ဒုတိယတွဲ အခန်း(၁)

77 2 0
                                    

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၁)💖

"ဆွေး... ဆွေး... ကိုယ့်ကိုမထားခဲ့ပါနဲ့ ဆွေး... ဆွေး..."
"သား... ခရာ သတိထားဦးလေး သားရဲ့..."
ခုတင်ပေါ်က ခရာ့လက်တွေကလှုပ်လာကာ လေထဲမှာ တစ်စုံတစ်ခုရှိနေသလို လိုက်ပြီးဆွဲနေ၏။
"ကိုကို... ကိုကို..."
"ဆွေး... ဆွေး..."
ဒေါ်နှင်းဆီ ခေါင်းမှာပတ်တီးအဖွေးသားဖြစ်နေတဲ့ သားရဲ့အဖြစ်ကိုမကြည့်နိုင်တော့ဘဲ မျက်ရည်တွေ ကျလာတော့၏။
"သား... သားလေးရယ်..."
"ဆွေး... ကိုယ့်ဆီပြန်လာခဲ့ပါဆွေးရယ်... ဆွေးမရှိရင် ကိုယ်သေသွားလိမ့်မယ် ဆွေးရဲ့..."
ထို့နောက် လေပေါ်ကလက်တွေက အောက်သို့ အရုပ်ကြိုးပြတ်ကျသွားကာ သတိလစ်သွားလေတော့သည်။
"မေမေက ဒီလိုဖြစ်မှာတွေကိုကြိုမြင်လို့ သားကို တားခဲ့တာ... အခုတော့ မေမေစိုးရိမ်တာတွေဖြစ်လာပြီ သားရယ်..."
တိမ်လွှာ ကိုကို့ကိုကြည့်ကာ သနားသွားမိတော့သည်။ ကိုကိုနဲ့မတွေ့တာကြာပြီဆိုပေမယ့် အဆက်အသွယ် တော့မပြတ်ခဲ့ပေ။ ဒါပေမယ့် ကိုကို့ပုံစံက အရင်ထက်တော့ ပိန်သွားခဲ့၏။
ကိုကို ဆွေးအရိပ်ကို ခိုးပြေးသွားတဲ့နေ့ကတည်းက ကိုကိုနဲ့မတွေ့ရခဲ့။ တစ်နှစ်နီးပါးတောင်ကြာခဲ့ပြီပေ။ ကိုကိုတို့မရှိတော့တဲ့နောက်ပိုင်း နတ်ဆိုးကိုလည်း မတွေ့ရတော့၍ သူထူးဆန်းနေခဲ့တာ။ သူ့ကွယ်ရာမှာ ကိုကိုတို့ဘယ်လိုနေကြတာကို တိမ်လွှာမသိသလို နတ်ဆိုးလည်းဘယ်လိုဖြစ်နေခဲ့တယ်ဆိုတာ မတွေးမိခဲ့။ အခုအခြေအနေအရ ဆွေးအရိပ်က ပျောက်နေခဲ့တယ်ဆိုတာ...
"သား တိမ်လွှာ..."
အတွေးစတို့ လွင့်ပြယ်သွားကာ တိမ်လွှာ မေမေ့ကိုလှည့်ကြည့်လိုက်လေသည်။
"မေမေ..."
မေမေ့မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာ ဝဲနေရင်းကနေ ပါးပြင်ပေါ်သို့တလိမ့်လိမ့်ကျလာပြီး ကိုကို့ မျက်နှာကိုကြည့်ကာ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ငိုနေလေတော့သည်။
"မေမေ... သားဘာလုပ်ပေးရမလဲ..."
"စုံစမ်းပါဦးသားရယ်... ဆွေးအရိပ်ကိုစုံစမ်းပါဦး... သူ့ကိုမတွေ့ရင် မင်းကိုကိုတစ်ခုခုဖြစ်သွားလိမ့်မယ် ရှာပါဦးသားရယ်..."
"မေမေရယ်... သား သွားရှာပေးပါ့မယ် သားသူငယ်ချင်းတွေကိုလည်း သား ပြောထားပါတယ် မေမေ..."
"သွားပါ သားရယ်... မေမေ့ရင်ထဲမှာ သားကြီးကိုကြည့်ပြီး နာကျင်လွန်းလို့ပါကွယ်..."
"ဟုတ်ကဲ့ပါ မေမေ... ကိုကိုသတိရလာရင် သားကိုဖုန်းဆက်ပေးပါ..."
"အေးပါကွယ် သွားပါ..."
သူ မေမေနဲ့ကိုကို့ကိုကျောခိုင်းကာ ဆေးရုံခန်းထဲကနေ ထွက်လာလိုက်၏။ ဆွေးအရိပ်ပျောက်သွားတာ ဘယ်သူ့လက်ချက်လဲ။ ကိုကိုက ကောင်းကောင်းသတိရသေးတာမဟုတ်တော့ ဘာကိုမှရေရေရာရာသိရ သေးတာမဟုတ်။ ဘယ်လိုတွေဖြစ်ပြီး ကားအက်ဆီးဒင့်ဖြစ်ရတာလဲ။ ထူးဆန်းစွာနဲ့ ဆွေးအရိပ်က ဘာလို့ ပျောက်သွားရတာလဲ။ ထင်စရာဆိုလို့ တစ်ခုပဲရှိတယ်။ ဒါ နတ်ဆိုးလက်ချက်ပဲနေမှာ။
💕💕💕💕💕💕💕
အေးချမ်းသာယာတဲ့ရွာလေးတစ်ခု။ လူသူအရောက်အပေါက်နည်းပေမယ့် အရမ်းခေါင်နေတဲ့နေရာမျိုးတော့ မဟုတ်။ ဒီနေရာမှာ ဘာအပူအပင်မှမရှိသလို ဘာနာကျင်ခံစားမှုမှလည်းမရှိခဲ့။ ဘယ်လိုဒေါသမှမရှိသလို ဘယ်လိုရန်လိုမှုမှလည်းမရှိခဲ့။
သစ်ရိပ်ဝါးရိပ်မို့လို့ အေးချမ်းလွန်းလှသည်။ ဟုတ်တယ် အရိပ်နေချင်ခဲ့တာ ဒီလိုနေရာမျိုးလေးပဲ။ ဟိုးငယ်ငယ်လေးကတည်းက အရိပ်နေချင်တယ်လို့ပြောခဲ့တာ ဒီလိုနေရာမျိုးလေးပဲ။ အရိပ်သာသိရင် ဘယ်လောက်ပျော်နေမလဲ။ ဒါပေမယ့် အရိပ်က အခုထိ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေခဲ့သည်။ ကောင်းကောင်းသတိမရသေးသလို ဘာစကားမှလည်းမပြော။ ဒီလိုရွာလေးမှာ အရိပ်ရဲ့ကျန်းမာရေး အတွက် လိုလေသေးမရှိအောင် သူ ပြင်ဆင်ထားခဲ့သည်။ လိုအပ်ရင် သူကိုယ်တိုင် မြို့ကိုသွားပြီး ဆရာဝန် သွားပင့် လိုအပ်တာတွေဖြည့်ဆည်းထားခဲ့သည်။ ဒါပေမယ့်လည်း အရိပ်ကတော့ အခုချိန်ထိ ကောင်းကောင်းသတိမရသေး။ အက်ဆီးဒင့်ကြောင့် ဗိုက်ထဲကကလေး ဘာမှဖြစ်မသွားတာကိုပဲ သူ ဝမ်းသာမဆုံးဖြစ်နေခဲ့တာ။
ပိုင်ဆိုင်ချင်လွန်းလို့ ရူးမတတ်ခံစားခဲ့ရတာ။ ဒါကို အချစ်လို့ခေါ်လို့ရမလား...။ ခိုးယူခဲ့ပေမယ့် မထိရက် မကိုင်ရက်နဲ့ အလှကြည့်ဖို့ပဲ သူဝ့ံရဲခဲ့တာပါ။ ဟိုးအရင်ကတည်းက အရုပ်လေးတစ်ရုပ်လိုမျိုးပဲတန်ဖိုးထား ခဲ့တော့ သူမဘဝကို သူလိုချင်သလို ပုံမသွင်းရက်ခဲ့။ ဒါတွေဟာ ချစ်လို့ဆိုတာထက် မြတ်နိုးတန်ဖိုးထား လွန်းလို့ပါအရိပ်ရယ်။ ကိုယ်ဆိုတဲ့ကောင်က သေသွားရင်တောင်မှ အရိပ်ရဲ့ဘေးမှာ ဝိညာဉ်အဖြစ်နဲ့ ရှိနေမယ့် ကောင်ပါအရိပ်ရာ။
"ကိုလေး... ကိုလေး..."
သတင်းစာကိုင်ကာ သူ့ဆီပြေးလာတဲ့ သာဂိကိုလှမ်းကြည့်လိုက်ပြီး ရှိန်း အိမ်ထဲသို့လှမ်းကြည့်လိုက်လေ သည်။ ထို့နောက် သာဂိကိုကြည့်လိုက်ကာ ပါးစပ်မှာလက်ညှိုးတစ်ချောင်းပိတ်လိုက်ပြီး
"ရှူး... တိုးတိုး..."
မအော်ဖို့ သတိပေးလိုက်ရ၏။ သာဂိပုံစံကနားလည်သွားသလို အသံတိတ်သွားကာ သူ့အနားသို့ ရောက်လာ၏။
"သာဂိ ဘာဖြစ်လာတာလဲ..."
နွေဆိုပေမယ့် လေက နူးည့ံစွာတိုက်ခတ်နေလေသည်။ သူ့ရဲ့ပခုံးပေါ်မရောက်တရောက်ဆံပင်တွေက လေကြောင့် ဝဲပျံနေကြ၏။
"ကိုလေး... ဒီသတင်းစာဖတ်ကြည့်ပါဦးဗျာ..."
ရှိန်း ခုံမှာပြန်ထိုင်လိုက်ကာ သာဂိပေးတဲ့သတင်းစာကိုယူလိုက်၏။ ထို့နောက် သာဂိအဆင်သင့်လှန်ပေး ထားတဲ့ စာမျက်နှာကိုကြည့်လိုက်ရာ လူပျောက်ကြော်ငြာတစ်ခုကိုတွေ့ပြီး မျက်ခုံးတွေက ကျံု့တက် သွားကြကာ သတင်းစာကိုပြန်ပိတ်လိုက်လေသည်။
"သူ အရိပ်ကိုလိုက်ရှာနေတာပေါ့..."
သာဂိက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရှိန်းကို ဂရုဏာသက်စွာ ကြည့်လိုက်ပြီး
"ကိုလေး... သူကတော့ မမအရိပ်ကို အသည်းအသန်လိုက်ရှာနေပြီ..."
"သူ့ဇနီးနဲ့ သူ့ကလေးတဲ့လား..."
"ကိုလေး... ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ..."
သူ နာနာကျင်ကျင်ပြံုးလိုက်မိကာ
"ငါ အရိပ်ကို ဘယ်တော့မှ ပြန်ပေးမှာမဟုတ်ဘူး သာဂိ... ငါချစ်တာ အပြစ်ရှိလား သာဂိရာ ပြောပါဦး... ဟိုးငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ချစ်လာခဲ့တာ ဒါမျိုးတွေဖြစ်လာခဲ့တာတောင် ငါ အရိပ် အပေါ်မှာ မနာရက်ခဲ့ဘူး... ငါ အရိပ်ကိုအရမ်းချစ်ခဲ့တာ အပြစ်ရှိခဲ့တာလား ပြောပါ သာဂိရာ..."
"ကိုလေး... ကိုလေးမှာအပြစ်မရှိပါဘူး ကိုလေးရာ..."
သူ့အကြည့်တွေက ဟိုးအဝေးက တောင်တန်းတွေဆီသို့ရောက်သွားကာ
"ဒီလိုနေရာကို ငါတစ်ယောက်ထဲအတွက်နဲ့ ငါရောက်လာခဲ့တာမဟုတ်ဘူး... ငါခံစားခဲ့ရတဲ့ နာကျင်စရာ ဒဏ်ရာတွေကို ငါချစ်တဲ့သူနဲ့အတူတူ ပျောက်ကင်းအောင်လို့ ငါ အားလုံးနဲ့အဆက်အသွယ်ဖြတ်ခဲ့တာ... ဘယ်လိုအကြောင်းနဲ့မှ ငါ အရိပ်ကို နောက်တစ်ခါမစွန့်လွှတ်နိုင်တော့ဘူး သာဂိ..."
"ကိုလေးရယ်... ကိုလေးရဲ့ခံစားချက်တွေကို ကျွန်တော်နားလည်ပါတယ်... ကိုလေးက ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါ... ကိုလေးလုပ်တဲ့အလုပ်တွေအားလုံးအတွက် ကိုလေးမှာအပြစ်မရှိဘူးဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲတယ် ကိုလေး..."
"အရိပ်ကိုခေါ်ပြီး မင်းရဲ့ဇာတိကိုငါလာခဲ့တယ် သာဂိ... မင်းအဆင်ပြေအောင်နဲ့ စီးပွားရေးလုပ်လို့ရအောင် မင်းအတွက် လ္ဘက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ပေးခဲ့တာ ဘာလို့လဲဆိုတာမင်းသိလား သာဂိ..."
"ကျွန်တော်သိပါတယ် ကိုလေး... ကိုလေးက ကျွန်တော့်ကိုယုံကြည်လို့ အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး ကျွန်တော်နေတဲ့ရွာလေးမှာ မမအရိပ်နဲ့အတူ ဘဝကိုဖြတ်သန်းချင်လို့ပါ..."
မျက်နှာပေါ်ကျလာတဲ့ဆံပင်တွေကို ဘေးကိုအသာသပ်ချလိုက်ကာ ရှိန်း ပြံုးပြီးခေါင်းငြိမ့်လိုက်လေသည်။
"ဟုတ်တယ် သာဂိ... ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင်မှ အသိမပေးဘဲ ငါ မင်းကိုပဲ ဆက်သွယ်ခဲ့တာ... ငါ အရိပ်အတွက် ငါ့မေမေကိုတောင်မှ ငါ ကျောခိုင်းပစ်ခဲ့တာ... ငါ ပေးဆပ်ရတာတွေ က တန်လို့လားကွာ... ဒါတွေအားလုံးရဲ့ရလဒ်က ငါပျော်ရွှင်ဖို့မဟုတ်ဘူး... အရိပ်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးတာဖြစ်သလို ငါ့ဒဏ်ရာတွေကိုလည်း ငါကိုယ်တိုင် ပြန်ကုစားဖို့ပဲ..."
"ကျွန်တော် နားလည်ပါတယ် ကိုလေး..."
"အခု သတင်းစာထဲထည့်ပြီး သူ့ဇနီးနဲ့ကလေးဆိုပြီး လူပျောက်ကြော်ငြာထည့်တယ်ဆိုတော့... ဒါ ငါ့ရဲ့ဒေါသကိုဆွပေးနေတာပဲ..."
"ကိုလေးစိတ်ထဲမှာမထားပါနဲ့... ကိုလေး ဒီမှာရှိတယ်ဆိုတာကိုလည်း ဘယ်သူမှသိတာမဟုတ်ပါဘူး..."
"ငါစိတ်ထဲမှာမထားပေမယ့် အရိပ်သတိရလာရင်..."
"ထူးဆန်းတယ်နော် ကိုလေး... မမအရိပ်သတိလစ်နေတာကြာပြီ... ဘာလို့အခုထိသတိမရသေးတာလဲ..."
သာဂိက နားမလည်သဖြင့် မေးလာခဲ့ပေမယ့် သူ မဖြေချင်ခဲ့။ ဆရာဝန်ပြောပုံအရဆိုရင် အရိပ်က သတိပြန်ရလာရင်တောင်မှ အရင်လိုပြန်ဖြစ်လာပါ့မလားဆိုတာ သေချာမသိနိုင်ဘူးတဲ့။ ဒါ ဘာအဓိပ္ပါယ်လဲ ဆိုတာ သူ ကောင်းကောင်းသိပါတယ်။
"ငါ အရိပ်ကို ဆေးရုံမှာထားပေးချင်တယ် ဒါပေမယ့် အရိပ်ကို ထပ်ပြီးဆုံးရှုံးရမှာလည်း ငါကြောက်တယ် သာဂိ..."
သာဂိက သူ့ကိုကြည့်ကာ နားလည်သလို ခေါင်းငြိမ့်နေလေသည်။
"လူလေးရေ... သမီးလေး သတိရလာပြီ... မြန်မြန်လာပါဦး..."
"ဟင်..."
သူ့ရင်ထဲမှာ ဝမ်းသာသွားကာ ချက်ချင်းပဲ ထပြီး အရိပ်ရှိရာ နှစ်ထပ်ပျဉ်ထောင်အိမ်လေးပေါ်သို့ ပြေးတက် သွားလေတော့သည်။ အရိပ်အခန်းထဲမှာ အရိပ်ကိုစောင့်ပေးနေတဲ့ ရွာထဲက ဆေးဆရာမတစ်ယောက်က အရိပ်ကိုရေပတ်ဝတ်တွေတိုက်ပေးနေလေသည်။
"အရိပ်..."
သူ့အသံကြားတော့ အရိပ်က သူ့ကိုမော့ကြည့်လာပြီး ဘာမှမပြောဘဲ သေချာကြည့်နေ၏။
"အရိပ် သတိရလာပြီလား..."
သူပြောတာကိုကြားပေမယ့် အရိပ်က သူ့ကိုထူးဆန်းသလိုကြည့်နေသဖြင့် သူ့ရင်ထဲမှာ လှိုက်ခနဲဖြစ်သွား လေတော့သည်။ အရိပ်ရဲ့အကြည့်တွေက တစ်မျိုးပဲ။ သူ အရိပ်ရဲ့ဘေးမှာထိုင်လိုက်ကာ အရိပ်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး
"အရိပ်... ဘာတွေကြည့်နေတာလဲ ကိုယ်လေ အရိပ်ရဲ့..."
"ကလေးမ... ဘာတွေကြည့်နေတာလဲ အဲ့ဒါ ညည်းယောက်ျားလေး မမှတ်မိတော့ဘူးလား..."
အရိပ်ရဲ့မျက်လုံးအိမ်ထဲမှာ ထူးဆန်းတဲ့အရိပ်အယောင်တွေနဲ့သာပြည့်နှက်နေပြီး သူ့ကိုပဲ သေချာကြည့်နေ ၏။ ထို့နောက် ပါးစပ်ကနေ အသံတစ်ခုက တိုးတိုးလေးထွက်လာခဲ့၏။ သူ သေချာနားစွင့်နေပေမယ့် မကြားလိုက်မိ။
"အရိပ်... ဘာပြောတာလဲ..."
"ကိုကို..."
"ဘာ..."
နားစိုက်ထောင်နေရာကနေ အသံတစ်ခုကို ပီပီသသကြားလိုက်ရသောအခါ ဒဏ်ရာဟောင်းတွေနဲ့ရင်ဟာ ပြန်လည် စိုစွတ်လာပြီး အနာရွတ်တွေဟာလည်း ပြန်ပြီးအသက်ဝင်လာတယ်လို့ထင်လိုက်မိ၏။ ဒါ ဟိုလူ့ကို ခေါ်တဲ့နာမ်စားတစ်ခု။ အရိပ်က အက္ခရာမောင်ကို ကိုကိုလို့ခေါ်တာ။ ဒါဆို အရိပ်အတိတ်မေ့သွားတာလား။
"အရိပ် ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ..."
"ကိုကို..."
"ကလေးမက မောင်ရင့်ကို ကိုကိုလို့ခေါ်တာလား..."
သူ ယောင်ယမ်းပြီး ခေါင်းပဲငြိမ့်ပြလိုက်မိ၏။ အရိပ်ကို သေချာအကဲခတ်လိုက်တော့ အရိပ်က ဘာကိုမှ မသိသလို မျက်လုံးက အိမ်ရဲ့အပြင်အဆင်တွေကိုသာ လိုက်ကြည့်နေလေတော့သည်။
"အရိပ်... ကိုယ့်ကိုမှတ်မိလား..."
အရိပ်ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာကာ
"ကျွန်မနာမည် အရိပ်တဲ့လား..."
"ဟင်..."
သေချာပါပြီ အက်ဆီးဒင့်ကြောင့် ခေါင်းကိုထိပြီး အရိပ် အတိတ်ကိုမေ့သွားတာ။
"ကလေးမ ညည်း ဘာကိုမှမမှတ်မိဘူးလား... အဲ့ဒါ ညည်းယောက်ျားလေ..."
"ဟုတ်တယ် အရိပ်... ကိုယ်နဲ့အရိပ်က သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံပါ... ကိုယ်တို့မှာ ကလေးတောင်ရှိနေပြီလေ အရိပ်ရဲ့..."
အရိပ်ရဲ့မျက်လုံးတွေက သူမဗိုက်ဆီသို့ရောက်သွားကာ လက်နဲ့အသာပွတ်လိုက်ပြီး ငုံ့ကြည့်ကာ ပြံုးနေ၏။ ထို့နောက် သူ့ကိုမော့ကြည့်လာကာ
"အရိပ်တောင်းပန်ပါတယ် ကိုကို... အရိပ် ဘာမှမမှတ်မိဘူး... အရိပ်မှတ်မိတာဆိုလို့ ကိုကိုဆိုတာပဲရှိတယ်..."
သူ နာကျင်စွာပြံုးလိုက်ပြီး အံကြိတ်လိုက်မိ၏။ ခင်ဗျား အရမ်းကိုကံကောင်းတာပါလား အက္ခရာမောင်။ အရိပ်က အရာအားလုံးမေ့သွားတာတောင်မှ ခင်ဗျားကိုခေါ်တဲ့ ကိုကို ဆိုတာကို သတိရနေခဲ့တယ်။
"ကလေးမသတိရလာပြီဆိုတော့ အဒေါ်ပြန်လိုက်ဦးမယ် လူလေး..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဒေါ်..."
"ရပါတယ်ကွယ် အဒေါ် ခဏနေပြန်လာခဲ့ပါ့မယ်..."
"ဟုတ်ကဲ့..."
အဒေါ်ကြီးထွက်သွားတော့ အိမ်ပေါက်ဝမှာရပ်နေတဲ့သာဂိလည်း ထွက်သွားတော့၏။
"ကိုကို..."
သူ ရင်နာနာနဲ့ အရိပ်ကိုလှည့်ကြည့်လိုက်ကာ အတတ်နိုင်ဆုံး ပြံုးလိုက်ပြီး
"ဗျာ..."
"အရိပ် မေ့နေလို့ တောင်းပန်ပါတယ် ကိုကို... အရိပ် ကိုကိုလို့ခေါ်တာကလွဲပြီး ဘာကိုမှစဉ်းစားလို့ မရဘူး..."
သူ အိပ်နေတဲ့အရိပ်ရဲ့နဖူးလေးကို အသာငုံ့နမ်းလိုက်ကာ
"ရပါတယ် အရိပ်ရယ်... အရိပ် တဖြည်းဖြည်းနဲ့ ပြန်မှတ်မိလာအောင် ကိုယ်လုပ်ပေးမှာပေါ့... အခုလောလောဆယ် အရိပ်က နေကောင်းအောင်နေနော်..."
"ဟုတ်..."
အရိပ်ရဲ့အပြံုးကို သူမြတ်နိုးစွာငေးကြည့်လိုက်မိ၏။ စကားတစ်ခွန်းကိုပြောဖို့ အားယူနေရတဲ့အရိပ်ကို ကြည့်ကာ ဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားလိုက်မိသည်။
ခွင့်လွှတ်ပါအရိပ်ရယ်။ ကိုယ် အရိပ်ကို ဟိုလူ့ဆီပြန်မပို့တော့ဘူး။ အရိပ် အတိတ်မေ့သွားတာက ကိုယ့်ရဲ့အားသာချက်ဖြစ်သလို ကိုယ်ပျော်ရွှင်နိုင်မယ့်ကိစ္စမို့လို့ ကိုယ်ကျေနပ်တယ်။ ဒါပေမယ့် အရိပ်က ကိုကိုဆိုတဲ့အခေါ်အဝေါ်ကို မမေ့တဲ့အတွက်တော့ ကိုယ် ဘဝင်မကျဘူးအရိပ်။ ဒါပေမယ့် ကိုယ် အရိပ်ကိုချစ်တယ်... အရိပ်ရယ်။ အရိပ် အတိတ်မေ့နေတဲ့အချိန်တွေဟာ ကိုယ့်အတွက်တော့ အပျော်ဆုံးအချိန်တွေပဲဖြစ်မှာပါ။ ကိုယ် အရိပ်ကိုထပ်ပြီးအဆုံးရှုံးမခံတော့ဘူး အရိပ်။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို တစ်နေ့တော့အရိပ်နားလည်လာမှာပါ။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ