Part 16

29.6K 1.7K 25
                                    

Unicode

မင်္ဂလာဆောင်ပုံလို့ပဲပြောရမလား နှစ်ယောက်ဆင်တူ အဝတ်အစားနဲ့ကိုကိုလက်ကိုချိတ်ပြီး ရိုက်ထားတဲ့ဓါတ်ပုံက အောက်ထပ် မြင်ကွင်းနံရံမှာ နေရာယူနေသည်။ မချိတ်လို့လည်းမရ။ ဖွားဖွားက ခဏခဏလာမှာနဲ့ အိမ်မှာရှိတဲ့ ထမင်းချက်တဲ့အန်တီ၊ အိမ်သန့်ရှင်းရေးလုပ်ပေးမယ့် ကလေးမလေးနဲ့ လုံခြုံရေးမှအစ ဖွားဖွားရဲ့လူတွေဆိုတော့ ဒါတွေကိုမမြင်ရင် ပြောတော့မှာ။ အောက်ကိုမြင်ကွင်းရှင်းရှင်းနံရံမှာတင်ရှိတာမဟုတ်။ အပေါ်က နှစ်ယောက်ခန်းထဲမှာပါ ချိတ်ဖို့ ကျောက်ဘောင်နဲ့ကွပ်ပေးထားတဲ့ ပုံပါရှိသေးတာ။ ဒါတွေအားလုံး ဖွားဖွားက ဘယ်နံရံမှာကပ်ရမယ်ဆိုပြီး လုပ်ပေးထားတာ။ အခန်းထဲမှာကပ်မယ့် ပုံကတော့သူ့အခန်းထဲမှာပဲ stand နဲ့ထောင်ထားလိုက်သည်။ သူကတော့ အိမ်မှာပဲ နေလိုက်၊ တစ်ခုခုလိုရင်ထွက်ဝယ်လိုက်ပဲ လုပ်ကာ လေ့လာချင်တာတွေကိုလည်း လေ့လာပြီးနေလိုက်သည်။ ကိုကိုကမနက်ဆို အလုပ်သွားပြီး ညနေဆိုပြန်လာသည်။ တစ်ခါတစ်လေ မိုးချုပ်မှပြန်ရောက်တတ်ပြီး တစ်ခါတစ်လေ ညဉ့်နက်မှပြန်ရောက်တတ်၏။ ကိုကိုပြန်ရောက်တဲ့အချိန်တွေအားလုံး သူသိနေတာက သူညဘက်ကို တော်တော်နဲ့အိပ်မပျော်တာကြောင့်ဖြစ်သည်။ မေမေနဲ့တော့ အဆက်အသွယ်ရှိသည်။ မေမေက သနပ်ခါးခြံမှာပဲ အနေများပြီး ကိုယ်တိုင်ဦးစီးလုပ်နေတယ်တဲ့လေ။

‘အန်တီ ဒီနေ့ဘာဟင်းချက်မှာလဲ’ သူ ထမင်းချက်အန်တီကြီးကိုသွားပြီး စာရေးပြီးမေးလိုက်သည်။

“ပိုးသားလေးက ဘာစားချင်လို့လဲ”

‘ကျွန်တော်က အကုန်စားတယ်’ ပြောလိုက်တော့ အန်တီက ရယ်သည်။

“ပိုးသားလေးကိုကိုကနေ့ခင်းဘက်မစားတော့ ပိုးသားလေးအကြိုက်တွေ အန်တီက ချက်ပေးမယ်”

ပိုးသားရယ်ပြလိုက်သည်။ အန်တီတို့က တကယ်သဘောကောင်းတာ။ နေ့ခင်းဘက် သူ့အတွက်ရယ်၊ အန်တီ့အတွက်ရယ်၊ လုံခြုံရေး စောင့်ပေးတဲ့ ဦးလေးအတွက်ရယ်ကို ချက်ပြုတ်ပေးသည်။ ညဘက်ဆိုရင်တော့ ကိုကို့အတွက်ပါပါလို့ အသားဟင်းတစ်မျိုးမျိုးကို နှပ်ချက်တတ်ပြီး အမဲသားချက်တာများသည်။ ညဘက်ချက်ပြီးရင် အန်တီက သူ့အခန်းထဲသူဝင်သွားတတ်ပြီး ပြန်ထွက်မလာတတ်တော့။ သူကတော့ ကိုကို့ကိုစောင့်ပြီး စားတတ်ပြီး ထမင်းစားချိန်ကျော်ပြီး နောက်ထပ်တစ်နာရီဝန်းကျင်မှ ကိုကိုမလာရင် စားလိုက်တော့သည်။ အဲ့လိုနောက်ကျရင် ကိုကိုကအပြင်မှာစားတာများသည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Tahanan ng mga kuwento. Tumuklas ngayon