Part 31

49.6K 2K 25
                                    

Unicode

အိပ်ရာပေါ်က ချာတိတ်က တုတ်တုတ်မလှုပ်။ ကလေးက သူ့အပေါ်မှာထိုင်နေပြီး ချာတိတ်ကိုလက်ညှိုးထိုးကာ သူ့ကိုမော့မော့ကြည့်ပြီး ပါးပါး ပါးပါး ဆိုပြီး ငိုမဲ့မဲ့လေးလုပ်နေတာ။ ကလေးနဲ့အတူလာတဲ့ ကလေးတွေကို ချာတိတ်မေမေဆီပြန်ပြီး လိုက်လာခဲ့ဖို့ပြောလိုက်တာ။ ‌အနီးစပ်ဆုံး ပုဂ္ဂလိကဆေးရုံကို ကလေးတစ်ဖက်နဲ့ ချာတိတ်တစ်ဖက်နဲ့သူက ထက်နိုင်ကိုကလေးပေးထားရင်း ချာတိတ်ကိုပွေ့ခေါ်သွားရတာ။ လန့်သွားတာ ဘာမှမဖြစ်ပါဘူးဆိုတာကြောင့် သူ သက်ပြင်းချနိုင်သွားတာဖြစ်၏။ အန်တီက နောက်ကလိုက်လာပြီး သူ့ကိုတွေ့တော့ အံ့ဩသွားပြီး ဘာစကားမှမပြောနိုင်ပဲ ချာတိတ်ဆီပြေးသွား၏။ ကလေး ကားနဲ့မတော်တဆ ဖြစ်တော့မလို့ကိုပြောပြရသည်။ ‌အန်တီက အိမ်ကိုလိုက်ခဲ့ဖို့ပြောပေမယ့် သူလက်မခံခဲ့ပဲ အန်တီ့ကိုပါ ရန်ကုန်ကို တစ်ခါထဲပြန်ခေါ်ခဲ့တာ။

ဟိုကထွက်ထဲက ဖွားဖွားကို ဖုန်းဆက်ထားလိုက်တော့ ဖုန်းထဲကတော့ ဖွားဖွားရဲ့ ဝမ်းသာပြီးတုန်နေတဲ့အသံတောင် သူကြားခဲ့ရတာ။ မရပ်မနားပဲ မောင်းလာတဲ့ကားက အိမ်ကိုပုံမှန်ထက် နာရီတော်တော်များများစောရောက်ခဲ့တာဖြစ်ပြီး အိမ်မှာ ဖွားဖွားရော မာမီပါ ကြိုစောင့်နေကြတာဖြစ်သည်။ ချာတိတ်ကို ပွေ့ပြီးထွက်လာတာမြင်တော့ ဖွားဖွားက စိုးရိမ်သွားတာ။ ဘာမှမဖြစ်ဘူးဆိုတာသိမှ တရစပ်မေးတာကိုငြိမ်သွားတာဖြစ်သည်။ နောက်မှာပါလာတဲ့ အန်တီကိုမြင်ပြီးအလွမ်းသယ်ရင်း သူ့နောက်ကိုပြေးပြီးလိုက်တင်လာကြတာဖြစ်၏။

"သမီးဝေလွင် ဒါလေးက ဖွားရဲ့မြစ်လေးမလားဟင်"

ဒေါ်ဝေလွင်မှာ ဘာဖြေရမှန်းမသိ။ သားက အမှန်ကိုဖြေစေချင်လား ဘာကိုဖြေစေချင်လဲ။ ဖွားဖွားစကားကို သူရောမာမီရောလှည့်ကြည့်မိသည်။ ချာတိတ်မေမေက ဘာမှမပြောသေးပဲ ငြိမ်နေသည်။ ဘာမှမဖြေတဲ့ ချာတိတ်မေမေကြောင့် ဖွားဖွားက သူ့ဘေးကိုလျှောက်လာရင်း သူ့အပေါ်က ကလေးကိုကြည့်ရင်း

"သေချာတာပေါ့ မျက်လုံးနဲ့နှုတ်ခမ်းက မြေးလေးနဲ့တူပြီး ကျန်တာ မြေးဂုဏ်ရှိန်ထည်ဝါ ငယ်ငယ်ကအတိုင်းပဲ"

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now