EXTRA

31.3K 1.3K 16
                                    

Unicode
(Suprises!)

“သား ပါးပါးလုပ်ပေးနေတယ် ငြိမ်နေပေး”

“ပါးပါး ပါးပါး ပါးပါး”

ပိုးသားမှာ သားကိုစိတ်ရှည်ပြီး အင်္ကျီဝတ်ပေးနေရသည်။ ကိုကိုက အလုပ်သွားပြီဖြစ်ပြီး သားနိုးလာမှ ရေချိုးသန့်စင်ပေးကာ အဝတ်လဲပေးနေတာ။ စိတ်ကြည်ကြည်နဲ့နိုးလာတဲ့သားက ပါးစပ်က ပါးပါး ပါးပါးနဲ့ရွေရွှတ်ပြီး လှုပ်ရမ်းနေတာဖြစ်သည်။

“မနက်စာ စားပြီးပါးပါးနဲ့အပြင်သွားမယ် လိုက်မှာလား”

“လိုက်မယ် ပါးပါး ဖေဖေရော”

ဖြေလည်းဖြေအခန်းထဲမှာ သူ့အဖေရှိ မရှိ ခေါင်းလေးစောင်းကာ မျက်လုံးလေးဝှေ့ပြီးရှာကြည့်နေသေးတာဖြစ်သည်။

“ဖေဖေက အလုပ်သွားပြီလေ”

“အော်”

“အဟင်း ရွှတ် ရွှတ်!”

အော်ဆိုပြီး နှုတ်ခမ်းလေးက ဝိုင်းကာလုပ်ပြနေတဲ့သားကို ပိုးသားမှာချစ်လွန်းလို့ ပါးနှစ်ဖက်ကို နမ်းရှုံ့ပစ်လိုက်သည်။ ဗိုက်ပူပူလေးနဲ့သားက အချိန်တိုင်းချစ်ဖို့ကောင်းနေတော့တာ။

“ပါးပါး ချစ်လား”

“ချစ်တာပေါ့ဗျာ၊ ပါးပါး အသည်းနှလုံးလေးကို ချစ်တာပေါ့”

“သားလည်းချစ် ပါးပါးကိုချစ်”

ဒီလောက်တတ်နေမှတော့ ဘယ်သူကမချစ်ပဲနေနိုင်မှာလဲ။ အောက်ဆင်းဖို့ လှေကားကိုကာထားတဲ့တံခါးကိုဖွင့်ကာ သူကရှေ့ကအရင်ဆင်းပြီး သားကိုကိုင်ပေးရသည်။ သားက လှေကားတစ်ထစ်ပြီးတစ်ထစ်ခြေစုံရပ်လိုက်လုပ်ကာ သူ့ပါသူဆင်း၏။ ကြာလို့မြန်အောင် ချီသွားရင် ကိုယ်တော်လေး ကောက်တော့တာ။

“ပါးပါးချီပြီးဆင်းမယ်လေ”

“ဆင်းဘူး သားဆင်းမှာ”

သူ မကိုင်ထားတဲ့ လက်တစ်ဖက်ကပါ ခါပြသေးတာဖြစ်သည်။ လှေကားထစ်တိုင်းကိုလည်း သေသေချာချာကြည့်ကာ ဂရုတစိုက်ဆင်းနေ၏။ သူကသာ သားချော်မှာဆိုးလို့ ကိုင်ပေးထားတာ။ သားကကိုင်စေချင်တာမဟုတ်။

“အော…ပြီးပြီ”

တကယ်ပါ အောက်ဆုံးတစ်ထစ်ရောက်တော့ သူကိုင်ပေးတဲ့အတိုင်း ခြေစုံရပ်ပြီးခုံချလိုက်ကာ သူအောင်အောင်မြင်မြင်နဲ့ဆင်းနိုင်တာကြောင့် အောဆိုရယ်ကာ လုပ်ပြီး ပြီးပြီလို့ပြောသေးတာဖြစ်သည်။ ဆံပင်အုပ်အုပ်လေးကလည်း ခုန်လိုက်တာကြောင့် ဝဲကနဲဖြစ်သွားသည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now