Part 10

32K 1.7K 6
                                    

Unicode

ကုန်တိုက်မှာ ဖြစ်ပျက်သွားတဲ့ကိစ္စကြောင့် အပြင်သွားရင်တောင် ပိုးသားမြိုင်ရဲ့ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်ပါလာတတ်သည်။ အပြင်မသွားပဲ အိမ်မှာနေရင် အွန်လိုင်းကနေ အင်္ဂလိပ်စာလေ့လာပြီး တစ်ခါတစ်လေ တခြားသူတွေ ပန်းချီဆွဲတာကို ထိုင်ကြည့်နေတတ်သည်။ သူပန်ချီဆွဲတာကို သဘောကျပေမယ့် အနုပညာပဲမပါလို့လားတော့မသိ ဒီပုံဆွဲရင် ဟိုပုံထွက်နဲ့။ အထက်တန်းတုန်းကတောင် ဇီဝဗေဒမှာ ဆွဲရတဲ့ ပုံတွေဆိုတစ်ပုံကို အခါတစ်ရာလောက်ဆွဲမှ နည်းနည်းတူတာဖြစ်သည်။
အောက်ဆင်းလာပေမယ့် မေမေ့ကိုမတွေ့တာကြောင့် သူလှည့်ပတ်ကြည့်လိုက်သည်။

“အဲ့ဒါဆို ကျမ လိုက်လာခဲ့မယ်”

…………..

“ဘယ်ဖြစ်မလဲ အစ်ကိုက ဒီလိုဖြစ်နေတာကို လိုက်လာမှဖြစ်မှာပေါ့၊ သားလေးပါ ခေါ်ခဲ့လိုက်မယ်နော်”

မေမေဖုန်းပြောနေသံကြားတာကြောင့် ဘာကိစ္စလည်း မေးဖို့စောင့်နေလိုက်သည်။ ဖေဖေတစ်ခုခုဖြစ်တာလို့တော့ထင်သည်။ ဖေဖေ ဘာဖြစ်နေတာလည်း။

“သားလေး ဘယ်တုန်းက ရောက်နေတာလဲ”

‘မေမေ ဖုန်းပြောနေတာကြားတယ် ဖေဖေဘာဖြစ်လို့လဲ’ မေမေ့ကိုစာရေးပြလိုက်သည်။ မေမေ့ မျက်နှာက ကောင်းမနေပေ။ အိမ်ကိုခဏပြန်သွားတဲ့ ဖေဖေက ပြန်မလာတာ တစ်ပတ်ကျော်ပြီ။

‘ဖေဖေ တစ်ခုခုဖြစ်လို့လား’ သူထပ်မေးလိုက်တော့ မေမေ့မျက်နှာအနည်းငယ်နီလာသည်။ ဒါဆိုသေချာပါတယ် ဖေဖေ တစ်ခုခုဖြစ်နေတာ။ မေမေက သူ့လက်ကိုကိုင်ကာ ရှေ့ထွက်လာပြီး

“သားဖေဖေက သနပ်ခါးခြံထဲမှာ၊ မေမေတို့ လိုက်သွားမှဖြစ်မယ်”

သူခေါင်းငြိမ့်လိုက်သည်။ ပြီးတာနဲ့ ချက်ချင်းလိုက်သွားမယ်ပြောတာကြောင့် ဖွားဖွားဆီကိုဖုန်းခေါ်လိုက်ကာ မေမေ့ကိုပေးလိုက်၏။ မေမေက ဖေဖေ နေမကောင်းဖြစ်နေလို့ အိမ်ကိုပြန်မှဖြစ်မှာရယ်၊ နည်းနည်းကြာမယ်ဆိုတာရယ် ဖွားဖွားကိုပြောပြနေသည်။ သူ့ကိုပါ မဖြစ်မနေ ခေါ်သွားမှ ဖြစ်မယ်ဆိုတာကို ပြောနေ၏။ ဒါဆို ဖေဖေနေမကောင်းတာက ရိုးရိုးတောင် ဟုတ်ရဲ့လား။ အကြီးအကျယ်ဖြစ်နေတာလား။ အချိန်တစ်ခုအထိ ဖွားဖွားနဲ့ဖုန်းပြောပြီးချိန်မှာ မေမေက သူ့ကိုဖုန်းပေးလာသည်။ ဖုန်းကမချရသေး။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Dove le storie prendono vita. Scoprilo ora