Part 35 ❗

55.1K 1.7K 21
                                    

Unicode
(Warning!!)

“သားက ဖွားဖွားနဲ့သွားအိပ်မလို့လား”

“အိပ်မှာ”

ပိုးသား အတိုင်အဖောက်ညီနေတဲ့ သားအဖ နှစ်ယောက်ကို ကြည့်နေလိုက်ပြီး ဘာမှမပြောပဲထားလိုက်သည်။ သားလား မေမေနဲ့အိပ်မှာ။ အိပ်လည်းခဏပဲ ပြီးရင် သူ့ဆီပဲပြန်ရောက်လာမှာကို။ အဲ့ဒါကို သွားအိပ်မယ်လုပ်နေသူရယ်၊ အိပ်မလို့လားမေးနေတဲ့သူရယ်။ ဘာဖြစ်နေလည်းမသိ ထမင်းစားပြီးထဲက ကိုကိုက သားနဲ့ဆော့ပေးနေရင်း သားအဖနှစ်ယောက်က တပူးပူး တတွဲတွဲ။ သားကလည်းအထိမအိပ်သေးဘူး။ အရင်ဆို ဒီအချိန်အိပ်နေပါပြီ။ အခုကမအိပ်သေးပဲ အောက်မှာဧည့်ခန်းမှာ အားလုံးစုထိုင်နေတာကို မအိပ်သေးပဲ သူကပါလူကြီးတွေကြားထဲဝင်နေတာ။ သူ့ဖေဖေပေါင်ပေါ်မှာထိုင်ပြီး လိုက်ကြည့်နေတာ။ ကိုကိုက I pad နဲ့အလုပ်ကိစ္စ စာပြန်နေတာ။ ဒါကိုငြိမ်ပြီးကြည့်နေတာဖြစ်သည်။

“ဖွားဖွား အိပ်မယ်”

သူအိပ်ချင်တော့ မေမေ့ကိုလှမ်းခေါ်တာ။ ပိုးသား ကြားက သားကိုချီလိုက်ပြီး

“ပါးပါးနဲ့အိပ်မယ်လေ”

“ဖွားဖွားနဲ့အိပ်မှာ”

ထည်ဝါကတော့ စာပြန်ရင်း သားနဲ့ပါးပါးစကားပြောတာကို နားစွင့်နေလိုက်သည်။

“တကယ် ဖွားဖွားနဲ့အိပ်မလို့လား၊ ပြီးရင် ပါးပါးဆီ ရောက်လာမှာကို”

“ဖွားဖွားနဲ့ တကယ်အိပ်မှာ”

ရွှတ်!

သားပါးကိုနမ်းတော့ သားက သူ့ပါးကို တမွမွနဲ့ပြန်နမ်း၏။ ပြီးတာနဲ့မေမေ့လက်ထဲ သွားသည်။

“ပါးပါး တာ့တာ၊ ဖေဖေ တာ့တာ”

“သား ပါးပါးနဲ့အိပ်ချင်ရင် ချက်ချင်းပြန်လာခဲ့နော်”

“ဟုတ် ပါးပါး၊ ဖွားဖွား အိပ်မယ်”

တကယ်ပါပဲ သားက ဖွားဖွားနဲ့အိပ်ဖို့ ဘာကိုဓါတ်ကျသွားလည်းမသိ။ ပိုးသား သားကိုချီပြီးအပေါ်တက်သွားတဲ့ မေမေ့ကိုလိုက်ကြည့်လိုက်သည်။

“ကိုကိုတို့လဲ ဝင်ရအောင်”

နောက်မှအသံထွက်လာလို့ ကြည့်လိုက်တော့ ကိုကို မတ်တပ်တောင်ထရပ်နေပြီ။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now