Part 2

37.7K 2K 28
                                    

Unicode

သားကိုကြည့်ကာ ဒေါ်ဝေလွင်မှာ  ငိုချင်တဲ့စိတ်ကိုထိန်းထားရသည်။ သူငိုနေရင် သားရဲ့ခံစားမှုက ပိုဆိုးသွားမယ်မဟုတ်လား။ ကျောင်းတက်ရမယ့် ၅ နှစ်မပြည့်သေးတဲ့ အရွယ်မှာ သားက အသံမထွက်နိုင်တော့ လိုချင်တာကိုတောင်းဖို့ စာလည်းရေးမပြနိုင်သေးပေ။ နှုတ်ခမ်းတွေလှုပ်ကာ စကားပြောနေပေမယ့် အသံမထွက်တာ သိသွားတဲ့သားက တိတ်ဆိတ်သွားသည်။ သားဖေဖေလည်း သတိရကထဲက သားကိုမေးနေတာဖြစ်ပြီး သားအကြောင်းသိသွားတာနဲ့ မျက်ရည်ကျ၏။

“သမီး အန်တီ စီစဉ်ထားတာလေးတွေ ပြောပြချင်တယ်၊ သားလေးအတွက်ရော သမီးအမျိုးသားအတွက်ရော”

ဒေါ်ကြိုင်ကြိုင်ပြောလာမှာကို သားဖေဖေနဲ့ နှစ်ယောက်အတူ နားထောင်လိုက်သည်။ ဖြစ်ပျက်သွားတဲ့ကိစ္စမှာ တစ်ဖက်ကလည်း အင်တိုက်အားတိုက်လိုက်လုပ်ပေးရှာ၏။

“အန်တီမှာ အိမ်အပိုတစ်လုံးရှိတယ်၊ သမီးတို့ကို အန်တီက အဲ့မှာ နေစေချင်တယ်၊ မောင်ရင်ခြေထောက်ကိုလည်း အိမ်မှာ တတ်ကျွမ်းသူတွေကိုခေါ်ပြီး ပုံမှန်အတိုင်းပြန်ကောင်းအောင် လေ့ကျင့်ခန်းလုပ်ဖို့ အားလုံးစီစဉ်ပေးမယ်၊ စားဝတ်နေရေး အတွက်စိတ်မပူပါနဲ့”

ဒေါ်ကြိုင်ကြိုင်ခဏနားကာ စကားပြောလိုက်၏။

“နောက်တစ်ခုက သားလေးအတွက်ပါ…၊ သားလေးကအသံမထွက်တာပဲ ရှိတာဆိုတော့ သားလေးကို အနီးကပ်စာသင်ပေးမယ့် ကျွမ်းကျင်တဲ့ ဆရာတွေ အန်တီ့အသိတွေထဲမှာ ရှိတယ်၊ သားရဲ့ ပညာရေး ဆုံးခန်းတိုင်အောင် အန်တီတာဝန်ယူပေးချင်ပါတယ်”

တစ်ဖက်ကပြောလာမှ သူတို့နှစ်ယောက်စဉ်းစားမိသည်။ သားစကားမပြောနိုင်တော့လို့ ကျောင်းကိစ္စမရှိနိုင်တော့ဘူး ထင်ပေမယ့် ပညာရေးကို ဒီလိုသွားလို့မှန်းသူတို့သိခဲ့တာမဟုတ်။ တစ်ဖက်က သူတို့ထက် ဗဟုသုတ ပိုကြွယ်ဝသည်။

“သားအတွက်ကိုတော့ ကျွန်တော်တို့လက်ခံလိုက်ပါမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သားလေးကို ဒီအတိုင်းစကားမပြောနိုင်လို့ ဘာမှမရေးမဖတ်တတ်ပဲ နေသွားမှာ ကျွန်တော်တို့ သဘောမကျလို့ပါ၊ ကျွန်တော် ခြေထောက်ကောင်းအောင် ကျွန်တော် မြန်မြန်ကြိုးစားမှာပါ၊ အဲ့ဒါအခါကျ ကျွန်တော်တို့ကို တာဝန်ယူပေးစရာမလိုတော့ပါဘူး”

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now