Part 21

31.9K 1.7K 34
                                    

Unicode
(Captured me want to protect  က နောက်ကျမယ်ရှင်၊ ဒီနေ့ အပ်တော့အပ်ပေးမယ်)

ထည်ဝါ နိုင်ငံရပ်ခြားက သူငယ်ချင်းနဲ့အတူ ချူးသက်နဲ့အပြင်သွားပြီး ညစာ စားဖို့လုပ်လိုက်သည်။ အခန်းထဲမှာ ဧည့်သည်အတွက်ဆိုပြီး အားလုံးသေချာပြင်ဆင်ပေးထားသည်။ ထည်ဝါ ချူးသက်ကိုအောက်မှာစောင့်ခိုင်းထားတာ။ ဘရိုင်ယန်ကို ဝင်ပို့ရင်း ရှင်းထားတဲ့အခန်းကိုကြည့်လိုက်တော့ သေချာလုပ်ပေးထားတာဖြစ်သည်။ အိတ်တွေသယ်ပေးပြီးထဲက ပိုးသားမြိုင်ကို မတွေ့ရတော့။ သူပြောလိုက်တာ မှားသွားတာကိုသိသည်။ ဒါပေမယ့် အခုက အပြင်လူတွေနဲ့ဖြစ်သလို အောက်မှာလည်း ချူးသက်မေက စောင့်နေတာကြောင့် ပြန်လာမှစကားပြောဖို့လုပ်လိုက်သည်။ ‘အပြင်ခဏသွားလိုက်အုန်းမယ်’ ဆိုတဲ့စာကို ပို့ပေးထားလိုက်သည်။

“ဘရိုင်ယန် ပြီးပြီလား”

“ready ပဲ”

အောက်မှာထိုင်စောင့်နေတဲ့ ချူးသက်မေကတော့ ခိုင်းဖို့ခေါ်ထားတယ်လည်း ပြောသေးပြီး ပြန်ဆင်းမလာတဲ့ ကောင်လေးကို ဘယ်အချိန် ပြန်ဆင်းလာမလဲ စောင့်ကြည့်လိုက်သည်။ ခိုင်းဖို့ခေါ်ထားရင် အပေါ်ထပ်မှာတော့ ပေးနေမှာမဟုတ်ဘူးမလား။ ဒါပေမယ့် ထည်ဝါနဲ့ ဘရိုင်ယန် ဆင်းလာတဲ့အထိ ထိုကောင်လေးက ပြန်ဆင်းမလာပေ။

“ချူး သွားမယ်”

ဘရိုင်ယန်နဲ့ချူးသက်မေက ရင်းနှီးလွယ်သည်။ အလုပ်ကိစ္စနဲ့ အွန်လိုင်းကနေ စကားပြောနေတာကြောင့် သူတို့က စိမ်းမနေပေ။ သူတို့ အပြင်ထွက်လိုက်ပြီး ချူးသက်မေ ကြိုတင်မှာထားတဲ့ စားသောက်ဆိုင်ကိုပဲ တန်းသွားလိုက်သည်။ အလုပ်ကိစ္စပြောလိုက် စားလိုက်နဲ့ ထည်ဝါ လက်ကနာရီကိုကြည့်လိုက်တော့ ၉ နာရီထိုးတော့မယ်။ အခါတိုင်းက ဖွားဖွားအိမ်မှာစားနေကျ။ အခုက အိမ်မှာလည်း ဒေါ်ကြီးမရှိတော့ အိမ်ကပိုးသားအတွက် မှားထားလည်း ရနေတာကြောင့် ပြန်ဖို့လုပ်လိုက်သည်။

"ပြန်တော့မလို့လား ထည်ဝါ"

"ပြန်မယ်လေ ၉ နာရီကျော်နေပြီ"

"၉ နာရီက အစောကြီးရှိပါသေးတယ် ထည်ဝါရယ်၊ ဘရိုင်ယန်‌နဲ့အတူရှိတုန်း ကလပ်လေးဘာလေး မသွားချင်ဘူးလား"

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now