်း ဖိအားပေးမှာမဟုတ်ဘူး... မင်းကိုကိုက မူတွေပျက်နေလို့လေ..."
မေမေ့မျက်နှာက ဒေါသထွက်နေသဖြင့် တင်းမာနေလေသည်။ ခါးမထောက်ရုံတမယ် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ သူတို့ကိုမကြည့်ဘဲ ဧည့်ခန်းထဲက ပန်းချီကားကြီးဆီသို့ အကြည့်ကိုလွှဲထားလေသည်။
"မင်္ဂလာပွဲအတွက် ဖိတ်စာလုပ်ဖို့တောင် မေမေတို့ ကျွန်တော့်ကိုအသိမပေးဘူးဆိုတော့ ကျွန်တော်က ဘာလဲ မေမေ..."
ခရာ ဒေါ်နှင်းဆီကိုကြည့်ပြီး သူ့ကိုယ်သူလက်ညှိုးထိုးကာ မေးလိုက်လေသည်။
"ကျွန်တော်က မေမေတို့အမြင်မှာ မေမေတို့အရေးလုပ်စရာမလိုတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တာလား... ကျွန်တော်က မေမေတို့လိုရာပုံသွင်းခံနေရတဲ့ ဖယောင်းရုပ်တုတစ်ခုသက်သက်ပဲလား မေမေ... "
ဒေါ်နှင်းဆီ မျက်နှာကို အတတ်နိုင်ဆုံး ပြန်ပြင်လိုက်ကာ ခရာ့ရဲ့ခေါင်းကို ညင်သာစွာပွတ်သပ်လိုက်ပြီး
"သားတို့က တစ်ချိန်ချိန်မှာ မဖြစ်မနေလက်ထပ်ရမယ့်လူတွေပဲလေ သားရဲ့... အနှေးနဲ့အမြန်ပဲကွာတာပါ... နောက်ပြီး အခုတလော သားက အလုပ်တွေရှုပ်နေတာနဲ့ မေမေလည်း သတိမပေးတော့တာပါ..."
ခရာ မတ်တပ်ရပ်လိုက်ကာ
"ကောင်းပြီလေ... မေမေတို့ကြိုက်သလိုသာလုပ်တော့... သား ဘာမှမပြောတော့ပါဘူး... ဒါပေမယ့် သားဆန္ဒကိုမမေးဘဲလုပ်ခဲ့တာမို့လို့ နောက်မှ မေမေတို့အားလုံး နောင်တမရကြပါနဲ့... မေမေက ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီးလုပ်တာဆိုတော့ မေမေကတော့ နောင်တရမှာမဟုတ်ဘူးဆိုတာ သားသိပါတယ်..."
ခရာ စကားအပြတ်ပြောကာ အကြည့်တွေကိုလွှဲလိုက်ကာ အိမ်အပေါ်ထပ်က သူ့အခန်းဆီသို့ တက်လာ လိုက်တော့သည်။
ရင်ထဲမှာတင်းကြပ်နေတဲ့အလုံးကြီးတစ်လုံးကြောင့် ပြည့်ကြပ်စို့နင့်နေခဲ့တယ်။ အခုချိန်မှတော့ လုပ်ရက် လိုက်တာမေမေရယ်လို့ သူ မပြောချင်တော့။ ဘဝဆိုတာ ကြိုရေးလို့ရတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပေမယ့် သူ့အတွက်တော့ မေမေကြိုရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ကိုယ့်ဘဝကိုယ်တောင် မပိုင်တဲ့ဘဝမှာ ဆွေးကို သူ ဘယ်လိုများ သူ့ဘဝထဲဆွဲခေါ်ရတော့မှာလဲ။
ဆွေးရယ်... နီးတော့မယ်လို့ပျော်ရွှင်ခဲ့ပြီးမှ အခုလိုမျိုး ကံတရားကြီးက ရက်စက်လိုက်တာ။ ဟင့်အင်း ဒီလက်ထပ်ပွဲကို ကိုယ်လက်မခံဘူး ဆွေး။ ကိုယ် လက်ထပ်မယ့်မိန်းကလေးက ဆွေးပဲဖြစ်ရမယ်။ ဆွေးက လွဲပြီး ဘယ်မိန်းမကိုမှ ကိုယ်လက်မထပ်ဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကိုယ်လည်း အသက်ဆက်ရှင်မှာ မဟုတ်ဘူးဆွေးရယ်။
💕💕💕💕💕💕💕
"အရိပ်... ထမင်းစားကျောင်းဆင်းတဲ့အချိန်ရောက်ရင် ကိုယ် အရိပ်ထိုင်နေကျနေရာလေးမှာ စောင့်နေ မယ်နော်..."
"ဟုတ်ကဲ့ ကိုလေး..."
အရိပ်က လွယ်အိတ်လေးလွယ်ကာ ကျောင်းထဲဝင်သွားလေတော့သည်။ ရှိန်း သူမကိုကြည့်ပြီးတော့မှ ကန်တင်းကိုထွက်လာလိုက်၏။ ဒီအချိန်ဆို သူ့သူငယ်ချင်းတွေကတော့ ကန်တင်းမှာရောက်နေလောက်ပြီ။ ရှိန်း တွေးကာ ကန်တင်းဘက်သို့ ထွက်လာလိုက်၏။
"ရှိန်း..."
မျက်နှာချင်းဆိုင်ကနေလာနေတဲ့ လူတစ်ယောက်နဲ့အတူ အသံကိုပါကြားလိုက်ရတော့ ရှိန်း အ့ံသြစွာ ခြေလှမ်းတွေကို ရပ်ပစ်လိုက်လေသည်။
"ဆောင်းရတု..."

ချစ်​သောကိုကို (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ