Part-24(Unicode)

4.8K 202 17
                                    

ခန္ဓာကိုယ်ကိုတင်းကြပ်စွာအဖက်ခံထားရတာမို့နိုးလာလို့ကြည့်လိုက်တော့ရင်ခွင်ထဲတိုးဝင်ကာအိပ်နေတ့ဲအမျိုးသမီးလေး..ကြည့်နေရင်းတောင်အသဲယားပြီးအချစ်ပိုနေရပြန်သည်အန်တီအိပ်နေတာလေးကိုသဘောကျတာမို့နှုတ်ခမ်းသားတွေကိုငုံနမ်းလိုက်တော့ခန္ဓာကိုယ်သေးသေးလေးကလှုပ်ရှားလာရင်းမျက်စိဖွင့်လာကာ..

"ဘာလုပ်တာလဲ.."

ရင်ဘတ်ကိုအသာထုကာရှက်သည်းနေတ့ဲအမျိုးသမီးလေး..

"ဘာလုပ်လို့လဲ..ဒီကိုကြည့်ပါဦး.."
"မကြည့်ဘူး..သူများအိပ်နေတယ်ဆိုပြီးခိုးနမ်းနေတာမဟုတ်လား.."
"Morning Kissပေးတာလေ.."
"ဘာmorning kissလဲ..သူနဲ့လည်းတည့်ထားတာမဟုတ်ဘဲနဲ့.."
"ဟော..ဘယ်လုပ်မိလို့လဲ.."
"ဟင့်..မနေ့ကလူကိုအရမ်းအော်တယ်လေ.."

ကြည့်..အန်တီကလေခုနောက်ပိုင်းမျက်ရည်လွယ်လာသည်ကွန့်မြူ းနဲ့ပတ်သက်ရင်စိတ်ထိခိုက်လွယ်လာတယ်လို့ပြောရမှာဘဲ..

"အန်တီ..ဒီကိုကြည့်ဦး.."
"မကြည့်ဘူး.."

ရင်ခွင်ထဲတိုးဝင်နေတ့ဲအမျိုးသမီးလေးမျက်နှာကိုအသာဆွဲယူပြီးတစ်ချက်နမ်းလိုက်ကာ..

"ကွန့်မြူ းနောက်ဆိုမအော်တော့ဘူးနော်..မငိုနဲ့တော့.."
"မင်းပြောတော့တို့ကိုရွံတယ်ဆို..ဟင့်.."
"မဟုတ်ဘူး..စိတ်တိုလို့ပြောလိုက်တာ..ကွန့်မြူ းကအန်တီ့ကိုအရမ်းချစ်တာ..မရွံဘူး.."
"ဟင့်..မုန်းတယ်ဆို..တူတူလည်းမနေချင်ဘူးဆို..မင်းဘဲပြောခ့ဲတာလေ.."
"အယ်..အ့ဲဒါကအရင်ကပြောခ့ဲတာ..ခုတော့အန်တီ့အနားမှာဘဲနေချင်တော့တာမို့..အရမ်းမဆိုးပါနဲ့အန်တီ.."
"ငြို ငြင်နေတာမဟုတ်လား.."
"မဟုတ်ရပါဘူး.."

ရင်ဘတ်လေးကိုထုကာငိုနေတ့ဲအမျိုးသမီးကိုရင်ခွင်ထဲပြန်ထည့်ကာဖက်ပေးလိုက်ပြီး..

"ခုကစပြီးအန်တီနေချင်တ့ဲပုံစံအတိုင်းနေနော်..ကွန့်မြူ းကလေအန်တီ့ရဲ့ဖြစ်တည်မှုတိုင်းကိုသဘောကျနေတာမို့.."
"ဟုတ်လို့လား.."
"ဟုတ်တာပေါ့..ဒါနဲ့ဘာလို့အရင်ကစကားတွေကိုပြောပြီးငိုနေရတာလဲ.."
"အ့ဲစကားတွေကအန်တီ့ကိုအရမ်းနာကျင်စေခ့ဲလို့မင်းကိုထုရိုက်ပြီးအော်ငိုချင်နေခ့ဲတာသိရဲ့လား..ဟင့်"
"အာ့..မထုနဲ့တော့နာတယ်.."

အန္တီ့အလိုေတာ္က်Where stories live. Discover now