Part 28

40.6K 1.8K 34
                                    

Unicode

မေမေနဲ့အတူတူ ထွက်ခဲ့တဲ့ခရီးက ရှည်လျှားတော့မှာပေါ့။ ဟိုဘက်အိမ်ကထွက်လာထဲက ဆက်သွယ်လို့ရမယ့် အရာမှန်သမျှအားလုံး ထားပစ်ခဲ့တာ။ သူထိုးလက်စ ချည်လုံးတွေနဲ့ ထိုးထားတဲ့ စွယ်တာတွေကိုပဲ အိတ်ထဲထည့်ခဲ့ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့တာ။ အိမ်ကထွက်လာတုန်းက မနက် ၃ နာရီပဲ ရှိသေးတာဖြစ်ပြီး တခြားသူတွေနဲ့စကားပြောဖို့ လက်ထဲမှာ စာအုပ်နဲ့ဘော့ပင်ပဲပါသည်။ အဝေးပြေးကိုရောက်ပြီး မနက် ၄ နာရီကားနဲ့ အိမ်ပြန်လာခဲ့တဲ့သူ့ကို မေမေကတွေ့ပြီး အံ့ဩနေတာ။ စစချင်း မငိုပေမယ့် ခဏကြာလာတော့ မေမေ့ကိုဖက်ပြီး ငိုမိတာပဲ။ တစ်နေကုန်ငိုမိနေတာ။ မေမေက ပထမတော့ ဘာဖြစ်လို့လဲ မေးပေမယ့် သူငိုနေတာကိုကြည့်ကာ ဆက်မမေးပဲ လွှတ်ပေးထားတာဖြစ်သည်။

ဖြစ်ကြောင်းကုန်စင်ကိုပြောပြတော့ မေမေကမျက်နှာမကောင်းပေ။ မေမေလည်း လက်ထပ်တဲ့နေ့ကထဲကအကြောင်းတွေကို ဘာတစ်ခုမှမသိရဘူးမလား။ သူပြောပြမှ အားလုံးသိသွားတာဖြစ်ပြီး သူ့ကိုဖက်ကာ မေမေပါရောပြီး သူနဲ့လိုက်ငို၏။ သနပ်ခါးခြံကိုထားခဲ့ပြီး မွေးရပ်မြေကိုပြန်ဖို့လုပ်နေတဲ့ ခြံထဲကဦးလေးတို့မိသားစုနဲ့အတူ သူတို့ ရွှေဘိုဘက်ကလို လိုက်ပြန်ခဲ့တာ။ သူတို့ရဲ့သနပ်ခါးခြံကိုတော့ စာချုပ်စားတမ်းနဲ့အတူ လုပ်ငန်းလုပ်ပိုင်ခွင့်ကိုယ်စားပေးခဲ့တာ။ တစ်ချိန်ချိန်မှာတော့ သူတို့ပြန်ယူမှာဖြစ်သည်။ ဖေဖေနဲ့မေမေ ကြိုးစားအားထုတ်ပြီးရှာထားတဲ့ ဒီအိမ်ဒီခြံတွေကို သူပျောက်မသွားစေချင်။ အိမ်ကိုလည်း အိမ်ငှားတင်ခဲ့လိုက်ပြီး၊ သနပ်ခါးခြံကိုလည်း တစ်နှစ်နေ၊ ဒါမှမဟုတ် နှစ်နှစ်နေမှ မေမေက လာပြီး သတ်မှတ်ထားတဲ့ အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းကိုလာယူမှာဖြစ်သည်။

အခုတော့ ဦးလေးတို့မိသားစုနဲ့ရွှေဘိုမှာခြေချနေပြီဖြစ်သည်။ သူကအိမ်မှာနေပြီး ခေါင်းစွတ်တွေ၊ အင်္ကျီတွေ၊ ပုဝါတွေ ချည်ထိုးသည်။ ဦးလေးတို့ မိသားစုက အဲ့ဒါကိုရောင်းပေးသည်။ အိမ်သီးသန့်ငှားနေတာမရှိပဲ သနပ်ခါးခြံတစ်ခြံနဲ့အတူ အိမ်ပါပြီးသားခြံကို မေမေက ဝယ်ခဲ့လိုက်တာ။ ဦးလေးတို့မိသားစုကတော့ သူတို့အရင်ထဲက ရှိတဲ့ခြံမှာ ပြန်အခြေချ၏။ သနပ်ခါးခြံကိုကောင်းကောင်းလုပ်တတ်တဲ့ မေမေက သနပ်ခါးခြံကိုပဲ ထပ်ပြီးလုပ်ကိုင်သည်။ သူကတော့ မေမေ့ကိုကူညီရင်း ချည်ထိုး၊ ထမင်းကူချက်၊ ဟင်းမြည်းပေးသည်။ သနပ်ခါးခြံမှာရှိတဲ့ အိမ်လေးက တစ်ထပ်တိုက်လေးဖြစ်ပြီး မေမေနဲ့သူ့အတွက် အနေတော်ပင်။ ခြံထဲမှာ သနပ်ခါးပင်ကို ဦးလေးတို့လင်မယားနဲ့အတူတူ မေမေက ပျိုးနေ၏။ သူကတော့ အိမ်ထဲမှာချည်ထိုးရင်း မေမေ့ကိုလှမ်းကြည့်လိုက်သည်။ ဦးလေးရဲ့မြေးဖြစ်သူကို မြင်တော့ ကလေးချစ်တဲ့သူက ထိုကလေးကို သွားချီဖို့လုပ်လိုက်၏။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now