Part 20

34.6K 1.8K 111
                                    

Unicode
(ဒီနေ့လည်း ဒီတစ်ပုဒ်ပဲရှင်)

သူငယ်ချင်းမပြောတဲ့စကားက နားထဲပဲ့တင်ထပ်နေသည်။ နင် ပိုးသားလေးကို ချစ်နေပြီဆိုတဲ့စကား။ ဒီကြားထဲ ပိုးသားမြိုင် တခြားသူနဲ့ရယ်နေတာတွေ့ရင် စိတ်အလိုမကျသလို ဖြစ်လာတာကို သူကိုယ်တိုင်သတိထားမိနေတော့ ပိုဆိုး‌ကုန်သည်။ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့အရာ။

ဒေါက်ဒေါက်

ချပ်!

တံခါးခေါက်သံ နှစ်ချက်ကြားပြီး တံခါးဖွင့်ဝင်လာသူက '‌မေမေ မနက်ဖြန် အိမ်ကိုလာမယ်လို့ပြောတယ်' ဆိုတဲ့စာကိုရေးပြလာသည်။

"ဟမ်! မင်းအမေလား"

သူမေးတာကို ခေါင်းငြိမ့်ဖြေသည်။ ထည်ဝါ သူ့ကုတင်ဘေးမှ ဘာမှထပ်ပြောမလာပဲ ကိုယ်ဘာပြောမလဲ စောင့်နေတဲ့ကောင်လေးကိုကြည့်လိုက်သည်။ ခြေဖျားတစ်ဖက်ကို အနည်းငယ်လှုပ်ကာ ကစားရင်း အောက်ကိုပဲငုံ့နေသည်။

"မင်း အဝတ်တွေ ငါ့အခန်းထဲ ရွှေ့ဖို့လုပ်၊ လိုတာတွေပဲနော်၊ ပြီးတော့ တခြားမင်းညဘက် သုံးတတ်တဲ့ဟာတွေ"

ပိုးသား ကိုကို့ကို ခေါင်းငြိမ့်ပြလိုက်ပြီး အဝတ်တွေရွှေ့ဖို့လုပ်ရသည်။ မနက်မှရွှေ့ရင်မမှီ။ မေမေက အစောကြီးရောက်တတ်သည်။

ထည်ဝါ အဝတ်တွေခြင်းနဲ့ယူကာ အဝတ်လဲခန်းထဲယူသွားလိုက်၊ စားပွဲခုံအသေးလေးမကာ အခန်းထဲထည့်လိုက် လုပ်နေတာကို အလုပ်လုပ်ရင်း မြင်ပေမယ့် မသိချင်ယောင်ဆောင်နေလိုက်သည်။ ကိုယ်ကြည့်နေတာတွေ့ရင် ဒီကောင်လေး ရွှေ့နေတာ တော်တော်နဲ့ပြီးမှာမဟုတ်။ ဘာတွေရွှေ့နေလည်း မသိပေမယ့် သေးသေးပုစိလေးတွေပါ ပါလာသည်။

'ကျွန်တော် ဒီညတော့ ဟိုဘက်မှာပဲ အိပ်လိုက်မယ်၊ မနက်မှ ကိုကို့အခန်းထဲပြောင်းလာမယ်၊ ကိုကို အဆင်ပြေလား မသိဘူး' ဆိုတဲ့စာကိုကြည့်ပြီး သူခေါင်းငြိမ့်ပြလိုက်သည်။ ပြီးတာနဲ့ကောင်လေးက ပြန်ထွက်သွား၏။ သူပြန်ထွက်သွားမှ ဘာတွေယူလာသလဲ ကြည့်ဖိုလုပ်လိုက်သည်။ ကုတင်ရဲ့အတွင်းဘက်မှာ သူယူလာတာတွေကို နေရာချထားသည်။ ကုတင်းနဲ့နံရံကြားမှာ တစ်ယောက်အိပ်ကုတင် ကောင်းကောင်းထည့်လို့ရအောင် ကျယ်သေးတယ်မလား။ စားပွဲခုံအပုလေးပေါ်မှာ laptop တစ်လုံးတင်ထားပြီ ကျန်တာ သူထိုးနေတဲ့ ချည်လုံးတွေကို သပ်သပ်ရပ်ရပ်ထည့်ထားသည်။ ဘေးနားမှာ လိပ်ပြီးထောင်ထားတာက ဘာလဲမသိ။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now