EXTRA 6 ❗

34.7K 1K 7
                                    

Unicode
(Warning!!)

ဟန်းနီးမွန်းဆိုတဲ့ ခရီးက ကားကနေလေယာဉ်ပြောင်းစီးလိုက်ရသည်။ ဘယ်ကိုလည်း သူဘာမှမမေးမိ။ လေယာဉ်ပေါ်မှာလည်း သူနဲ့ကိုကိုပဲ ရှိသည်။ နာရီပိုင်းလောက် စီးပြီးတာနဲ့ ရောက်လာတဲ့နေရာက ဘယ်နေရာလည်းမသိပေ။ ကိုကိုက သူ့လက်ကိုဆွဲပြီး ရှေ့ကသွားတော့ သူ့မှာနောက်ကလိုက်ရ၏။ လက်ထဲလည်းဘာမှမပါပေ။ လက်ထဲမှာ ကိုကိုချွတ်ထားတဲ့ အပေါ်ကုတ်ပဲရှိသည်။ လမ်းမီးအနည်းငယ်ပဲ ပေးထားပြီး လူတွေလည်းတစ်ယောက်မှမတွေ့။

တီတီ!

ကဒ်နဲ့တံခါးကိုဖွင့်ပြီးတဲ့နောက်မှာ မြင်လိုက်ရတဲ့အခန်းက လင်းထိန်နေ၏။

ချပ်!

ထည်ဝါ တံခါးကိုပြန်ပိတ်လိုက်ပြီး နောက်ကငြိမ်ကာလိုက်လာသူကို တင်ပါးမှဆွဲမကာချီလိုက်တော့ သူ့ကိုဖက်လာသည်။

“ရေချိုးချင်လား ဘာလုပ်ချင်လည်း”

လင်းထိန်နေတဲ့အလင်းရောင် အောက်မှာ အားလုံးကထင်ထင်မြင်မြင်ရှိလှသည်။ ဟန်းနီးမွန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရင်ခုန်လာခဲ့တာ အခုဆိုပိုဆိုးသွားပြီမလား။

“အင်း ရေချိုးချင်တယ်”

ထည်ဝါ အောက်ကိုချကာ နမ်းလိုက်ပြီး ချာတိတ်ကိုဆွဲခေါ်လိုက်သည်။ ပိုးသား ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲမဟုတ်ပဲ အခန်းအပြင်ကို ထွက်တဲ့တံခါးကိုဖွင့်လိုက်လို့ဖြစ်သည်။ ရေကူးကန် အသေးလေးမှာ နီကျင့်ကျင့်မီးလေးတွေ ကန်ပတ်လည်မှာထွန်းထားပြီး ဘေးမှာ စားပွဲရှိကာ စားပွဲပေါ်မှာ ဝိုင်ခွက်နှစ်ခွက်နဲ့အတူ ရေခဲပုံးလေးထဲမှာ ဝိုင်ပုလင်းကရှိနေ၏။ ဘေးနားမှာ သဘတ်လို့ထင်ရတဲ့ ခေါက်ထားတဲ့ ဖြူဖြူလွှလွှ အခေါက်တစ်ခုရှိသည်။ ဘယ်လိုလုပ်မလဲ ကိုကိုစီစဉ်ထားတာတွေကိုမြင်ပြီး သူရင်တွေအရမ်းခုန်နေပြီမလား။ ကိုကို ဝိုင်ပုလင်းဖွင့်ကာ ဝိုင်ထည့်လိုက်သည်။ သူ့ကိုနောက်ခိုင်းပြီး ရေကူးကန်ဘက်ကိုလှည့်ကာ အဝတ်တွေချွတ်နေ၏။ ဟင်! အောက်ကအတွင်းခံတောင်မထားပဲ ကိုကိုက အားလုံးကိုချွတ်ပစ်လိုက်တာဖြစ်ပြီး ရေကန်ထဲဆင်းသွားတော့သည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now