Finale

44.8K 1.6K 56
                                    

Unicode

စင်တာထဲမှာ သားဖြစ်သူကို လိုက်ဆွဲနေရာတာနဲ့ ပိုးသားမှာ ချွေးတောင်ပျံချင်နေပြီဖြစ်သည်။ သားနဲ့သားဖေဖေဖို့ စွယ်ထာထိုးပေးနေတာ ချည်လုံးလိုတာကြောင့် အပြင်ထွက်ခဲ့လိုက်တာ။ ချည်လုံးအပြင်တခြားလိုတာကိုပါ တစ်ခါထဲဝယ်လို့ရအောင် လျှောက်ကြည့်နေရင်း ချီခံထားရတဲ့သားက အောက်ချခိုင်းလို့ ချပေးလိုက်တာ လျှောက်ပြေးလို့ လိုက်ဆွဲရတော့သည်။ ဖွားဖွားယာဉ်မောင် ဦးလေး အောင်မောင်းက လိုက်ပို့ပြီး အောက်မှာ စောင့်ကျန်ခဲ့တာကြောင့် သားနဲ့သူ နှစ်ယောက်ထဲ ပတ်နေတာဖြစ်၏။

“မပြေးရဘူး ပါးပါးကိုင်ထားတဲ့အတိုင်း လမ်းလျှောက်သွားမယ် ပါးပါး စကားကိုနားထောင်နော် ပါးပါးမဆူချင်ဘူးနော်”

“ဟုတ်”

အဲ့လိုကျတော့လည်း နားထောင်သည်။ သားလက်ကလေးကိုဆွဲကာ ဖြည်းဖြည်းလျှောက်ကြည့်လိုက်သည်။

“ပါးပါး စားမယ်”

သားက တစ်နေရာကိုလက်ညှိုးထိုးပြ၏။ ချိစ်တွေနဲ့ပီစာကို ဆိုင်ထဲမှာ ကလေးတစ်ယောက်ကစားနေတာ။ သူများစားတာကို သဘောကျပြီး အမျှင်တန်လန်းနဲ့မို့ ထူးဆန်းပြီးစားချင်နေတာ။

“အိမ်ဝယ်သွားပြီး စားမလား၊ ဒီအထဲမှာ စားချင်လား”

“ဒီမှာစား ပါးပါး”

သားကိုချီပြီး ဆိုင်ထဲလွတ်တဲ့နေရာမှာ ဝင်ထိုင်ကာမှာလိုက်ရသည်။ သားအတွက် စတော်ဘယ်ရီသီးဖျော်ရည် သကြားလျော့ပြီး မှာလိုက်ရသေးသည်။ ဘေးနားမှာလည်း ရေဘူးက အဆင်သင့်။ တခြား စားသုံးသူတွေလည်းရှိပေမယ့် တချို့က သူတို့သားအဖ နှစ်ယောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတာကို ပိုးသားသိ၏။

“ပါးပါး စားစား”

“အင်း ပါးပါးလုပ်ပေးမယ်နော်”

စားပွဲပေါ်လာချပေးတာနဲ့ စားမယ်တကဲကဲလုပ်နေ၏။ ပိုးသား သေချာပိုင်းကာ ပန်းကန်ထဲထည့်ပြီး သားအတွက် လုပ်ပေးရသည်။ လက်ကနေ ကိုင်ပြီးစားချင်နေတဲ့သားကို လက်သန့်ဆေးရည်နဲ့လက်ကိုပွတ်သပ်ပေးရသည်။ ဘာမှကိုင်မထားဘူးဆိုပေမယ့် ရောဂါပိုးမွှားတွေကို အလွယ်တကူ မဝင်ရောက်အောင် တားမှဖြစ်မည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now