Part 14

26.9K 1.6K 16
                                    

Unicode

အိမ်ပြန်ရောက်လာတော့ ကိုကိုက ရှေ့နေနဲ့အိမ်မှာပဲ လက်မှတ်ထိုးချင်တယ် မြေးလေးကရော ဘယ်လိုလုပ်ချင်လဲ မေမေ့ကို ဖုန်းဆက်ပြီးမေးလာတော့သည်။ သူကိုယ်တိုင်လည်း ကြီးကြီးကျယ်ကျယ်မလုပ်ချင်တာကြောင့် ကိုကို့သဘောအတိုင်းလက်ခံလိုက်သည်။ ကိုကိုနဲ့အခုထိမတွေ့ရသေး။ ကိုကို အိမ်ကိုလာရှာတယ် သိရပေမယ့် နောက်ထပ်ဘာသံမှမကြား။

"သားလေး အိမ်ထောင်ကျပြီးရင် မေမေဟိုမှာပြန်နေမယ်နော်"

သူမေမေ့ကို ကြည့်မိသွားသည်။ သူအဲ့လိုတွေထင်ခဲ့တာမဟုတ်။ မေမေက သူ့ဘေးမှာသူနဲ့အတူ နေမှာမဟုတိဘူးလား။

'ကျွန်တော်နဲ့အတူတူနေမှာမဟုတ်ဘူးလား' ဆိုတော့ မေမေကပြုံးကာ သူ့ခေါင်းကိုပုတ်သည်။

"အိမ်ထောင်ကျရင် ကလေးတွေ လွတ်လွတ်လပ်လပ်နေလို့ရအောင် အိမ်ခွဲနေကြတာလေ၊ မေမေက ဟိုမှာလဲ အိမ်အလုပ်ရှိတော့ ပြန်နေရမှာပေါ့၊ မေမေခဏခဏ လာခဲ့မှာပါ"

သားက အသက် ၂၀ တောင်မပြည့်သေးဘူးမလား။ သူပြန်နေမယ်ဆိုတော့ မျက်လုံးလေးအဝိုင်းသားနဲ့ ကြည့်ရှာသည်။

"သားကို မေမေမှာစရာ ရှိသေးတယ်"

သားမွေးဖွားလာတုန်းက ဘယ်လိုပုံစံမျိုးလဲသိရအောင် သားကိုမွေးပေးတဲ့ဆရာကြီးရှင်းပြတဲ့ ဒွိလိင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတစ်ချို့ကိုထုတ်ပြီး ဒွိလိင်က ဘယ်လိုမျိုးလဲ အရင်ရှင်းပြရတယ်။ ပြီးမှ

"သားလေးကလည်း ဒီလိုမျိုးကလေးတွေထဲကတစ်ယောက်လေ"

ဟင်! သူက လိင်အင်္ဂါနှစ်မျိုးပါတဲ့လူလို့ မေမေပြောနေတာလား။ မဟုတ်ဘူးလေ သူ့မှာတစ်မျိုးပဲ ရှိတာပါ။

"သားရဲ့အပြောအဆို အပြုအမူက ယောက်ျားလေးဘက်ကို အားသာတာရယ်၊ လိင်အင်္ဂါဖွံ့ဖြိုးမှုအရရော ယောက်ျားလေးဘက်အားသာတာရယ်ကြောင့် မေမေတို့ကသားကိုခွဲစိတ်ပေးထားတာ"

ဒါက သူတကယ်ထင်မထားတဲ့အရာ။ မေမေပြောပြနေတာကို သေသေချာချာနားထောင်နေရတယ်။

"အရေးကြီးတာ ပြောချင်တာကလေ.."

မေမေက တွေးလိုက်ရင်း သူ့လက်ကိုဖျစ်ကာ

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now