EXTRA 1

27.5K 1.2K 8
                                    

Unicode

"ပါးပါး ဖေဖေ့ဆီ"

"ဖေဖေက အလုပ်မှာလေသားရယ်၊ ပါးပါးနဲ့နေမယ်နော်"

"အဟင့် ဖေဖေဆီ"

သားက ကိုယ်ပူချင်နေတာ။ ပူတက်မလာပေမယ့် နွေးနေတာဖြစ်ပြီး ဖေဖေ ဖေဖေ နဲ့ပဲတနေတာ။ မနက်က မနိုးသေးတော့ အခန်းထဲမှာထားခဲ့ပြီး ကိုကို့အလုပ်မသွားခင် မနက်စာစားဖို့သွားလုပ်ပေးနေတာ။ ကိုကိုလည်း အိမ်ကအထွက် သားကိုနှိုးဖို့တက်သွားတော့ လူတတ်လေးက နိုးနေပြီး ရေချိုးခန်းထဲရောက်နေတာ။ သူဝင်ကြည့်တော့ ဘယ်လိုဘယ်လို ရေချိုးကန်ထဲဝင်သွားလဲမသိ ရေချိုးကန်ထဲမှာ ရေတွေနဲ့ဆော့နေတာဖြစ်သည်။ ခေါင်းတွေပါစိုရွှဲနေပြီး ကြွက်စုတ်ပုံလေးဖြစ်နေ၏။ လူကြီးလုပ်တာကိုမှတ်ထားပြီး အထဲကိုအားကြိုးမာန်တက်ဝင်ကာ ရေတွေလျှောက်လှည့်ထားတာနေမှာပေါ့။ တော်သေးတယ် ရေကန်ထဲမှာချော်မလဲလို့။ နောက်နေ့တွေမှာ ရေချိုးခန်းရော အိမ်သာရောပါ တံခါးတွေ လော့ချထားမှ ဖြစ်တော့မှာ။ သူ့ကိုမြင်တော့ ပါးပါး ဟီးဟီး ဆိုပြီးလုပ်သေးတာဖြစ်သည်။ ဆော့ချင်တိုင်းဆော့နေရလို့လေ ဆူမှာဆိုးလို့ သူ့ကိုသွားဖြဲပြနေတာ။ ရှေ့သွားကြီးကြီးနှစ်ချောင်းက အပေါ်သား။ နှုတ်ခမ်းတွေပြာပြီး သွားချင်းရိုက်နေတာတောင် ကိုယ်တော်က ရယ်ပြီးဆော့နေတုန်း။ ဘယ်အချိန်ထဲက ဝင်သွားလဲ မသိလိုက်ပဲ ဖြစ်သွားတာ။ သူမြန်မြန်ရေတွေသုတ်ပြီး နွေးနွေးထွေးထွေးဝတ်ပေးထားလို့ ဒီလောက်ပဲ ဖြစ်သွားတာ။ အဲ့ထဲက မနက်စာကို နွားနို့လောက်ပဲ တိုက်ပြီး ဆေးလေးနည်းနည်းတိုက်ကာ ပြန်သိပ်ထားတာဖြစ်သည်။ ဒါကိုအခုနိုးလာတာနဲ့ ဖေဖေ့ဆီဆိုပြီး ဂျီကျနေတာ။ သူ့မှာ ဆူချင်ပေမယ့် ကိုယ်တွေနွေးနေတော့လည်း မဆူရက်။

"ပါးပါး ဖေဖေ့ဆီ သွားမယ်"

ချပ်!

"သား မြေးလေး အခြေအနေ"

သားက သူ့ရင်ကိုမျက်နှာအပ်ကာ ဖက်ပြီးဂျီကျနေတာ။ မေမေက ဝင်လာပြီး သူ့မြေးကိုမေးနေတာဖြစ်သည်။ မေမေ့ကို သားလုပ်ပုံကို ပြောပြလိုက်ရသေးတယ်မလား။ အိပ်ပြီးပြန်နိုးလာတာကို မသိသေးတဲ့မေမေက သူ့မြေးနိုးနေတာတွေ့တော့ ဘေးနားဝင်ထိုင်ကာ နဖူးကိုစမ်းပြီး

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now