Part 8

28.8K 1.7K 34
                                    

Unicode

ပုံမှန်ကျောင်းတစ်ရက်သွားပြီး ကျန်တဲ့အချိန်အိမ်မှာစာလုပ်နေရင်း အခုတော့ တနင်္ဂနွေလိုနေ့မျိုး ဖွားဖွားအိမ်ကိုသွားတာ တိုးသွားသည်။ သွားတိုင်း ဖွားဖွားနဲ့နှစ်ယောက်ထဲဆိုပျော်ပေမယ့် ကိုကိုရှိရင်တော့ သူကြောက်သည်။ ကိုကို့ကိုတွေ့တာ လက်ချိုးရေလို့ရသေးပေမယ့် ကိုကိုရယ်တာတစ်ခါမှ မတွေ့ဖူးသေးဘူး။ တစ်ခါတစ်လေ သူရောက်ပြီး ဖွားဖွားနဲ့ထိုင်နေတဲ့အချိန် ကိုကိုကအပြင်ထွက်တတ်သည်။ ကိုကိုကမင်းသားတွေထက်ပင် ပိုကြည့်လို့ကောင်းသည်။ အရပ်လည်းအရှည်ကြီးဖြစ်ပြီး အမြဲတမ်းတွန့်ချိုးထားတဲ့ မျက်ခုံးတွေက သူမကြိုက်ပေမယ့် ကိုကိုကအဲ့လိုပုံနဲ့လိုက်သည်။

ဒီနေ့တော့ ပိုးသား စောစောရောက်နေပြီး မေမေပေးလိုက်တဲ့ သနပ်ခါးတုံးနဲ့မနက်စာ ကောက်ညှင်းပေါင်းကိုသယ်ခဲ့လိုက်၏။ ဖွားဖွားက မနက်ဘုရားဝတ်ပြုတတ်တာသူသိတာကြောင့် သူဖွားဖွားအိမ်က ထမင်းချက်အန်တီအား ကောက်ညှင်းပေါင်းပေးလိုက်ကာ ပြင်ပေးဖို့စာရေးပြလိုက်၏။ ဖွားဖွား ဘုရားခန်းထဲမှာ သိတာကြောင့် ပိုးသား ဘုရားခန်းထဲ ခြေသံမထွက်အောင်ဝင်၍ ဘုရားဦးချကာ ဖွားဖွားဘုရားရှိခိုးတာကို ထိုင်ကြည့်နေလိုက်သည်။

"မြေးလေး ရောက်နေတာကြာပြီလား"

ဘုရားဝတ်ပြုပြီးတဲ့ ဖွားဖွားက သူ့ကိုမေးလာတာကြောင့် သူခေါင်းငြိမ့်ပြကာ ဖွားဖွားကိုတွဲကာထူပေးလိုက်သည်။ ဖွားဖွားက သူ့လက်ကိုကိုင်ကာ အောက်ကိုဆင်း၏။ ဧည့်ခန်းမှာ ဖွားဖွားကို ထိုင်စေကာ 'ဖွားဖွားအတွက် သနပ်ခါးတုံးမေမေထည့်ပေးလိုက်တယ်၊ ကောက်ညှင်းလည်းပေါင်းပေးလိုက်တယ်ဖွားဖွား၊ ကျွန်တော် အဆင်သင့်စားလို့ရအောင် ပြင်ပေးဖို့ပြောထားတယ် ဖွားဖွား' သူစာရေးပြရသည်။

ဒေါ်ကြိုင်ကြိုင်သဘောတကျ ပြုံးလိုက်မိသည်။ ဒီလိုကြောင့်လည်း မိသားစုလိုခံစားရတာလေ။

"‌သမီး ဝေလွင်က ဒုက္ခခံလို့၊ ဒါပေမယ့် မြေးလေးမေမေပေါင်းတဲ့ ကောက်ညှင်းပေါင်းတော့ ဖွားဖွားကြ ကြိုက်သလားမမေးနဲ့"

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now