Part 24

37.3K 1.7K 69
                                    

Unicode

ပိုးသား အခန်းကိုလော့ချပြီး ကုတင်ကိုမှီကာ ငြိမ်ငြိမ်လေးထိုင်နေမိသည်။ သူနိုးလာတော့ ကိုကို့အခန်းထဲမှာရောက်နေတာမလား။ ပြီးတော့ ကိုကို့ကုတင်ပေါ်မှာ။ နိုးလာတာ ညနေ ၃ နာရီတောင်ရှိနေပြီဖြစ်ပြီး အနားမှာဘယ်သူ့မှမရှိတာပဲ ကံကောင်းတယ်ပြောရမယ်။ ခန္ဓာကိုယ်က နာနေပေမယ့် အရမ်းတော့နာမနေပေ။ ကြည့်ရတာ ဆေးတွေထိုးပေးထားပုံရသည်။ ဘေးနားမှာ တစ်ခါမှ မမြင်ဖူးတဲ့ဆေးဘူးလည်း တွေ့ရသလို တင်ပါးမှာလည်း ဂွမ်းကပ်ထားဆဲမလား။ ဆေးထိုးပြီး ကပ်ခဲ့တာပဲဖြစ်မှာ။ အဲ့ဒါကြောင့် နိုးလာတော့ သူ့ခန္ဓာကိုယ်က အရမ်းနာကျင်နေတာမရှိတော့တာ။ သူ့အခန်းကလည်း သန့်ရှင်းနေပြီဖြစ်သည်။ ဒါက ဝါဝါရှင်းပေးသွားတာပဲဖြစ်မှာ။ အဲ့ဒါဆို ဒီကိစ္စကို တခြားသူတွေပါ သိကုန်ပြီပေါ့။

ကိုကိုနဲ့ဒီလိုကြီး ဖြစ်သွားတော့သူဘာဆက်လုပ်ရမလဲ။ ကွာရှင်းစာချုပ်ဆိုတာ ဆက်သိမ်းထားရမှာလား လျစ်လျူရှု့လိုက်ရတော့မှာလား။ ကိုကို့စိတ်က ဘယ်လိုရှိလဲမသိ။ သူ့ကိုချစ်လားမချစ်လားလည်းမသိပဲ ညကပေးလိုက်ရတာ။ ကိုကိုကတကယ်ပဲဆိုးသည်။ ပြန်တွေးတိုင်း မျက်နှာတွေနီရဲပြီး သူပဲရှက်နေရတာ။ ကိုကိုဘာမှလုပ်မပေးပဲတောင် သူ့အရာက ခဏခဏငိုကျွေးနေတာ။ ‘မင်းအကောင်လေးက ထိရှလွယ်လိုက်တာ’ ဆိုပြီး ကိုကိုက သူ့ကိုတည့်တည့်ကြည့်ပြီး ပြောသေးတာမလား။ အဲ့လိုပြောတိုင်းရှက်ပြီး ကိုကို့ကိုမျက်နှာလွှဲမိတာ။ မျက်နှာလွှဲတိုင်းလည်း သူ့မျက်နှာကိုပြန်ဆွဲယူပြီး ‘အသံမှမကြားရတာကို မင်းနာနေတဲ့အချိန်လား၊ ကောင်းနေလား သိမှဖြစ်မှာကို မျက်နှာလွှဲလို့မဖြစ်ဘူးလေ’ ဆိုပြီး အလွှဲမခံ။

တကယ်ပါပဲ အခန်းအပြင်ကိုဘယ်လိုမျက်နှာနဲ့ထွက်ရမှာလဲ။ အိမ်မှာရှိတဲ့ လူတွေအားလုံးလည်း ဒီကိစ္စကိုသိသွားလောက်ပြီဆိုတော့ အခန်းအောင်းနေဖို့ပဲ တက်နိုင်တော့သည်။ ဘေးနားက ထိုးလက်စ ချည်လုံးတွေထည့်ထားတဲ့ ခြင်းလေးကိုယူပြီး တစ်ခုခု ထိုးဖို့စဉ်းစားလိုက်သည်။ ဒါမှ ညက ကိစ္စကိုပြန်မတွေးမိမှာ။ ပြီးတော့ တခြားကိစ္စတွေရောပဲ မတွေးမိမှာ။ နို့မို့ဆို ဘာလဲ၊ ဘာဖြစ်မှာလဲ ဆိုပြီး ဖြစ်ပြီးသားရော မဖြစ်သေးတာရော လျှောက်တွေးမိနေမှာ။ ကြည့်ခဲ့မိတဲ့ ဆွယ်တာအင်္ကျီထိုးထားတဲ့ ဗီဒီယိုကိုပြန်ကြည့်ကာ အညို၊ အနက်နဲ့ မီးခိုးရောင် ချည်ကိုသုံးဖို့ဆုံးဖြတ်လိုက်ပြီး စ စမ်းထိုးကြည့်လိုက်သည်။ စွယ်တာကို ထိုးနေရင်း မျက်လုံးထောင့်မှာ အရိပ်လိုလိုမြင်နေရလို့ လှည့်ကြည့်လိုက်တော့ ဘေးမှာ ကိုကိုက ရပ်ပြီးသူ့ကိုကြည့်နေတာ။ ကိုကိုက ဘယ်လိုလုပ် အခန်းထဲရောက်နေတာလဲ။ သူ တံခါးကိုလော့ချပါတယ်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now