Part 19

31.3K 1.7K 38
                                    

Unicode

"ပိုးသားမြိုင်"

‌ကုမ္ပဏီကပြန်လာထဲက ကားပေါ်မှာတိတ်ဆိတ်လာတာ။ နိုင်ငံခြားသားပေါက်စနဲ့ စကားပြောပြီး ရယ်မောလာတာ သူမဟုတ်တဲ့အတိုင်း။ အိမ်ပြန်ရောက်တော့လည်း ကားပေါ်ကဆင်းတာနဲ့ အပေါ်တက်သွားဖို့လုပ်သည်။ ခေါ်မှ လှည့်ကြည့်ဖော်ရ‌တာ။

ပိုးသားကတော့ ပျော်နေပေမယ့် ကိုကို့ရှေ့မှာဆို လှုပ်လှုပ်ရှားရှားမရှိပဲ ငြိမ်သွားတတ်တာအကျင့်ဖြစ်နေသည်။

"ဟယ် သားလေး ပြန်လာပြီလား ထမင်းစားမလား"

"ဟမ်! ပိုးသားမြိုင် ထမင်းမစားရသေးဘူးလား"

"ဟုတ်တယ် ကိုကိုခေါ်လို့ အရေးကြီးလို့ဆိုပြီး မြန်မြန်ထွက်သွားတာ လူလေးရယ်"

ထမင်းမစားရသေးတာကို ဘာဖြစ်လို့သူ့ကိုမပြောတာလဲ။ မီတင်ရှိလို့ သူတို့က စောစောစားထားပြီးသား။ ထည်ဝါအချိန်ကြည့်လိုက်တော့ နေ့လည် ၃ နာရီကျော်နေပြီ။

ဂွီ!!

ပိုးသား ကိုယ့်ဗိုက်ကို ကိုယ်ငုံ့ကြည့်လိုက်ပြီး လက်နဲ့အုပ်မိသွားသည်။ ပြီးမှ မော့ကြည့်မိတော့ ပြုံးစိစိနဲ့ ကိုကိုက ကြည့်နေ၏။

"ဒေါ်ကြီး ထမင်းမြန်မြန်ပြင်လိုက်ပါ၊ နှစ်ယောက်စာ"

"အေးအေး"

ရှက်သွားပြန်ပြီထင်တယ် မျက်နှာက ရဲနေပြန်သည်။ ဘာမဟုတ်တာလေးနဲ့လည်း လိုက်ရှက်နေတယ်။

"လာအုန်း ဒီကို"

ထည်ဝါ ပိုးသားလက်ကောက်ဝတ်ကိုဆွဲကာ အိမ်ရှေ့ခန်းကိုခေါ်သွားလိုက်၏။

"မင်း ထမင်းမစားရသေးတာ ငါ့ကိုပြောလို့ရတယ်လေ၊ ဘာဖြစ်လို့မပြောတာလဲ"

'ကိုကို အလုပ်ရှုပ်နေလို့' တဲ့လေ။ အလုပ်ရှုပ်တာဟုတ်ပေမယ့် ပြောရမယ်လေ။

“ထည်ဝါ အယ်! Sorry ငါပြန်ထွက်သွားရမလား”

ပင်မြင့်စံ ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ ထည်ဝါ့ဆီကိုထွက်ခဲ့လိုက်တာ။ သူဝင်လာတဲ့ကားသံတောင်ကြားပုံမပေါ်တဲ့ ထည်ဝါက ဧည့်ခန်းမှာ ပိုးသားလေးနဲ့အတူယှဉ်တွဲထိုင်ပြီး ပိုးသားကိုကြည့်နေတယ်လေ။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now