အချစ်ကလေး ဂုဏ်ရှိန်

20.4K 622 9
                                    

U+Z
(အောက်မေ့လို့ဆိုလို့ ဂုဏ်ရှိန် ၃ နှစ်အရွယ်လေးကို ရေးပေးသည်။)


မိုးရာသီ ရောက်လာတာနဲ့ပိုးသားမှာ ချည်လုံးလေးတွေနဲ့သူကိုယ်တိုင်ထိုးထားတဲ့ စွယ်တာလေးတွေကို ထုတ်ထားရသည်။ သားအတွက်ရော ကိုကို့အတွက်ရော အားလုံးကို တစ်စုတစ်စည်းထဲ ဘီဒိုအကန့်တစ်ကန့်မှာ ထည့်ရသည်။ ပြတင်းပေါက်တွေ၊ တံခါးမကြီးတွေနဲ့ အိမ်မှာရှိသမျှ အပေါက်တွေအားလုံးကိုလည်း ရှေ့ရက်တုန်းက ကိုကိုက ခြင်လုံဇကာခေါ်တပ်ခိုင်းလို့ အားလုံးတပ်ပြီးနေပြီဖြစ်သည်။ ခြံထဲကိုလည်း ခြင်မခိုအောင် အားလုံးသန့်ရှင်းရေးလုပ်ပြီးတာကြောင့် ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေးဖြစ်မှာတော့ မပူရတော့ပေ။

"ကိုကို မိုးရွာမယ်လို့ ကြေငြာထားတယ်နော်"

"အင်း သားရော"

"ရှိတယ် သူ့အဖွားနဲ့အောက်မှာ၊ ကိုကို့အတွက် အနွေးထည် ထည့်ပေးရအုန်းမလား"

"မထည့်ပါနဲ့ ကုတ်ပါတာပဲ ရတယ်"

ကိုကို ရုံးသွားဖို့ သူ့မှာလိုတာတွေ ထည့်ပေးနေတာဖြစ်သည်။ ထမင်းလည်း သွားပို့ပေးအုန်းမှာဆိုတော့ လိုမှသူယူသွားလည်းရတာပဲဆိုပြီး မထည့်ပေးပဲထားလိုက်သည်။

"လာပါအုန်း တစ်ရက်လုံးခွဲနေရအုန်းမယ်"

ထည်ဝါ အဝတ်အစားလဲပြီးမှ ပိုးသားကိုကျစ်နေအောင်ဆွဲဖက်ပစ်လိုက်သည်။ ဒီအနွေးဓါတ်လေးကို သူ့ကိုအစဉ်အမြဲ နွေးထွေးမှုပေးသည်။ မိသားစုဆိုတဲ့အသိုက်အဝန်းလေးကို တန်ဖိုးထားတတ်အောင် သင်ပေးသည်။

"နောက်ကျအုန်းမယ်"

ပြွတ်!

ပိုးသား ကိုကို့ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကြည့်ကာ ပြောလိုက်တော့ နှုတ်ခမ်းက အနမ်းခံရပြန်သည်။ ထိုအခိုက်မှာ ပြုံးမိသွားတာလည်း သူပါပဲ။

ဘုတ်ဘုတ်ဘုတ်

ဖက်ပြီးအကြည်စိုက်နေတဲ့ သူတို့နှစ်ယောက်က အပြင်ကခြေသံ တဘုတ်ဘုတ်ကိုမကြားပေ။ ခြေသံတင်မဟုတ်ပဲ အိပ်ခန်းတံခါးလက်ကိုင်ဘုလေးက လည်သွားတာကိုလည်း မမြင်ပေ။

🎉 You've finished reading ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete] 🎉
ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now