ဒီနေ့ကုမ္ပဏီသွားရမှာမို့မနက်ကတည်းကပြင်ဆင်နေခ့ဲတာခုချိန်ထိမပြီးနိုင်သေးဘူးညတုန်းကလည်းကလေးမကဟိုမှာဘဲနေပြီးအိမ်မှာလာပြန်မအိပ်ခ့ဲပါ မိဘနှစ်ပါးစလုံးဆုံးသွားလို့လာပြန်မအိပ်တာထက်ကျွန်မကိုအမုန်းကြီးမုန်းသွားလို့လာပြန်မအိပ်တာဆိုပိုမှန်လိမ့်မယ်ကလေးမစိတ်နဲ့ညကလည်းအိပ်တာနောက်ကျခ့ဲသလိုဒီမနက်လည်းဘာလုပ်လုပ်စိတ်မပါနေခ့ဲဘူးလေမင်းကလေအန်တီ့အပေါ်အရမ်းလွှမ်းမိုးလွန်းတယ်အန်တီကိုယ်တိုင်ကလည်းလွှမ်းမိုးခံနေတာဆိုပိုမှန်နေပြန်သည်အန်တီမင်းကိုချစ်တယ်သိလားမင်းမုန်းနေရင်တောင်မှချစ်တယ်အ့ဲဒါကြောင့်လည်းမင်းအဆင်ပြေစေဖို့တစ်ခြားသူလက်ထဲရင်ကွဲခံပြီးထည့်ပေးလိုက်ရတာပေါ့..အန်တီကလေ..ဟုတ်တယ်..တို့ကကိုယ့်ကိုယ်ကိုယ်အန်တီလို့ဘဲသုံးတော့မှာအ့ဲစကားလုံးကကိုယ်တိုင်သုံးတာထက်မင်းခေါ်မှပိုနားထောင်လို့ကောင်းတယ်ကွယ်..ခုတော့မင်းဆီကအ့ဲနာမ်စားကိုကြားရတော့မှာမဟုတ်ပေမ့ဲ..မင်းအန်တီမဟုတ်ဘူးလို့မင်းပြောပေမ့ဲ..တို့..တို့ကလေမင်းရဲ့အန်တီဘဲဖြစ်ချင်မိတယ်..ကလေးမရယ်..
မှန်တင်ခုံရှေ့ထိုင်ရင်းစဉ်းစားမိတာနဲ့ကျလာတ့ဲမျက်ရည်တွေကိုအသာသုတ်ပြီးမိတ်ကပ်ကိုဖြေးဖြေးချင်းပုတ်လိုက်ပြီးနှုတ်ခမ်းသားတွေကိုအနီရောင်ပြေပြေလေးဆိုလိုက်သည်အန်တီအများကြီးလှလို့လည်းဘာမှမထူးတော့ဘူးကွယ်ဘာလို့လဲဆိုတော့ပြင်ဆင်ပြီးတိုင်းအန်တီအရမ်းလှတာဘဲလို့ပြောမ့ဲကလေးမကမရှိတော့လို့လေ..ပြင်ဆင်ပြီးတော့ထရပ်လိုက်ကာရေမွှေးအနည်းငယ်ဆွတ်လိုက်ပြီးလက်ကိုင်အိတ်ကိုယူကာအောက်ထပ်ဆင်းလာခ့ဲလိုက်သည်..
"သမီးထား..အလုပ်သွားမလို့လား.."
"ဟုတ်က့ဲ.."ကျွန်မစားပွဲမှာဝင်ထိုင်တာနဲ့ကြီးကြီးလည်းတူတူဝင်ထိုင်ပြီး..
"သမီးကိုကြည့်ရတာအားမရှိလိုက်တာကွယ်.."
"ထားအဆင်ပြေပါတယ်.."
"ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဦး.."
"ဟုတ်က့ဲ..ဒါနဲ့လေကလေးမအိမ်ရောက်လာရင်ထားကိုဖုန်းဆက်နော်ကြီးကြီး.."
"အင်းပါကွယ်.."
YOU ARE READING
အန်တီ့အလိုတော်ကျ
Romanceကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ