Part 22

34.9K 1.7K 40
                                    

Unicode
(ဒီနေ့တော့ ဒီတစ်ပုဒ်ပဲရှင်)

ပိုးသားမှာ ကိုကို့အခန့်ထဲဝင်ပြီး ကိုကိုဖုန်းဆက်ပြောလာတဲ့ အရေးကြီးတဲ့ဖိုင်ဆိုတာကို ရှာနေရတာ။ တွေ့မယ့်တွေ့တော့လည်း အဝတ်လဲရင်းတင်ထားတာလားမသိ။ အဝတ်ခန်းထဲက ကိုကိုပြောတဲ့ ဖိုင်ကိုယူကာ ကားငှားသွားဖို့လုပ်လိုက်သည်။ ကားငှားပြီးကာမှ ကိုကိုက ဖုန်းထပ်ဆက်လာသည်။ ‘မင်းဓမ္မဘက်က လူပြတ်တယ်နော် မင်း ကားသေချာငှားနော်’ တဲ့။ ပထမ တစ်ခါပဲ လာပြီးပြီကို အခုမှ ကိုကိုကစိုးရိမ်နေတယ်။ ပိုးသား ဖိုင်ကိုသေချာပိုက်ပြီး အငှားကားအလာကိုစောင့်လိုက်သည်။ တကယ်လည်း မင်းဓမ္မဘက်က လူပြတ်ပါတယ်။ Condo နဲ့ Villa တွေဖြစ်ပြီး private အဆောက်အဦးတွေများတာကြောင့်ဖြစ်သည်။ ရုတ်တရက် ကားက တုံ့ကနဲရပ်သွားတာကြောင့် ပိုးသား ရောက်ပြီလားလို့ မျှော်ကြည့်ပေမယ့် ရောက်မလာသေး။ မရောက်သေးပဲနဲ့ ကားက ဘာဖြစ်လို့ရပ်သွားတာလဲ။

“လူလေး ကားက ရပ်သွားတာ စက်ပြန်နှိုးလို့ မရတော့ဘူး အဘလူလေးငှားတဲ့အထိ လိုက်ပို့နိုင်မှာမဟုတ်တော့ဘူး”

ဘာတတ်နိုင်မှာလဲ။ ကိုကိုတို့ အဆောက်အဦးဝန်းထဲရောက်ဖို့က ၃ မှတ်တိုင်လောက်လိုသေးတာ။ ပိုးသား ဖိုင်ကိုပိုက်ပြီး ဖုန်းနဲ့ tablet ကိုကိုင်ကာ အောက်ဆင်းလိုက်ပြီး ကားဆက်ငှားရမလား၊ ဘာလုပ်ရမလဲ စဉ်းစားရသေးသည်။ ၃ မှတ်တိုင်ပဲ လိုတော့တာ မဝေးတော့ဘူးမလား။ သူ ခပ်မြန်မြန်လေး လမ်းလျှောက်သွားဖို့ပဲ လုပ်လိုက်တော့သည်။ တစ်ခါမှ ဒီဘက်ကို ဒီလိုလမ်းမလျှောက်ဖူးသလို လမ်းဘေးမှာလဲ မတ်တပ်ရပ်နေတဲ့ မိန်းကလေးတွေရှိသည်။ တိုတိုလေးတွေ ဝတ်ထားသလို အရှည်ဝတ်ထားတာတွေလည်းရှိ၏။ သူတို့က ဘာရပ်လုပ်နေလဲ မသိပေမယ့် ပိုးသားမြန်မြန်ရောက်ဖို့ပဲ အာရုံစိုက်ရသည်။

“ပိုးသားမြိုင်”

ခေါ်သံကြားလို့ ကြည့်လိုက်တော့ ဝေယံထိုက်။ ဒီကောင်နဲ့မှ တည့်တည့်တိုးပြန်သည်။ ပိုးသား ကျောင်းတက်ခဲ့တဲ့တစ်လျှောက် ဘယ်သူငယ်ချင်းမှ အဆက်အသွယ်မလုပ်ဖြစ်။ သူတို့က ကျောင်းတွေဆက်တက်ပြီး သူက ဆက်မတက်တော့လည်း ပါသလို ဘယ် social media မသုံးတဲ့ကိုယ်က ဘယ်သူနဲ့မှအဆက်အသွယ် မရှိ။ ပြီးတော့ ဖုန်းပြောဖို့ကလည်း သူနဲ့က ဖြစ်မှ မဖြစ်နိုင်တာ။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now