Part 3

32.8K 1.8K 10
                                    

Unicode

ဒေါ်ကြိုင်ကြိုင်နှင့်အတူ စိတ်ပိုင်းဆိုင်ရာ ကလေးအထူးကုတွေပါ ပါလာတာဖြစ်ပြီး သူတို့လူကြီးတွေ သီးသန့်စကားပြောနေ၏။ ကလေးကို အတန်းပညာသင်ကြားပြသပေးမယ့် ဆရာကအခုလောလောဆယ် ကလေးနဲ့စကားပြောနေသည်။ ကလေးရဲ့အခြေအနေက အရမ်းမဆိုးတာကြောင့် သင်ကြားရမှာ အဆင်ပြေမယ့်အကြောင်းပြောပြနေသည်။ တစ်ဆက်ထဲ ပိုးသားမြိုင်ကို ဒေါ်ကြိုင်ကြိုင်က private school မှာ ကျောင်းအပ်ပေးထားသည်။ ဒီကျောင်းကလည်း ဒေါ်ကြိုင်ကြိုင်တို့ ရှယ်ယာတွေ မကင်းတဲ့ကျောင်းဖြစ်သည်။ ပိုးသားမြိုင်လေးကို အိမ်တွင်ပဲ စာသင်ကြားစေပြီး တစ်ပတ်တစ်ခါလောက်ပဲ ကျောင်းကိုပို့ပေးဖို့ တိုင်ပင်ထားကြတာဖြစ်သည်။ ဒီလိုလွှတ်ပေးဖို့ ဆုံးဖြတ်တာကလည်း ကလေးလူကြောက်သွားမှာဆိုး၍ ဖြစ်၏။

“မြေးလေး လာပါအုန်း”

ကလေးက သူ့ကိုတော့ ခင်တွယ်၏။

“မြေးက ဒီဘက်က ဆရာချောချောလေးနဲ့ စာသင်ရမယ်ဆိုတော့ ပျော်လား”

ကလေးက ပြုံးလိုက်ကာ ခေါင်းငြိမ့်ပြသည်။ လည်ပင်းက မှန်စစိုက်ထားတဲ့ ဒဏ်ရာလေးက အမာရွတ်လေးအဖြစ်ကျန်နေ၏။ ကလေးဆိုတော့ ဆေးလူးပေးလည်း ခဏပင်ဖြစ်ကာ အငြိမ်မနေပဲ အမာရွတ်က မပျောက်ပဲဖြစ်နေသည်။

“ကဲ အဖွား အဲ့ဒါဆို ပိုးသားလေးကို ကျွန်တော်ခေါ်သွားမယ်နော်၊ ဒီဘက်မှာရှိပါမယ် အဖွား၊ ကျွန်တော်နဲ့ ပိုးသားလေး အကောင်ဖွက်တိုင်း ကစားနေလို့”

“ဟုတ်လားမြေး”

ပါးစပ်လေးက ပွင့်ကာ ခေါင်းလည်းငြိမ့်ပြသည်။ ပါးစပ်လှုပ်တဲ့ အမူအရာကို ကြည့်ရင် ‘ဟုတ်’လို့ဖြေတာကို မြင်ရမှာဖြစ်၏။ စာသင်ပေးမယ့် ဆရာနဲ့အတူတူ ထွက်သွားမှ ဒေါ်ကြိုင်ကြိုင် ဦးစောမြိုင်နဲ့ဒေါ်ဝေလွင်ကို စကားပြောဖို့လုပ်လိုက်သည်။ 

“မောင်စောမြိုင် လေ့ကျင့်ခန်းလုပ်တာ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့ ပြေပါတယ် အန်တီ”

“အင်းအင်း သားလေးအတွက်ကို စိတ်မပူပါနဲ့နော်၊ အန်တီ သမီးနဲ့သားရဲ့ ကလေးကို အန်တီ့ရဲ့ မြေးလေးလိုပဲ ချစ်ပါတယ်၊ သူ့အတွက် အန်တီ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမှာပါ”

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now