Part 7

30K 1.7K 6
                                    

Unicode

မနက်စာထမင်းဝိုင်းက တိတ်ဆိတ်နေသည်။ ဂုဏ်ရှိန်ထည်ဝါကြိုင် ဖွားဖွားဘေးကနေ ဖွားဖွားမနက်စာစားဖို့ ထည့်ပေးနေသူ အကြည့်စူးစူးနဲ့ ကြည့်နေလိုက်သည်။ ဖွားဖွားနာမည်ပြောလိုက်ကထဲက ဖွားဖွားနောက်မှာ ကပ်ပြီးဇတ်ကိုပုကာ ရပ်နေသူသည် ခေါင်းကိုငုံ့ထားလျှက်နဲ့ အခုထိ စကားပြောမလာသေး။ ဖွားဖွားအတွက် မနက်စာထည့်ပေးနေရင်းနဲ့လည်း သူ့ကိုတစ်ချက်တစ်ချက် မျက်လုံးလှန်လှန်ကြည့်သေးသည်။ သူကြည့်နေတာနဲ့ဆုံသွားတော့ မျက်လွှာချပြီး ထပ်ကြည့်လာချင်းမရှိတော့ပဲ သူ့အလုပ်ကိုသူလုပ်နေ၏။ သူ့နေရာ စားပွဲပေါ်မှာက Tablet တစ်လုံးနဲ့။

“မြေးလေး ရပြီ မြေးလေးစားဖို့ထည့်တော့”

ပိုးသားမြိုင် သူ့ကိုတောက်လျှောက်ကြည့်နေတဲ့ ကိုကိုကြောင့် မျက်လုံးကို ခေါင်းကိုမမော့ရဲ။ သူမြင်လိုက်ရတဲ့ကိုကိုက ဓါတ်ပုံထဲမှာထက် အပြင်မှာက ပိုပြီးအကြီးကြီးဖြစ်သည်။ ဓါတ်ပုံထဲမှာလိုပဲ အရယ်အပြုံမရှိပဲ တည်တင်းနေတဲ့ကိုကို့နဲ့ မျက်နှာချင်းဆိုင်ရဖို့ ရင်တုန်သည်။ ဖွားဖွားအတွက် အုန်းနို့ခေါက်ဆွဲထည့်ပေးနေရင်း ကြည့်မိတော့လည်း သူ့ကိုစူးစိုက်ပြီးကြည့်နေသည်။ ကိုကိုက သူ့ကိုသဘောမကျဘူးထင်သည်။

“ကိုထည်ဝါ ကလေးကိုကြည့်မနေနဲ့၊ မင်းကြည့်နေတာနဲ့ ငါ့မြေးလေး မစားရဲတော့ဘူး”

ဖွားကြိုင်မှာ ပိုးသားကိုမျက်ခုံးတွေတွန့်ချိုးပြီး ကြည့်နေတဲ့မြေးကိုပြောလိုက်ရသည်။ ပိုးသားလေးက သူကြည့်နေမှန်းသိလို့ ခါတိုင်းထက် ငြိမ်နေသည်။ ကလေးက ကြောက်နေမှာပေါ့ ကြည့်နေတာကိုထဲက လူမိုက်အကြည့်နဲ့။

“အဟွန်း! ဘာအကြံအစည်ရှိလို့ ဒေါ်ကြိုင်ကြိုင်နားကပ်နေတာလဲဆိုတာ သိအောင်လုပ်ရမယ်လေ”

ကိုယ်ပြောမှ မျက်လုံးတစ်ချက်လှန်ကြည့်လာကာ ချက်ချင်း မျက်လွှာပြန်ချသွားသည်။ နေပါအုန်း ဒီကောင်စကားမပြောတတ်ဘူးလား။ ဘာဖြစ်လို့ စကားတစ်ခွန်းမှ ဝင်မပြောရတာလဲ။ မထုံတတ်သေးနဲ့။

“မင်းဟာလေ၊ မင်းဘာသာ စားစရာရှိတာစား၊ မြေးလေး မြေးလေးကိုကို ကိုအာရုံစိုက်မနေနဲ့ သူကအဲ့အတိုင်းပဲ စားနော် မကြောက်နဲ့”

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now