Part 12

27.8K 1.6K 16
                                    

Unicode

ပိုးသားမြိုင် လတ်တလောဖွားဖွားဆီကိုမသွားဖြစ်။ မသွားဖြစ်ဆိုတာက ကိုကိုနဲ့မျက်နှာချင်းဆိုင်ရမှာ ကြောက်တာကြောင့် မသွားဖြစ်တာ။ ကိုကို့အပေါ်မှာ မဟုတ်တဲ့စိတ်တွေဝင်နေမိတာ။ စမြင်ကထဲက ကြောက်မိတဲ့ကိုကို့အပေါ်ကို သူဒီလိုစိတ်တွေဖြစ်ပေါ်မိတာ အံ့ဩလို့မဆုံး။ ကြောက်နေတဲ့သူနဲ့ရင်းနှီးသွားတာနဲ့ ကိုကို့အပေါ်ကိုစိတ်ယိုင်သွားတာ။

“သားလေး မေမေ မနက်သနပ်ခါးခြံကို သွားကြည့်အုန်းမယ် လိုက်မှာလား”

‘လိုက်မှာပေါ့ မေမေတစ်ယောက်ထဲ စိတ်မချဘူး’ ရေးပြလိုက်တော့ မေမေက ရယ်ကာ သူ့ခေါင်းကိုပွတ်သည်။

“အန်တီကြိုင်လာတာထင်တယ် ကားသံကြားတယ်”

အန်တီကြိုင်ဆိုတာနဲ့ မျက်လုံးက လက်ကနဲဖြစ်ကာ အရှေ့ကိုထွက်သွားသည်။ သားလေးနဲ့အန်တီကြိုင်တို့ ဟိုဘက်အိမ်က လူတွေနဲ့က တော်တော်ခင်တွယ်နေပြီဆိုတာ သူရိပ်မိသည်။ သားအပေါ် မနှစ်မြို့ပုံတော့ ပြပုံမရ။ အစကသာ သားက အဲ့ဘက်ကိုမသွားချင်တာ။ နောက်ပိုင်း သွားမယ်ဆိုရင် တက်တက်ကြွကြွနဲ့ဖြစ်ပြီး ပြန်လာရင်လည်း မျက်နှာလေးက ပျော်နေပုံပေါက်သည်။ ဒါကိုက အန်တီကြိုင်တို့အိမ်သားတွေက သားအပေါ်မှာ ဆိုးဆိုးရွားရွားမရှိဘူးဆိုတာကို ပြနေတာပဲမလား။ သူ့အနေနဲ့ကတော့ သားအဆင်ပြေရင် ရပြီ။ အဲ့ဒါအိမ်ဘက်ကိုတော့ တစ်ခါမှ လိုက်မသွားဖူးဘူး။ သားသွားမယ့်နေ့တွေဆိုရင်တော့ မနက်စာလုပ်ပြီး ထည့်ပေးလိုက်တာပဲရှိတာ။ အန်တီကြိုင်မှာ သမီးနဲ့မြေးနဲ့ပဲ ရှိတော့တယ်ဆိုတာကို သိထားသည်။

“မြေးလေး မေမေရော”

အပြင်မှာ သူ့ကိုမေးနေသံကြားလိုက်ရသည်။

“ရှိတယ် အန်တီ”

“အေးလာလာ၊ သမီးနဲ့မြေးလေးကို တိုင်ပင်စရာရှိလို့”

တိုင်ပင်စရာဆိုရင် ဘာတွေများဖြစ်အုန်းမလဲ။ အန်တီကြိုင်က သားလက်ကို သူ့ပေါင်ပေါ်တင်ကာ အုပ်ကိုင်ထားသည်။ အန်တီကြိုင်က သားအနေနဲ့ အဖွားအရွယ်မို့သာ ဖွားဖွားလို့ခေါ်နေတာ။ တကယ်တမ်းအရွယ်တင်သည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now