Part-12(Unicode)

2.8K 199 13
                                    

ရက်ကိုလထပ်လကိုနှစ်ထပ်ပြီးအချိန်တွေကုန်လာလိုက်တာကွန့်မြူ းတို့၉တန်းဖြေပြီးလို့ကျောင်းပိတ်တ့ဲအချိန်ကိုရောက်လာခ့ဲသည်..ရာသီဥတုလည်းပြောင်းလဲလာသလိုလူတွေရဲ့ပုံစံနဲ့အရာအားလုံးလည်းတစ်ဖြေးဖြေးပြောင်းလဲလာခ့ဲသည်အ့ဲပြောင်းလဲလာတ့ဲအရာတွေထဲမှာအန်တီ့ရဲ့အမူအကျင့်တွေကလည်းဟိုးအရင်တုန်းကလိုခက်ထန်တ့ဲမိန်းမပုံစံကိုပြန်ပြောင်းသွားသည်ကွန့်မြူ းနေ့တိုင်းအန်တီနဲ့ အဆင်ပြေပြေနေခ့ဲပေမ့ဲနောက်ပိုင်းတော့အန်တီကကွန့်မြူ းကိုပြသနာရှာပြီးအမြဲဆူလာသည်နူးညံ့စွာခဏတာနေခ့ဲတာကခုနောက်ပိုင်းဆိုပိုပြီးပျောက်ကွယ်သွားခ့ဲသည်လေကွန့်မြူ းပြောနေကျလိုဘဲအန်တီကအရမ်းနားလည်ရခက်တ့ဲအမျိုးသမီးဘဲ..

"ကွန့်မြူ းခြယ်.."

အန်တီ့ခေါ်သံကိုကြားတာမို့အတွေးတွေကိုရပ်ကာပန်းပင်အရှေ့မှာထိုင်နေရာကချက်ချင်းထပြီး..

"ရှင့်..လာပြီ.."

ကွန့်မြူ းအိမ်ထဲဝင်သွားလိုက်တော့ဧည့်ခန်းမှာထိုင်နေသည်မို့ဝင်ထိုင်လိုက်ကာ..

"ဘာဖြစ်လို့လဲ..အန်တီ"
"တို့ကိစ္စရှိလို့အပြင်သွားမို့.."
"ဒီနေ့လည်းနောက်ကျမှာဘဲမလား.."
"သိနေရင်ဘာလို့လာမေးနေသေးလဲ.."

ကြည့်အန်တီကလေ..ကွန့်မြူ းကိုဆိုအရင်ကလိုဘဲစကားအကြမ်းပြောသည်..

"မေးကြည့်တာပါ.."
"ဒီအိမ်မှာမေးခွင့်ရှိတာတို့ဘဲရှိတယ်..မင်းမေးစရာမလိုဘူးနော်.."
"ဟုတ်က့ဲ.."
"အပြင်မထွက်ဘဲအိမ်မှာဘဲနေနေ..တို့ပြောစကားနားမထောင်ရင်တို့အဆိုးမဆိုနဲ့.."
"ဟုတ်က့ဲ.."

အန်တီကချက်ချင်းထလိုက်ပြီးလက်ကိုင်အိတ်ကိုလက်မှာချိတ်ကာအသင့်ပြင်ထားတ့ဲကားပေါ်တက်သွားတော့သည်..

အန်တီထွက်သွားတော့ကွန့်မြူ းခြံထဲပြန်သွားကာဒန်းပေါ်မှာထိုင်နေလိုက်သည်အန်တီကအရင်ကထက်ကိုအမူအရာတွေကပိုဆိုးလာသည်မနက်ကတည်းကအပြင်သွားရင်လည်းမိုးချုပ်မှပြန်လာတာကပိုများလာသည်တစ်ခါတစ်လေဆိုသူမနဲ့အတူအမျိုးသားတစ်ယောက်ပါလာတက်သည်ထိုအမျိုးသားနဲ့အပြင်တွေသွားရင်လည်းမိုးချုပ်တာကပိုများသည်အန်တီအပြင်ကပြန်လာလို့စိတ်တိုလာရင်ကွန့်မြူ းလုပ်ပေးတာတွေကအမြဲအမှားလို့ပြောပြီးရိုက်လာသည်ကွန့်မြူ းဘဝကလေလှောင်အိမ်ထဲကငှက်အတိုင်းဘဲလူ့ဘဝရလာလို့သာလူလာဖြစ်ရတာလွတ်လပ်စွာသွားခွင့်မရှိဘူး..အရာအားလုံးကိုအန်တီကအမြဲစောင့်ကြည့်နေသည်ခြံအပြင်တောင်ထွက်ခွင့်မရှိတာမို့ကြာလာတော့အန်တီ့ကိုအရမ်းမုန်းမိလာသည်အန်တီကကွန့်မြူ းသဘောကျရတ့ဲအမျိုးသမီးဖြစ်ခ့ဲပေမ့ဲခုချိန်မှာတော့ကွန့်မြူ းသဘောကျခ့ဲတာကိုတောင်နောင်တရမိသည်အထိနာကျင်စရာတွေပေးတ့ဲအန်တီ့ကိုစိတ်ပျက်မိသည်..အန်တီကလေချစ်ချင်စရာကောင်းသလိုမုန်းချင်စရာလည်းကောင်းသည်..

အန္တီ့အလိုေတာ္က်Tahanan ng mga kuwento. Tumuklas ngayon