💕ချစ်သောကိုကို💕
💖အခန်း(၁၈)💖"အရိပ်..."
ဒေါ်ခင်ခင် အလန့်တကြားအော်ကာဝင်လာတဲ့သားဖြစ်သူကိုကြည့်လိုက်ကာ
"သား... ဘာဖြစ်လာတာလဲ..."
သားဖြစ်သူက သူမမေးတာကိုမဖြေဘဲ ဆွေးအရိပ်ကိုသာ လိုက်ရှာနေလေတော့သည်။ မီးဖိုထဲကိုလည်း ဝင်သွားပြီး ချင်ချင်းပြန်ထွက်လာခဲ့ကာ သူမအားကြည့်ပြီး
"မေမေ... အရိပ်ဘယ်မှာလဲ..."
ဒေါ်ခင်ခင် TV ကိုရပ်ထားလိုက်ကာ သားဖြစ်သူကို သေချာကြည့်လိုက်ပြီး
"မိဆွေး သူ့အခန်းထဲမှာပဲ ရှိပါတယ် သားရယ်... အခု သား ဘာဖြစ်လာတယ်ဆိုတာ မေမေ့ကိုပြောပြပါဦး သားရယ်..."
ရှိန်း မေမေ့ကိုမပြောတော့ဘဲ အရိပ်ရှိတဲ့အခန်းသို့ ဦးတည်ပြီးသွားလိုက်လေသည်။
ဘာရယ်မဟုတ်ဘဲ ဆွေး သူ့အကြောင်းကို တွေးနေမိသည်။ ရှင့်လို ရုပ်ရှင်မင်းသားတစ်ယောက်က ဆွေးကို ချစ်တယ်တဲ့လား ရှင်ရယ်...
သူ့အပြံုးတွေဟာ သူ့ရုပ်ရည်လိုပဲ တည်ကြည်ခန့်ညားလွန်းလှသည်ဟု ဆွေး ထင်မိသည်။ သူ့ပုံစံက ဆွေးတွေ့ဖူးခဲ့တဲ့ယောက်ျားလေးတွေထဲမှာ စမတ်အကျဆုံးလူတစ်ယောက်လည်းဖြစ်သည်။ သူက ကိုလေး ထက်တောင်မှ ချောသလိုလိုပဲ။ အင်းပေါ့လေ... သူက ရုပ်ရှင်မင်းသားဆိုတော့လည်း အဲ့လောက်တော့ ရှိမှာပေါ့။
ကားပါကင်မှာစတွေ့တဲ့နေ့ကတည်းက သူ ဆွေးကိုချစ်ခဲ့တာတဲ့။ သူ့ညီကလည်း သူ့ဘက်က ထောက်ခံပြီး ပြောပေးနေသည်။ ဆွေး ရှင့်ကို ဘယ်လိုစဉ်းစားပေးရမှာလဲ။ တကယ်ဆိုရင် ဆွေး ရှင့်အချစ်ကို စဉ်းစားနေစရာတောင်မလိုပါဘူး။ ဆွေးတို့က လုံးဝမဖြစ်နိုင်တဲ့လူတွေပါ။
ဒါပေမယ့် ရှင့်အမေကိုတောင်မှ လွန်ဆန်နိုင်တယ်ဆိုတဲ့ ရှင့်ရဲ့အချစ်ကိုတော့ ဆွေး ဥပေက္ခာမပြုရက်ပါဘူး။ ဆွေး... ဆွေး... ရှင့်ကိုချစ်မိနေပြီထင်တယ် မင်းသားရယ်...။
"ဒေါက်... ဒေါက်..."
"အရိပ်.... အရိပ်..."
ဆွေး ဆတ်ကနဲတုန်သွားကာ ထိုင်နေရာကနေ အမြန်ထလိုက်ပြီး တံခါးသွားဖွင့်လိုက်၏။
"ကိုလေး..."
ကိုလေးမျက်နှာက အနည်းငယ်တင်းမာနေသဖြင့် ဆွေး အ့ံသြသွားမိသည်။
မျက်လုံးပြူးလေးဖြင့် သူ့ကိုသေချာကြည့်နေတဲ့ အရိပ်ကိုကြည့်ကာ ရှိန်း ဘာမှစဉ်းစားမနေတော့ဘဲ အရိပ်ရဲ့ လက်ကိုဆွဲကာ အခန်းထဲကနေ ထွက်လာလိုက်တော့သည်။
"ဟင်... ကိုလေး... ဘာဖြစ်လို့လဲ..."
ဒေါ်ခင်ခင် သားဖြစ်သူကိုကြည့်ကာ မျက်လုံးမျက်ဆန်ပြူးသွားလေတော့သည်။
"သား... အဲ့ဒါက ဘယ်လိုဖြစ်တာလဲ..."
ရှိန်း မေမေ့ကိုတစ်ချက်ကြည့်လိုက်ကာ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
"သားနဲ့အရိပ် ရှင်းစရာကိစ္စလေးတွေရှိလို့ မေမေ... သားတို့အပြင်ခနသွားလိုက်ဦးမယ်..."
"ဘာကိစ္စမို့လို့လဲ... မေမေ့ရှေ့မှာရှင်း သား..."
သူ မေမေ့တို့ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲကနေထွက်လိုုက်လေသည်။
ဒေါ်ခင်ခင် အ့ံသြတကြီး ငေးကြည့်ရင်းနဲ့ ကျန်ခဲ့လေတော့သည်။
"ကိုလေး..."
"ရှေ့ခန်းမှာထိုင်..."
ဆွေး ခေါင်းငြိမ့်လိုက်ကာ ကားရှေ့ခန်းထဲမှာ ဝင်ထိုင်လိုက်လေသည်။ ကိုလေးမျက်နှာကိုကြည့်ကာ ဆွေး လန့်နေမိသည်။ ကိုလေး ဘာတွေဖြစ်နေတာလဲ။ အန်တီခင့်စကားကိုတောင် ပြန်မဖြေနိုင်လောက်အောင် ဆွေးနဲ့ဘာတွေရှင်းစရာရှိတာလဲ။
ရှိန်း ကားပေါ်တက်လိုက်ကာ ကားစက်ကိုနှိုးလိုက်လေသည်။ စိတ်တွေတိုနေပေမယ့် ဘယ်သူ့ကို တိုနေမိမှန်းမသိ။ သေချာတာတစ်ခုကတော့ အရိပ်ကိုမဟုတ်ပါ။ အရိပ်ကို သူ မြူတစ်မှုန်တောင် ငြိုငြင်တ ာမဟုတ်ပါဘူး။ သူ အရိပ်ကို အဲ့လောက်ထိချစ်တာ။
"ကိုလေး..."
သူ အရိပ်ကိုလှည့်မကြည့်မိအောင် စိတ်ကိုထိန်းထားလိုက်သည်။ ဒါတွေအားလုံးဟာ မင်းတိမ်လွှာကြောင့်။
"ဘာတွေဖြစ်နေတာလဲ ကိုလေးရယ်..."
"အက္ခရာမောင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ..."
"ရှင်..."
ကိုလေးရဲ့မေးခွန်းကြောင့် ဆွေး လန့်သွားလေတော့သည်။ ကိုလေး ဘယ်လိုလုပ်ပြီး သိသွားတာလဲ။
"ကိုလေး... ဆွေးနဲ့သူ... "
ရှိန်း ကားရဲ့ဘရိတ်ကိုဆောင့်ပြီးအုပ်လိုက်လေသည်။
"ဝှူး..."
"အမေ့..."
ဆွေး လန့်သွားကာ ကိုလေးရဲ့လက်မောင်းကိုဆွဲထားလိုက်မိ၏။ မျက်လုံးတွေတောင် ပြာဝေသွား တော့သည်။
သူမရဲ့လက်ဖျားကနေတဆင့် သူ့ရဲ့ပခုံးကနေ ရင်ထဲအထိ နွေးထွေးသောခံစားမှုတစ်ခုက ဝင်ရောက် သွားလေတော့၏။ သူ့ရင်တွေ အတိုင်းအဆမဲ့ လှုပ်ရမ်းသွားကာ အရိပ်ကို အ့ံသြတကြီး ကြည့်လိုက်မိ လေသည်။
"အရိပ်..."
ကားဘရိတ်ကို ဆောင့်အုပ်လိုက်သဖြင့် အရိပ်က ခေါင်းကိုငုံ့ကာကြောက်နေ၏။ အရိပ်ရဲ့ပခုံးလေးတွေက တုန်ခါနေတယ်လို့ ရှိန်းထင်လိုက်မိ၏။ သူမပခုံးလေးကို အသာကိုင်လိုက်ကာ
"အရိပ် ကိုယ်တောင်းပန်ပါတယ်..."
သူမမျက်နှာလေးမော့လာတော့ မျက်ရည်ဝဲနေတဲ့သူမမျက်နှာကိုကြည့်ကာ ရှိန်း သနားသွားမိတော့သည်။ အရိပ်ရယ်...။ အရိပ်ရဲ့ပခုံးကိုဖက်ကာ နှစ်သိမ့်ပေးချင်တဲ့ သူ့စိတ်သူ ပြန်ထိန်းထားလိုက်မိသည်။
"ဆွေး ကိုလေးကိုမလိမ်ပါဘူး ကိုလေးရယ်... ဆွေး အမှန်အတိုင်းပြောပြပါ့မယ်..."
သူ ခေါင်းငြိမ့်လိုက်တော့ အရိပ်က သူ့လက်မောင်းကိုကိုင်ထားတဲ့ သူမရဲ့ လက်တွေကိုလွှတ်လိုက်ကာ
"ကိုအက္ခရာမောင်က ဆွေးကိုချစ်ရေးဆိုထားပါတယ်..."
"အရိပ် သူ့ကိုအဖြေပေးပြီးပြီလား..."
သူမ ခေါင်းရမ်းလိုက်လေသည်။
"အရိပ် သူ့ကိုစဉ်းစားပေးနေတာလား..."
သူမမျက်လုံးထဲမှာ သူ့ရဲ့ခန့်ညားတဲ့ရုပ်သွင်ပြင်ကို မြင်ယောင်လိုက်မိကာ ရှိန်းကိုကြည့်လိုက်ပြီး မဝ့ံမရဲဖြင့် ခေါင်းငြိမ့်ပြလိုက်မိလေသည်။
ရင်ထဲက ဒေါသတွေက အလုံးအရင်းဖြင့် တက်လာမိတော့၏။ အရိပ်က သူ့ကိုစဉ်းစားပေးနေတယ်တဲ့လား အရိပ်ရယ်...။ ဟူး... ဒေါသတွေကို သက်ပြင်းချသံနဲ့အတူ ဖြေဖျောက်လိုက်ကာ အတတ်နိုင်ဆုံး အသံကို ပုံမှန်ဖြစ်အောင်ထားလိုက်လေသည်။ သူ့ပါးစပ်ကနေ အရိပ်ကို ဖွင့်မပြောရဲတဲ့အတွက် သူ ကြိတ်ခံစား နေရတာအမှန်ပါ။ သူ ဖွင့်မပြောရဲတာနဲ့တော့ အက္ခရာမောင်နဲ့ သဘောမတူနိုင်ပေ။
"အရိပ် ကျောင်းတက်နေတာဘာအတွက်လဲ ..."
သူမ ခေါင်းငုံ့သွားလေသည်။ ထို့နောက် သူ့ကို မဝ့ံမရဲမော့ကြည့်လာကာ
"ဆွေး ဖေဖေနဲ့မေမေကိုရှာဖို့ပါ ကိုလေး..."
"အဲ့ဒါဆို တခြားအကြောင်းတွေစိတ်မဝင်စားရဘူးလေ အရိပ်ရဲ့..."
ဆွေး ကိုလေးပြောတာကို နားထောင်ပြီး ခေါင်းကိုအသာငြိမ့်ပြလိုက်မိလေသည်။
"ဘာလို့လဲ... အရိပ်လည်း သူ့ကိုသဘောကျနေတာလား..."
ငြိမ်သက်နေတဲ့သူမကိုကြည့်ကာ ရှိန်းရင်ထဲမှာ ပူလောင်သွားမိတော့သည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း ပဲတဲ့။ အရိပ်လည်း သူ့ကိုသဘောကျနေတာပေါ့။ မျှော်လင့်ခြင်းမီးအိမ်လေးက အရောင်မှိန်သွားပြီဖြစ်သည်။
"အရိပ်... ကိုယ်မေးတာဖြေလေ..."
"တကယ်တော့ ဆွေး မဖြစ်နိုင်တဲ့အရာကိုမှ အိမ်မက်မက်မိတာပါ ကိုလေးရယ်... ဆွေး သူ့ကိုမစဉ်းစား ပေးတော့ပါဘူး..."
တဖန်ပြန်လည် အသက်ဝင်လာသော မျှော်လင့်ချက်မီးတောက်လေးကြောင့် ပျော်ရွှင်သွားမိလေသည်။
"ကိုယ် အရိပ်ရဲ့မိဘတွေကို တွေ့အောင်ရှာပေးမယ် အရိပ်..."
"ဟင်... ကိုလေးတကယ်ပြောနေတာလား..."
သူမပျော်သွားကာ မေးလာတော့ သူ ပြံုးပြီးခေါင်းငြိမ့်ပြလိုက်လေသည်။
"အင်း... ဒါပေမယ့် ကိုယ် တောင်းဆိုတဲ့ တစ်ခုတော့ အရိပ်လိုက်လျောပေးရမယ်..."
"ဖေဖေမေမေတို့နဲ့သာပြန်တွေ့ရမယ်ဆိုရင် ဆွေး... ဆွေး ဘာမဆို လိုက်လျောပေးပါ့မယ် ကိုလေးရယ်..."
"အရိပ် ကတိပေးတယ်နော်..."
"ဟုတ် ကတိပေးပါတယ် ကိုလေး..."
"ကောင်းပြီလေ.... ဒါဆို ကိုယ်ပြောတဲ့စကားတွေအားလုံးကို အရိပ် နားထောင်ရမယ်..."
"ဟုတ်ကဲ့ ကိုလေး..."
"အရင်ဆုံး အရိပ် အက္ခရာမောင်တောင်းတဲ့အဖြေကို လုံးဝမပေးရဘူး... မင်းတိမ်လွှာနဲ့လည်း မပတ်သက် ရဘူး..."
ဆွေး ငြိမ်သွားမိလေသည်။ သူ့အကြောင်းတွေးမိတိုင်း လှုပ်ခတ်လာတဲ့နှလုံးသားလေးရဲ့ဆန္ဒကို သူမ ငြင်းဆန်နိုင်ပါ့မလား။ ဘာလို့လဲ ဆွေး.... ဆွေး... ရှင့်ကို ချစ်မိနေလို့များလား မင်းသားရယ်။ ဒါပေမယ့် ဆွေးမိဘတွေက ဆွေးဘဝမှာ ပထမပါ။ အဲ့ဒီ့အတွက် ဆွေး ရှင့်ကိုမစဉ်းစားသင့်တော့ပါဘူး။
တွေဝေနေတဲ့ အရိပ်ကိုကြည့်ကာ ဒေါသတွေက ထွက်လာမိပြန်၏။ အရိပ်ရယ်... အရိပ်က ဒီလိုဖြစ်နေတော့ ကိုယ် ဘာဆက်လုပ်ရတော့မှာလဲ။ အရိပ်အတွက် ကိုယ် သူတို့ညီအကိုနှစ်ယောက်ကို စိန်ခေါ်ထားခဲ့တာ အရိပ် ကိုယ့်ဘက်မှာရှိနေတယ်လို့ထင်ခဲ့လို့လေ။ အရိပ်သာ ကိုယ့်ဘေးမှာ ထာဝရရှိနေမယ်ဆိုရင် ကိုယ် တစ်ကမ္ဘာလုံးကိုတောင် စိန်ခေါ်ရဲပါတယ်။ ဒါပေမယ့်... အခု အရိပ်က...
"ဆွေး ကိုလေးပြောတာအားလုံးကို နားထောင်ပါ့မယ် ကိုလေး... ဆွေး သူတို့နဲ့မပတ်သက်တော့ပါဘူး..."
အရိပ် အဲ့လိုပြောမှပဲ ရှိန်း ပြံုးနိုင်တော့တာဖြစ်သည်။ အရိပ်ရယ်... အရိပ်ကို ကိုယ်ဘယ်လောက် ချစ်တယ် ဆိုတာ အရိပ်မသိသေးလို့ပါ။ အရိပ်ကိုဖွင့်ပြောဖို့အထိလည်း ကိုယ်ကမှ သတ္တိမရှိခဲ့တာ။ ကိုယ်လိုကောင်က အများအမြင်မှာ နတ်ဆိုးတစ်ကောင်ဖြစ်နေပေမယ့် အရိပ်အတွက်တော့ ကိုယ်က ဒူးထောက်ခစားနေတဲ့ ပန်းစောင့်ဘီလူးတစ်ကောင်သက်သက်ပါပဲ အရိပ်ရယ်။
💕💕💕💕💕💕💕
"ဦးလေး..."
အနားကိုရောက်လာတဲ့ အရိပ်တစ်ခုကို ဦးအောင်သူ မော့ကြည့်လိုက်ကာ ကမန်းကတန်းလေးထလိုက်ကာ
"လူလေး ဘာခိုင်းစရာရှိလို့လဲ..."
တိမ်လွှာ ခေါင်းရမ်းလိုက်ကာ ဦးအောင်သူရဲ့ဘေးမှာဝင်ထိုင်လိုက်လေသည်။
"ထိုင်ပါဦးလေး... ကျွန်တော် ခိုင်းစရာရှိလို့အဟုတ်ပါဘူး မေးစရာရှိလို့ပါ..."
ဦးအောင်သူ ပြန်ထိုင်လိုက်ကာ
"ဘာမေးမလို့လဲ လူလေး မေးပါ..."
သိချင်တာကြာနေပြီဆိုပေမယ့် အခုမှပဲ မေးဖြစ်တော့လေသည်။
"ဦးလေးတို့မှာ ပျောက်နေတဲ့ သမီးလေးတစ်ယောက်ရှိတယ်ဆို..."
တိမ်လွှာ့အမေးကြောင့် ဦးအောင်သူ မျက်နှာပျက်သွားလေသည်။ ချက်ချင်း ဝေ့တက်လာတဲ့မျက်ရည် တွေကို ပုတ်ခတ်လိုက်ကာ
"ဟုတ်ပါတယ် လူလေး... ဦးတို့ရဲ့သမီးလေးကို အခုချိန်ထိမတွေ့သေးပါဘူးကွယ်..."
တိမ်လွှာ စိတ်မကောင်းဖြစ်သွားမိလေသည်။
"သူက ဘယ်လိုပုံစံမျိုးလဲ... နာမည်ကရော ဘယ်လိုခေါ်လဲ ဦးလေး... ကျွန်တော် ကူရှာပေးပါ့မယ်..."
ဦးအောင်သူရဲ့မျက်နှာက မျှော်လင့်ချက်တွေဖြစ်လာသလို တိမ်လွှာ့ကို အားကိုးတကြည့်ကြည့်လိုက်ပြီး
"ဒါဆိုရင်တော့ လူလေးကိုပဲ အကူအညီတောင်းပါတော့မယ် လူလေးရယ်..."
"ဟုတ်ကဲ့ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ် ဦးလေး..."
"သမီးလေးနဲ့မတွေ့ရတာ ဆယ်နှစ်ကျော်နေပြီလူလေး... အခုဆိုရင် ဆယ့်ရှစ် ဆယ့်ကိုးရှိပြီပေါ့ လူလေး ရယ်... သမီးလေးက အသားဖြူဖြူနဲ့သိပ်ချစ်စရာကောင်းတာ..."
မျက်လုံးထဲမှာ ပုံဖော်ပြီးပြောနေတဲ့ ဦးအောင်သူကို တိမ်လွှာ ဂရုဏာသက်စွာကြည့်နေမိတော့၏။
"သမီးလေးက အေးအေးလေးပဲနေတတ်တာ... ငယ်ငယ်ကတည်းက ဘယ်သူ့အပေါ်မှာမှလည်း ရန်လိုစိတ် တွေ မနာလိုစိတ်တွေမရှိဘဲ သည်းခံတတ်သူပါကွယ်..."
သူ နားလည်စွာခေါင်းငြိမ့်ပြလိုက်မိလေသည်။
"သမီးလေးက အမြဲတမ်းတွေးနေ ဆွေးနေတတ်တာ... ဦးလေးတို့မှာကလည်း သမီးလေးတစ်ယောက်ပဲ ရှိတော့ အရိပ်လိုအပျောက်မခံနိုင်အောင် ချစ်ခဲ့ကြတယ်... အဲ့ဒါကြောင့် သမီးလေးနာမည်ကို ဆွေးအရိပ်လို့ ပေးခဲ့ကြတယ် လူလေး..."
"ဗျာ..."
အိမ်ပေါ်ကနေ ဆင်းလာတဲ့ ခရာရဲ့ခြေလှမ်းတွေ တန့်သွားလေတော့သည်။ ဆွေးက တကယ်ပဲ ဦးအောင်သူရဲ့သမီးလေးလား။
"ဟုတ်တယ် လူလေး... လူလေးသိလို့များလား..."
အ့ံသြလွန်းသဖြင့် ဘယ်လိုပြန်ဖြေလိုက်ရမှန်း တိမ်လွှာမသိတော့ပေ။
"လူလေး... ဦးလေးမေးနေတယ်လေ... လူလေး ဦးလေးရဲ့သမီးလေးနဲ့ သိလို့လား..."
"ဦးလေး... ဦးလေးတို့က တကယ်ပဲ ဆွေးရဲ့မိဘတွေလား..."
"မင်းသား..."
"ဟင် ကိုကို..."
"ကျွန်တော်မေးတာဖြေပါ ဦးလေးရယ်... ဦးလေးက ဆွေးရဲ့အဖေလား..."
"ဟုတ်ပါတယ် မင်းသား... မင်းသားက ဘယ်လိုလုပ်ပြီး ဦးရဲ့သမီးလေးနဲ့..."
ခရာ တိမ်လွှာ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"ကျွန်တော်က ဦးလေးရဲ့သမီးကို မေတ္တာရှိနေတာပါ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သဘောတူပေးပါ ဦးလေးရယ်..."
"ဟင်... ဘယ်လို..."
ဦးအောင်သူ အ့ံသြတကြီးဖြင့် ခရာ့ကိုကြည့်လိုက်လေသည်။
"ဟုတ်ပါတယ် ဦးလေး... ကျွန်တော်က ဆွေးကိုချစ်နေတာပါ..."
"သမီးလေးကို ဘယ်မှာတွေ့ခဲ့တာလဲ လူလေး... ဦးလေးကိုပြောပြပါဦး..."
"အခု ဆွေးအရိပ်က ရှိန်းအာကာတို့သားအမိနဲ့ ဒီမြို့ထဲမှာပဲ အတူနေကြတာပါဦးလေး... ကျောင်းနဲ့ မဝေးပါဘူး..."
"ဟုတ်ပါတယ် ဦးလေး... ကျွန်တော် ကျောင်းမှာ စတွေ့တွေ့ချင်း ဆွေး ကိုချစ်ခဲ့မိတာပါ... ဒါပေမယ့် ရှိန်းအာကာက နှောင့်ယှက်နေလို့ ကျွန်တော်တို့..."
"သား..."
"ဟင် မေမေ..."
ဒေါ်နှင်းဆီ အိမ်ပေါ်ကနေဆင်းလာကာခေါ်လိုက်တော့ ခရာရော တိမ်လွှာပါ မော့ကြည့်လိုက်ကြလေသည်။
"မေမေ..."
"သားတို့ဘာလုပ်နေကြတာလဲ..."
"ဪ... ဘာမှမလုပ်ပါဘူး မေမေ... ဦးလေးနဲ့ အပျင်းပြေစကားပြောနေကြတာပါ..."
ဒေါ်နှင်းဆီ အကြည့်တွေက ဦးအောင်သူဆီသို့ရောက်သွားကာ
"ရှင်ကရော ဒီမှာဘာလုပ်နေတာလဲ... ရှင့်အလုပ်ရှင်သွားလုပ်လေ..."
"ဟုတ်ကဲ့ မမကြီး..."
ဦးအောင်သူ ထထွက်သွားတော့ ခရာနဲ့တိမ်လွှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြ တော့၏။
"သား မနက်ဖြန် ရိုက်ကွင်းရှိတယ်မို့လား... ပြင်စရာရှိတာပြင်ဆင်ထားလေ..."
ခရာ ထလိုက်ကာ ဘာမှပြန်မပြောဘဲ အိမ်ပေါ်ကိုတက်သွားတော့၏။
"သားငယ် မင်း ရှုပ်ရှုပ်ရှက်ရှက်တွေထပ်မလုပ်နဲ့နော်... မင်းလုပ်သမျှအားလုံးက မင်းကိုကိုရဲ့ဘဝနဲ့ပဲ ပတ်သက်နေမှာ... ဟိုကောင်မလေးနဲ့ ထပ်ပြီးနီးစပ်အောင်လုပ်ဦးမယ်ဆိုရင် မင်းကိုကိုနဲ့ ရတုကို မြန်မြန် လက်ထပ်ပေးပစ်မှာပဲ..."
"မေမေ..."
ပြောချင်တဲ့စကားလုံးတွေကို နှုတ်ခမ်းဖျားမှာတင် တိမ်လွှာ ရပ်တန့်ပစ်လိုက်ရတော့သည်၊။ မေမေက ပြောရင်ပြောတဲ့အတိုင်းလုပ်မှာ။ သူစိုးရိမ်တာက ကိုကို့အတွက်ပါပဲ။ မေမေ့လုပ်ရပ်တွေက မတရားဘူးလို့ သူထင်မိသည်။ မေမေက ကိုကို့အတွက် စဉ်းစားပြီးလုပ်တာမဟုတ်ဘူး။ သူအဲ့လိုပြောရင်လည်း မေမေနဲ့ ရန်ဖြစ်စကားများရဦးမည်။
💕💕💕💕💕💕💕
"ဒါဆို ဆွေးအရိပ်ကလည်း ဟိုမင်းသားကို သဘောကျနေတာလား ရှိန်း..."
သူ ခေါင်းကိုအသာရမ်းလိုက်ပြီးမှ သူငယ်ချင်းတွေကိုကြည့်လိုက်ကာ
"ငါ့ရင်တွေအရမ်းကိုနာကျင်နေပြီကွာ..."
သူတို့တွေရှိန်းကို ဂရုဏာသက်စွာ ကြည့်လိုက်မိကြလေသည်။
"ရှိန်း မင်း ဖွင့်ပြောသင့်နေပြီနော်..."
"ဟုတ်တယ် ရှိန်း... ဒီထက်နောက်ကျသွားရင် ကောင်းမှာမဟုတ်ဘူး... ဟိုမင်းသားရဲ့လက်ထဲကို ပါသွားလိမ့်မယ်..."
ရှိန်းရဲ့မျက်လုံးတွေက စားပွဲပေါ်က အလှပန်းအိုးလေးဆီသို့ရောက်သွားလေသည်။ အဖြူရောင်နှင်းဆီ ပန်းလေးတစ်ပွင့်က ပန်းအိုးထဲမှာ လှပစွာပွင့်လန်းနေလေသည်။
"ငါ တွေဝေနေခဲ့တာ..."
"ဆွေးအရိပ်ကို မင်းတစ်ဘဝလုံး အရုပ်လေးလိုသဘောထားခဲ့ပြီးမှ မင်းတကယ်ချစ်မိသွားခဲ့တော့ ဖွင့်ပြောရမှာ မင်းတွေဝေသွားပြီပေါ့ရှိန်းရာ..."
"အရုပ်ကလေးကို စွဲလမ်းနေပြီမို့လား ရှိန်း..."
ရှိန်း သီဟကို ခေါင်းငြိမ့်ပြလိုက်ကာ စားပွဲပေါ်က ကော်ဖီဖလားကိုယူပြီး သောက်လိုက်လေသည်။ ထို့နောက် စားပွဲပေါ်ပြန်တင်လိုက်ကာ
"ငါ ဘာကိုမှမကြောက်ဘူး... ငါ့အချစ်တွေကို အရိပ်နားမလည်မှာပဲကြောက်တာ... ငါက အရိပ်အတွက်ဆို ဘာမဆိုလုပ်မယ့်လူမျိုးပဲ... အက္ခရာမောင်ကိုလည်း ငါမကြောက်ဘူး..."
"ငါတို့တွေ နားလည်တယ် ရှိန်း... မင်း ဘာမှပူမနေနဲ့... ကိုအက္ခရာမောင်က ဆောင်းရတုနဲ့ပဲလက်ထပ်မှာ... ဟိုတလောကတောင် သူတို့နှစ်ယောက်စေ့စပ်ပွဲလုပ်ကြတယ်လို့ကြားထားတယ်..."
"ဟင် ဟုတ်လား..."
သီဟရဲ့စကားကြောင့် သူတို့တွေအ့ံသြသွားကြလေသည်။
"ဟုတ်တယ်... သူတို့နှစ်မိသားစုပဲသိကြတာ... မီဒီယာကို လုံးဝအသိမပေးဘူးတဲ့... အဲ့ဒါကြောင့် မင်းကို မပူနေလို့ပြောနေတာ... နောက်ပြီး သူ့အမေက ဆွေးအရိပ်နဲ့လည်းသဘောမတူဘူး... အဲ့ဒါကြောင့်လည်း ဆောင်းရတုနဲ့ မြန်မြန်စေ့စပ်ပေးလိုက်တာ... မင်္ဂလာပွဲကလည်း ကြာမှာမဟုတ်တော့ဘူး..."
ရှိန်း သီဟစကားကြောင့် သဘောကျစွာပြံုးလိုက်တော့သည်။
"ရှိန်း မင်းမျက်နှာက ဘာလို့ဒီလောက်တောင် ပြံုးသွားရတာလဲ..."
"သူဖြစ်စေချင်တဲ့အတိုင်းဆိုတော့ သဘောကျလို့ပြံုးတာပေါ့ သီဟရာ..."
"ဪ အဲ့လိုလား..."
သူတို့နှစ်ယောက် ရှိန်းကိုကြည့်ပြီး စနောက်ကာ ရယ်မောနေကြလေသည်။
"ဟုတ်တယ်ကွ ငါ အရိပ်အတွက် တကယ်စိတ်ပူနေတာ..."
"ငါတို့ကတော့ မင်းအတွက်ပဲစိတ်ပူတာ ရှိန်း... မင်းဆုတောင်းရမှာက ဆွေးအရိပ် ဟိုမင်းသားကိုတကယ် သဘောမကျသွားဖို့ပဲ..."
"ဟင်..."
သူတို့ပြောလိုက်မှပဲ ရှိန်းမျက်လုံးထဲမှာ တွေဝေနေတဲ့အရိပ်ရဲ့မျက်နှာကို မြင်ယောင်သွားမိကာ စိတ်ပူလာမိ လေသည်။
"ဟုတ်တယ် ရှိန်း... မင်း ဆွေးအရိပ်ကို ချစ်တဲ့အချစ်က ဟိုမင်းသားရဲ့အချစ်ထက်ပိုမှန်း ငါတို့သိတယ်..."
"ဟုတ်တယ် ရှိန်း... အဲ့ဒါကြောင့် မင်း ဆွေးအရိပ်အပေါ် အရမ်းကြီး အစွဲအလန်းမထားပါနဲ့... မင်းပဲ ခံစား ရမယ်..."
သူငယ်ချင်းတွေက သူ့အတွက်စိုးရိမ်ကာ တစ်ယောက်တစ်မျိုးစီပြောလေလေ အရိပ်ကိုစိုးရိမ်တဲ့ သူ့ရင်ထဲကစိုးရိမ်စိတ်တွေက ပိုတိုးလာလေလေပင်။
"မင်းရဲ့စိတ်ကို ငါတို့က နားလည်လို့ပြောတာ ရှိန်း... ဆွေးအရိပ်က သေရင် မင်းနောက်ပါလာမှာ မဟုတ်ဘူး..."
"သေရင် ကိုယ့်နောက်မပါမယ့်အရာမို့လို့ ငါ အရိပ်ကို ဒီလောက်အထိ စွဲလမ်းမက်မောနေရတာပေါ့... ငါသေလို့ ငါ့နောက်ကို အရိပ်သာပါလာမယ်ဆိုရင် ခုချက်ချင်း ငါ့ကိုယ်ငါ သတ်သေပစ်လိုက်မှာ..."
"ဟင်..."
ရှိန်းရဲ့စကားကြောင့် သူတို့တွေ အ့ံသြထိတ်လန့်သွားမိလေတော့သည်။ ရှိန်းရဲ့စကားကိုမယုံလို့တော့ မဟုတ်ပါ။ ရှိန်းက ဆွေးအရိပ်နဲ့ပတ်သက်လာရင် ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့လူဆိုတာ သူတို့တွေ သိသည်။ အဲ့ဒါကြောင့်လည်း သူတို့တွေ ရှိန််းအတွက် စိုးရိမ်မိကြတာ။ ရှိန်း ဆွေးအရိပ်ကို အရမ်းစွဲလမ်း နေပြီ။
ဝဏ္ဏ ရှိန်းရဲ့ပခုံးကိုပုတ်လိုက်ကာ
"ငါတို့သိပါတယ် ရှိန်းရာ..."
"ငါပြန်တော့မယ်..."
"ဟင် အခုလား..."
"အင်း... ငါ လုပ်စရာရှိသေးတယ်... မနက်ဖြန် ကျောင်းမှာတွေ့ကြတာပေါ့..."
"အေးပါကွာ... bye..."
ရှိန်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး သူတို့ရှေ့ကနေ ထွက်လာလိုက်တော့သည်။ စိုးရိမ်စိတ်တွေကိုဘေးဖယ် လိုက်ကာ သူမရဲ့မျက်နှာလေးမြင်ယောင်လိုက်မိတော့လည်း စိတ်ထဲမှာအလိုလိုကြည်နူးသွားမိ၏။
မနေ့က ကားပေါ်မှာ သူ့လက်မောင်းကို အရိပ်အားကိုးတကြီးလာကိုင်တဲ့အထိအတွေ့ကို ပြန်တွေးမိလိုက် တော့ တဒုန်းဒုန်းမြန်လာတဲ့ရင်ခုန်သံတွေကြောင့် စိတ်ထဲမှာ ပျော်သွားမိပြန်၏။ မင်းနဲ့ဝေးရရင် ကိုယ် တကယ်သေမှာအရိပ်ရယ်...။
💕💕💕💕💕💕💕###
အိမ်မက်ကြယ်
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...