Part 18

30.9K 1.7K 30
                                    

Unicode

ခြေခေါက်သွားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရုံမတက်တဲ့ ချူးသက်မေက အခန်းထဲမှာ သူ့လူတစ်ယောက်က ပေးပို့လာတဲ့ ပုံတွေကိုကြည့်ကာ ပြုံးနေသည်။

“လိုက်ရဲ့သားနဲ့၊ ငါနဲ့ ဘယ်လောက်တောင် လိုက်ဖက်လိုက်သလဲ”

ခြေထောက်ခေါက်သွားလို့ ထိန်းပေးတဲ့ပုံမှအစ၊ တွဲခေါ်လာပေးတဲ့ပုံရော ကားပေါ်တင်ပေးတဲ့ပုံရော ခါးပတ်ပတ်ပေးတာမှအစ အားလုံးက အသေးစိတ်လှသည်။ ပုံတွေကိုသိမ်းလိုက်ပြီး အယောင်မကျသေးတဲ့ ခြေထောက်ပုံကို ရိုက်ယူကာ ဆေးစာအုပ်နဲ့တကွ ig မှာ ထည်ဝါ့ကို tag လိုက်ပြီး "ကျေးဇူးထည်ဝါ" လို့ရေးတင်လိုက်၏။ သူ့ပို့စ်က ခဏလေးနဲ့ မှတ်ချက်အများအပြားရတော့သည်။

ထို့နောက် ထပ်ရောက်လာတဲ့ပုံတွေက ထည်ဝါတစ်ယောက်ထဲသီးသန့်နေတဲ့အိမ်ကနေ ကောင်လေးတစ်ယောက်ထွက်လာတဲ့ပုံပါပဲ။ ထည်ဝါ ဘာြဖစ်လို့တစ်ယောက်ထဲခွဲနေရတာလဲကို သူအရမ်းသိချင်နေတာ။ အဲ့ဒါကြောင့်အနီးအနားမှာ ယုံကြည်ရင်းနှီးရတဲ့ သူ့ရဲ့လူတစ်ယောက်ကို လွှတ်ထားတာ။ ထည်ဝါ့ကားမဟုတ်ပဲ အမြဲဝင်ထွက်နေတဲ့ကားတစ်စီးက ရှိတာကို သူသိထားပြီးပြီ။ ဒါပေမယ့် ကားထဲမှာ ဖွားကြိုင် ဒါမှမဟုတ် ထည်ဝါ့မာမီ အိမ်ကိုဝင်ထွက်သွားလာတယ်ပဲသိတာ။ အဲ့လိုမဟုတ်ပဲ အခုမြင်လိုက်ရတဲ့ ဒီကောင်လေးများ သွားလာနေတာလား။ ဖွားကြိုင်မှာ မွေးစားထားတယ်ဆိုပြီး နာမည်ထွက်ထားတာလည်းရှိတယ်မလား။ အဲ့တုန်းက သတင်းက မပြန့်ပဲချက်ချင်းရပ်သွားတာ။ အခုဝင်ထွက်နေတဲ့ ကောင်လေးက ဖွားကြိုင်မွေးစားထားတယ်ဆိုပြီး နာမည်ထွက်တဲ့ကလေးလား။ အခု အဲ့ကလေးနဲ့ထည်ဝါကို တစ်အိမ်ထဲမှာ အတူတူထားတာလား။ မြေးအရင်းနဲ့မွေးစားတယ်ဆိုတဲ့ကလေးကို တန်းတူအခွင့်အရေးပေးတာတော့မဟုတ်သေး။ ဒါပေမယ့် ဒီကလေးက မွေးစားထားတဲ့ကလေးလား။ ဘာမှန်းကိုသေချာမသိရ။ ဒါကို ဆက်စုံစမ်းဖို့ သူပြောလိုက်သည်။

အလုပ်မသွားတဲ့အတွက် သူ့ဆီကိုဖုန်းဆက်ပြီး တစ်ခုပြီးတစ်ခုမေးနေတာနဲ့ ကောင်းကောင်းလည်း မနားရပါ။ Laptop တစ်လုံးနဲ့ အိမ်မှာအလုပ်လုပ်နေရပြီး မီတင်တွေလည်းဝင်ရသည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now