Part 11

28.5K 1.6K 9
                                    

Unicode

ဖေဖေဆုံးပြီးမှ ဖွားဖွားက သူနဲ့မေမေဆီကို ခဏခဏလာတတ်ပြီး စကားတွေပြောတတ်သည်။ မေမေလည်း ဖေဖေ့လိုပင် သနပ်ခါးခြံကို တစ်လတစ်ခါ သွားကြည့်တတ်ပြီး သွားတိုင်းလည်း သူလိုက်သွားသည်။ မေမေတစ်ယောက်ထဲကိုတော့ မလွှတ်နိုင်။ မေမေက သူ့ကို ဖွားဖွားတို့ မွေးစားမယ်ဆိုတာကိုလက်ခံလိုက်တာသိသည်။ ပြီးတော့ ဖွားဖွားတို့နဲ့ရော သူကဘယ်အချိန်အထိ အတူရှိနိုင်မှာလဲ မသိ။ စကားမပြောနိုင်တာကလွဲပြီး သူ့အသက်လည်း ၁၈ နှစ်ကျော်နေပြီမလား။ မေမေ့အတွက် သူလုပ်နိုင်တဲ့ဘက်ကနေ ကူလုပ်မှဖြစ်မည်။ ဘယ်လိုပဲ ဖွားဖွားက မွေးစားမွေးစား ဒါက သန်းခေါင်စာရင်းတစ်ခုထဲမှာပဲ ပါဝင်သွားတယ်ပြီး ဖွားဖွားရဲ့ပိုင်ဆိုင်မှုတွေက သူနဲ့မဆိုင်ဟု သူမှတ်ယူထားသည်။ ဖွားဖွားမှာ မြေးအရင်းကိုကိုရှိနေတာကို ကိုကိုကရော ဒီလိုတွေခွဲရင်လက်ခံမှာလည်း မဟုတ်။

ဒီကိုပြန်ရောက်ထဲက ကိုကိုနဲ့မတွေ့ရသေးသလို ကိုကိုက ဖွားဖွားရဲ့လုပ်ငန်းတွေကို ဦးစီးနေပြီဆိုတာလည်းသိလိုက်ရသည်။ ကိုကို အလုပ်ရှုပ်နေမှာပေါ့။ ကိုကို့ကိုအရင်လိုတော့ မကြောက်တော့ပေ။ ကိုကို့မေမေကိုတော့ သူနည်းနည်းကြောက်သည်။ ကိုကို့မေမေက သူ့ကိုမြင်ရင် ရယ်မပြ။ ကိုကို့လိုပင် မျက်နှာက တည်နေတာဖြစ်သည်။ ကိုကို့မေမေက တစ်ခါတစ်လေ နိုင်ငံခြားမှာရှိတဲ့ ကိုကိုတို့နေတဲ့ဆီကို ပြန်ပြီး ကျန်ခဲ့တဲ့အလုပ်တွေအတွက် သွားကြည့်နေရတယ်လို သိရသည်။

“မြေးလေး ညနေမှပြန်နော်”

ဖွားဖွားဆီရောက်နေတာဖြစ်ပြီး သူခေါင်းငြိမ့်ပြလိုက်သည်။

“မြေးလေးတောင် ၁၉ နှစ်ထဲမှာနော်၊ လူကြီးလေးဖြစ်လာပြီပဲ”

ဒါကတကယ်ပင်။ သူလူကြီးဖြစ်လာပြီ။
ဒေါ်ကြိုင်ကြိုင် လူကြီးဖြစ်လာပြီလို့ပြောလို့ မျက်လုံးတွေပိတ်သွားအောင် ရယ်ပြနေတဲ့ မြေးလေး ပိုးသားမြိုင်ကို ကြည့်လိုက်သည်။ ကလေးက အရွယ်ရောက်နေပြီ။ ပြီးတော့ မြေးဖြစ်သူ ထည်ဝါက အခုဆိုကုမ္ပဏီနဲ့ လုပ်ငန်းစု တော်တော်များများမှာ နာမည်ကျော်နေသည်။ ဒါကလည်း တခြားမဟုတ်။ ဒေါ်ကြိုင်ကြိုင်လက်ထွက်က ဒေါ်ကြိုင်ကြိုင်ကိုမှီတယ်ဆိုတဲ့အကြောင်း။ နောက်တစ်ခုက မြေးနဲ့လမ်းကြောင်းချင်လို့ ကမ်းလှမ်းနေကြတာဖြစ်သည်။ ပေါ်တင်မပြောကြပေမယ့် သူ့ဆီကို နေကောင်းကျန်းမာ သတင်းလှမ်းလှမ်းမေးနေကြတာဖြစ်သည်။ ဒီကြားထဲမှာ မြေးအုပ်ချုပ်မှ သမီးရှင်တွေရှိတဲ့ လုပ်ငန်းတော်တော်များများက ရှယ်ယာ ဝင်လာကြတာဖြစ်သည်။ ရှယ်ယာဝင်တာကို မြေးကစီစစ်ပြီးသူ့ကိုပြန်ပြောပြပေးသည်။ မြေးကိုယ်တိုင်လည်း အားလုံးကိုလက်ခံတာမဟုတ်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now