EXTRA 8

18.3K 888 9
                                    

Unicode
Let's join the silent strike!

ထည်ဝါ အဝတ်တွေထည့်နေသူကိုကြည့်နေလိုက်သည်။ မပြန်ပါနဲ့ဆိုတာကိုမရဘူး။ ကိုကို အလုပ်မအားရင် ကျန်ခဲ့တဲ့လေ။ မွေးရပ်မြေကို ပြန်မယ်လုပ်နေတာ။ ပြီးတော့ ယောက္ခမဖြစ်သူနဲ့ပြန်မှာဆိုတော့ ဒီထက်ပိုပြီးတားလို့မဖြစ်။ ရှင်မတောင်သနပ်ခါးပွဲတော်လုပ်မှာကြောင့် ပြန်မလို့တဲ့လေ။ မပြန်တာလည်းကြာပြီ ဆိုပြီးပြန်မလို့လုပ်နေတာ။ မပြန်ရတာတော့ မှန်ပါတယ်။ သားရှိလာထဲက သားအတွက်ပဲ လုပ်နေရတာမလား။ ပြီးတော့ မွေးရပ်မြေက အိမ်နဲ့ခြံတွေကိုတောင်သွားမကြည့်ဖြစ်။ ခြံမှာ သနပ်ခါးစိုက်စားဖို့ အပ်ခဲ့တဲ့သူတွေဆီကလည်း သူတို့အကျိုးအမြတ်ယူတာမဟုတ်။

"သား မနေရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော်ရှိတာကို သားက ကျွန်တော်ပြောရင်ရတယ်"

ထည်ဝါ ပါးပါးကိုပြောလို့မရတာနဲ့ ထက်နိုင်ဆီ ဖုန်းဆက်ရတော့သည်။ ပါးပါးရော သားရော မရှိပဲနဲ့သူဘယ်လိုနေနိုင်မှာလဲ။ အလုပ်တွေကို ထက်နိုင်ကိုသေချာတာဝန်ယူဖို့ရယ် တွေ့ခွင့်တောင်းထားတဲ့သူတွေကို နောက်ရက်ပြန်ချိန်းဖို့ရယ် လုပ်ရသည်။

"ကိုကို့ အဝတ်တွေပါ ထည့်"

"ဟင် လိုက်မလို့လား အလုပ်တွေရှိတယ်ဆို"

"ပါးပါးနဲ့သားက သွားတော့ ဒီဖေဖေကဘယ်လိုနေရမလဲ လိုက်မှာပေါ့"

"သေချာလို့လား ကိုကို တော်ကြာ အလုပ်ကအရေးကြီးတယ်ဆိုပြီး...ပြွတ်..အွန့်"

"သေချာတယ်"

"အဲ့ဒါကောင်းကောင်းပြောပါလား"

"ကောင်းကောင်းပြောတာကို"

"သားကို သွားခေါ်ဖို့လုပ်အုန်း"

"သူ့ဖွားဖွားနဲ့ပြန်လာမှာပေါ့"

"သားကလေ ကျွန်တော့်ကိုချစ်ရောချစ်ရဲ့လားမသိဘူး"

ထည်ဝါ ရယ်လိုက်သည်။ သူ့အဖွားနဲ့ ဖွားဖွားတို့အိမ်ကိုသွားတာမလား။ နေ့ခင်းထဲကထွက်သွားတာဖြစ်ပြီး ဖုန်းမဆက်လို့ပြောနေတာ။ သားက ဘယ်ဆက်မလဲ သူ့အဖွားနှစ်ယောက်နဲ့ ဖွားဖွားကြီးနဲ့ကြားမှ ဘယ်လောက်တောင် အလိုလိုက်ခံနေရလဲမှမသိတာ။ ဒါကြောင့်မလို့ အပျော်လွန်ပြီး ဖုန်းမဆက်တာပဲနေမှာ။ ထည်ဝါ ပါးပါးဘေးကိုသွားကာ နောက်ကဖက်ရင်း ပုခုံးပေါ်ကိုမေးတင်ထားလိုက်ကာ ဖက်လိုက်ပြီး

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now