Part 36

39.5K 1.6K 16
                                    

Unicode


ပိုးသား သားနဲ့အတူတူ ဖွားဖွားအိမ်ကိုရောက်နေတာဖြစ်သည်။ သားက ဒီဘက်အိမ်မှာလည်း လျှောက်ပြေးနေတာဖြစ်ပြီး ကိုကို့မေမေက သူ့မြေးကိုလိုက်ထိန်းနေ၏။ ဖွားဖွားနဲ့သူက ခြံထဲမှာထိုင်နေတာဖြစ်ပြီး ဖွားဖွားက သားကိုကြည့်ပြီး သဘောတွေကျနေတာ။ ပုဝါထူထူခြုံထားတဲ့ ဖွားဖွားက ကျန်းမာရေးက ဒေါင်ဒေါင်မြည်ကာ လူငယ်တွေတောင်အရှုံးပေးရလောက်အောင်ဖြစ်သည်။ သားကိုတောင် သူနဲ့ကိုကိုက မချီခိုင်းလို့။ ဖွားဖွားက အမြဲချီထားချင်နေတာ။ အခုလည်း သားက ပတ်ပြေးပြီး ဆော့နေတာကို ကြည့်ကာ ရယ်နေတာ။

“မြေးလေး ကျေးဇူးတင်ပါတယ်ကွယ်၊ မြေးဂုဏ်ရှိန်ထည်ဝါကို သဘောကျပေးတာရော၊ ဒီလို မြစ်လေးကို ဘာမှမမှုပဲ မွေးပေးတာရောပေါ့”

ဖွားဖွားက သားကိုကြည့်ရင်း သူ့လက်ကိုဆွဲကိုင်လာကာ လက်ကိုအုပ်ပြီးပွတ်သပ်ကာပြော၏။ သူ ဖွားဖွားကို ပြုံးကြည့်လိုက်ပြီး

“ကျွန်တော်ကလည်း ဖွားဖွားကိုကျေးဇူးတင်ပါတယ်၊ ကျွန်တော်က ဖွားဖွားရှိလို့ ဒီလိုဖြစ်လာတာ”

“ဘယ်ဟုတ်မလဲကွယ်”

ဖွားဖွားကြောင့်ပါပဲ။ ဖွားဖွားတို့သာ ကား မတော်တဆ ဖြစ်တုန်းက ကိုယ်တိုင်ကိုယ်ကျ လုပ်မပေးပဲ တန်ရာတန်ကြေးပေးပြီး သူ့ကိုထားခဲ့ရင် သူဘာမှသိမှာမဟုတ်သလို လူတောထဲလည်း တိုးမှာမဟုတ်။ ဖွားဖွားကိုယ်တိုင် သူ့အတွက် စိတ်ရောကိုယ်ပါ အားတတ်သရောနဲ့ စီစဉ်ပြီး သေချာလုပ်ပေးလို့ သူဒီလိုဖြစ်လာတာ။

“မြေးကို ရေချိုးပေးရအောင် ခဏနားဖို့ခေါ်လာတာ၊ တော်ကြာ အပူရှပ်သွားမှာဆိုးလို့”

“ပါးပါး ဖွားဖွားကြီး”

ပိုးသား သားကိုချီကာ ပေါင်ပေါ်တင်လိုက်သည်။ လျှောက်ပြေးထားတာကြောင့် ချွေးတွေက ခေါင်းကနေတောင်စီးကျနေသည်။

“သားရယ် ကဲလိုက်တာ ဖွားဖွားက သားနောက်လျှောက်လိုက်ပြေးနေရတော့ မောတာပေါ့”

“ဖွားဖွား မောဘူး”

လက်ကလည်း ကားကာ ခါပြသေးတာ။ ဒေါ်ထည်ဝါကြိုင်မှာ အသည်းယားကာ မြေးပါးနှစ်ဖက်ပို ဖွဖွလေးဖျစ်လိုက်ရင်း

“ဟုတ်တာပေါ့ ဖွားဖွားမမောဘူးရှင် ရှူး! ချစ်လိုက်တာ မြေးရယ်”

မြေးရဲ့ပါးကိုနမ်းလိုက်သေးတာဖြစ်သည်။

“ခစ်ခစ် သားလည်းချစ်”

“အမလေး အတတ်လေး၊ ဒီအဖွားမှာရှိတာ ရှင်ပဲရမှာ အဲ့လောက်မတတ်နဲ့”

ဒေါ်ထည်ဝါကြိုင်မှာ မြေးကိုအသည်းယားပြီးရင်းယားနေရတော့သည်။ အချိန်ကိုက်ပင် သားဖြစ်သူ ဖုန်းခေါ်လာတော့သည်။

“သားရဲ့ဖေဖေ”

မြေးက သူ့လက်ထဲက ဖုန်းကိုလှမ်းတောင်းတော့သည်။

“ဟလို ဖေဖေ”

တစ်ဖက်မှာ ဂုဏ်ရှိန်ထည်ဝါကြိုင်၏ မျက်နှာသည် ချက်ချင်းကိုပြုံးရွှင်သွားတော့၏။ သားရဲ့အသံကို ကြားလိုက်ရတာမလား။

(ဖေဖေ့သားက ဘာလုပ်နေလဲ ပြောပါအုန်း)

“ဖွားဖွားနဲ့ဆော့”

(ဟုတ်လား ပါးပါးရော)

“ပါးပါးရှိ”

(ဟုတ်လား သားသား မံမံ စားပြီးပြီလား)

MD အခန်းထဲမှာတော့ ဒါရိုက်တာတစ်ချို့နဲ့ ဌာနခေါင်းဆောင်တစ်ချို့က MD ဂုဏ်ရှိန်ထည်ဝါကြိုင်ကို သေသေချာချာလည်းမကြည့်ရဲ။ သူတို့ အရမ်းစပ်စုချင်နေတော့သည်။ ပြီးခဲ့တဲ့ ရက်တွေမှာ MD လက်ပေါ်မှာ လက်စွပ်တစ်ကွင်း ရောက်နေတာကို သူတို့မြင်ကြတယ်မလား။ ပြီးတော့ မင်္ဂလာဆောင်သံလည်းမကြားသလို ကုမ္ပဏီကိုလည်း လိုက်လာတာမတွေ့ဖူးဘူးလေ။ အခုတော့ သူတို့ရှေ့မှာချက်ချင်း မျက်နှာပြောင်းသွားတဲ့ MD ကိုသူတို့အသံကြားရုံနဲ့သိသည်။ သူတို့လှည့်တော့မကြည့်ရဲ။ တစ်ချို့ ဒါရိုက်တာတွေသာ ပြုံးကာ ကြည့်နေကြတာဖြစ်သည်။ တစ်ချို့ဒါရိုက်တာတွေက ဒေါ်ကြိုက်ကြိုင်မြေးကို ဒေါ်ကြိုင်ကြိုင် လွန်ခဲ့တဲ့နှစ်တွေထဲက ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ပေးထားတာ သိတယ်မလား။ ပြီးတော့ လွန်ခဲ့တဲ့ လတွေကပဲ မြေးသမက်နဲ့မြစ်လေး ပြန်ရောက်နေတာကိုလည်း သိကြသည်။ မြေးသမက်နဲ့အတူပါလာတဲ့ မြစ်လေးကို အားလုံးက ဝိုင်းချစ်ကြတာမလား။ ၂ နှစ်သားအရွယ် ကလေးအင်္ကျီတွေနဲ့အတူ အသုံးအဆောင်တွေကို ဒေါ်ထည်ဝါကြိုင် တစ်ရက်ထဲမှာ အများကြီးဝယ်ယူသွားတာတောင် နာမည်ကြီးသွားတာမဟုတ်လား။

ထည်ဝါ သားနဲ့စကာားပြောရင်း လိုရင်းပြောဖို့တောင်မေ့သွားတာဖြစ်သည်။ သားဖွားဖွားအိမ်ကိုရောက်နေတာ သူ မသိလိုက်။ ကြည့်ရတာ ဖွားဖွား ချာတိတ်နဲ့သားကို သွားခေါ်ခိုင်းထားပုံပေါက်သည်။

“သား ဖွားဖွားဘေးနာမှာရှိသေးလား”

(ရှိ ဖေဖေ)

“ဖွားဖွားကို ဖုန်းပေးလိုက်ပါအုန်း”

(ဟုတ်)

သားကတကယ်ပဲလိမ္မာသည်။ သူဘာကိုပြောတာလဲ သဘောပေါက်ကာ မာမီ့ကို ဖုန်းပေးလိုက်၏။

“မာမီ ဖွားဖွားနဲ့ဒါရိုက်တာတွေ စကားပြောဖို့လိုတယ်၊ ညကို ဒင်နာစားရင်း တွေ့ဖို့စီစဉ်ထားတယ်၊ ဖွားဖွားကို ပြောပေးထားအုန်း၊ ပြီးတော့ ဒင်နာအတွက် မာမီ ဘာမှလုပ်ပေးစရာမလိုဘူး အိမ်မှာ လာချက်လိမ့်မယ် ထက်နိုင် စီစဉ်ထားတယ်”

ထည်ဝါ မာမီ့ကို မှာသင့်တာမှာရသည်။ ဖွားဖွားက လုပ်ငန်းစုမှာ တစ်ချို့ဒါရိုက်တာတွေကို ပယ်ထုတ်ပြီး လုပ်ငန်းစုကို ရှယ်ယာတွေ သေချာပြန်စီစစ်ဖို့ ချိန်းခိုင်းနေတာ။ ရှယ်ယာရှင်တွေထဲမှာ မသိမသာနဲ့ တရားမဝင်ငွေတွေရောက်နေတာကြောင့် သူသေချာ ရှာနေရတာဖြစ်သည်။ ဒါကို ထက်နိုင်နဲ့သူ သေချာရှာနေရတာ။ ဘယ်ဒါရိုက်တာဆီမှာ တရားမဝင်ငွေတွေရောနေပြီး ဘယ်သူပါဝင်ပတ်သက်လဲကိုပေါ့။ ဒါက ဖွားဖွားကိုယ်တိုင် ကိုင်တွယ်မယ်လို့ ပြောထားတာကြောင့် ဖွားဖွားနဲ့ပေးတွေ့ဖို့လိုသည်။

ယောက္ခမကြီးဆီက စကားကိုကြားပြီး ပိုးသား သားကိုခေါ်သွားပါ ကိုယ်တိုင်ရေချိုးပေးဖို့ လုပ်ရသည်။

“ဖွားဖွား အရင်ချိုးပါလား ကျွန်တော် ဘာလုပ်ပေးရမလဲ ဟင်”

“နေပါ မြေးလေးရယ် လာမှာက ညနေမှပါ၊ ဖွားဖွားက ဘာမှပြင်စရာမလိုပါဘူး ရေချိုးလိုက်ရုံရတယ်"

“ပါးပါး သား ရေချိုး”

“အင်း ပါးပါး ချိုးပေးမယ်နော်”

“မာမီ ချိုးပေးလိုက်မယ်လေ”

အခုနောက်ပိုင်း ကိုကို့မေမေက သူနဲ့စကားပြောရင် သူ့ကိုယ်သူ ကိုကိုနဲ့သုံးနှုန်းသလို မာမီလို့ ပြောလာသည်။

“ရတယ် မာမီ၊ မာမီက ပြီးရင် စီစဉ်ပေးရအုန်းမှာ ပင်ပန်းတယ် ကျွန်တော်ပဲ ချိုးပေးလိုက်မယ်”

သားကိုရေချိုးပေးဖို့ ကိုကို့အခန်းထဲသွားတော့လည်း နောက်မှာ မာမီရော ဖွားဖွားရော ပါလာတာပါပဲ။ မာမီက သူသားကိုရေချိုးပေးနေတုန်း သားဝတ်ဖို့ အဝတ်တွေထုတ်ထားသည်။ ဖွားဖွာကတော့ ကိုကို့အိပ်ရာစပ်မှာထိုင်စောင့်နေ၏။

“သား တော်ပြီလေ”

“တစ်ခါ ပါးပါး တစ်ခါ”

သားက အခုနောက်ပိုင်းရေချိုးရင် ရေချိုးကန်ထဲမှာပဲဝင်ချိုးသည်။ အပြင်မှာ ချိုးခိုင်းလို့မရ။ ဒါကလည်း ကိုကို့ကြောင့် ဖြစ်သွားတာ။ သူတို့ဒီကိုစရောက်ထဲက ကိုကိုက သားနဲ့ရေချိုးကန်ထဲဝင်စိမ်တာကို သားကအရမ်းကြိုက်သွားတာ။ အဲ့ဒိမှာမှ အဖွားတွေရေချိုးပေးတဲ့နေ့ဆိုရင် သားက ရေချိုးကန်ထဲက မထွက်တော့။ ဆပ်ပြာတွေဖျော်ခိုင်းနဲ့ အဖွားတွေကို လိုက်ခိုင်းနေတာ။ ဆပ်ပြာကိုမပြောတတ်လို့ လက်ညှိုးထိုးပြီး ထည့်ထည့်နဲ့ ပြောသေးတာ။ အဖွားတွေကလည်း သားစိတ်တိုင်းကျ ထည့်ပေးတော့ သားက ရေချိုးလို့သူချိုးပေးမယ်ဆိုရင် မချိုးချင်တော့ပဲ ဖေဖေ၊ ဖွားဖွားနဲ့ လိုက်ခေါ်တတ်သည်။ အခုလည်း တော်ပြီဆိုတာကို တစ်ခါ တစ်ခါတဲ့လေ။ မာမီပဲ သင်ထားလား၊ ကိုကိုပဲ သင်ထားတား၊ မေမေပဲ သင်ထားလား မသိ။ ဒါပေမယ့် ဝါဝါ့ကိုလည်းမေ့ထားလို့မရ။ ဝါဝါကလည်း တစ်ခါတစ်လေ သားကို ပေါက်ကရသင်ပေးတတ်သေးတာ။

“တစ်ခါဆို တစ်ခါပဲနော်၊ ပါးပါးက တော်ပြီဆိုတော်ရမယ်နော်”

“ဟုတ်ပါးပါး ခစ်ခစ် ပူပေါင်း ပူပေါင်း”

ဖင်တုံးလုံးနဲ့ရေကန်ထဲမှာ ဆပ်ပြာမြှုပ်တွေကိုဆော့နေပြီး တခစ်ခစ်ရယ်နေတာ။ တကယ်ပါ အဲ့လိုသာ တစ်နေကုန်ထည့်ထားရင် သားက ထမင်းမေ့ ဟင်းမေ့အောင်တောင် နေမလားမသိ။

“တော်ပြီ တော်ပြီ”

“ပါးပါး..”

ပိုးသား မျက်ခုံးတွေတွန့်ချိုးပြီး ကြည့်ပေးလိုက်တော့ စကားကထပ်ထွက်မလာပဲ ရေချိုးခန်းအပြင်ကိုလှမ်းကြည့်သည်။ သူ့အဖွားတွေရှိရင် အဲ့ဒါလှမ်းခေါ်အုန်းမှာ။ အခုတော့ သူ့မြင်ကွင်းရှေ့မှာ ဘယ်သူမှမတွေ့တော့ ဘာမှအထွန့်တက်လို့မရတော့။ သူရေတွေစစ်ထုတ်လိုက်တော့ ဆပ်ပြာမြှုပ်တွေကို လက်နဲ့လိုက်ဖမ်းနေသည်။ ရေ‌ကန်ထဲမှာထိုင်နေတဲ့သားရဲ့အရပ်က ရေကန်ဘောင်နဲ့တညီထဲဖြစ်နေသည်။ ရေချိုးပြီးသေချာ ရေသုတ်ပေးကာ အဝတ်ပေးတော့ သူ့ဖွားဖွားက lotion အရင်လိမ်းပေးတော့သည်။ ကိုကို့အိပ်ရာပေါ်မှာထိုင်ကာ သူ့ဖွားဖွားကို လက်ဖြန့်ပြီး လက်ထဲထည့်ပေးဖို့တောင်းနေတာ။ ဟိုကလည်း အလိုလိုက်သလား မမေးနဲ့။

“မာမီ တော်ပြီ၊ များနေပြီ”

ကိုကို့မေမေကို မပြောချင်ပေမယ့် ဆက်သာအလိုလိုက်နေရင် သားကတော့ ဒီနေ့အဝတ်ဝတ်ပြီးမှာ မဟုတ်တော့။ ဖွားဖွားကတော့ သားကိုကြည့်ကာ ရယ်နေလေရဲ့။ အားလုံးက သားကိုအလိုလိုက်သလားမမေးနဲ့။ ထမင်းစားဖို့အတွက်လည်း ဟင်းကို သားအတွက်ဆိုပြီး သီးသန့်ချက်ခိုင်းတာ ၂ မျိုး ၃ မျိုး။ အခုဆို သားက ထမင်းစားချိန် ဟင်းခွက်တွေကို လက်ညှိုးထိုးပြီး တောင်းတတ်နေပြီ။ အစားနဲ့ ပတ်သက်ပြီး မတားချင်တာကြောင့် ဒါကိုတော့ အခုလောလောဆယ်သူဘာမှမပြောပဲ လွှတ်ပေးထားသည်။ နောက်မှ သူကိုယ်တိုင်ဝင်ချက်ပြီး သေချာထိန်းပေးဖို့ စဉ်းစားထားသည်။ နေခင်းဘက် သူသိပ်လိုက်ပြီး မာမီ့ကိုကူလုပ်လိုက်သည်။ အောက်ထပ် ထမင်းစားခန်းဘေးမှာ အခန်းကျယ်တစ်ခန်းရှိပြီး အခန်းကိုဖွင့်ကာ သန့်ရှင်းရေးလုပ်ရသည်။ ဒင်နာကို မာမီက အခန်းထဲမှာလုပ်မယ်ဆိုတာကြောင့် ဒီအခန်းကိုဖွင့်လိုက်တာဖြစ်သည်။ မီးဖိုချောင်နဲ့လည်းနီးတော့ ဟင်းတွေဘာတွေ သယ်ရလွယ်တယ်မလား။ မီးဖိုချောင်က အရင်ထဲက ကျယ်တယ်မလား။ အဲ့မှာမှ နောက်ဖက်ကိုထွက်တဲ့ အပြင်ဘက်မှာ နေရာလွတ်ရှိသေးတော့ အဲ့မှာချက်လို့ရသည်။

“ကလေး”

ဟင်! နောက်ကနေ သူ့ပုခုံးကိုဖက်ကာ ခေါ်လိုက်တာကြောင့် ပိုးသားလှည့်ကြည့်လိုက်သည်။ ကိုကိုပြန်လာဖို့လိုသေးတယ်လေ။ အခုမှ ၄ နာရီပဲ ရှိသေးတာကို။

“ကိုကို အစောကြီး”

“အင်း ကိုကို ဖွားဖွားနဲ့စကားပြောရအုန်းမယ်"

“ဖွားဖွားက အခုမှ ရေချိုးပြီးတာ အခန်းထဲမှာရှိတယ်”

“ပြီးမှ ကိုကို သွားလိုက်မယ် သားရော”

“သားက အိပ်နေတယ်”

ထည်ဝါ ကိုယ့်ကိုလှည့်မကြည့်တော့ပဲ အခန်းကုလားကာတွေကို လဲနေတဲ့ ကောင်လေးကိုကြည့်လိုက်သည်။ ဒီအခန်းက အမြဲမသုံးဖြစ်တော့ သုံးမယ်ဆိုရင် အစအဆုံး သန့်ရှင်းရေး ပြန်လုပ်ရသည်။ အခုလည်း အခန်းက ပြီးသလောက်ဖြစ်နေပြီ ဖြစ်ပြီး နောက်မှာ ချက်ပြုတ်နေသံကို သဲ့သဲ့ကြားရသည်။

“ကိုကို!”

ခုံပေါ်တက်ကာ ကုလားကာ ဖြုတ်ပြီး တပ်နေတာကို ကိုကိုက သူတင်ပါးကို လာကိုင်တာကြောင့် ပိုးသား စိုးရိမ်ထိတ်လန့်ပြီး ခေါ်လိုက်ကာ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ရသည်။ ကိုကိုက သူ မလုပ်တဲ့အတိုင်းအေးဆေးပင်။ ဘယ်သူမြင်မြင် မြင်လို့ကောင်းတဲ့အရာ မဟုတ်။

“သွား ကိုကို ရေသွားချိုးတော့”

“ဘာဖြစ်လို့ အတင်းနှင်လွှတ်နေတာလဲ”

“သားကို နှိုးလိုက်အုန်း သွားတော့သွား”

ပြွတ်!

ထည်ဝါ ကုလားကာအသစ်လဲပြီးဆင်းလာတဲ့ ကောင်လေး မျက်နှာကိုဆွဲယူလိုက်ပြီး နှုတ်ခမ်းကိုစုပ်ယူပစ်လိုက်သည်။ ပါးနှစ်ဖက်ကိုအုပ်ကိုင်ထားတဲ့ သူ့လက်ကို ကလေးကရိုက်လာ၏။

ပြွတ်!!

“လွမ်းလို့”

ပိုးသားမှာ ဘာပြောရမှန်းမသိတော့ပေ။ လုပ်လိုက်ရင် အဲ့လိုပဲ။ တစ်ယောက်ယောက်ဝင်လာရင် ဘယ်လိုလုပ်မလဲ။ ထည်ဝါကတော့ ဘာစကားမှ မပြောပဲ မျက်နှာကြီးအောက်ငုံ့ကာ ရှက်သွားတဲ့ ချာတိတ်ကိုကြည့်ကာ ကောက်ချီလိုက်သည်။

“ကိုကို မလုပ်နဲ့လို ချပေး"

“ဟင်! ကိုကိုက အစည်းအဝေး ရှိသေးတယ်လေ”

“ဘာကို..”

ချက်ချင်းဘာကိုလည်း တွေးမိသွားတဲ့ ကောင်လေးက ပထမရှက်နေတာနဲ့ပေါင်းကာ မျက်နှာတွေက နီတွတ်ကုန်သည်။ သူတင်အောက်က ပင့်ချီထားတဲ့အတိုင်း မျက်နှာကြီးရဲကာ အောက်ကိုငုံ့နေပေမယ့် သူ့ကိုမျက်လုံးချင်းဆုံအောင်မကြည့်ပေ။

“ဟေ့ ဘယ်လိုလဲ၊ ဖွားဖွား ဒီအစည်းအဝေးကို ကျွန်တော်မဝင်တော့ဘူး၊ ချာတိတ်ကို ချရအုန်းမှာမို့လို့ပြောလိုက်မယ်”

“ကိုကို! လျှောက်မပြောနဲ့”

“ဟားဟား”

“မရယ်နဲ့”

“အင်းပါ ကလေးပဲ တစ်ယောက်ထွက်နေပြီကို ရှက်တုန်း”

“ဖယ်ပေးတော့”

ကလေးတစ်ယောက်ထွက်တာနဲ့ပဲ မရှက်ရတော့ဘူးလား။ ကိုကို အောက်ကိုချပေးတုန်း ပိုးသား ခပ်မြန်မြန် အပြင်ထွက်လိုက်သည်။ ဒီအထဲမှာ ဆက်ရှိနေရင် ကိုကိုနဲ့မလွယ်ပေ။ အားလုံးပြင်ဆင်ပြီးတော့ ဝါဝါတို့က အထဲကို ပန်းကန်တွေကို သေချာဘေးမှာလာတင်ပေးတော့သည်။ ကိုကို အပေါ်တက်သွားတာကြောင့် ဘာမှမလိုတော့တာရော ပိုးသား အပေါ်လိုက်သွာလိုက်သည်။

“ကလေး သားက အိပ်ပျော်နေတာကွ၊ မနှိုးပါနဲ့လား"

“မနှိုးလို့မဖြစ်ဘူး၊ ညနေစောင်းနေပြီလေ နေမကောင်းဖြစ်မှာဆိုးလို့ ကိုကိုရေသွားချိုးတော့”

ပိုးသား ကိုကို့ကို ရေချိုးခန်းထဲတွန်းလွှတ်လိုက်၏။

“သား ပါးပါးသားလေး အိပ်ချိန်မဟုတ်တော့ဘူး ထမယ်နော်”

သားရဲ့တင်ပါးလေးကိုပုတ်လိုက်တော့ သားက ပါးစပ်ပြင်ကာ လက်လေးတွေကားပြီး ခြေထောက်တွေထောင်ကာ တစ်ဖက်စောင်းသွားတော့သည်။

“သား သားလေး၊ ပါးပါးသားလေး ထမယ်နော်”

ဟင့်!

သားက အသံထွက်ကာ မျက်လုံးတွေပွတ်သပ်သည်။

“မျက်လုံးနာတော့မှာပဲ မပွတ်ရဘူး ပါးပါးချီမယ်နော်”

မျက်လုံးဖွင့်မကြည့်ပဲ လက်တွေလှမ်းလာသည်။ ပိုးသား သားကိုချီလိုက်တော့ ပုခုံးပေါ်ကိုမှောက်ချကာ ဆက်ပြီး အိပ်ဖို့လုပ်သည်။

“သား ဖေဖေ ပြန်လာပြီလေ၊ ပါးပါးနဲ့ ဖေဖေဝတ်ဖို့ အဝတ်သွားထုတ်မယ်နော်”

“ဖေဖေ”

“အင်း ဖေဖေ ပြန်လာပြီ”

ဖေဖေဆိုတော့ ခေါင်းထောင်လာသည်။ မျက်လုံးကတော့ လုံးဝမကျယ်သေး။ ဒီသားတစ်ယောက်ကိုချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။ ပိုးသားမှာ သားကိုချီထားရင်း ကိုကို့ဖို့အဝတ်တွေထုတ်ရသည်။

“ဖေဖေ ချီ”

အဝတ်ခန်းရှေ့ရောက်လာတဲ့ကိုကို့ကို သားကအရင်တွေ့ပြီး ချီခိုင်းပါတော့သည်။ ဟိုကလည်း သိပ်မချီချင်ရှာဘူး။ အခန်းထဲမှာ အဝတ်မဝတ်ပဲ သားကိုကလိနေသေးတာ။

“ကိုကို တော်ပြီ အင်္ကျီဝတ်တော့ သားကိုပေး”

အချိန်က ဖင်လှည့်ခေါင်းလှည့်နဲ့ကုန်သွားကာ အောက်မှာ ဧည့်သည်တစ်ချို့ရောက်လာနေပြီဖြစ်သည်။ ပြတင်းပေါက်ကနေ ကားတွေ တစ်စီးပြီးတစ်စီး ဝင်လာတာကိုတွေ့နေရတယ်မလား။ ပိုးသားကတော့ ကိုကိုတို့အောက်မှာ ဒင်နာစားရင်း အလုပ်ကိစ္စပြောမယ်ဆိုတာကြောင့် အောက်ကိုလုံးဝမဆင်းပဲ အခန်းထဲမှာပဲ သားကိုဆော့စရာတွေချပေးပြီး နေလိုက်သည်။ ကိုကို့အခန်း ကြမ်းပြင်မွေးပွကော်ဇောပေါ်မှာ သားက အရုပ်နဲ့ဆော့ရင်း သူကတော့ အပေါ်မှာ သားအဖနှစ်ယောက်အတွက် ချည်ထိုးနေလိုက်သည်။ သားရောဖေဖေရော သူထိုးပေးတဲ့ အင်္ကျီကို တစ်ခါတစ်လေ ပူဆာတတ်ကာ သဘောကျ၏။

“ပါးပါး မံမံ”

သားအသံကြားမှ အချိန်ကြည့်မိတော့ ည ၇ နာရီတောင်ရှိတော့မယ်။ သားကို ထမင်းကျွေးဖို့ နောက်ကျနေတာကို သူသတိမထားမိဖြစ်သွားတာ။ သတိမထားမိတာထက် အောက်မှာဧည့်သည်တွေ စိတ်အနှောက်အယှက်မဖြစ်စေချင်တာကြောင့် သူအောက်မဆင်းဖြစ်လိုက်တာ။

“အင်း ပါးပါးနဲ့မံမံသွားထည့်မယ်နော်”

အောက်ကိုဆင်းပြီး တိတ်တဆိတ် မီးဖိုထဲဝင်ကာ သားအတွက် ထမင်းနဲ့သေချာ နွှင်ရသည်။

“ပါးပါး ဖေဖေရော”

“ဖေဖေက အလုပ်လုပ်နေတယ်နော်”

“ဖေဖေနဲ့စားမယ်”

“ဖေဖေက မပြီးသေးဘူးလေ ပါးပါးခွံ့မယ်နော်”

“ဟင့်! ဖေဖေ နဲ့စားမယ် အင့်!”

ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်တို့ စပြီးဂျီကျတော့သည်။ အဖေက မီတင်ထိုင်နေပါတယ်ဆိုတာကို။ ပြီးတော့ ဖွားဖွားကိုင်တိုင်ပါနေတာ အရေးကြီးလို့ မဟုတ်ဘူးလား။

“ဖေဖေက အလုပ်လုပ်နေတုန်းလေ ပါးပါးနဲ့စားမယ်လေနော်”

“အီးဟီး ဖေဖေ”

ခက်တာ့တာပဲ။ ဒါက ထငိုစရာရှိလို့လား။ ဒီကလေးက ဆူမှရတော့မှာ။ အားလုံးက သူ့အလုပ်နဲ့သူရှုပ်နေတာ။ ပြီးတော့ ကိုကိုယူထားတာ သူမှန်းမသိစေချင်ဘူး။ ယောက်ျားလေးတစ်ယောက်နဲ့လက်ထပ်ထားတာကို အားလုံးသိသွားပြီး ကိုကို့ကိုတီးတိုးပြောမှာမလိုချင်ဘူး။

“အစ်ကိုလေး ကျမ ဝင်ရင်းနဲ့ ကိုကိုကြီးကို ပြောပေးမယ်”

ဝါဝါက သားငိုတော့ အထဲကိုလိုတာတွေ သွားပို့ရင်းပြောပေးမယ်လုပ်နေတာ။ ဘယ်ဖြစ်မလဲ လူကြီးတွေ အလုပ်လုပ်နေတာကို။

“မပြောနဲ့ဝါဝါ၊ အစ်ကို အပေါ်ခေါ်သွားလိုက်မယ်၊ သား တော်ပြီ ဂျီကျမနေနဲ့၊ ပါးပါးနဲ့အပေါ်မှာသွားစားမယ် ပြောလို့မရရင် ပါးပါးရိုက်မှာနော်”

“အီးဟီး ရိုက်နဲ့ ဖေဖေ”

ပိုးသား သားအတွက် ထမင်းပန်းကန်ယူကာ ချီလိုက်ပြီး အပေါ်တက်ဖို့လုပ်လိုက်သည်။ သားကိုတစ်ဖက်ချီပြီး ပန်းကန်ကိုလက်တစ်ဖက်က ကိုင်ထားရသည်။

ချပ်!

“ချာတိတ်”

“အီးဟီး ဖေဖေ့”

ကိုကိုက ဘယ်ကဘယ်လို အခန်းထဲက ထွက်လာလဲမသိ။ သားက သူ့ဖေဖေကို တွေ့မှ ပိုငိုတော့သည်။ ပြီးတော့ အဖေဆီ လက်လှမ်းနေတာ။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်တို့ ဆိုးသွမ်းနေတာ။

“ဖေဖေမအားဘူး ပါးပါးနဲ့သွားစားမယ်၊ စကားနားမထောင်ရင် ပါးပါးရိုက်မှာနော်”

“အီးဟီး”

“သား ဖေဖေ့ဆီလာ"

“ကိုကို”

“အိုးအို သားကို ပါးပါးက မရိုက်ဘူးနော် တမင်ပြောနေတာနော် မငိုနဲ့တော့နော် ဖေဖေနဲ့ထမင်းစားမယ်နော်”

ထည်ဝါမှာဝါဝါပြောလို့ထွက်လာတာ။ ဝါဝါက လိုတာတွေ ယူချရင်းလှည့်ကြည့်လှည့်ကြည့်လုပ်နေလို့ မေးလိုက်တာ။ သားက ဖေဖေနဲ့ထမင်းစားမယ်ဆိုပြီး လုပ်နေလို့ ချာတိတ်ကဆူနေတယ်တဲ့လေ။ သူ ချက်ချင်းထွက်လာတာ။ သားကိုချော့တာတောင် သားက ဝမ်းနည်းပြီး တရှုံ့ရှုံ့ တအင့်အင့်လုပ်နေတုန်း။ နှပ်တွေကလဲ ပူပေါင်းတွေတောင်ထွက်နေပြီ။ သူ့ပါးပါးရိုက်မယ်ဆိုလို့ ဝမ်းနည်းနေတာ။ သူ့ပေါ်မှာနေရင်း သူ့ပါးပါးကိုလည်း ခိုးကြည့်ရသေးသည်။

ပိုးသားကတော့ အလိုလိုက်လွန်းသူနဲ့ ဆိုးသွမ်းနေတဲ့ နှစ်ယောက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း

“ရော့”

“ဘယ်ကိုလဲ လာလိုက်ခဲ့”

“ကိုကို သူများတွေနဲ့”

“ဘာဖြစ်လဲ ကိုကို့လက်တွဲဖော်ကို ဘယ်သူက ဘာပြောရဲမှာလဲ”

ထည်ဝါ လက်ထဲပန်းကန်ထည့်ပေးကာ အပေါ်ပြန်တက်ဖို့ လုပ်နေတဲ့ ကောင်လေးကို ဆွဲခေါ်သွားလိုက်သည်။ တကယ်ပါပဲ အခုအချိန်ထိ ဘာကိုစိုးရိမ်နေလဲ မသိဘူး။ ဧည့်သည်လာရင် အထဲဝင်ပုန်းနေသလိုပင်။ ဒါကို သူသတိထားမိနေတာမလား။ အိမ်မှာလည်းအဲ့လိုပဲ။ သူအလုပ်မသွားတဲ့ရက် ကိစ္စရှိလို့ လုပ်ငန်းစုက လူတစ်ချို့လိုက်လာရင် သားကိုချီပြီးအထဲဝင်သွားတတ်၏။ ဟိုဘက်အိမ်ရော ဒီဘက်အိမ်ရော ဧည့်ခန်းမှာ သူတို့နှစ်ယောက်ဓါတ်ပုံချိတ်ထားတာကို ဘာကိုစိုးရိမ်နေသေးတာလဲ။ ပြီးတော့ သားပုံတွေဆိုတာလည်း ဟိုနေရာ နံရံ ဒီနေရာ နံရံမှာ နေရာယူနေတာ။

အထဲဝင်တော့ အားလုံးက ဝိုင်းကြည့်နေကြသည်။ ပိုးသား သားကိုချီသွားတဲ့ ကိုကို့နောက် ခပ်ခွာခွာလိုက်သွားလိုက်သည်။ သားကို ကိုကိုက လုံးဝ အောက်ကိုမချ။ သားက လူမကြောက်တော့ လူစိမ်းတွေမြင်တာတောင် သူ့အဖေပေါ်မှာ တရှုံ့ရှုံ့လုပ်တုန်း။

“ထိုင် ကလေး”

ပိုးသား ချာကနဲလှည့်ကြည့်လိုက်ကာ ရှေ့ကိုပြန်ကြည့်လိုက်သည်။ ဘယ်လိုတွေ ခေါ်နေတာလဲမသိ။ တစ်ချို့က သူ့ကိုကြည့်နေပြီး တစ်ချို့လူကြီးတွေက ပြုံးနေတယ်မလား။

“မိတ်ဆက်ပေးရအုန်းမယ် ဒါမြေးထည်ဝါရဲ့ အိမ်ထောင်ဘက်လေ ပိုးသားမြိုင်တဲ့၊ ဒါလေးက အန်တီမြစ်လေး ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်"

ဖွားဖွားက ရုတ်တရက်ထပြောလိုက်တော့ ပိုးသားမှာ ဆက်ပဲထိုင်ရမလို ထပြီးနှုတ်ဆက်ရမလို။

“မင်္ဂလာပါ”

အားလုံးတိတ်နေချိန်မှာ သားဆီမှ အသံထွက်လာတာဖြစ်သည်။

“အိုး..အန်တီကြိုင့်မြေးက အတတ်လေးပဲ မင်္ဂလာပါကွယ်”

တကယ်ပါပဲ ပိုးသား သားကိုပြုံးကြည့်လိုက်သည်။ သူကသာ ဘာလုပ်ရမလဲ တွေဝေနေတာ သားက မင်္ဂလာပါတဲ့လေ။

“ဖေဖေသားက တော်လိုက်တာ၊ အခု မံမံစားမယ်နော်၊ ပါးပါး ခွံ့ကျွေးတာစားမယ်နော်”

“ဟုတ် ပါးပါး မံမံ”

ပိုးသား တစ်ဖက်လူကြီးတွေကို ပြုံးရင်းခေါင်းငြိမ့်ပြလိုက်ပြီး သားကိုထမင်းကျွေးဖို့လုပ်လိုက်သည်။ ဝဲသွားတဲ့ မျက်ရည်ကို သိမ်းဆည်းလိုက်၏။ အခု သူက ကိုကို့လက်တွဲဖော်ဆိုတာ အားလုံးကိုအသိပေးလိုက်သလိုဖြစ်သွားပြီမလား။ သားက အခုမှ သူကျွေးတာကို ကောင်းကောင်းစားသည်။ ထည်ဝါကတော့သားကိုထမင်းခွံ့နေတဲ့ ပိုးသားကိုကြည့်ကာ ပြုံးနေ၏။ ကလေး မျက်ရည်ဝဲသွားတာ သူသိတယ်မလား။ သူ့ကိုလူရှေ့ထုတ်မပြဘူးဆိုတဲ့ လက်ထက်ခါစက စကားကိုမှတ်ထားနေဆဲဆိုတာ သူသိလိုက်သည်။

ကလေးကို သေသေချာချာ ပြောပြရအုန်းမယ်။ ကိုကိုက ပိုးသားမြိုင်ဆိုတာ ကိုကို့အိမ်ထောင်ဘက်ဆိုတာကို လူတွေအားလုံးရှေ့မှာ ကြေငြာရဲပါတယ်လို့၊ မင်းက ကိုကို့ရဲ့သိမ်ငယ်မှုမဟုတ်ပါဘူးလို့ပေါ့။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Opowieści tętniące życiem. Odkryj je teraz