Part 17

29.9K 1.7K 37
                                    

Unicode

“သား မေမေ့နောက်လိုက်လာတာ ဖွားဖွားကိုပြောခဲ့သေးလား”

‘ဖွားဖွားကိုမပြောခဲ့ဘူး၊ အိမ်က အန်တီကိုမှာခဲ့တယ်၊ မေမေက နေမကောင်းနေတော့ ကျွန်တော်မြန်မြန်လိုက်လာတာ’ လို့ မေမေ့ကို လက်ဟန်နဲ့သေချာပြောပြလိုက်သည်။ မေမေ့နဲ့အမြဲတန်းစာပို့ပေမယ့် ဖုန်းခေါ်လိုက်တာကြောင့်သာ မေမေနေမကောင်းတာကို သိလိုက်တာ။ မေမေက နေမကောင်းတာကိုသူ့ကိုမပြောပဲ လျှို့ဝှက်ထားတာ။ ဒီအမေနဲ့ဒီသားနဲ့ပဲရှိတော့တာကို မေမေက နေနိုင်တယ်။

‘မေမေနားလိုက်အုန်းနော် ကျွန်တော် မေမေ့အတွက် ဘာလုပ်ပေးလို့ရမလဲ သွားကြည့်လိုက်အုန်းမယ်’ လို့သူပြောတော့ မေမေက

“နောက်က အိမ်မှာ ဦးလေးတို့မိသားစုတွေနေတယ်လေ၊ သားသွားကြည့်ရင်သွားကြည့်၊ မေမေ့အတွက် ဘာမှမလုပ်နဲ့ဒီမှာ စွပ်ပြုတ်တွေရှိတယ်”

မေမေ့ကိုခေါင်းငြိမ့်ပြကာ သူအနောက်ဖက်ကိုထွက်ခဲ့သည်။ ဖေဖေရှိစဉ်ထဲက အလုပ်လုပ်ပေးတဲ့ ဦးလေးတို့မိသားစုက သနပ်ခါးခြံကြီးထဲက သူတို့နေတဲ့အိမ်နောက်ဖက်မှာ အိမ်ဆောက်ကာနေ၏။ ဦးလေးရဲ့အိမ်က ကလေးအသံတွေနဲ့ဆူညံနေကာ အော်ဟစ်ပြီးပျော်ဖို့ကောင်းတယ်လို့ သူထင်သည်။ ဒီလို အသံဆာဆာ ဆာဆာနဲ့ကလေးအသံလေးတွေရှိတာက တကယ်ချစ်ဖို့ကောင်းတယ်။ သူငေးကြည့်နေတုန်း သူ့လက်ချောင်းတစ်ချောင်းကိုလာကိုင်တာကို သိလိုက်တာကြောင့်ငုံ့ကြည့်လိုက်တော့ ပေတလူး ကလေးလေးကိုတွေ့လိုက်သည်။

“ကိုကိုက ဘူလဲ”

ကလေးက လက်ထဲက မုန့်ကိုလည်းစားနေပြီး ပေကျံနေကာ သူ့ကိုမော့ကာမေးနေသည်။ သူထိုင်ချလိုက်ပြီး ကြည့်လိုက်တော့ ဘောင်းဘီလဲမပါပဲ ဂျိုးလေးက တန်းလန်းနဲ့။ စွပ်ကျယ်ဂျိုင်းပြတ်ကလည်း နည်းနည်းညစ်နေပြီဖြစ်သည်။ မုန့်တွေစားရင်း ပါးစပ်တစ်ဝိုက်မှာပေကျံနေတာကို သူသုတ်ပေးလိုက်၏။

“ဟဲ့ ဒီကလေးတော့ အစ်ကိုကြီးကို သွားမရှုပ်ရဘူးလေ”

ကလေးအမေလို့ ထင်ရတဲ့အန်တီက ကလေးကို သူ့လက်ထဲက ဆွဲယူလိုက်ပြီး

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now