Part 9

28.3K 1.7K 10
                                    

Unicode

ကိုကိုက အရမ်းကြောက်ဖို့မကောင်းတာကို ပိုးသားမြိုင်သိလိုက်ပြီး အရင်ကလို ကိုကို့ကိုမြင်ရင် သိပ်မကြောက်တော့ပေ။ ဖွားဖွားပြန်လိုက်ပို့ဖို့ ပြောတုန်းက ကိုကိုကသူ့ကိုပြန်လိုက်ပို့ရင်း ကားပေါ်မှာသူ့ကို စကားအနည်းငယ်ပြောသေးသည်။ ဖွားဖွားနဲ့ဘယ်တုန်းကတွေ့တာလဲမေးသလို ဖွားဖွားက အိမ်လိပ်စာအပြောပဲ လွှတ်လိုက်တာကြောင့် ကိုကို့ကို ဘယ်ကနေဘယ်ကိုသွားရမယ်ဆိုတာ သူပဲလမ်းညွှန်ခဲ့တာဖြစ်သည်။ ဖွားဖွားနဲ့ တွေ့တာ ၁၀ နှစ်ဝန်းကျင်ရှိပြီကိုတော့ ပြောပြလိုက်ပေမယ့် ဘာကြောင့် ဖွားဖွားနဲ့တွေ့သွားတာလည်းကိုတော့ သူမပြောပဲ ထားလိုက်သည်။ ဒါက မလိုအပ်ဘူးလို့ထင်တာကြောင့်ဖြစ်သည်။ ကိုကိုက တခြားတော့ ဘာမှမမေးပေ။ သူ့ကိုလိုက်ပို့ပြီးတာနဲ့ ပြန်ထွက်သွား၏။

“ဘဏ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိပြီလဲ ဝေလွင်”

“သားလေးအတွက် လုံလုံလောက်လောက်ရှိပါတယ် အစ်ကို”

“အင်း၊ သားအတွက်ပဲ လုံလောက်အောင် ထားခဲ့မှဖြစ်မယ်”

ဦးစောမြိုင်နဲ့ဒေါ်ဝေလွင် သားကို အန်တီကြိုင်ကြိုင်မွေးစားခွင့်ပြုလိုက်ပေမယ့် သားအတွက်သူ့တို့တစ်သက်လုံးစုဆောင်းလာတဲ့ ပိုက်ဆံတွေကို သေချာ သားနာမည်နဲ့ ဘဏ်မှာအပ်ပေးထားတာဖြစ်သည်။ ဘယ်လောက်ပဲ အန်တီကြိုင်က သားကိုချစ်ချစ် အန်တီကြိုင်နဲ့ပတ်သက်တဲ့ သားသမီးနဲ့မြေးတွေက သဘောမကျရင် သားတစ်ယောက်ထဲ ရပ်တည်လို့ရအောင် လုံလောက်တဲ့ပမာဏကို သူတို့ဖြည့်တင်းပေးထားမှ ဖြစ်မည်။ အထက်တန်း ပြီးတော့မှာဖြစ်တဲ့ သားကို ဘာဆက်တက်ချင်လဲ မမေးဖြစ်သေးသလို ဘာဆက်ထားရမလဲ သူတို့လည်း မစဉ်းစားရသေးပေ။

တစ်ရက်ကတော့ သားကို အန်တီရဲ့မေးအရင်ဖြစ်တဲ့ ဂုဏ်ရှိန်ထည်ဝါကြိုင် လိုက်ပို့တာကို မြင်လိုက်ရသည်။ သားထက် ၁၀ နှစ်နီးပါးကြီးပြီး အသက် ၂၀ ကျော်ပြီဖြစ်တဲ့ အန်တီကြိုင်ရဲ့မြေးက အိမ်ထဲအထိမဝင်ပဲ သားကိုအိမ်ရှေ့လမ်းပေါ်မှာပဲ ချပေးခဲ့တာ။ သူလှမ်းကြည့်လိုက်တော့ အန်တီကြိုင်လိုပင် သူ့အရှိန်အဝါနဲ့သူဖြစ်သည်။ အရင်နေ့တွေက အဲ့ဒိအိမ်ကို သားသွားပြီးပြန်လာတာနဲ့မတူပဲ ထိုကလေးလိုက်ပို့တဲ့ နေ့က သားက ပြုံးနေကာ ‘ကိုကိုက ကျွန်တော်ထင်သလို ကြောက်ဖို့မကောင်းဘူး မေမေရဲ့’ ဆိုပြီးပြောပြသေးတာဖြစ်သည်။ မေမေလုပ်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်းကိုလည်း ကိုကိုက ကြိုက်တယ် ဆိုပြီး တစ်ခုပြီးတစ်ခု ရေးပြနေတာ။ အန်တီပြောသလို သားနဲ့ထိုကလေး ချစ်ချစ်ခင်ခင် ရှိရင်တော့ ကောင်းတာပေါ့။ အန်တီကြိုင်က သားလေးကို မြေးအရင်းလေးကို ချစ်လို့မွေးစားပြီး သူတို့ကိုယ်တိုင်ကလည်း မွေးစားခွင့်ပြုလိုက်ပေမယ့် သူတို့ပိုင်ဆိုင်မှုတွေကို မက်မောလို့တော့မဟုတ်။ ဒါပေမယ့် သားရဲ့ရှေ့ရေးလေး အနည်းငယ်တော့ပါဝင်တာပေါ့။ ညီအစ်ကိုမောင်နှမ မရှိတဲ့သားကို ထားခဲ့ဖို့ စိတ်မဖြောင့်နိုင်ဖြစ်နေတာကြောင့် သားအတွက် အဖော်လေးလည်းရဆိုတဲ့ စိတ်ရယ်၊ သားဒီမှာနေရင် နယ်ကအိမ်မှာထက်ပိုပြီး အဆင်ပြေမှာရယ်ကြောင့်တော့ ပါသည်။ ဒီမှာက သူတို့လိုက်မမှီတဲ့ ဆေးဝါးပိုင်းဆိုင်ရာတွေကို အန်တီကြိုင်က ငွေရေးကြေးရေးပိုင်းရော အဆက်အသွယ်ရော လိုက်မှီသည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now