Part 13

27.4K 1.5K 12
                                    

Unicode

"ဖွားဖွား ‌ဘာပြောစရာ ရှိလို့လဲ"

"မြေးကို အိမ်ထောင်ချပေးမလို့"

"ဘယ်သူလဲ မာမီ၊ သမီးလည်းမသိရပါလား"

အိမ်ထောင်ချပေးမယ်ဆိုတဲ့အသံကြားတာနဲ့ ထည်ဝါမျက်ခုံးတွေ တွန့်ချိုးကုန်သည်။ သူဒီမှာ ပျော်ရွှင်စရာတွေတောင်မရှာရသေးဘူးမလား။ ဖွားဖွားရဲ့အလုပ်တွေကိုပဲ လုပ်ပေးနေတာလေ။

"မြေးက ၂၆ နှစ်ပြည့်လို့ ၂၇ ထဲရောက်နေပြီလေ၊ လုပ်ငန်းစုကိုလည်း နိုင်နင်းနေပြီဆိုတော့ အိမ်ထောင်ပြုဖို့ပဲ ကျန်တော့တယ်မလား"

"ဖွားဖွားက မစောလွန်းဘူးလား"

"မစောပါဘူး နောက်ကျနေပြီလားလို့၊ အရာအားလုံးစီမံနိုင်နေပြီပဲ အိမ်ထောင်ပြုဖို့ပဲကျန်တော့တယ်၊ ဖွားဖွား မြေးအိမ်ထောင်နဲ့ကိုမြင်သွားချင်တယ်လေ"

"နေအုန်းလေ မာမီ၊ ဘယ်အိမ်က သမီးလဲ၊ ပြောပါအုန်း"

"ဖွားဘက်ကတော့ တောင်းပြီးပြီ၊ မြေးနဲ့သမီးကိုပြောပြပြီး မင်္ဂလာကိစ္စကို မြန်မြန်စီစဉ်ချင်တယ်"

ဖွားဖွားက တစ်ဖက်ကသမီးရှင်ကိုတောင် တောင်းပြီးပြီတဲ့လား။ ဖွားဖွား ဘယ်မှသွားတာလည်းမရှိ။ ချာတိတ်တို့ဘက်နဲ့အိမ်နဲ့ပဲ သွားနေတာမဟုတ်ဘူးလား။ သူတို့မသိခင် ဒီကိစ္စတွေကို ဖွားဖွား ဘယ်တုန်းကလုပ်လိုက်တာလဲ။ ဖွားဖွားက စကားဆက်ပြောဖို့ပြင်လာသည်။

"မြေးလေးကလည်းလက်ခံတော့၊ မြေးလေးနဲ့မြေးကို ဖွားဖွားက လက်ထပ်ပေးချင်တယ်"

"မာမီ ဘယ်ကမြေးလေးလဲ"

မြေးလေး။ ဘယ်ကမြေးလေးလဲ။ ဖွားဖွားမြေးလေးလို့ခေ့်တာ ချာတိတ်တစ်ယောက်ပဲရှိတာလေ။ ဖွားဖွားက ဘယ်အိမ်ကသမီးကိုမြေးလေးလို့ခေါ်သေးတာတုန်း။ သူတို့လည်းမသိလိုက်ရပါလား။

"မြေးလေးလေ၊ ပိုးသားလေးနဲ့"

ဟင်!

"ဟမ်! ဘာ! ဘယ်သူ!"

ထည်ဝါ အံ့ဩကာ အသံကျယ်ကျယ်လောင်လောင်နဲ့ အော်မေးလိုက်ရတဲ့အဖြစ်။ နောက်ကိုမှီထိုင်နေတဲ့ သူ့ခန္ဓာကိုယ်က မတ်တောင်သွားသည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now