EXTRA 9

17.3K 881 3
                                    

Unicode
(အလှူငွေ များများလှူမယ့်သူရှိရင် private message ကိုလာခဲ့ပေးပါအုန်း၊ ဒီပဲယင်းဘက်က လိုနေလို့ရှင်)

အလုပ်သွားတဲ့ ကိုကိုရယ်၊ မူကြိုသွားတဲ့ သားအတွက်ရယ် ပိုးသားမှာ နေ့လည်စာ ချက်ပြုတ်နေရသည်။ ကိုကိုက သားကိုမူကြိုသွားပို့ပြီးမှ အလုပ်သွားသည်။ အခုနောက်ပိုင်း သားမူကြိုပို့တဲ့နောက်ကို ပိုးသား လိုက်မသွားတော့ပေ။ နေ့လည်ပိုင်း ထမင်းပို့ရင်းနဲ့မှ သွားတော့တာဖြစ်သည်။ နေ့လည်စာကို သူချက်မပေးလို့မရတော့တဲ့အထိ သားက သူ့လက်ကိုမှတ်ထားသည်။ တစ်ခါတစ်လေ ဝါဝါချက်တာဖြစ်ဖြစ် မေမေချက်တာဖြစ်ဖြစ် သားကအရသာကိုခွဲခြားသိသည်။ အဲ့လိုနေ့မျိုးဆိုရင် သားက ထမင်းမကုန်တော့ပေ။ သားတင်မဟုတ် တစ်ခါတစ်လေ ကိုကိုကိုယ်တိုင်ကလည်း ပါးစပ်က မင်းချက်တာကို သိနေပြီ ဆိုပြီး ဂျီကျသေးတာ။ အဲ့လိုတွေကြောင့်ပဲ ပိုးသားမှာ မီးဖိုချောင်ထဲကို ပျော်ပြီး ဝင်ကာ ချက်ပြုတ်နေရတော့တာဖြစ်သည်။

“သား မေမေ အားလုံးထည့်ပေးပြီးပြီ ရေသွားချိုးတော့”

“ဟုတ်မေမေ ခဏလေး ဒါကို ဖွားဖွားဆီ ဝင်ပေးဖို့ ပြီးအောင်လုပ်လိုက်အုန်းမယ်”

“အပူနားကပ်ပြီးရင် ရေကတန်းချိုးလို့ရတာမဟုတ်ဘူး၊ မင်းဖွားဖွားကတော့ မေမေ့လက်ရာကို စားပါတယ်၊ သားရဲ့ ယောက်ျားနဲ့သားလို့ မဟုတ်ဘူး၊ မေမေ လုပ်ထားလိုက်မယ် ရေသွားချိုးတော့”

“မေမေကလည်း ကိုကိုနဲ့သားက ဂျီးများတာ မဟုတ်ပါဘူး၊ ဒီအတိုင်း..”

“အမလေး ယောက်ျားနဲ့သားကို ဖာပြောအုန်းမှာ ကျမက ရှင်တို့အကြောင်းကို နောကျေနေအောင် သိတယ်၊ သွား ရေသွားချိုးတော့”

“ဟုတ်”

မေမေ ပြောလည်းပြောချင်စရာ။ ပိုးသား ရေချိုးဖို့ပဲလုပ်လိုက်တော့သည်။ ဖွားဖွားဆီကို ကြက်ပေါင်းထားတာ သွားပို့မလို့ ပေါင်းနေတာ။ ကြက်က ဗမာကြက်ရလို့ သေချာပြင်ပေးနေတာဖြစ်ကာ အခုတော့ မေမေ့လက်ထဲကိုပဲ လွှဲခဲ့တော့သည်။ ဒေါ်ဝေလွင်ကတော့ ဖွားဖွားအတွက်ပေါင်းနေတယ်ဆိုတဲ့ ကြက်ဆို ဆက်ပေါင်းပေးဖို့ လုပ်လိုက်သည်။ ကြက်ပေါင်းကို ဘယ်လောက်လိုသေးလဲ အပူချိန်ဘယ်လောက်ထားရင် ရပြီလဲ သိရဖို့ အဖုံးဖွင့်ကြည့်မှ သားဖြစ်သူကိုလက်လန်တော့သ်။ ဖွားဖွားအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကြက်က ၃ ကောင်လောက်ရှိသည်။ ဒါလားဖွားဖွားဖို့။ ဒါတင်မဟုတ် ဘေးမှာတစ်အိုးတွေ့လို့ သွားကြည့်တော့လဲ ပေါင်းထားသေးတာ။ ကြည့်ရတာ လူကြီးတွေအားလုံးအတွက်နဲ့ ယောက်ျားနဲ့သားဖို့ပဲနေမှာ။ မြေးတော်မောင်လေးရဲ့အကြိုက်ပေါ့။ ဒေါ်ဝေလွင် အန်တီကြိုင်အတွက်ရော ခမည်းခမက် ဒေါ်ထည်ဝါကြိုင်အတွက်ပါ သေချာထုတ်ပို့ပေးလိုက်သည်။ သူလည်းထုတ်ပိုးအပြီး သားဆင်းလာတာနဲ့ ကွက်တိကျသွားတော့သည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now