EXTRA 7

21K 943 11
                                    

Unicode

မနက်စောစော မနက်စာထပြင်ဖို့လုပ်ရင်း ဖေဖေနဲ့သားကိုနှိုးရသည်။ သားကအခုနောက်ပိုင်း သူ့ဖေဖေနဲ့မနက်ဆို မပျက်မကွက်လမ်းထလျှောက်သည်။ အဖေနဲ့လမ်းထလျှောက်မယ့်သားကို ပိုးသားမှာပြင်ပေးရသည်။ ကိုကိုကသူလုပ်ပေးမယ် အိပ်လို့ပြောပေမယ့်လည်း သူ့အလိုလိုနိုးနေတာဖြစ်သည်။ သားနဲ့ကိုကို လမ်းထလျှောက်ချိန်ဆို သူကမနက်စာထချက်‌တော့သည်။ အခုတော့ မနက်စာတင်မဟုတ်ပဲ မူကြိုစတက်မယ့် သားအတွက်ထမင်းချိုင့် ပြင်ပေးဖို့လုပ်ရသည်။ လမ်းလျှောက်သွားတယ်ပြောပေမယ့် သားကလမ်းပဲလျှောက်လား သူ့အဖေဂုတ်ပေါ်ကလိုက်သလား သူမသိရ။ သားအတွက်အပူခံ ထမင်းဘူးလေးနဲ့အတူ ရေဗူးရော အစုံလိုက်ဝယ်ပေးထားသေးတာ။

မနက်စာကို နွားနို့ဝယ်ပြီး သားအဖနှစ်ယောက်အကြိုက် ခပ်ပျစ်ပျစ်လေးကြိုထားလိုက်သည်။ ကိုကို့အတွက်ပါဒီနေ့တော့ နွားနို့ပဲ သားအတူပေါင်းပြီးကြိုပေးထားလိုက်တာ။ ကိုကိုက ပုံမှန်ဆို ကော်ဖီပဲသောက်တာများ၏။ ကောက်ညှင်းပေါင်းထဲကို ပဲထည့်ပေါင်းထားလိုက်ကာ သားထမင်းချိုင့်အတွက် ပြင်ပေးဖို့လုပ်ရသည်။ နောက်ရက်မှ သွားပို့မှာဖြစ်ပြီး စတက်မယ့်ဒီနေ့တော့ တစ်ခါထဲထည့်ပေးလိုက်မှာ။ တော်ကြာ ဒီနေ့မှစတက်တယ် ထမင်းလည်းပို့ သူ့ကိုမြင်ပြီး ပြန်လိုက်မယ်လုပ်မှာစိုးတာကြောင့်ဖြစ်၏။

"သား ကလေးဟုတ်တော့ဘူးနော်"

"ဟင် သားမှ ကလေးမဟုတ်ရင် ဘယ်သူက ကလေးလဲ"

"ပါးပါးက ကလေး ဟိဟိ"

ပိုးသား နားထဲဝင်လာတဲ့အသံ နှစ်သံကြောင့် ပြုံးမိသွားသည်။ သားအဖနှစ်ယောက်က ကွယ်ရာမှာ သူ့အကြောင်းပြောနေတာနေမှာ။ ဘာတွေပြောနေလဲ အစ်အောက်ပြီးမေးကြည့်အုန်းမှ။ ပိုးသား အကွယ်ကထွက်ကြည့်တော့ ကိုကိုကသားဖိနပ်ကိုချွတ်ပေးနေသည်။

"ပါးပါးကိုသွားနှုတ်ဆက်ကြမယ် ပြီးရင်ဖေဖေနဲ့ရေချိုးမယ်"

"ဟုတ်"

ပိုးသား သူတို့မမြင်ခင် ခပ်မြန်မြန် မီးဖိုချောင်ထဲပြန်ဝင်လိုက်၏။ တော်ကြာ သားအဖနှစ်ယောက်က သူတို့ကို မျှော်နေပါတယ်ဆိုပြီး ပြောအုန်းမှာ။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now