Part 34

47.7K 1.8K 27
                                    

Unicode


ကိုယ်မှ ပြန်မလိုက်သေးရင် မပြန်ဘူးဆိုတာကြောင့် တစ်ပတ်လောက်နေမယ်လုပ်ထားပြီး ၂ ရက်ထဲနဲ့ပြန်လိုက်ခဲ့ရတော့၏။ ရွှေဘိုမှာ ဝယ်ထားတဲ့ သနပ်ခါးခြံဝန်းကို ကိုကိုက ဦးလေးတို့မိသားစုကို စာရွက်စာတမ်းနဲ့အပြီးပေးခဲ့လိုက်တာဖြစ်ပြီး ပခုက္ကူမှာရှိတဲ့ သူတို့အိမ်နဲ့ခြံအပြင် သနပ်ခါးခြံကိုတော့ ဒီဘက်ကလူလွှတ်ပြီး အမှိုက်တွေ၊ အပင်တွေရှင်းလင်းခိုင်းထားလိုက်တာဖြစ်သည်။ သူမွေးဖွားရာ ဇာတိက ဖေဖေနဲ့မေမေထူထောင်ခဲ့တဲ့ အိမ်နဲ့ခြံနဲ့ကိုတော့ ဘယ်သူ့ကိုမှ လက်လွှဲမပေးသလို ရောင်းလည်းမရောင်းပဲ ခြံဝန်းခတ်ပစ်လိုက်တာ။ သနပ်ခါးခြံအတွက်ကတော့ ရွာခံလူငှားပြီး ဒီဘက်က ကြီးကြပ်မယ့်သူကိုထည့်ကာ လုပ်ကိုင်ဖို့တိုင်ပင်လိုက်ကြ၏။ မေမေနဲ့သူတစ်ခါတစ်လေ ပြန်ပြီး လုပ်လို့ရတယ် ခြံထဲမှာပဲနေပြီး လုပ်ပေးမယ့်သူ ဒါမှမဟုတ် ရွာထဲက လူနဲ့တင်ရတယ် ဒီဘက်ကလူပို့စရာမလိုဘူးဆိုတာကို မရဘူး။ မပြန်ရဘူး ကိုကိုမပါပဲ ဘယ်မှမသွားရဘူးဆိုပြီး အားလုံးကို သူ့စိတ်ကြိုက် လုပ်ပစ်နေတာ။ ခဏပြန်ပြီး ကြည့်လို့ရတာကို ဘယ်လောက်မှ ဝေးတာလည်းမဟုတ်ဘူး။ ဒါကို ဘယ်မှမသွားရဘူးလုပ်နေတာ။ မေမေကဘာမှလည်း ဝင်မပြော။ အားလုံးကို တခြားလူတွေနဲ့လွှဲပစ်ပြီးလုပ်ခိုင်းနေတာ။ သားကလည်း ရွှေဘိုကိုလိုက်လာထဲက သူ့ဖေဖေမှ သူ့ဖေဖေ။ မျက်လုံးရှေ့မှာ သူ့ဖေဖေကို မြင်တာနဲ့ ဖေဖေဆိုပြီး ခေါ်ပြီးတော့ လူပေါ်ကမဆင်းတော့။
အခုလည်းအပြင်ကိုခေါ်သွားစရာရှိတယ်ဆိုပြီး သူနဲ့သားကို ရေချိုးပြီးအဆင့်သင့်လုပ်ထားတဲ့။ ပြန်ရောက်တာက တစ်ရက်တစ်ပိုင်းပဲရှိအုန်းမယ် ပိုးသားမှာ ဘာမှလည်းပြောလို့မရပဲ သူလုပ်တာမှန်သမျှကို အထွန့်မတက်ပဲ ငြိမ်နေရသည်။ သူ့အဝတ်တွေနဲ့သားအဝတ်တွေကို ဝါဝါက ကိုကို့အခန်းကို အားလုံးရွှေ့နေတာ။ သူမေးမှ ကိုကိုကြီး တစ်ခုမကျန် ဒီနေ့အပြီးရွှေ့ထားတာ မြင်ချင်တယ်ပြောလို့တဲ့လေ။ တစ်ခုပြီးတစ်ခု သူ့အသုံးအဆောင် ပမွှားလေးကမှအစ ကိုကို့အခန်းထဲ အားလုံးရောက်ကုန်သည်။ သူနေခဲ့တဲ့အခန်းထဲမှာ မေမေကနေပြီး အားလုံးကို ပြန်ပြင်ဆင်ပေးထားတာ။ အခန်းထဲမှာ ချိတ်ပိတ်ထားတဲ့ ဓါတ်ပုံတွေကအစ နံရံပေါ်မှာနေရာယူပြီးသား။ သူ့အသုံးအဆောင်တွေနဲ့သားအသုံးအဆောင်တွေ ထည့်လိုက်တာတောင် ကိုကို့အခန်းက ကျဉ်းသွားတယ်လို့ မခံစားရ။ ကုတင်ကလည်း ဘယ်အချိန်ကလဲလိုက်လည်းမသိ။ သူ မေ့ပြီးရောက်လာတုန်းက ကုတင်မဟုတ်ပဲ အခုက ပိုကြီးနေသည်။ ဘယ်အချိန်က ဘယ်လိုလဲခိုင်းလိုက်လည်းမသိ။ ဟိုရောက်နေတုန်း အိမ်မှာရှိနေတဲ့လူတွေကို လိုက်ခိုင်းနေတာ နေမှာပေါ့။

“သား လျှောက်ပြေးမနေနဲ့ အင်္ကျီဝတ်ရအောင်”

သားက အိမ်ပေါ်မှာ ရေချိုးပြီးသား ရေသုတ်ပေးပြီးသားကို ကိုယ်လုံးသီးချွတ်နဲ့အခန်းထဲမှာ လျှောက်ပြေးနေတာ။ အိမ်ပေါ်မှာဆိုလည်း ဟိုအခန်းဝင် ဒီအခန်းထွက်လျှောက်ပြေး။ အောက်ထပ်မှာဆိုရင် ပိုဆိုးသည်။ တစ်အိမ်လုံးက သူ့အကြိုက်လုပ်ချင်တာလုပ်နေတာ။ လှေကားကိုတော့ ခါးတစ်ပိုင်းတံခါးလေးလုပ်ထားပေးရသည်။ ဒါကလည်း ကိုကိုက ရွှေဘိုလိုက်လာတုန်း အားလုံးပြင်ခိုင်းနေတာနေမှာ။ ပြန်ရောက်လာတာနဲ့ပြောင်းနေတာ။ သားလျှောက်ပေးရင်း လှေကားက ပြုတ်ကျမှာဆိုးလို့တဲ့လေ။ အခုလည်း အခန်းထဲမှာ ပတ်ပြီးပြေးနေတာ။ သူဆော့ထားတဲ့ စက်ရုပ်တွေကလည်း ကြမ်းပြင်မှာ ဟိုတစ်ခုဒီတစ်ခုနဲ့။

“ပါးပါး ဖမ်း"

တကယ်ပါပဲ ကိုယ်လုံးသီးချွတ်နဲ့လျှောက်ပတ်ပြေးနေတာ။ အခန်းက ကျယ်တော့သူ့အကြိုက်လိုက်ပြေးနေတာဖြစ်သည်။ အပေါ်ထပ်ဆိုလည်း ဟိုအခန်းဝင် ဒီအခန်းဝင်လျှောက်မွှေလျှောက်ပြေးနဲ့။ ရွှေဘိုကအပြန် လှေကားထိပ်မှာ တံခါးအသေးလေးတပ်ထားတာကိုတွေ့လိုက်ရသည်။ သားလျှောက်ပြေးတာကြောင့် ပြုတ်ကျမှာဆိုးလို့ တပ်ထားတာတဲ့လေ။ လူက ဟိုမှာနေပြီး အိမ်မှာကျန်ခဲ့တဲ့သူတွေကို လိုက်ခိုင်းနေတာ။ အောက်ထပ်ဆိုရင်လည်း သားရဲ့ ဆော့စရာစက်ရုပ်တွေကလည်း ဟိုတစ်ရုပ် ဒီတစ်ရုပ်နဲ့ဖြစ်သည်။ ဖွားဖွားနဲ့ ကိုကို့မေမေက မနက်ဆိုရောက်လာပြီး သားနဲ့အချိန်ကုန်ကာ ညနေမိုးချုပ်မှာ အိမ်ပြန်လေ့ရှိသည်။ ဖွားဖွားကတော့ နေ့တိုင်းလိုလိုလာလေ့ရှိပြီး တစ်ခါတစ်လေ ကိုကို့မေမေက အလုပ်ရှိရင် လိုက်လာချင်တောင် လာလို့မရ။ သူတို့လာတိုင်း သားအတွက်  တစ်နှစ်ခွဲ အရွယ်စားတဲ့မုန့်၊ ဖြည့်စွက်စာနဲ့ တစ်နေ့တစ်မျိုး မရိုးရ‌အောင်ပါလာသည်။ ဒါတင်မဟုတ် အရုပ်တွေဒီလောက်များတာကို ဝယ်လာတာလဲ အရုပ်တွေထားဖို့ သီးသန့်တစ်ခန်းပဲ လုပ်ပေးရတော့မလိုဖြစ်နေတော့တာ။

“သား လာတော့ အင်္ကျီဝတ်ရအောင်လို့”

“ခစ်ခစ် လာဘူး ပါးပါးဖမ်း”

ပိုးသား သက်ပြင်းချပြီး ကုတင်စပ်မှာထိုင်လိုက်သည်။ တကယ်ပါပဲ ဆော့တာက မျောက်ရှုံးနေတာ။ အင်္ကျီတစ်ခါဝတ်ပေးဖို့ကို သူ့ကိုလိုက်ဖမ်းရအုန်းမယ်။

“ဂုဏ်ရှိန်မြင့်မိုရ်ကြိုင် ငါလာတော့ဆိုလာတော့နော်၊ ဘယ်လိုလဲ မဝတ်ဘူးလား”

“ပါးပါး ဖမ်း ခစ်ခစ်”

“သား ဖေဖေရောက်တော့မှာ ဖေဖေနဲ့အပြင်မလိုက်ဘူးလား”

“လိုက်မယ် လိုက်မယ်”

တကယ်ပါပဲ ကိုကိုနဲ့ကိုင်ပေါက်မှရသည်။ ဖေဖေနဲ့အပြင်သွားမယ်ဆိုမှ သူ့ဆီပြေးလာပြီး အင်္ကျီဝတ်ပေးတားကိုလက်ခံသည်။

“မွှေးမွှေးလူး”

သူ့ဖွားဖွားလုပ်ပေးတာကို အကုန်မှတ်ထားတာ။ စားပွဲပေါ်မှာ သူ့အသုံးအဆောင်တွေသီးသန့်တင်ထားတာကို လက်ညှိုးထိုးပြပြီး တစ်ကိုယ်လုံးကို ပွတ်သပ်ပြသည်။ သူ့ဖွားဖွားကြိုင် Lotion လူးပေးနေကြကို။ ဒါကို အင်္ကျီမဝတ်ခင် လူးခိုင်းနေတာ။

“ငါ့ကို အလုပ်တွေပေးနေတယ်”

“ပါးပါးချစ်”

တကယ်ပါပဲ။ ပါးပါးချစ်ဆိုတာနဲ့တင် အရည်ပျော်ကျပြီးလုပ်ပေးချင်နေတာခက်တယ်။ သားတစ်ကိုယ်လုံးကို lotion လူးပေးတော့ သားက အပေါ်ကနေ သူ့လက်နဲ့လိုက်ပွတ်ထည့်အပြင်

“ပါးပါး ထည့်ထည့်”

လက်ဝါးဖြန့်ကာ သူ့လက်ထဲ ထည့်ခိုင်းနေတာ။ ဒီအလည်လေးက သူ့ရှေ့မှာ ဘာလုပ်လုပ်အားလုံးမှတ်ထားပြီး မှတ်မိကာ လိုက်လုပ်နေတော့တာ။ သူ့လက်ထဲက lotion တွေကို လူကြီးတွေလုပ်သလို ဗိုက်ပူပူကိုပွတ်ပြီး တခစ်ခစ်နဲ့ရယ်နေတာ။ သားလိုက်လူးထားလို့ မနှံ့တာတွေကို သူ့မှာ လိုက်ပွတ်ပေးနေရသည်။

ချပ်!

“ပြီးပြီလား ကလေး”

ထည်ဝါမှာ အခန်းထဲဝင်ဝင်ချင်းမေးလိုက်တာဖြစ်ပြီး သားက သူ့လက်လေးတွေနဲ့ ဗိုက်တွေကိုလိုက်ပွတ်နေ၏။ ကလေးက သားကိုဘောင်းဘီဝတ်ပေးဖို့လုပ်နေတာဖြစ်သည်။

“ဖေဖေ”

“ဖေ့သားက ရေချိုးပြီးပြီလား ရွှတ်! မွှေးနေတာပဲကွာ”

ထည်ဝါမှာ သားပါးကိုနမ်းလိုက်ပြီး ပြောတော့သားက ရှေ့သွားလေးနှစ်ချောင်းကိုပေါ်အောင်ရယ်တော့သည်။

“ပါးပါး ရောရေချိုးပြီးပြီလား”

“မချိုးရသေးဘူး သူ့ကိုလိုက်ထိန်းနေရတာ၊ ရေချိုးပြီးတာကို ပတ်ပြေးနေလို့”

“ရွှတ် မချိုးလည်း မွှေးပါတယ်”

“ကိုကို!”

ပိုးသား လန့်ကာ ခေါ်လိုက်ပြီးကြည့်ရသည်။ သားရှေ့မှာကိုမဆင်မခြင်နဲ့။ သားက သိပ်မတတ်ရှာဘူးဆိုတော့ သားရှေ့မှာ မဆင်မခြင်နဲ့ လိုက်လုပ်နေတာ။

“ပါးပါး မွှေး၊ ဖေဖေ နမ်း”

တွေ့လား အဲ့တာကို ဂုဏ်ရှိန်ထည်ဝါကြိုင်တို့က လူရှေ့လျှောက်ပြောတော့မှာ။

“ကိုကို အသည်းယားလို့”

ထည်ဝါ နှုတ်ခမ်းစူကာ မျက်ခုံးတွေတွန့်ချိုးကြည့်လာတဲ့ ကလေးကိုကြည့်ကာပြုံးလိုက်သည်။ ဘာမြင်မြင်တတ်လွယ်တာ သိပေမယ့် သူမှမထိန်းနိုင်တာ။

“သားပါ ဖေဖေနဲ့နေမယ်နော်၊ ပါးပါးရေချိုးရအုန်းမှာ ဟုတ်ပြီလား”

“ဟုတ်”

ထည်ဝါ သားကိုကောက်ချီလိုက်ပြီး

“ကိုကိုနဲ့သား အောက်မှစောင့်နေမယ်၊ ရေချိုးပြီးဆင်းခဲ့”

ပိုးသား ခေါင်းပဲငြိမ့်ပြလိုက်၏။ သူတို့ထွက်သွားမှ အရုပ်တွေကိုကောက်သိမ်းရသေးသည်။ အခန်းက ကျယ်လို့ပေါ့ ဆော့ထားတဲ့အရုပ်တွေနဲ့ ခြေချစရာနေရာမရှိဘူး။
ထည်ဝါကတော့ အောက်မှာသားကို အဆာပြေအောင် ထမင်းကျွေးနေရသည်။ သူကျွေးတာမဟုတ်ပေမယ့် သားက သူ့အပေါ်မှာထိုင်နေပြီး သူ့ဖွားဖွားထမင်းခွံ့တာကို စားနေတာဖြစ်သည်။

“ကလေး ထမင်းစားအုန်းလေ”

မျက်လုံးထဲအရိပ်လေးဝင်လာတာကြောင့် ထမင်းစားဖို့လှည့်ပြောရသည်။ ဂျင်းဘောင်းဘီခပ်ပွပွလေးနဲ့တီရှပ်ဝတ်ထားပြီး အပေါ်က ရှပ်အင်္ကျီလက်ရှည်အကွက်ကိုထပ်ဝတ်ထား၏။ သားနဲ့ပါးပါးနဲ့ဆံပင်ဆင်တူလို့ပဲပြောရမလား သားရောပါးပါးရော ဆံပင်ခပ်အုပ်အုပ်လေးတွေ ဖြစ်သည်။

“မစားတော့ဘူး သား မှန်း ပေနေပြီ”

ဘေးနားက တစ်ရှူးကိုယူကာ သားကိုသုတ်ပေးရသည်။ ဘယ်ကိုသွားမှာလဲလည်း ကြိုပြောမထား။ သားအတွက် မုန့်၊ ရေဘူး၊ တစ်ရှူး၊ အဝတ်အပို၊ ဒိုင်ပါ အစုံယူရသည်။ အားလုံးကို ခြင်းထဲထည့်ကာ အဖုံးဖုံးပြီး ကားပေါ်အရင်တင်ရသည်။

“သား ပါးပါးဆီလာတော့”

“ဖေဖေနဲ့နေမယ်”

“ဖေဖေက ကားမောင်းရမှာ”

“ရတယ် ကိုကိုချီထားမယ်”

အလိုလိုက်တဲ့အဖေနဲ့သားနဲ့တော့ တွေ့ပြီ။ ပိုးသား ဘာမှမပြောပဲ ဘေးမှာပဲဝင်ထိုင်လိုက်သည်။ သားကတော့ တခစ်ခစ်နဲ့ရယ်နေတော့တာပဲ။
“ဝူးဝူး”

ကားစထွက်တာနဲ့ သားက ပါးစပ်ကပါ ကားထွက်သလို တဝူးဝူးနဲ့လိုက်ပြီးအော်နေသေးတာ။

“သားလက် ဖေဖေ့လက်ပေါ်တင်လိုက်”

ကား steering wheel ပေါ်တင်ထားတဲ့လက်ပေါ် သားကသူ့ဖေဖေပြောတဲ့အတိုင်း လိုက်တင်သည်။ သားကိုပေါင်ပေါ်မတ်တပ်ရပ်ခိုင်းကာ ဗိုက်ကိုလက်နဲ့သိုင်းဖက်ထားပြီး သားလက်က ကိုကို့လက်ပေါ်တင်ထားတော့ သားကပါ ကား steering wheel ကိုလှည့်နေသလိုဖြစ်နေသည်။ ဒါကိုပဲ သားကအော်ဟစ်ပြီးပျော်နေတာ။ တစ်ခါတစ်ခါ လက်ခုပ်ပါထတီး၏။ ကားကို မိနစ်တော်တော်များများ မောင်းပြီးချိန်မှာတော့ အဝင်ဝမှာ “မြိုင်” လို့ရေးထားတဲ့ ဆိုင်းဘုတ်နဲ့ခံဝန်းတစ်ဝန်း။ အထဲကိုလှမ်းကြည့်တော့ အဆောက်အဦးတွေက တော်တော်ဝေးဝေးမှာ ဖြစ်သည်။

“ကလေး သွားမယ်”

ကိုကိုက သားကိုချီပြီးဆင်းသွားပြီဖြစ်ပြီး ပိုးသားနောက်မှ အပြေးလိုက်ဆင်းရသည်။ ကိုကိုကသားကိုချီပြီး လက်နောက်တစ်ဖက်နဲ့ထီးပါ ကိုင်စောင်းပေးထားတာကြောင့် ထီးကိုသူသွားကိုင်ပေးလိုက်၏။

“ကိုကို ကိုင်ထားလို့ရတယ် ကလေးက ကိုကို့လက်ကိုပဲချိတ်ထား”

တကယ်ပါပဲ အပြင်မှာလည်း မပြောရဲတာမရှိ။ ပိုးသား သားအဖေနှစ်ယောက်ပဲ ရှေ့ကလွှတ်လိုက်ပြီး နောက်ကပဲလိုက်ခဲ့တော့သည်။

“နေပူတယ် ချာတိတ်လာ အထဲဝင်၊ လက်ကိုချိတ်ထားဆိုတာ စတာပါကွာ”

“ပါးပါး ပူပူ၊ အထဲဝင်”

ထည်ဝါမှာ စိတ်ကောက်ချင်ဖြစ်သွားသူကို ချော့ရသေးသည်။ ထီးထဲမဝင်ပဲ နောက်ကနေလိုက်တာတာကြောင့်။

“ရတယ် ရှေ့မှ အရိပ်ပဲရောက်နေပြီ”

ရှေ့ကလျှောက်လမ်းဘေး ဘယ်ညာမှာ သစ်ပင်အကြီးကြီးတွေရှိတယ်မလား။ အချိန်ကလည်း နေ့ခင်း ၂ နာရီပဲဖြစ်နေပြီ။ ဒီအဝန်းထဲမှာ သစ်ရိပ်တွေနဲ့ပြည့်နေတာကို။ ဒါက အေးချမ်းတယ်လို့ထင်သည်။

“ဒါဘယ်နေရာလဲ”

“အထဲရောက်ရင်သိမှာပေါ့”

တကယ်ပါပဲ ဘာကိုလျှို့ဝှက်ထားနေလည်းမသိ။ အဆောက်အဦးတွေက ကြီးပြီးရှည်လျားသည်။ တိတ်ဆိတ်နေပြီး သန့်ရှင်းနေ၏။ သို့ပေမယ့် အဆောက်အဦးနဲ့နီးလာလေ လှုပ်ရှားမှုသဲ့သဲ့လေးတွေကို ကြားရလေဖြစ်သည်။ သူကြည့်နေတုန်းမှာ အဆောက်အဦးရဲ့အခန်းတစ်ခန်းထဲကနေ အသက်အရွယ်ရနေပြီဖြစ်တဲ့ ဦးလေးတစ်ယောက်ထွက်လာ၏။

“မောင်ထည်ဝါ ရောက်လာပြီလား၊ လာလာ လာကြ”

“ဟုတ်ကဲ့ ဆရာကြီး ဒါက ပိုးသားမြိုင်လို့ခေါ်ပါတယ်”

“အော် ဒီကလေးလား”

“ဟုတ်တယ် ဆရာကြီး ဒါက ကျွန်တော့်သား ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်၊ သား ဆရာကြီးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်”

“မင်္ဂလာပါ”

“လိမ္မာလိုက်တာ၊ လာကြာလာကြ”

ဆရာကြီး ဆိုသူက ခေါ်ကာ ရှေ့ကနေသွားသည်။

“ချာတိတ်လာ ကိုကို့ဘေးမှာနေ”

အခန်းတွေကိုဖြတ်ပြီး အထဲရောက်တော့ ပန်းချီဆွဲနေကြတဲ့ ကလေးတွေ။ ပိုးသားပြုံးလိုက်မိသည်။ သူကိုယ်တိုင်လည်း ပန်းချီဆွဲတာကို သဘောကျခဲ့တာမလား။ မျဉ်းတောင် သေချာမဆွဲတတ်တော့ သူများဆွဲတာကိုပဲ ကြည့်နေရတာ။ ကြည့်နေရင်းနဲ့ သူရင်တုန်ကာ စိတ်လှုပ်ရှားသွားသည်။ ရှေ့က ပန်းချီသင်ပေးနေတဲ့ဆရာက လိုက်ဆွဲပြီး ပန်ချီသင်နေတဲ့ ကလေးတွေကို sign language နဲ့ပြောပြနေတာ။ နေပါအုန်း အဲ့ဒါဆို ဒီကလေးတွေ အသံမထွက်နိုင်ဘူးလား။ သူ့လက်နှစ်ဖက်က ချက်ချင်းပူးသွားကာ အေးစက်သွားသလိုပင်။

“ကလေးတွေထဲမှာ အသံမထွက်နိုင်တဲ့သူရော၊ အကြားအာရုံမရတဲ့သူတွေရော ပါတယ်လေ။ သူတို့ဝါသနာပါရာကို ကိုယ်တိုင်ရှာဖွေပြီး ကိုယ်သဘောကျတဲ့အတန်းကို တက်နေကြတာ”

ဆရာကြီးဆိုသူက ရှေ့က ကလေးတွေကိုကြည့်ကာ ရှင်းပြပေးနေ၏။ ကိုကိုက သူ့ပုခုံးကိုလာဖက်တော့ သူကိုကို့ကိုလှည့်ကြည့်မိလိုက်သည်။ ကိုကိုက သူ့ကိုပြုံးပြီးကြည့်နေလေရဲ့။ ရှေ့ဆက်သွားကြည့်တဲ့ အခန်းတွေမှာဆိုရင် အမြင်အာရုံမရတဲ့သူတွေပါရှိသည်။ တစ်ခုချို့ယွင်းရင် တစ်ခု တတ်မြောက်သလို အားလုံးက ချို့ယွင်းနေတာရှိပေမယ့် ကိုယ့်စိတ်ဝိဉာဏ်ရဲ့ တွန်းအားပေးမှုကြောင့် ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် ပညာတစ်ခုကို ကြိုးစားသင်ယူနေကြာတာ။ ဒီလိုမျိုးကျောင်းကို သူသဘောကျကြောင်း ဖွားဖွားကိုပြောဖူးတယ်မလား။

“သဘောကျလား”

ကိုကိုက သူ့ပုခုံးကိုဖက်ကာမေးနေသည်။ သားကလည်း မမြင်ဖူးတာကို လိုက်ငေးနေသလို အသံမထွက်။

“မင်း ထွက်သွားပြီးတော့ ကိုကို့ကို ဖွားဖွားက ခေါ်ပြောတယ်လေ၊ အဲ့ဒါကြောင့် ကိုကိုက ဒီကျောင်းကို အရင်ဆုံးပြီးအောင်လုပ်ပြီး ဒီကလေးတွေအတွက် သေချာပြင်ဆင်ပေးထားတာ။ မင်းကို ဘာသာပြန်ခိုင်းတဲ့ carrot လေးရောက်လာတုန်းက ကိုကိုက ဘာမှမသိပဲ ဖွားဖွားလုပ်ခိုင်းလို့ လုပ်နေရတာ၊ မင်းထွက်သွားပြီးမှ ဒါတွေက မင်းဆန္ဒရှိတဲ့အရာဆိုတာ ကိုကိုသိခဲ့တာ”

ကိုကို့စကားကြားပြီး ပိုးသားမျက်ရည်ဝဲလာတော့သည်။ တကယ်ပါပဲ ဖွားဖွားက သူဖြစ်ချင်တာတွေအားလုံးကို မသွေမတိမ်းပဲ အားလုံးလိုက်လုပ်ပေးနေ၏။

“သဘောကျရဲ့လား”

ဟင့်!

သူဒါကိုမဖြေနိုင်ဘူး။ သဘောကျလွန်းလို့ ဝမ်းသာလွန်းလို့ ငိုချင်လာကာ အသံထွက်လာတော့သည်။

“ဖေဖေ့ အင့်! ပါးပါးငို အီးဟီး”

ထည်ဝါမှာ စိတ်နုလွန်းတဲ့သားအဖကို ဘယ်လိုလုပ်ရမလဲမသိတော့ပေ။ ချာတိတ်က ငိုတော့ သားကပါ လိုက်ငိုတာ။ သူ့ပါးပါးငိုရင်တော့ သားက လုံးဝမရပေ။ တကယ်ပါပဲ သားအဖနှစ်ယောက်က တည့်တော့လည်း တစ်ယောက်ငိုရင်လိုက်ငို။ မတည့်တော့လည်း မတည့်လို့။

“သားက မငိုရဘူးလေ”

“အီးဟီး ပါးပါးက ငိုတယ် ဟင့်!”

ထည်ဝါမှာသားကိုချော့ရ ချာတိတ်ကိုချော့ရနဲ့ အလုပ်ရှုပ်နေတော့သည်။ ပါးပါးက အသံမထွက်ပေမယ့် ငိုတုန်း။ ငိုနေတဲ့ ပါးပါးကိုကြည့်ကာ သားက လိုက်ငို။ ပါးပါးလုပ်သူက အငိုတိတ်ပြီး သားကိုချီပြီ ချော့လိုက်မှသားကလည်း အငိုတိတ်တော့၏။

“ဗိုက်ဆာနေမှာပေါ့၊ ဘာစားမယ် ကိုကိုဝင်ဝယ်ပေးမယ်”

သူတို့ဟိုမှာအားလုံးစုံအောင် လိုက်ကြည့်ပြီးမှ ပြန်ခဲ့တာဖြစ်ပြီး သားက ချာတိတ်ပေါ်မှာ အိပ်နေပြီဖြစ်သည်။ တစ်ခုခုဝင်ဝယ်ပေးမယ်ဆိုတော့လည်း ခေါင်းခါပြ၏။ ထည်ဝါ ကားမောင်းနေရင်း လက်တစ်ဖက်နဲ့ ချာတိတ်ခေါင်းကို ပွတ်လိုက်ပြီး

“အဲ့ဒါဆို အိမ်ကျမှ ကိုကိုနဲ့အတူတူ ထမင်းစားမယ် ဟုတ်ပြီလား”

အဲ့လို့ကျတော့လည်း လက်ခံသည်။ ဟိုမှာစငိုပြီးထဲက စကားသံကထပ်ထွက်မလာတော့တာ အခုထိ။ ပါးပါးပေါ်မှာအိပ်လိုက်တဲ့ သားကိုကြည့်လိုက်တော့လည်း မျက်ရည်စလေးတွေရှိသေးသည်။ သားမျက်ရည်စလေးတွေကို ပါးပါးဖြစ်သူက သုတ်ပေးနေ၏။ ခြံထဲဝင်တော့ ဖွားဖွားကား တွေ့လိုက်တာကြောင့် အိမ်ကိုရောက်နေပြီဆိုတာ သူတို့သိလိုက်သည်။ ထည်ဝါကတော့ ဖွားဖွားကို ကြိုပြောပြီးသား။ ဒီနေ့ ချာတိတ်နဲ့သားကို ကျောင်းဘက်ကိုခေါ်သွားမယ့်အကြောင်း။

“အဘွားမြစ်တုန်းလေး အိပ်လိုက်လာတာလား”

ဒေါ်ကြိုင်ကြိုင်မှာ မြေးလေးပေါ်မှာအိပ်လိုက်တာတဲ့ သူတို့မျိုးဆက်လေးကိုကြည့်ကာ မေးလိုက်သည်။

“အပြန်ကျမှ အိပ်ပျော်သွားတာ ဖွားဖွား”

“ထမင်းစားမသွားဘူးဆို ကလေးကို ဖွားဖွားဆီပေးခဲ့”

“ဘယ်ကိုပေးခဲ့၊ ဖွားဖွား သွားထိုင်၊ ဖွားဖွားဘေးနားမှာ ပုခက်လာချပေးမယ်”

ထည်ဝါမှာသားကိုမနိုင်မနင်းနဲ့ချီချင်နေတဲ့ဖွားဖွားကို ပြောရတာတစ်လုပ်ဖြစ်နေသည်။ ခြင်းပုခက်လေးကို အောက်က ဖွားဖွားထိုင်နေတဲ့ ဘေးမှာသွားချပြီး သားကိုထည့်သိပ်ရသည်။ ချာတိတ်မေမေက သားဗိုက်ပေါ်စောင်တင်ပေးကာ လိုတာတွေလုပ်ပေးနေသည်။

“နောက်မှာ ဝါဝါပြင်ပေးနေတယ် သွားစားတော့သွား မေမေလုပ်လိုက်မယ်”

နောက်မှာ စားဖို့ကပြင်ပြီးသား။ ထမင်းကမခူးရသေးတော့ ပိုးသား ကိုကို့ကိုအရင်ခူးပြီးချပေးလိုက်သည်။ ထည်ဝါကတော့ ငိုသွားတဲ့ကလေးကို စချင်နေပေမယ့်ထိန်းထားရသည်။ စလိုက်လို့ ကိုယ့်အမှားဖြစ်ပြီး ကိုယ့်ကိုစိတ်ဆိုးသွားရင် ကိုယ်ပဲခံရအုန်းမယ်။ “မြိုင်” ပရဟိတ ကျောင်းကနေပြန်လာထဲက တိတ်ဆိတ်သွားတဲ့ကောင်လေးကို ထည်ဝါစောင့်ကြည့်နေသည်။ အိမ်မှာလည်း လူကြီးတွေနဲ့ဆုံနေတော့ အခန်းထဲခေါ်သွားပြီး မေးချင်ပေမယ့် မေးလို့မရ။ ထမင်းစားပြီး သားပုခတ်နားမှာ လာထိုင်နေတဲ့ကောင်လေးက ပုခတ်ကိုလွှဲရင်း သားကို ကြည့်နေသည်။ သိပ်မကြားဘူး နိုးလာတဲ့သားက ငိုတာကိုမေ့သွားကာ ဖွားဖွားကြီးဆိုပြီး သွားကပ်လိုက်၊ ပြေးလိုက်ဆော့လိုက်နဲ့။

“သားကို ကိုကို့ကိုပေး၊ ကလေးက သားဝတ်ဖို့ သွားထုတ်လိုက်”

ရေချိုးပေးပြီးတဲ့သားကို ထည်ဝါခေါ်လိုက်ရသည်။ သားကို lotion လူးပေးတော့ lotion လူးရတာကြိုက်တဲ့သားက တခစ်ခစ်ရယ်ကာ တစ်ကိုယ်လုံးကို လိုက်ပွတ်တော့သည်။ ထည်ဝါ သားကိုအသည်းယားက ဗိုက်ပူပူလေးရဲ့ခါးတွေကို လက်ချောင်းနဲ့တို့ထိကာ ကလိထိုးလိုက်၏။

“ဖေဖေ့ ယားတယ် အားဟဟား ခစ်ခစ် အား ယားတယ် လုပ်နဲ့ အား…”

ပိုးသားမှာ သားဖို့အင်္ကျီသွားထုတ်ပြီး ပြန်ထွက်လာတော့ သားအဖနှစ်ယောက်က လူးလှိမ်နေသည်။ သားက သူ့ဖေဖေကလိထိုးနေတာကြောင့် အိပ်ယာပေါ်မှာ ကော့ကလန်ရင်း လူးလှိမ့်နေကာ ရယ်နေလိုက် ကလိထိုးဖို့လာတဲ့ လက်တွေကိုဖမ်းလိုက် တခစ်ခစ်ရယ်လိုက်နဲ့။

“အား…ဟဟား ယားတယ် ပါးပါး အားခစ်ခစ် ဖေဖေ့ကို ရိုက်”

“ပါးပါးက ဖေဖေ့ကို မရိုက်ဘူးနော် ချာတိတ်”

ထည်ဝါ ချာတိတ်ကိုလှည့်မေးလိုက်သည်။
အဖြေက ပြန်မရ။

“မလုပ်တော့နဲ့ အူတတ်ကုန်မယ်”

ပိုးသား ကိုကို့ကိုတားလိုက်ပြီး သားကိုအင်္ကျီဝတ်ပေးဖို့ လုပ်ရသည်။

“ဖေဖေ အားခစ်ခစ် လုပ်နဲ့”

“မလုပ်တော့နဲ့လို့ ရေသွားချိုးသွား”

“ချာတိတ်ကလည်း သားကို ဖွားဖွားနဲ့ပေးထားလိုက်၊ ချာတိတ်လည်းရေချိုးဖို့လုပ်၊ ကိုကိုဝတ်ဖို့ထုတ်ပေးအုန်း”

ပိုးသားမှာ သားကိုမေမေ့ဆီသွားပေးကာ ထမင်းကျွေးထားဖို့ပြောရသည်။ ပြီးမှ အထဲမှာ ကိုကို့အတွက်ဝတ်ဖို့ထုတ်ကာ စောင့်နေလိုက်သည်။ ထည်ဝါရေချိုးခန်းကထွက်လာတော့ ချာတိတ်က ထိုင်ရာက လှုပ်လှုပ်ရှားရှားဖြစ်ကာ ထရပ်လိုက်သည်။

“ကိုကို့အတွက် ထုတ်ပေးထားတယ်”

ကိုယ့်အတွက်အဝတ်တွေထုတ်ပေးကာ သူ့လဲမယ့်အဝတ်တွေယူပြီးရေချိုးခန်းဝင်ဖို့လုပ်နေတဲ့ ကောင်လေးကို ထည်ဝါလှမ်းဆွဲထားလိုက်သည်။

“လဲဖို့အဝတ်တွေထားခဲ့လိုက်လေ၊ ရေချိုးပြီးထွက်လာမှမလဲပဲနဲ့ ပေးထားခဲ့”

ပိုးသား အတင်းဆွဲထားသူကြောင့်ထားခဲ့လိုက်သည်။ သူတစ်ခါမှ အပြင်မှာအဝတ်မလဲဖူးဘူး။ အရင်ထဲက ကိုကို့အခန်းထဲမှာ ရေချိုးရင် ရေချိုးခန်းထဲမှာ တစ်ခါထဲအဝတ်လဲလာတာ။ ရေချိုးပြီး ကိုကို့ bathrobe ကိုဝတ်လိုက်၏။ အကြီးကြီးဖြစ်ပြီး ခြေမျက်စိတောင် ရောက်တော့မှာဖြစ်သည်။ ကိုကိုက ကြည့်လိုက်ရင် သဘတ်တစ်ထည်ပဲ ပတ်တာကို ဘာဖြစ်လို့ bathrobe ကိုထည့်ထားလည်းမသိ။ သူအပြင်ထွက်လာတော့ ကိုကိုက အခန်းထဲမှာပဲရှိသေးသည်။ သူဝတ်ဖို့ယူထားတဲ့အဝတ်တွေက ကိုကို့ဘေးမှာ။ သူအဝတ်တွေ ကောက်ယူလိုက်ပြီး အဝတ်လဲခန်းထဲဝင်လိုက်ကာ ဘောင်းဘီကိုအရင်ကောက်စွတ်ရသည်။ တီရှပ်ကိုဝတ်ဖို့လုပ်တဲ့အချိန်မှာ ကိုကိုကဝင်လာ၏။

“ကိုကို ထွက်”

အပေါ်ပိုင်းကလည်းဘာမှမရှိတော့။ အင်္ကျီဝတ်မှာမို့လို့ bathrobe ကလည်းချွတ်ပြီးပြီဖြစ်သည်။ သူ့မှာ တီရှပ်နဲ့ကွယ်လိုက်ရသည်။ တကယ်ပါပဲ showcase မှာတင်ပါးတင်ရုံမှီထိုင်ကာ အပြင်မထွက်ပဲကြည့်နေ၏။

“ကိုကို ထွက်လို့”

“မေးစရာရှိလို့”

“ပြီးမှမေး”

“အခုမေးမှာ”

“ကိုကို့”

တကယ်ပါပဲ လက်ကိုအတင်းဆွဲကာ သူ့ရှေ့ဆွဲယူပြီး ဂွကြားထဲထည့်သည်။ ထည်ဝါကိုယ့်ရှေ့တည့်တည့်ရောက်လာတဲ့ ကောင်လေးကိုကြည့်လိုက်သည်။ ဗလာဖြစ်နေတဲ့အပေါ်ပိုင်းကိုတီရှပ်နဲ့ကွယ်ပြီး သူ့ကိုလည်းမျက်လုံးချင်းဆုံအောင်မကြည့်။ အောက်က ချည်သားဘောင်းဘီအပွကြီးကိုဝတ်ထားသည်။ ထည်ဝါ မေးစေ့မှဆွဲယူမော့လိုက်ပြီး မျက်လုံးချင်းဆုံစေလိုက်သည်။

“နေ့ခင်းက ဘာဖြစ်လို့အဲ့လောက်ငိုသွားတာလဲ”

ပြန်မဖြေပဲ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။

“ကိုကိုမေးနေတယ်လေ”

သူမေးပြီး ခဏအကြာမှာ မျက်လုံးအိမ်က ဂနာမငြိမ်ပဲ

“ဝမ်း..ဝမ်းသာလို့”

အသံလေးက သူတို့ကိုယ်နဲ့ကွာတဲ့ လက်မအနည်းငယ်ပဲကြားရမယ့်အသံလေးပဲ ထွက်လာတာဖြစ်သည်။

“အင်း နောက်ဆို ကိုကိုက မင်းဝမ်းသာစေမယ့်အရာတွေပဲ လုပ်ပေးမှာ”

ချာတိတ်ဝမ်းသာပြီးငိုတယ်ဆိုတာ ထည်ဝါသိ၏။

“ဖယ်..ဖယ်ပေးအုန်း”

“ဘာဖြစ်လို့လဲ”

“အင်္ကျီဝတ်မလို့”

ထည်ဝါ မျက်လုံးရှေ့ကကောင်လေးကို ညစ်ချင်လာသည်။ လက်နဲ့ကွယ်ထားတဲ့ အင်္ကျီကိုဆွဲယူလိုက်သည်။

ဟင်!

“ကိုကို ပြန်ပေး”

“မပေးဘူး”

“အင့်! ဖယ်နော်”

ထည်ဝါ အင်္ကျီပြန်မပေးပဲယူထားတာကို ကိုယ့်ဆီကလွတ်အောင်ပေးမယ်လုပ်နေတဲ့ ချာတိတ်ကိုခါးမှ ဆွဲဖက်ထားလိုက်သည်။ ပုခုံးကိုစုကြုံ့ကာ သူ့ရင်ဘတ်ကိုတွန်းကာ ထွက်ပြေးဖို့ကြိုးစားနေတဲ့ကောင်လေးရဲ့လက်တွေကို ကိုင်ပြီးဆွဲချုပ်ထားလိုက်သည်။ မျက်လုံးရှေ့တည့်တည့် နီးနီးကပ်ကပ်ရှိနေတဲ့ ပါးပြင်က သွေးကြောတွေကိုရေကြည့်ရင်တောင် ရေကြည့်လို့ရလောက်အောင် ပါးလှကြည်လင်နေသည်။

ရွှတ်!

စိတ်မထိန်းနိုင်စွာနမ်းမိတော့ ပတ္တမြားတုံးလေးလို နီရဲလျှက်။ မျက်လုံးတွေက အောက်ကိုရွေ့လျားသွားတော့ အရင်တုန်းကပန်းရောင်သန်းပြီး အခုတော့ပန်းရင့်ရောင်သန်းနေတဲ့ ပွင့်ချပ်လေး။

“ဟင့်! မလုပ်နဲ့”

သူ့ရင်ဘတ်ကို ဆွဲကာငုံစုပ်လိုက်တာကြောင့် ပိုးသားဆီမှ အသံထွက်သွားပြီးတားလိုက်ရသည်။ သူ့ပုခုံးတွေစုကြုံ့ထားမိတော့သည်။ အသံထပ်မထွက်မိစေရန် နှုတ်ခမ်းကိုကိုက်ထားမိ၏။ ကိုကိုက သူ့ရင်ဘတ်ကိုဆွဲစုပ်နေတာ မရပ်သေး။

ဟင်!

ပါးစပ်ထဲဝင်လာတဲ့ အရည်တချို့။ ထည်ဝါ ရပ်လိုက်ပြီး ကြည့်လိုက်မိတော့ ချာတိတ်နို့အုံသေးသေးလေးမှ နို့ရည်ဖြူဖြူတွေ အနည်းငယ်ထွက်လာတာ။

“ကလေး”

ထည်ဝါခေါ်ကာ ကြည့်လိုက်တော့ မျက်နှာလွှဲသွား၏။ သားနို့ဖြတ်ပြီး မထွက်တော့တာကို အားနဲ့စုပ်နေတာကို ပြန်ထွက်လာတော့တာပေါ့။

“ကလေး နို့ထွက်တာလား”

တကယ်ပါပဲ ချာတိတ်က နို့ထွက်တယ်။ သားကြောင့်ဖြစ်တည်လာတာပေါ့။ အနည်းငယ်စိမ့်ထွက်လာတဲ့ နို့ကို ထည်ဝါ လျှာထုတ်ကာ လျက်ပစ်လိုက်၏။

“ဟင့်! မလုပ်နဲ့”

“နှမြောစရာကြီး အောက်ကိုကျကုန်မှာလေ”

“ကိုကို!”

ကိုကိုက ပါးစပ်ထဲထပ်ထည့်ပြန်သည်။ ဒီလိုသာစုပ်နေလို့ကတော့ တောက်လျှောက်ထွက်နေတော့မှာပေါ့။

ဘုတ်ဘုတ်ဘုတ်!

အပြင်က တဘုတ်ဘုတ်အသံကိုမကြား။

“ဖေဖေ့ ပါးပါး”

ထည်ဝါမှာ ချက်ချင်း ပါးစပ်ထဲက နို့ကိုချွတ်လိုက်ရသည်။ ချာတိတ်က သားခေါ်သံနဲ့ ဆက်ကနဲတုန်သွားတာကြောင့်ဖြစ်သည်။

“ပါးပါးနို့နို့ထွက်၊ ဖေဖေစို့”

“သား အဲ့လိုမပြောရဘူးနော်၊ ပါးပါးက အင်္ကျီဝတ်ဖို့လုပ်နေတာ ဖေဖေနဲ့အပြင်မှာသွားစောင့်နေမယ်နော်”

“ဟုတ်”

ထည်ဝါ သားကိုကောက်ချီလိုက်ပြီး

“အင်္ကျီဝတ်ပြီး ထွက်လာနော်၊ အရမ်းရှက်မနေနဲ့ သားကို ကိုကိုက နားလည်အောင်ပြောပြထားမှာမို့ မြန်မြန်ထွက်ခဲ့နော်”

ပိုးသားမှာသားထွက်သွားမှ အသက်ရှူမိတော့သည်။ သားခေါ်သံကြောင့် အသက်ကိုအောင့်ထားမိတာ။ ကိုကိုနဲ့သားနဲ့တော့ မလွယ်ပါဘူး။ အခုတော့ နည်းနည်းခြင်းစိမ့်ထွက်လာတဲ့နို့ကြောင့် အင်္ကျီက နှစ်ထပ်သုံးထပ်ဝတ်ရအုန်းမယ်။ ကိုကိုတို့က လုပ်လိုက်ရင် မလွယ်ဘူး။ အပြင်က သားသားနဲ့ဖေဖေကတော့ ပါးပါးနို့က ချိုတယ်၊ ပါးပါးနို့က အားရှိတယ်ဆိုပြီး ငြင်းခုန်နေကြလေရဲ့။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now