ကျွန်မဒီနေ့မနက်ကုမ္ပဏီသွားရမှာမို့အဝတ်အစားလဲကာပြင်ဆင်ပြီးတော့အောက်ထပ်ကိုဆင်းလာပြီးကြီးကြီးပြင်ထားပေးတ့ဲမနက်စာဝိုင်းမှာဝင်ထိုင်လိုက်ကာ..
"ကြီးကြီး..ဟိုကလေးမရော.."
"မဆင်းလာသေးဘူး..ကြီးကြီးသွားခေါ်လိုက်ရမလား.."
"အင်း.."ကြီးကြီးဟိုကလေးမကိုသွားခေါ်တော့ကျွန်မကော်ဖီသောက်ရင်းမုန့်စားနေလိုက်သည်..
"သမီးထား..သမီးထား.."
ကြီးကြီးကကျွန်မကိုခေါ်ရင်းအလန့်တကြားဝင်လာသည်မို့..
"ဘာဖြစ်လို့လဲ..ကြီးကြီး.."
"ဟိုကလေးမခေါ်လို့မရဘူး..ကိုယ်တွေလည်းပူနေတာဘဲ.."
"ဟာ..အတော်ပျော့တ့ဲကလေးမဘဲ..ဒါဆိုကြီးကြီးကမိသားစုဆရာဝန်ခေါ်လိုက်နော်..ထားအပေါ်သွားလိုက်မယ်.."
"အင်း.."ကျွန်မလည်းကြီးကြီးကိုပြောပြီးတော့ဟိုကလေးမအခန်းကိုတက်လာခ့ဲလိုက်သည်..အခန်းရှေ့ရောက်တော့အထဲဝင်ကာကုတင်ပေါ်တစ်စောင်းဝင်ထိုင်ပြီး..
"ဟိတ်ကလေးမ..ကွန့်မြူ းခြယ်.."
ကျွန်မသူ့အသားကိုကိုင်ပြီးလှုပ်နှိုးကြည့်တော့အသားတွေကပူရဲနေပြီးလူကလည်းသတိရတစ်ချက်မရတစ်ချက်ဖြစ်နေသည်..
"ဒီမှာ..မင်းသတိထားဦးလေ.."
"ဟင့်..မရိုက်ပါနဲ့..ကွန့်မြူ းနာတယ်..အန်တီ့ကိုလည်းကွန့်မြူ းကြောက်တယ်..ဟင့်"ကိုယ်ပူတ့ဲအရှိန်ကြောင့်ယောင်နေတ့ဲကလေးမပါးစပ်ကထွက်တ့ဲစကားလုံးတွေကကျွန်မကိုကြောက်သည်တ့ဲလား..မင်းအ့ဲလောက်ထိတို့ကိုလန့်သွားမှန်းတို့မသိခ့ဲဘူးကွယ်..
"ကွန့်မြူ းခြယ်..မင်းသတိထားဦးလေ.."
"ဟင့်..ချမ်းတယ်..ဖက်ထားပေးပါ.."ကျွန်မသူ့ကိုယ်ပေါ်စောင်လေးခြုံပေးလိုက်တော့ကျွန်မလက်တွေကိုဆွဲလာရင်းဖက်ခိုင်းလာသည်မို့အသာဖက်ပေးလိုက်တော့ငြိမ်ကျသွားတော့သည်..
ဒေါက်..ဒေါက်..
"သမီးထားရေ..ဒေါက်တာလာပြီ.."
"ဝင်လာခ့ဲပါ..ကြီးကြီး.."ဒေါက်တာလာပြီမို့ကလေးမကိုင်ထားတ့ဲကျွန်မလက်ကိုအသာဖယ်ရင်းထလိုက်ပြီးဒေါက်တာကိုထိုင်စေလိုက်သည်..ဒေါက်တာကဆေးပစ္စည်းတွေထုတ်ကာစမ်းသပ်ပြီးတော့..
ESTÁS LEYENDO
အန်တီ့အလိုတော်ကျ
Romanceကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ