Part 15

31K 1.7K 40
                                    

Unicode

မေမေက တစ်ရက်တောင်မနေပဲ နေ့လည်ရောက်တော့ ချက်ချင်းပြန်သွားရသည်။ ခြံထဲမှာ သနပ်ခါးပင်ခုတ်ရင်း အလုပ်သမားတစ်ယောက် ထိခိုက်သွားလို့ နီးစပ်ရာဆေးရုံတင်လိုက်ရတာကြောင့်လို့ဆိုသည်။ မပြန်ခင်လည်း သူ့ကို လိမ်လိမ်မာမာနေဖို့၊ ပိုက်ဆံတွေကို မလိုအပ်ပဲ မသုံးဖို့၊ ဖွားဖွားစကားနားထောင်ဖို့၊ ကိုယ့်အိမ်ထောင်ဘက်စကားကို နားထောင်ဖို့အများကြီး မှာခဲ့တာ။ မေမေအပြန်ခင် ဖွားဖွား၊ ကိုကို့မေမေနဲ့ မေမေ့ကို သူတို့ဦးချသေးတာ။ ဖွားဖွားအိမ်မှာ သူတို့ညနေစောင်းအထိ နေခဲ့လိုက်ပြီး ညနေစောင်းတာနဲ့ ကိုကိုနဲ့အတူတူ ပြန်ခဲ့လိုက်သည်။ ဖွားဖွားအိမ်မှာရှိနေတုန်းက အလုပ်သမားတစ်ချို့ ကိုကို့အခန်းထဲက အသုံအဆောင်တစ်ချို့ကိုသယ်ယူနေတာကို တွေ့လိုက်ရတာကြောင့် ကိုကို့ပစ္စည်းတွေ ဟိုဘက်ကိုရွှေ့ပေးနေတယ်ဆိုတာ သူသိ၏။ ကိုကိုနဲ့သူ အခုထိ စကားမပြောဖြစ်။ ကိုကိုကလည်း သူ့ကိုဘာမှမပြောသလို သူလည်းကိုကို့ကို သိချင်တာတွေ မမေးရဲ။ ခြံရှေ့ရောက်တာနဲ့ ခြံစောင့်လုံခြုံရေးက တံခါးဖွင့်ပေးသည်။ ကိုကိုကအိမ်ထဲရောက်တဲ့အထိ သူ့ကိုစကားမပြောသေးပါ။ သူ့လက်ထဲမှာ လက်ထပ်စာချုပ် နှစ်အုပ်က ပိုက်ထားဆဲ။

“အဝတ်သွားလဲပြီး ပြန်ဆင်းလာခဲ့မယ် မင်းနဲ့စကားပြောဖို့ရှိသေးတယ်”

သူ့ကိုပြောပြီးတာနဲ့ ကိုကိုက အပေါ်တက်သွား၏။ အဲ့တော့ သူက အောက်မှာ ကိုကို့ကိုထိုင်စောင့်နေရမှာလား။ သူလည်း အဝတ်လဲချင်တယ်လေ။ တစ်နေကုန် ပုဆိုးဝတ်ထားရတာ ငြီးငွေ့နေပြီ။ ဒါပေမယ့် ကိုကိုက ပြန်ဆင်းလာမယ်ဆိုတာကြောင့် သူစောင့်ပဲနေလိုက်တော့၏။ အိပ်လည်းအိပ်ချင်နေပြီး လှဲပစ်လိုက်ချင်တော့ပဲသိသည်။ မျက်တောင်တွေဆင်းပြီး သူ့မျက်လုံးတွေ သိပ်မကြာခင် မှိတ်တော့မှာ။ ဒါပေမယ့် အရိုင်းဆန်တဲ့ရေမွှေးနံ့က နှာခေါင်းထဲရောက်လာတာကြောင့် ပိုးသား မတ်မတ်ထိုင်လိုက်သည်။ ကိုကိုက အဝတ်လဲပြီး ပြန်ဆင်းလာတာ။ မျက်နှာလည်း သစ်ပြီးပြီ။ သူလည်း သစ်ချင်တာလေ။ ကိုကို့လက်ထဲမှာ စာရွက်နှစ်ရွက်နဲ့။ ကိုကို့မျက်နှာကြီးက အခုထိ တည်နေတုန်း။ လက်မှတ်ထိုးထားတဲ့ လက်ထပ်စာချုပ်ကို ပေါင်ပေါ်တင်လိုက်ပြီး ဘေးက tablet ကိုကောက်ကိုင်လိုက်ရသည်။ ကိုကိုတစ်ခုခုပြောရင် ချက်ချင်းပြန်ရေးပြနိုင်အောင်လို့။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Dove le storie prendono vita. Scoprilo ora